Beautiful Home Design

Beautiful Home Design DESIGN & CONSTRUCTION

 #ရေဆိုးထုတ်စနစ်၏အခြေခံအချက်များ၁.    (ရေအဆို့ရှင်): ပစ္စည်းတိုင်းတွင် P-Trap ပါရပါမယ်။ ဒီ U ပုံသဏ္ဍာန် ပိုက်သည် ရေကိုတစ...
17/11/2025

#ရေဆိုးထုတ်စနစ်၏အခြေခံအချက်များ

၁. (ရေအဆို့ရှင်): ပစ္စည်းတိုင်းတွင် P-Trap ပါရပါမယ်။ ဒီ U ပုံသဏ္ဍာန် ပိုက်သည် ရေကိုတစ်စိပ်ထားကာ၊ မိမိနေအိမ်ထဲသို့ ရေဆိုးနံ့များ ပြန်မလာစေရန် ကာကွယ်ပေးပါတယ်။

၂. #ပိုက်လေဝင်လေထွက်: ရေထုတ်ပိုက်တိုင်းတွင် လေဝင်လေထွက်ပိုက် ပါရပါမယ်။ ဤပိုက်သည် လေကို စနစ်ထဲသို့ ဝင်ရောက်စေပြီး ရေများကို ပုံမှန်စီးဆင်းစေကာ P-Trap ထဲမှ ရေများ စုပ်ယူသွားခြင်း (ယိုပေါက်ဖြစ်ခြင်း) ကို ကာကွယ်ပေးပါတယ်။

၃. #ပိုက်အစောင်းထား: မြေပြင်နှင့်အပြိုင်ရှိသော ရေထုတ်ပိုက်များအားလုံးသည် ပင်မရေဆိုးပိုက်ဆီသို့ စောင်းထားရပါမယ်။ ပုံမှန်အစောင်းနှုန်းမှာ တစ်ပေ လျှင် ၁/၄ လက်မ ဖြစ်ပါတယ်။

၄. #ပိုက်အရွယ်အစား: ပစ္စည်းအလိုက် လိုအပ်သော ပိုက်အရွယ်အစား ကွာခြားပါတယ်။
* အိမ်သာ:၃ လက်မ သို့မဟုတ် ၄ လက်မ ပိုက်
* ရေချိုးကန်:၂ လက်မ ပိုက်
* ချွေးထုတ်ခန်း:၁.၅ လက်မ ပိုက်

---

--

အသေးစိတ် ရှင်းလင်းချက်

၁. #အိမ်သာ ():
* အိမ်သာသည်ပုံမှန်အားဖြင့် ၃ လက်မ သို့မဟုတ် ၄ လက်မ ရေဆိုးပိုက်တွင် တိုက်ရိုက်ဆက်သွယ်ထားပါတယ်။
* အိမ်သာ၏နောက်ကွယ်တွင် ရေကိုသန့်စင်ပေးသော Trapway ပါရှိပြီး သီးသန့် P-Trap တပ်ဆင်ရန် မလိုအပ်ပါ။

၂. #ရေချိုးကန် ():
* ရေချိုးကန်မှရေထုတ်ပိုက်သည် ၁.၅ လက်မ P-Trap သို့ ဆက်သွယ်ထားပါတယ်။
* P-Trap မှထွက်လာသော ပိုက်သည် ၂ လက်မ ရေဆိုးပိုက်သို့ ပင်မလေဝင်ထွက်ပိုက်နှင့် ဆက်သွယ်ထားသော Sanitary Tee (သို့) Y-ဆက်ကူး မှတစ်ဆင့် ဆက်သွယ်ထားပါတယ်။

၃. #ရေပန်း_ချွေးထုတ်ခန်း ():
* ကြမ်းပြင်တွင်တပ်ဆင်ထားသော ရေပန်း (သို့) ချွေးထုတ်ခန်းသည် ၎င်း၏ ကိုယ်ပိုင် ၂ လက်မ P-Trap (မြေပြင်အဆို့) ပါရှိပါတယ်။
* ဤ P-Trap မှစ၍ ၂ လက်မ ရေဆိုးပိုက်သည် အစောင်းချထားပြီး ရေချိုးကန်မှ ရေဆိုးပိုက်သို့ ဆက်သွယ်ထားပါတယ်။

၄. #လေဝင်လေထွက်စနစ်:
* ပင်မ လေဝင်ထွက်ပိုက်သည် အိမ်မိုးကိုဖြတ်ကာ အပြင်ဘက်လေနှင့် ဆက်သွယ်ပေးထားပါတယ်။
* ဤပိုက်သည်ရေချိုးကန် ရေဆိုးပိုက်နှင့် ဆက်သွယ်ထားသော Sanitary Tee မှတစ်ဆင့် အိမ်သာ ရေဆိုးပိုက်နှင့်ပါ ဆက်သွယ်ထားပါတယ်။
* ဤလေဝင်လေထွက်ပိုက်သည်ရေများ ချောချောမွေ့မွေ့စီးဆင်းစေရန် လေထုဖိအားကို ညီမျှစေပြီး၊ ရေဆိုးနံ့များကိုလည်း အိမ်မိုးပေါ်သို့ တက်စေကာ အိမ်အတွင်းသို့ မဝင်ရောက်စေပါ။

၅. #ပင်မရေဆိုးထုတ်ပိုက်:
* ပစ္စည်းအားလုံး၏ရေဆိုးများသည် ၄ လက်မ (သို့) ထို့ထက်ကြီးသော ပင်မရေဆိုးပိုက်ထဲသို့ စီးဝင်ပါတယ်။
* ဤပင်မပိုက်သည်မြို့၏ပင်မရေဆိုးပိုက်စနစ် (သို့) မိမိနေအိမ်ရှိ ရေဆိုးကန်ဆီသို့ အစောင်းချထားကာ ရေဆိုးများကို သယ်ဆောင်သွားပါတယ်။

---

#အရေးကြီးသောသတိပြုရန်အချက်များ

: P-Trap များ မပါဘဲ ဘယ်သန့်ရှင်းရေးပစ္စည်းကိုမှ မတပ်ပါနှင့်။
: လေဝင်လေထွက်ပိုက် မပါဘဲ ရေဆိုးထုတ်စနစ် မဆောက်ပါနှင့်။
ပိုက်ဆက်များ (Tee, Elbow) အားလုံးသည် ရေဆိုးစနစ်အတွက် သင့်လျော်သော Sanitary Fitting များ ဖြစ်ရပါမယ်။

ဤသည် ယေဘုယျ ပုံစံတစ်ခုသာဖြစ်ပြီး၊ တိကျသော တပ်ဆင်မှုသည် သင့်ဒေသ၏ အိမ်ဆောက်လုပ်ရေး စည်းမျဉ်းများနှင့် အိမ်၏တည်ဆောက်ပုံအပေါ် မူတည်ပါသည်။ လက်တွေ့တပ်ဆင်ရာတွင် ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။


✔✔✔✔✔✔

RCC Concrete Stair Design  ゚viral
13/09/2025

RCC Concrete Stair Design


゚viral

 # အဆောက်အဦး တွက်ချက်မှုအတွက်         အလွယ်မှတ်နည်းလေးတွေပါ။ #          ----------------------------------------- # (1:2...
07/09/2025

# အဆောက်အဦး တွက်ချက်မှုအတွက်
အလွယ်မှတ်နည်းလေးတွေပါ။ #
-----------------------------------------

# (1:2:4) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 18.48 အိတ်ကုန်တယ်
အလုပ်မား - 10ယောက်
ပန်းရံဆရာ - 1ယောက်

#(1:3:6 ) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 12.85 အိတ်
အလုပ်သမား - 8 ယောက်
ပန်းရံဆရာ - 1ယောက်

#42.5 Class ဘိလပ်မြေ နဲ့52.5 Class ဘိလပ်မြေ အမျိုးအစားများအလိုက် ဘယ်လိုကွာခြားသလဲ ? #

▪️ဘိလပ်မြေအမျိုး အစားများကို ယေဘူယျအားဖြင့် 32.5 Class ဘိလပ်မြေ , 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေ ဆိုပြီး အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ် ။ မြန်မာနိုင်ငံတွင် 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေကို အများဆုံး အသုံးပြုနေကြပါတယ် ၊

▪️အဆောက်အဦများ၊ လမ်းတံတားများကို ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မယ့် အမျိုးအစားအလိုက် 42.5 Class နဲ့ 52.5 Class ဘိလပ်မြေအမျိုးအစားတွေကို လိုအပ်သလို ရွေးချယ်အသုံးပြုသင့်ပုံကို မျှဝေပေးလိုက်ပါတယ်...
#42.5 Class ဘိလပ်မြေ #
----------------------------------

▪️ 42.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (6162.5 PSI) Grade 42.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။

▪️42.5 Class ဘိလပ်မြေ ရဲ့ ခံနိုင်ဝန်အားသည် သတ်မှတ်စံချိန်စံညွှန်းအရ စတင်မာခဲချိန်နဲ့ နောက်ဆုံးမာခဲချိန် နှေးတတ်သော သဘာဝရှိပါသည်။

▪️ 42.5 Class ဘိလပ်မြေ ကို အုတ်စီလုပ်ငန်းများ၊ နံရံအချောကိုင်လုပ်ငန်းများ၊ ရိုးရိုးအုတ်တိုက်၊ နံရံကပ်တိုက်များ ၊လုံးချင်းအဆင့်မြင့် အဆောက်အဦများ ဆောက်လုပ်မယ်ဆိုပါက 4 2.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။

#52.5 Class ဘိလပ်မြေ #
----------------------------------

▪️52.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (7612.5 PSI) Grade 52.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။

▪️ 52.5 Class ဘိလပ်မြေသည် ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ပြီး စတင်မာခဲချိန် နှင့် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိတဲ့အတွက် ထုထည်ကြီးမားသော လမ်းတံတားများ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ ၊အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။

▪️ရေနှင့်အမြဲထိတွေ့နေသောနေရာများ၊ အစိုဓါတ်များသောနေရာများ၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်တို့နှင့် အနီးကပ်ဆုံးနေရာဒေသများတွင်လည်း 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်ပါသည်။💯💯💯
................

# သစ်တွက်နည်း တင်ပေးပါပြောလိုတင်ပေးလိုက်တာပါ။ #

#သစ်လုံးကို ကုဗပတွက်နည်း> သစ်တန်တွက်နည်း> သစ် ၁ တန် စျေးနှုန်းတွက်နည်း #

▪️သစ်လုံးကို ကုဗပနှင့် တန်ဖွဲ့ရာတွင် လက်မကိုတည် ၄ နှင့်စား ရလဒ်သည် အဒု ဗြက် လက်မ ဖြစ်ပါသည် ဒုနှင့် ဗြက် ကိုမြှောက် သစ်လုံ အလျား နှင့် ဆက်မြှောက် ရသောအဖြေ ကိုတည်၍ ၇၂၀၀ နှင့် စားလျှင်
အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့်စားလျှင် ကုဗပေ ရပါသည်။

ဥပမာ.......သစ်လုံပတ် ၆၀လက်မ အရှည် ၃၂ပေ ရှိသောသစ်လုံးကို
တန်ဖွဲ့လိုလျှင်

တွက်နည်း (1)

15×15×32 7200
----------------- ----------
144 144. =50ကုဗေပ

၅၀ ကုဗပေ = ၁ တန်

သစ်တန်တွက်နည်း

( သစ် ၁ တန် = ၁'' × ၁'' ပတ်လည် ၇၂၀၀'ပေ)

သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍ ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ဖြေဖြစ်သည်။

တွက်နည်း

၄''×၂'' = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင်
၄''×၂'' = ၈
၇၂၀၀ = ၉ ၀၀'ပေ
(၄''×၂'') သစ် ၁တန်၌ရှိသော ပေရှည် =၉၀၀ပေ

#သစ်တန်တွက်နည်း #

▪️ဗျက် ၄''×၂'' ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့
ဗျက်ရယ် ၊ ဒုရယ် ၊ ပေရှည် ရယ် ၊ ချောင်းရေရယ်မြှောက် ၁၄၄ နဲ့စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့်စားလျှင် တန်ရလာပါမည်။

ဗျက် × ဒု × ပေရှည် × အချောင်းရေ
၄''×၂''×၂၀'×၃၀÷၁၄၄= ၃၃.၃၃ ကုဗေပ

၃၃.၃၃ ကုဗပ = ၀.၆၆၆ တန်
၅၀ ကုဗပေ. ဆိုပါစို့ =၀.၆၇တန်

� #အမြန်ဆုံး သစ်စျေးနှုန်းတွက်နည်း #

ဥပမာ... သစ် ၁ တန် ၆၅၀,၀၀၀ စျေးဖြင့်
၄''×၂'' လေးနှစ် ၁၈ ပေ တစ်ချောင်းကိုတွက်ကြည့်မယ်
စျေးနှုန်း ကိုတည် ဒသမ သုညသုည နှစ်ငါးဖြစ်
မြှောက်(၆၅၀,၀၀၀×.၀၀၂၅)
ရလဒ်ကိုသစ်ချောင်း၏ ဒု×ဗျက် (၄''×၂'') ရလဒ်ဖြင့်ပြန် မြှောက်လိုက်ပါ။

ဒါဆို ၄''×၂'' လေးနှစ် ၁၈ပေ တစ်ချောင်း၏ တန်ဘိုးရမည်။

၆၅၀,၀၀၀×.၀၀၂၅=၁၆၂၅

၄ × ၂ = × ၈
------------------
၁၃,၀၀၀

လေးနှစ် ၁ ချောင်း တန်ဘိုး = ၁၃,၀၀၀ ks
ဖြစ်သည်။
မည်သည့် ဒု ဗျက် မည်သည့် စျေးနှုန်း မဆိုတွက်ကြည့်နိုင်ပါသည်။📍📍📍

#လိုအပ်ရင်ကြည့်လို့ရအောင်ပါ၊ #

#သံချောင်းတွက်နည်း #

1ချောင်း=12 m=40 ft(39'4'')

10mm = 3/8''= 3မူး = 135 ချောင်း

12mm = 1/2 ''= 5မူး = 88ချောင်း

14mm = 9/16''= 5မူး1ပဲ=70ချောင်း

16mm = 5/8''= 6မူး=53ချောင်း

18mm = 3/4''= 3မတ်=41ချောင်း

20mm = 3/4''= 3မတ် = 33ချောင်း

22mm = 7/8''= 1လက်မမူးတင်း =27ချောင်း

25mm =1ကျပ်လုံး=1''= 21ချောင်း

#1 Ton မှာရှိသော အချောင်းရေ #

♠️ diameter (mm)
1000/0.006167d²×12m ( or )
13517÷d ÷d (12mm diameter မှလွဲ၍)

♠️ diameter (in)
2204.62/2.67d²×39.37 ft

#သံချောင်း( Rebar ) အလေးချိန် တွက်ရန်ပုံသေနည်း #

♠️ diameter (mm)
0.006167d²×သံချောင်း အရှည် ( m Kg)

♠️ diameter (in)
2.67d² × သံချောင်းအရှည် (ft) = Lb

♠️Binding wire

6.5mm--------->8mm coil
1 m=0.26kg---->0.395kg
1ton=3834m--->2531m
1Viss=20´3´´--->13´4´´
Rebar 1Ton = 1000 Kg
Metric ton >>> 2204.62 lb
UK ( long ton ) >>> 2240 lb
US ( short ton ) >>> 2000 lb
Steel unit weight=490 lb per cu ft

ACI code
Main steel = 25 to 32mm
Ties & stirrups=10mm (min)
18 G Binding wire 40 coils
1 Kg =2.2 Lb
1Lb=0.22kg
1 in=25.4 mm
�ကျေးဇူးပါခင်ဗျ။ # # #

Site တစ်ခု အတွတ် Overhead Tank
အကြောင်းစဉ်းစားရင် ပေါ်လာလို့.
ရေဝင်ဆန့် တွတ်ပုံလေ ချရေးကြည့်တာ

1 ကုဗပေ = 6.25 ဂါလံ
အလျား×အနံ×အမြင့် = ကုဗပေ

ဥပမာ...
4' × 4' × 2' = 32 ကုဗေပ
32 × 6.25 = 200 ဂါလံ ဝင်ဆန့်မယ်

▪️ လီတာ နဲ့ သိချင်ရင်တော့...

1 ဂါလံ = 3.785 နဲ့ ညီမျှတယ်
200 ဂါလံ ဆိုတော့
200 × 3.785 = 757 လီတာ

ဒါကြောင့် 4 × 4 × 2 ရှိတဲ့ Tank တစ်လုံးမှာ
ဂါလံ 200 (သို့မဟုတ်) လီတာ 757
ဝင်ဆန့် ပါတယ်။


🖌မြန်မာမှာတော့ ဆေးသုတ်လုပ်ငန်းမှာ Local ဆေးသုတ်နည်း ( ၅ ) ဆင့်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။ ** အဲဒါတွေကတော့ Step 0 - အရ...
06/09/2025

🖌မြန်မာမှာတော့ ဆေးသုတ်လုပ်ငန်းမှာ Local ဆေးသုတ်နည်း ( ၅ ) ဆင့်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။

** အဲဒါတွေကတော့

Step 0 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။
Step 1 - Putty ပတ်တီးရိုက်တယ်
Step 2 - နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ်တီး နှစ်ခါရိုက်တယ်။
Step 3 - Sealer အောက်ခံဆေး သုတ်တယ်။
Step 4 - ဆေးသား Paint ကို သုတ်တယ်။
Step 5 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

🏠Local ဆေးသုတ်နည်းစနစ်မှာတော့ာ နိုင်ငံတကာ ဆေးသုတ်နည်းစနစ်မှာသုံးတဲ့ Step 1 - Sealer မခံဘဲ Putty ပတ်တီး တစ်ခါတည်း ရိုက်တာပါ။ Budget အခြေအနေကြောင့် Local ဆေးသုတ်နည်းစနစ်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။ Sealer အကြောင်းကို ရှင်းပြပေးထားပါတယ်။

ဆေးသုတ်နည်းစနစ် နှင့် အဆင့်ဆင့်တွေကို နားလည်ပြီး Step အဆင့်တိုင်းမှာ လိုအပ်တဲ့ဆေးတွေကို အသုံးပြုပေးရမှာဖြစ်တယ်။ အချို့သော အိမ်ရှင်တွေက အပေါ်ဆုံးမှာ သုတ်တဲ့ဆေး Paint သုတ်တာလောက်ဘဲ နားလည်ကြတယ်။

Local နည်းကို အသုံးပြုပြီး ဆေးသုတ်မယ်ဆိုရင်တောင် အနည်းဆုံး အိမ်သုတ်ဆေး ပစ္စည်းသုံးမျိုးလိုပါတယ်။ ပတ်တီး ၊ အောက်ခံဆေး၊ ဆေး Paint တို့ဖြစ်ပါတယ်။အိမ်သုတ်ဆေးလုပ်ငန်းက လွယ်ပြီး အကုန်အကျနည်းတဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး။ ပိုသုံးနိုင်ရင် ပိုကောင်းတဲ့ ဆေသား နှင့် ဝန်ဆောင်မှုတွေကို ရှိမှာဖြစ်တယ်။

ဆေးသုတ်တော့မယ်ဆိုရင် ဆေးသုတ်မယ့်နေရာကို အပူချိန်တိုင်းတာ၊ အစိုဓာတ်တိုင်းတာ ၊ အခြား လုပ်စရာတွေလဲ လုပ်ဖို့လိုပါသေးတယ်။ ဒီအကြောင်းတွေကိုတော့ နောက်မှထပ်ရှင်းပြပေးပါမယ်။

🛑အခုတော့ Step တစ်ခုချင်းစီကို နည်းနည်း အသေးစိတ်လေး ရှင်းပြပေးချင်တယ်။

0 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။ ဆေးသုတ်မယ့်နေရာက ညစ်ပတ်နေရင် ဒါမှမဟုတ် အဆီ အစွန်းအထင်းတွေရှိနေရင် အဲပေါ်မှာ ဆေးတစ်ခါတည်းသုတ်လို့မရပါဘူး။ သုတ်မိရင်တောင် ဆေးသားတွေ ရက်ပိုင်းအတွင်းဘဲ အကုန်ပြန် ကွာကျပါလိမ့်မယ်။

ဒါကြောင့် အမြဲတမ်းဆေးသုတ်မယ့်နေရာကို ဆေးဆရာတွေ လမ်းညွှန်ချက်အတိုင်း သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါတယ်။

1 - Putty ပတ်တီးရိုက်တယ်
ဆေးသုတ်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီးရင်တော့ Putty ပတ်တီး ရိုက်လို့ရပါပြီ။ ပတ်တီးရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က အပေါ်ဆေး Paint သုတ်တဲ့အခါ (Putty Help smooth surface to colour over )ညီညာသပ်ရပ်တဲ့ ဆေးသားရရှိအောင်ဖြစ်ပါတယ်။ အုတ်နံံရံတွေကို ပတ်တီးရိုက်ပေးခြင်းဖြင့် ဆေးသားအတွက်လိုအပ်တဲ့ ညီညာသည့် မျက်နှာပြင်ကို ရရှိစေပါတယ်။

ပတ်တီးအမျိုးအစားနှင့်အသုံးပြုပုံကိုနောက် ထပ်ပြီးရှင်းပြပေးပါအုန်းမယ်။ Comming ???

2 - နောက်ထပ် Putty ပြန်ရိုက်တယ်။ Step 1 မှာ ရိုက်ထားတဲ့ ပတ်တီးခြောက်ပြီးရင် နောက်ထပ် ပတ်တီးတစ်ခါပြန်ရိုက်ပေးရပါတယ်။ ရည်ရွယ်ချက်ကတော့ ပိုညီညာတဲ့ဆေးမျက်နှာပြင်ရရှိအောင်ပါ။ ပထမရိုက်တဲ့ ပတ်တီးက အများအားဖြင့် အုတ်နံရံတွေရဲ့ မညီညာတဲ့ ချိုင့်ခွက်မျက်နှာပြင်တွေကို ညီညာအောင်လုပ်ပေးပါတယ်။ ဒုတိယ ထပ်ရိုက်တဲ ပတ်တီးကတော့ ပတ်တီးကို ပြန်အချောကိုင်ပေးတာဖြစ်ပါတယ်။ ပိုပြီး ညီညာတဲ့ မျက်နှာပြင်ကို ရှိစေပါတယ်။

- [ ] 3 - Sealer အောက်ခံဆေး သုတ်ပေးတယ်။ အောက်ခံဆေးသုတ်ပေးတဲ့ ရည်ရွယ်ချက်ကတော့ အပေါ်ဆုံးမှာ သုတ်မယ့် ဆေးသား Paint တွေ စွဲကပ်အားကောင်းအောင်ပါ။ အချို့နံရံအဟောင်းတွေကို ဆေးသုတ်ရင် ဆေးသားစွဲကပ်အားမကောင်းတာတွေ့ရပါတယ်။ အောက်ခံဆေး Sealer ကို အသုံးပြုခြင်းဖြင့် သုတ်လုက်တဲ့ ဆေးသား Paint တွေ နံရံတွေမှာ စွဲကပ်အားကောင်းစေပါတယ်။ ( Sealer allow the paint to stick to wall or substrate )

Sealer အမျိုးအစားနဲ့ အသေးစိတ်ကို နောက် ထပ်ပြီးရှင်းပြပေးပါအုန်းမယ်။ Comming ?

4 - ဆေးသား Paint ကို သုတ်တယ်။ Sealer အောက်ခံဆေးသုတ်ပြီးရင်တော့ ဆေးသား Paint ကို သုတ်လို့ရပါပြီ။ လက်နှင့်ကိုင်တွယ်လို့ရပြီး မြင်နိုင်သည့်ဆေးသား Paint ကို သုတ်လို့ရပါပြီ။ ကိုယ်ကြိုက်တဲ့ Paint ကို ရွေးချယ်အသုံးပြုပေးလို့ရပါတယ်။ ဆေးရွေးချယ်ရာတွေ အရောင် နှင့် ဆေးအမျိုးအစားကို အဓိက ရွေးချယ်ပေးရပါတယ်။ Nippon Paint က ထုတ်လုပ်တဲ့ အိမ်သုတ်ဆေးများမှာ အမျိုးအစားအလိုက် ဆေးအရာင် လေးဆယ် မှ တစ်ရာကြားရှိပါတယ်။ ကိုယ်လိုချင်တဲ့ ဆေးအရောက်ိုလဲ ရောစပ်ပြီး ရရှိနိုင်ပါတယ်။

Type Of Paint မှာလဲ အမျိုးအစားအများကြီးရှိပါတယ်။ အတွင်းဆေး ၊ အပြင်ဆေး၊ ရာသီဥတုဒဏ်ခံနိုင်သည့်ဆေး ၊ အပူဒဏ် လျှော့ချပေးသည့်ဆေး ၊ အစွန်းအထင်း ဆေးကြောရန်လွယ်ကူစေသည့်ဆေး ၊ အနံမပြင်းသည့်ဆေး ၊ အလွန်ချောမွေ့သည့်ဆေးသားပိုင်ဆိုင်စေသည့်ဆေး ၊ အလှဆင်သည့် ဗြုတ်ဆေး ၊ သံထည်တွေအသုံးပြုသည့်ဆေး ၊ မှုတ်ဆေး စသည်ဖြင့် ရွေးချယ်စရာဆေးအများကြီးရှိပါတယ်။ ဆေးသုတ်မယ့် နေရာ အခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံး ဆေးတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။

Paints ဆေးသုတ်ရာတွင် အကောင်းဆုံးဆေးသားရနိုင်ရန် အသုံးပြုပေးရမယ့် ဆေးသုတ်နည်းလမ်းအများကြီးရှိပါတယ်။ အသုံးများတဲ့နည်းလမ်းကတော့ W နဲ့ V ပုံစံဆေးသုတ်နည်းတို့ဖြစ်ပါတယ်။

5 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပါ။ ပထမသုတ်တဲ့ဆေးက အုတ်နံရံတွေထဲ စွဲကပ်တာ စိမ့်ဝင်တာတို့ရှိတာကြောင့် အမြဲတမ်းဆေးကို နှစ်ကုတ်သုတ်ပေးဖို့လိုပါတယ်။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။ ပိုကောင်းတဲ့ ဆေးသား Quality ကို ရရှိစေပါတယ်။

Credit Original Uploader


BQ (Bills of Quantity) နှင့် Electrical System အတွက် BQ ကောက်ယူခြင်း BOQ ဆိုတာဘာလဲ?ဘယ်လိုစကောက်ရလဲ?၁။ BQ (Bills of Quant...
04/09/2025

BQ (Bills of Quantity) နှင့် Electrical System အတွက် BQ ကောက်ယူခြင်း

BOQ ဆိုတာဘာလဲ?
ဘယ်လိုစကောက်ရလဲ?
၁။ BQ (Bills of Quantity) ဆိုတာဘာလဲ?
BOQဆိုသည်မှာ Bills of Quantity ၏ အတိုကောက်ဖြစ်ပြီး၊ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုအတွက် လိုအပ်သော ပစ္စည်းများ၊ အလုပ်သမားခများ၊ ပမာဏနှင့် ကုန်ကျစရိတ်များ ကို အသေးစိတ် စာရင်းပြုစုထားသော စာရင်းဇယားတစ်ခုဖြစ်ပါတယ်!
Electrical System အတွက် BQ တွင် Labour Charges (အလုပ်သမားခ) နှင့် Materials Charges (ပစ္စည်းကုန်ကျစရိတ်) ဟူ၍ နှစ်ပိုင်းပါဝင်ပြီး၊ Quantity (ပမာဏ) ကို Counting (အရေအတွက်) နှင့် Measuring (အတိုင်းအတာ) ဖြင့် ခွဲခြားဖော်ပြပါမယ်!

Labour Charges
အလုပ်သမားခတွက်ချက်ရာတွင် အသုံးပြုပါတယ်!
(ဥပမာ - ပိုက်တပ်ဆင်ခ၊ မီးခလုပ်တပ်ဆင်ခ)
· Materials Charges: ပစ္စည်းကုန်ကျမှုကို တွက်ချက်ရာတွင် အသုံးပြုပါတယ်!
(ဥပမာ - ပိုက်ဈေး၊ ကြိုးဈေး)

Quantity ကောက်ယူခြင်း နည်း (၂) မျိုး:

1. Counting (အရေအတွက်)
တစ်ခု၊ နှစ်ခုစသည်ဖြင့် ရေတွက်နိုင်သော အရာများကိုဆိုလိုပါတယ်!
(ဥပမာ - မီးခလုပ်အလုံးရေ၊ ဘောစ်အလုံးရေ)
2. Measuring (အတိုင်းအတာ)
Meter, Feet စသည်ဖြင့် တိုင်းတာရသော အရာများကိုဆိုလိုပါတယ်!
(ဥပမာ - ပိုက်အရှည်၊ ကြိုးအရှည်)

၂။ Conduit Pipe System အတွက် BQ ကောက်ယူနည်း
(က) Conduit Pipe
တစ်ချောင်း၏ အရှည်: 2.9 m (သို့) 9.5 ft ရှိပါသည်။
တွက်နည်း
စုစုပေါင်း ပိုက်လိုအပ်သော
အရှည် (Total Length) ကို 2.9 m (သို့) 9.5 ft နှင့်စား၍ ပိုက်အရေအတွက် (ချောင်းရေ) ရှာပါရပ်မယ်!
ပိုက်အရေအတွက် = စုစုပေါင်း အရှည် (m) ÷ 2.9 m

(ခ) Pipe Socket
တွက်နည်း
ပိုက်အရေအတွက်အတိုင်း အတူတူပင် ယူရပ်မယ်!
ပိုက်တစ်ချောင်းဆက်တိုင်း socket တစ်ခုလိုအပ်ပါမယ်

(ဂ) Saddle / Clip
ခြားနားအကွာအဝေး(Installation Stardand အရ)
1 m (သို့) 3 ft ခြားတစ်ခု တပ်ဆင်ရပါမယ် !
တွက်နည်း
ပိုက်၏ စုစုပေါင်းအရှည်ကို 1 m (သို့) 3 ft နှင့်စား၍
Saddle/Clip အရေအတွက်ကို ရှာရပါမယ်!
Saddle/Clip အရေအတွက် = စုစုပေါင်း အရှည် (m) / 1 m

(ဃ) Wall Plug (No.7) & Black Screw (1”)
ဤပစ္စည်းများကို Saddle/Clip နှင့် Box များကို နံရံသို့ ချိတ်ဆက်ရာတွင် အသုံးပြုပါတယ်!
Saddle (ဖမ်းသံကွင်း အကြီး) တစ်ခုအတွက်:
Wall Plug - 2 ခု
Black Screw (1”) - 2 ခု
Clip (ဖမ်းသံကွင်း အသေး) တစ်ခုအတွက်:
Wall Plug - 1 ခု
Black Screw (1”) - 1 ခု
Circular Box (လုံးဝိုင်းဘောစ်) တစ်ခုစီအတွက်:
Wall Plug - 1 ခု
Black Screw (1”) - 1 ခု
(1-way, 2-way 90°, 2-way 180°, 3-way, 4-way အားလုံးအတွက် အတူတူပင်)

(င) Adaptor
တွက်နည်း
ပိုက်နှင့် ဘောစ်/ပိုက်နှင့် trunking ချိတ်ဆက်ရာ နေရာတိုင်းတွင် Adaptor တစ်ခုစီ လိုအပ်ပါတယ်!
ပုံကြည့်၍ ချိတ်ဆက်မှုအရေအတွက်ကို ရေတွက်ယူရပါမယ်!

(စ) Junction Box / Joint Box
တွက်နည်း
ပိုက်လိုင်းများ ချိတ်ဆက်ရာ၊ ကွေးညွှတ်ရာ၊ ခွဲရာများတွင် အသုံးပြုပါတယ်!
(Drawing) အရ လိုအပ်သည့် နေရာများတွင် အရေအတွက်ကောက်ယူရပါမယ်!

(ဆ) Dome Cover & Flexible Pipe (ဘာဂျာပိုက်)
Dome Cover
Lighting Point (မီးလုံး/မီးချောင်းတပ်မည့်နေရာ) အရေအတွက်အတိုင်း လိုအပ်ပါတယ်!
Flexible Pipe (ဘာဂျာပိုက်)
False Ceiling အတွင်းသို့ ကြိုးများဆွဲတန်းရာတွင် အသုံးပြုပါတယ်!
အရှည်
Lighting Point တစ်နေရာလျှင် ၁ မီတာ (ခန့်မှန်း) ချထားလေ့ရှိပါတယ်!
တွက်နည်း
Lighting Point အရေအတွက်ကို 1 m နှင့်မြှောက်၍ စုစုပေါင်း အရှည်ကိုရှာရပါမယ်
ဘာဂျာပိုက် Coil အရေအတွက်
စုစုပေါင်းအရှည်ကို 100 ft (တစ်လုံး၏အရှည်) နှင့်စား၍ ရှာရပါမယ်!

၃။ Trunking System အတွက် BQ ကောက်ယူနည်း
(က) Trunking
တစ်ချောင်း၏ အရှည်: 2.44 m (သို့) 8 ft ရှိပါတယ်!
တွက်နည်း
စုစုပေါင်း ထရန်ကင်းလိုအပ်သော အရှည်ကို 2.44 m နှင့်စား၍ ထရန်ကင်းအရေအတွက် (ချောင်းရေ) ရှာရပါမယ်!
ဖမ်းမည့်အကွာအဝေး: 1 m (သို့) 3 ft ခြားတစ်ကြိမ် ဖမ်းရပါတယ်!

(ခ) Thread Rod
တစ်ချောင်း၏ အရှည်: 6 ft (1.83 m) ရှိပါတယ်!
တွက်နည်း
ထရန်ကင်း၏ စုစုပေါင်းအရှည်ကို 1 m (ဖမ်းမည့်အကွာအဝေး) နှင့်စား၍ ဖမ်းရမည့်အရေအတွက်ကိုရှာရပါမယ်!
ထို့နောက် ဖမ်းတိုင်းအတွက် Thread Rod အရှည် 1 m (ခန့်မှန်း) ယူကာ တွက်ချက်ရပါမယ်!
Thread Rod လိုအပ်အရှည် = ထရန်ကင်းအရှည် (m) / 1 m * 1 m
Thread Rod အရေအတွက် (ချောင်းရေ) = လိုအပ်အရှည် (m) / 1.83 m

(ဂ) Angle Bar
တစ်ချောင်း၏ အရှည်: 19 ft (5.8 m) ရှိပါသည်။
တွက်နည်း
ထရန်ကင်းကို ဆက်လက်တည်ဆောက်ရန် သို့မဟုတ် ချိတ်ဆက်ရန် လိုအပ်သည့် အတိုင်းအတာအတိုင်း ဖြတ်၍အသုံးပြုရပါတယ်!
လိုအပ်သော စုစုပေါင်းအရှည်ကို 5.8 m နှင့်စား၍ Angle Bar အရေအတွက်ကို ရှာရပါတယ်!

(ဃ) Drop-in Anchor / GI Wall Plug & Nut-Washer
တစ်နေရာ ဖမ်းရန် လိုအပ်သည်များ
Drop-in Anchor (သို့) GI Wall Plug - 2 ခု
Nut - 6 ခု
Washer - 6 ခု
တွက်နည်း
Thread Rod ဖမ်းမည့် အရေအတွက်နှင့် တူညီသော ဖမ်းမည့်နေရာအရေအတွက်ကို ရှာပြီး အထက်ပါအတိုင်း မြှောက်တွက်ရပါမယ်!

(င) Cable / Wire (မီးကြိုး)
တွက်နည်း
ဆောက်လုပ်ရေးပုံစံ (Plan) ကို ကြည့်၍ ကြိုးဆွဲမည့်လမ်းကြောင်းအတိုင်း တိုင်းတာရပါမယ်!
Vertical (ဒေါင်လိုက်) နှင့် Horizontal (အလျားလိုက်) အရှည်များကို ပေါင်း၍ တွက်ချက်ရပါမယ်!
ကြိုးအရောင်(R,Y,B)
လိုအပ်သော ကြိုးအရောင်အလိုက် (အနီ၊ အနက်၊ အပြာ၊ အဝါစသည်ဖြင့်) ခွဲခြား၍ မှာယူရပါမယ်!
wire ကြိုး တစ်ခွေ၏ အရှည် 1 Coil = 100 m ရှိပါတယ်!

အရေးကြီးသော နောက်ဆုံးအဆင့် အနေနဲ့ကတော့
Wastage Factor (အပိုနှုန်း)
ပစ္စည်းအားလုံးကို တွက်ချက်ပြီးပါက အပိုနှုန်း (10% မှ 20%) ထည့်သွင်းတွက်ချက်ရပါမယ်!
ဖြတ်တောက်ရာတွင် ဆုံးရှုံးမှု၊ အမှားအယွင်းဖြစ်မှု၊ လမ်းခုလတ်ပြန်လည်ပြင်ဆင်မှုများအတွက် ချန်ထားခြင်းဖြစ်ပါတယ်!
တွက်နည်း
တွက်ထားသော ပစ္စည်းတန်ဖိုး၏ 10% (သို့) 20% ကို ထပ်မံပေါင်းထည့်ပေးရပါမယ်!

Note
Electrical System BQ မကောက်ခင် ကြိုတင်သိထားရမည့်အချက်များ
(က) Conduit Pipe နှင့် ဆက်စပ်ပစ္စည်းများ
Conduit Pipe တစ်ချောင်း၏ အရှည် = 2.9 m (သို့) 9.5 ft (၉ ပေခွဲ)
စုစုပေါင်း Conduit Pipe Length ကို သိလျှင်၊ တစ်ချောင်း၏အရှည် (2.9 m) ဖြင့် စားပြီး ပိုက်အရေအတွက် ရှာနိုင်ပါတယ်!
ဥပမာ
ပိုက်စုစုပေါင်း 290 m လိုအပ်လျှင်၊
ပိုက်အရေအတွက် = 290÷2.9 = 100 ချောင်း။
Pipe Socket
ပိုက်အရေအတွက်အတိုင်း တစ်ထပ်တည်း ယူရပါမယ်!
ဥပမာ
ပိုက် 100 ချောင်း သုံးလျှင် Socket 100 ခု။

Saddle / Clip
1 m (သို့) 3 ft ခြား၍ တစ်ခုစီ ဆွဲ (သို့) သုံးရသည်။
Saddle 1 ခု သုံးလျှင် Wall Plug 2 ခု + Black Screw 2 ခု။
Clip 1 ခု သုံးလျှင် Wall Plug 1 ခု + Black Screw 1 ခု။

Wall Plug & Black Screw
No. 7 Wall Plug ကို 1 inch Black Screw နှင့် တွဲသုံးရပါမယ်!
Saddle/Clip ၏ အရေအတွက် အလိုက် Wall Plug & Screw ကို တွက်ယူရမည်။
Circular Box (1-way, 2-way 90°, 2-way 180°, Three-way, Four-way)
တစ်ခုစီအတွက် Wall Plug 1 ခု + Black Screw 1 ခု သုံးရပါမယ်!

Adaptor
Base Cup နှင့် Pipe အဆက်နေရာ၊ Trunking နှင့် Pipe အဆက်နေရာများတွင် ကြည့်၍ အရေအတွက် ယူရပါမယ်!
Joint Box / Junction Box
Drawing အရ Pipe အချိုးအကွေ့များသောနေရာ၊ Pipe များစွာ ဆုံသောနေရာများတွင် အရေအတွက် ကောက်ယူရပါမယ်!

Dome Cover
Lighting Point အရေအတွက်အတိုင်း လိုအပ်ပါမယ်!
Flexible Pipe (ဘာဂျာပိုက်)
False Ceiling နှင့် အပေါ် Salad အကွာအဝေးအတိုင်း တွက်ချက်ရပါမယ်!
Lighting Point 1 Point အတွက် 1 m ခန့် တွက်ပြီး၊ Lighting Point အရေအတွက်နှင့် မြှောက်ရပါမယ်!
Flexible Pipe 1 Coil = 100 ft။

(ခ) Trunking ဆွဲရန် လိုအပ်သော Accessories များ
Trunking တစ်ချောင်း၏ အရှည် = 2.44 m (သို့) 8 ft။
စုစုပေါင်း Trunking Length ကို သိလျှင်၊ တစ်ချောင်း၏အရှည် (2.44 m) ဖြင့် စား၍ Trunking အရေအတွက် ရှာနိုင်ပါတယ်!
Trunking ဖမ်းသည့်အခါ
1 m (သို့) 3 ft ခြား၍ တစ်ခါဖမ်းသည်ဟု ယူဆပြီး တွက်ချက်ရပါမယ်!
Thread Rod
တစ်ချောင်း၏ အရှည် = 6 ft။
Angle Bar
တစ်ချောင်း၏ အရှည် = 19 ft။
Drop-in Anchor / GI Wall Plug (ကျည်ဆံဝေါပလပ်)
တစ်နေရာဖမ်းရန် 2 ခု လိုအပ်သည်။
Nuts & Washer
6 ခုစီ လိုအပ်ပါတယ်!

(ဂ) Cable / Wire
Cable Length ကို Plan ပုံကြည့်၍ တွက်ချက်ရမယ်!
တွက်ပြီးလျှင် ကြိုးအရောင် ခွဲ၍ မှာယူရမည်။
1 Coil = 100 m။

(ဃ) Accessories တွက်နည်း
အပိုစောင်း (Wastage & Contingency) 10% မှ 20% အထိ ထည့်တွက်ရမယ်!
ဥပမာ
Conduit Pipe 100 ချောင်း လိုအပ်လျှင်၊
အပိုစောင်း 10% = 100 \times 1.1 = 110 ချောင်း။

Note
Electrical System BQ ကောက်ယူရာတွင် Conduit Pipe, Trunking, Cables, Accessories စသည့် အခြေခံပစ္စည်းများ၏ အတိုင်းအတာ၊ အရေအတွက်၊ တပ်ဆင်နည်း များကို နားလည်ထားရပါမယ်!
ထို့အပြင် Labour Charges နှင့် Materials Charges ကို သီးခြားစီ တွက်ချက်ရန် လိုအပ်ပြီး၊ အပိုစောင်း (10-20%) ထည့်တွက်ရန် မမေ့သင့်ပါခင်ဗျာ !
BQ ကောက်ယူရာတွင် အတိုင်းအတာ (Measurement) မှန်ကန်ရန် အလွန်အရေးကြီးပါတယ်!
ပစ္စည်းတစ်ခုချင်းစီ၏ Standard အရှည်ကို သိရှိထားပြီး ဆက်စပ်ပစ္စည်း (Accessories) များကို စနစ်တကျ
တွဲဖက်တွက်ချက်နိုင်ရန် လိုအပ်ပါတယ်!





 #နံရံအချောကိုင်ခြင်း_Plastering # # #  ( အုတ်နံရံ အချောကိုင်တော့မယ် ဆိုရင်) -----          အတွင်းနံရံ ချောခြင်းကို Plas...
03/09/2025

#နံရံအချောကိုင်ခြင်း_Plastering # # #

( အုတ်နံရံ အချောကိုင်တော့မယ် ဆိုရင်) -----

အတွင်းနံရံ ချောခြင်းကို Plastering လို့ ခေါ်ပြီးးး အပြင်နံရံ ချောခြင်းကို Rendering လို့ ခေါ်ပါတယ်။
ချောတာခြင်း တူပေမယ့် ဘိလပ်မြေ အချိုးအစား ရောစပ်ပုံ မတူညီရပါဘူး။အတွင်းနံရံကတော့ နူးညံ့ရမှာ ဖြစ်လို့ သဲနုကို သုံးရမှာ ဖြစ်ပြီးးးအချိုးကတော့ (1:5) စပ်လို့ရပါတယ် ။အပြင်နံရံကတော့ လေဒဏ်၊မိုးဒဏ်၊နေဒဏ် ခံနှိုင်ရန် သဲကြမ်းကိုသုံး၍ ဘိလပ်မြေကို ပိုကဲ ထည့်ရမှာ ဖြစ်တဲ့ အတွက် (1:4) အချိုး စပ်ရပါ့မယ် ။
နှစ်များစွာ ကောင်းမွန်ခိုင်ခံတဲ့ ချောသားနံရံဖြစ်ဖို့ သဲ အသန့်ကို သုံးရပါ့မယ်။ ကိုယ်ဝယ်ယူတဲ့ သဲ သန့် မသန့်ကို လက်မှာ ပွတ်ကြည့် သိနှိုင်ပါတယ်။ သဲ အနည်းငယ်ကို လက်ထဲ ထည့်ပွတ်ကြည့်ပါ။ ပေကျံပြီး ကျန်ခဲ့လျှင် သဲ မသန့်ပါ ။ တစ်နည်းး ပုလင်းထဲ ရေထည့်ပါ ။ သဲ တစ်ဝက်ထည့်ပြီး ခေါက်ကြည့်ပါ ။ ရေ နှောက်ပြီးး ကျန်ခဲ့လျှင် သဲ မသန့်ပါ ။ ဒါဆို ရေဆေးရပါ့မယ် ။ မသန့်ရှင်းသောသဲ အမှိုက်စများ ပါသောသဲ လုံးဝ မသုံးရပါ ။
မချောခင် အုတ်တွေမှာ ရှိတက်တဲ့ ရေညှိ ၊ ရွှံ့၊ ဖုန်မှုန့် စတာတွေ သေချာ သန့်ရှင်းရေး လုပ်ရပါ့မယ်။ ရေဝအောင် ကြိမ်းသေလောင်းပေးရပါ့မယ် ။ ရေမလောင်းပဲ ချောရင် မဆလာအက်ကြောင်း( crack) ပေါ်ပါမယ်။ အုတ်တွေ ရေဓာတ်ရှိနေရင်တော့ တစ်မျိုး ပေါ့ ။
စချောမယ်ဆိုရင် ချိန်ကျ မျှဉ်းကျ ပါရာ (pier) ထောင်ရပါမယ် ။ မျှဉ်းတံ တမှီစာ ပါရာ နှစ်ချောင်း ထောင်ရပါမယ်။ ပြီးမှ မဆလာကို နံရံကို ကပ်ရပါ့မယ် ။ နံရံ အပြည့်ကပ်ပြီးမှ မျှဉ်းကြမ်းတိုက်ရပါ့မယ်(ပါရာ အတိုင်းပေါ့) ။ ပြီးရင် လိုအပ်တဲ့နေရာ အစာဖြည့် မျှဉ်းချောချ အားလုံး သေချာပြီဆိုရင် လက်ပွက်ဝိုက်လို့ ရပါပြီ ။ဝိုက်တဲ့ နေရာမှာလဲ ဝှိက်တက်ဖို့ အရေးကြီးပါတယ် ၊ မဝှိက်တက်ရင် ကွဲတက်ပါတယ် ။ ( မဆာလာ စိုပျော့နေရင် မဝိုက်ရဘူး ပြောတာပါ ၊ ကွဲအက်တက်လို့ပါ )
အားလုံး ချောပြီးး ဝိုက်ပြီးရင် တံမျက်စည်း ခတ်ရပါ့မယ် ၊ တံမျက်စည်းခတ်တဲ့ နေရာမှာလဲ အထက်အောက် လှန် မခတ်ရပါ ။ အောက်ကြီးပဲ ခတ်ချရပါ့မယ် ။ ကျည်းဘောင်တွေ ပလိန်းချောထားရင် အသားနှုတ်ခမ်းတွေမှာ မျော့ကြောင်းထိုးပေးထားရပါ့မယ် ။ မထိုးထားရင် အက်ကြောင်းပေါ်လိမ့်ပါမယ်။
မျက်နှာပြင်တစ်ခုတည်းကို တစ်ရက်တည်းနဲ့ ချောလို့မပြီးဘူးဆိုရင် နောက်ရက် ဆက်ချောရမယ့်အဆုံးသတ်နေရာမှာ တဲ့ (90 ဒီဂရီ) မဖြတ်ဘဲ စောင်းပြီး ဖြတ်ထားရပါ့မယ် (ဒါမှ အဲ့ဒီအဆက်နေရာမှာ ကြည့်လို့လှမှာပါ။ မဟုတ်ရင် အဲ့ဒီအဆက်နေရာက ကြည့်ရရုပ်ဆိုးပါတယ်။)
- ချောပြီးနောက်ရက်က စလို့ curing အနေနဲ့ မနက်၊ နေ့လည်၊ ညနေ တစ်ကြိမ်စီ ရေပုံမှန်လောင်းရ ပါ့မယ် ။


#အချောကိုင်မည့်နံရံ ဟာ အနည်းဆုံး 7-Days သက်တမ်းရှိရပါမယ်။
ခေါ်တဲ့ ဆားပွင့်များ၊ ဖုန်မှုန့် နှင့် အညစ်အကြေးများ၊ သုတ်ဆေးအစွန်းအထင်းများ သန့်ရှင်းရမည်။
အုတ်နံရံဆိုလျင် 10mm depth ခန့် နှာလိုင်းဖော် (Raked) ထားရပါမည်၊ အုတ်နံရံနဲ့ Plaster တွဲဆက်မှု Bonding ကောင်းစေဖို့ဖြစ်ပါတယ်။ ကွန်ကရစ်မျက်နှာပြင်ဆိုလျင် ဘိလပ်မြေအနှစ်ရိုက်ခြင်း၊ မျက်နှာပြင်ကြမ်းတမ်းအောင် Chipping လုပ်ခြင်း၊ Approved Bonding Agent သုံးခြင်းများပြုလုပ်သင့်ပါတယ်။ သန့်ရှင်းမှုမရှိလျင်၊ မျက်နှာပြင်ချောလွန်းရင် Plaster မတွဲ
(မစွဲ)တာ၊ လေခိုတာတွေဖြစ်နိုင်ပါတယ်။ သတ်မှတ် Plaster thickness ရဖို့အတွက် တစ်လက်မခွဲဗျက်ခန့် Mortar plaster တုံးကလေးများကို 1meter ခြားခန့် စီ ချိန်ကျ မျဥ်းကျ ကြိုတင်ပြုလုပ် ထားရမည် (ပါရာပေးတယ်လို့ပြောကြတယ် Pier block လို့လည်းသုံးကြတယ်)...အချောမကိုင်ခင် နံရံကိုအစိုဓါတ်ရှိနေစေရန် ကြိုတင်ရေလောင်းထားသင့်တယ် (ခြောက်သွေ့နေတဲ့ အုတ်/ကွန်ကရစ်နံရံက Plaster mortar မှာပါတဲ့ ‌ရေကို စုပ်ယူလိုက်တဲ့ အတွက် Cement ဓါတ်ပြုဖို့လိုအပ်တဲ့ ‌ရေပမာဏလျော့သွားလို့ Mortar strength ကိုထိခိုက်နိုင်ပါတယ်)...Plaster thickness ကို 20mm~25mm အထိချောကြပါတယ်...ပါးလျှင် one coat, ထူလျင် 2 or 3 coats ချောကြတယ် (အများစုကတော့ one coat သာချောကြပါတယ် လုပ်သားခ လျော့နည်းသက်သာစေရန်ဖြစ်‌ ပေမယ့် နံရံလေခိုနိုင်ပါတယ်။ ရထားလမ်းပရောဂျက်မှာတော့ 3-coats ချောပေးရပါတယ်)...အချောကိုင်ပြီးရင် ၄၈နာရီနောက်ပိုင်း ရေလောင်း (Curing) ၇-ရက်ခန့်ဆက်လုပ်ပေးရပါမယ်...Mortar strength ကောင်းမွန်စေဖို့အတွက်ပါ..... # # # #




🚕▪️Powder Coating ဆိုတာ ဘာလဲ? ဘာကြောင့် သုံးသင့်တာလဲ?▪️Powder Coating ဆိုတာ ဘာလဲ?🔹Powder Coating ဆိုတာက သံ၊ အလူမီနီယမ် န...
30/08/2025

🚕▪️Powder Coating ဆိုတာ ဘာလဲ? ဘာကြောင့် သုံးသင့်တာလဲ?

▪️Powder Coating ဆိုတာ ဘာလဲ?

🔹Powder Coating ဆိုတာက သံ၊ အလူမီနီယမ် နဲ့ အခြားသတ္တုပစ္စည်းတွေကို အရောင်တင်ပြီး သံချေးတက်ခြင်းကနေ ကာကွယ်ပေးတဲ့ **ခေတ်မီနည်းပညာ**တစ်ခုပါ။
ရိုးရိုး Paint တွေနဲ့မတူတာတစ်ခုက Powder Coating မှာ **အရည်မပါဝင်ဘဲ အမှုန့်ကိုသာ အသုံးပြုပါတယ်**

▪️Powder Coating ရဲ့ အားသာချက်များ

🔹သံချေး/ရေစိုခံနိုင်စွမ်း – မိုးရေ၊ နေပူ၊ စိုထိုင်းမှုဒဏ်ကို ခံနိုင်ရည်ရှိခြင်း

🔹ခံနိုင်ရည်မြင့် – သာမန်ထိခိုက်မှု နှင့် ခြစ်ရာဒဏ်ခံနိုင်ရည်ရှိခြင်း

🔹အရောင်တောက်ပြောင်မှု – ရိုးရိုး Paint ထက် အရောင်ပိုတောက်ပ၊ ကြာရှည်ခံ ခြင်း

🔹သဘာဝပတ်ဝန်းကျင်နှင့်ကျန်းမာရေး - အန္တရာယ်ဖြစ်စေသော (VOCs) မပါဝင်ခြင်း တို့ဖြစ်ပါတယ်

▪️Powder Coating Process အဆင့်ဆင့်

1️⃣ **Surface Preparation** – သံချေးနဲ့ အညစ်အကြေးတွေကို သန့်စင်ပါတယ်
2️⃣ **Powder Application** – Electrostatic နည်းနဲ့ အမှုန့်ကို ပစ္စည်းပေါ် ညီညာစွာ ဖြန်းပါတယ်
3️⃣ **Curing (အပူပေးခြင်း)** – Oven ထဲမှာ အပူပေးပြီး Powder ကို မာကျောစွာ ခြောက်သွေ့စေပါတယ်


▪️ဘယ်လိုပစ္စည်းတွေအတွက် သင့်တော်လဲ?

- သံထည်ပစ္စည်းများ (ခြံတံခါး၊ စင်၊ သံထည်အစိတ်အပိုင်းများ)
- အလူမီနီယမ် ပစ္စည်းများ (ပြတင်းပေါက်၊ တံခါးဘောင်များ)
- အိမ်သုံး/ရုံးသုံး ပရိဘောဂများ



゚viral

အရင်က အိမ်ဆောက်မိန့်တင်တဲ့အခါ ၃ထပ်နှင့်အောက်ဆို အထပ်နှိမ့် သတ်မှတ်ပြီး drawings အပြည့်အစုံဆွဲ တင်လိုက်ရုံနှင့် ရပါတယ်။ ၄...
28/08/2025

အရင်က အိမ်ဆောက်မိန့်တင်တဲ့အခါ ၃ထပ်နှင့်အောက်ဆို အထပ်နှိမ့် သတ်မှတ်ပြီး drawings အပြည့်အစုံဆွဲ တင်လိုက်ရုံနှင့် ရပါတယ်။ ၄ထပ်နှင့် အထက်ကိုတော့ အထပ်မြင့်လို့ သတ်မှတ်ပြီး drawings အပြည့်အစုံအပြင် soil test report, structural design calculation စတာတွေ ပါရပါတယ်။ ငလျင်ကြီးနောက်ပိုင်း အိမ်ဆောက်မိန့်တင်တဲ့အခါ အထပ်နှိမ့်အထပ်မြင့်ရယ်လို့ မဟုတ်တော့ပဲ အဆောက်အအုံ ဆောက်မယ်ဆိုပါက ၁ထပ်ဖြစ်ဖြစ် soil test report နှင့် structural design calculation တွေပါ တင်ရတော့မယ်လို့ ကြားရပါတယ်။

အထပ်နှိမ့် structural design calculation မှာ seismic load နှင့် earthquake design တွက်ရမယ် ဆိုရင်တောင် Equivalent Lateral Force Method လောက်ဆို ရလောက်ပါမယ်။ အထပ်မြင့်တို့ ဘာတို့မှ Response Spectrum Method တို့ Time History Method တို့ပေါ့။

အရင်က သာမန် လူနေအိမ်ဆို soil test စမ်းရာမှာ ပေ၃၀အနက် bore hole ၂ပေါက်လောက်ဆို ရပါပြီ။ အခု ထောင့် ၄ထောင့် ၄ပေါက် အလယ် ၁ပေါက် ၅ပေါက် ပေ၁၀၀ အနက်လို့ ဆိုပါတယ်။ အဲဒါက အဆောက်အဦဧရိယာ ကျယ်ပြီး ကြီးပါက သင့်တော်ပါတယ်။ ပေ၂၀xပေ၆၀ မြေကွက်မှာ ၃ထပ် ဆောက်တာမျိုးလောက်ဆို ပေ၃၀ အနက် ၂ပေါက်လောက်ဆို လုံလောက်တယ်လို့ ထင်ပါတယ်။ အခြေအနေအရ deep foundation ချရင်တော့ တစ်မျိုးပေါ့။

နောက်ပြီး အရင်ကဆို သိတဲ့အတိုင်း ပုံဆွဲတဲ့လူက တစ်ယောက်၊ အိမ်ဆောက်မိန့် တင်တဲ့သူက တစ်ယောက်၊ တကယ်ဆောက်တဲ့လူက တစ်ယောက် ဆိုတာမျိုး မရတော့ပါဘူး။ အိမ်ဆောက်မိန့်မှာ လက်မှတ်ထိုး တင်လိုက်တဲ့ အင်ဂျင်နီယာကိုယ်တိုင် အမှန်တကယ် ကြီးကြပ်တည်ဆောက်ပါ့မယ် ဆိုတာကို ခံဝန်သဘောမျိုး လက်မှတ်ထိုး တာဝန်ယူရတော့မှာပါ။ တကယ်လား စတာလားမသိ site မှာ အိမ်ရှင်ရယ် အင်ဂျင်နီယာရယ် အတူဓါတ်ပုံရိုက်ပြီး တင်ရမယ်လို့တောင် ပြောပါတယ်။ အဲဒါကတော့ ကြိုက်ပါတယ်၊ ကိုယ်ဆိုတဲ့ကောင်က site ရောက်ပြီဆို အလကားနေရင်း တစ်ကြွကြွနှင့် ဓါတ်ပုံရိုက်ချင်နေတဲ့ ကောင်၊ အဲဒါမျိုးဆို ငါက ဓါတ်ပုံ ရိုက်ချင်လို့ မဟုတ်ပါဘူးကွာ တင်ပြစရာ ရှိလို့ပါ ဘာညာ ပြောလို့ ရပါပြီ။

Credit: ဆရာကြည်သာမြင့် ရေးသားသည်။






Credit

ချစ်စရာလေးများ  🤎
31/07/2025

ချစ်စရာလေးများ 🤎

အပင်လေးတွေ နဲ့ ခုလိုလေးဖန်တီးရတာကိုလဲ သဘောကျ သလိုကိုယ်တိုင်ကလဲအပင်လေးတွေကို ချစ်တယ်
28/06/2025

အပင်လေးတွေ နဲ့ ခုလိုလေး
ဖန်တီးရတာကိုလဲ သဘောကျ သလို
ကိုယ်တိုင်ကလဲ
အပင်လေးတွေကို ချစ်တယ်


နေစရာနေအိမ်ဆောက်လုပ်မယ်ဆိုရင်သိထားသင့်သည့်အချက်အလက်များ******************************ရှေးလူကြီးသူမများမှနေအိမ်တစ်အိမ်ဆော...
19/05/2025

နေစရာနေအိမ်ဆောက်လုပ်မယ်ဆိုရင်
သိထားသင့်သည့်အချက်အလက်များ
******************************
ရှေးလူကြီးသူမများမှနေအိမ်တစ်အိမ်
ဆောက်လုပ်တော့မယ်ဆိုရင်
အိမ်ပိုင်ရှင်၏အသက်ကိုတွက်ချက်ပြီးမှ
ဆောက်လုပ်သင့်ကြောင်းလင်္ကာနဲ့
ညွှန်းပြထားခဲ့သည်များကို
ပြန်လည်ပြောပြပေးလိုပါတယ်ခင်ဗျာ

အိမ်သစ်ဆောက်လိုများလူဗိုလ်၊
သက်ကိုရှစ်နဲ့စား
တစ်ခုကြွင်းမူသူဌေးယူ
နှစ်မူသူကြွယ်သား လေးခုကြွင်းငြားရွှေလှေခါး
ငါးကားရွှေပြဿဒ်
သုံး၊ခြောက်၊ခုနှစ်၊သုံးဘုံလစ်
အိမ်သစ်မဆောက်အပ်တဲ့
လင်္ကာရဲ့သဘောကဒီလိုပါ

ကိုယ့်ရဲ့ အသက်ကို (၈)နဲ့ စားလိုက်ပါ
၁=ကြွင်းရင်ဒီနှစ်မှာ
အိမ်ဆောက်တဲ့အတွက်
သူဌေးဖြစ်နိုင်သလို၊
၂=ကြွင်းရင်လည်း
သူကြွယ်ဖြစ်တတ်ပါသတဲ့။
၄-ကြွင်းရင်
ဘ၀ရဲ့ အဆင့်မြင့်မှုကို ရရှိပြီး၊
၅=ကြွင်းရင်လည်း
တို့ထက်ကောင်းပါတယ်။

၃၊ ၆၊၇နဲ့ ၀ ကြွင်းရင်တော့ ဒီအသက်၊
ဒီနှစ်ထဲမှာ အိမ်သစ် မဆောက်သင့်ပါဘူး။ ဆောက်ရင် ဆောက်သူအဖို့ ဘေးရန်များတာ၊ စီးပွားပျက်တာ၊ ရောဂါဘယများပြားတာတွေ ဖြစ်နိုင်တယ်နဲ့တူပါတယ်။

အိမ်သစ်ဆောက်မယ့်မြေရွေးရဦးမယ်အိမ်သစ်ဆောက်သင့်တဲ့ အသက်ရောက်လိုက အိမ်သစ်ဆောက်ဖို့စီစဉ်ပြီဆိုရင်၊ ဆောက်မယ့်မြေလည်းရွေးချယ်ရပါဦးမယ်။ စနစ်တကျရွေးချယ်မှအိမ်ရှင်အတွက် ကောင်းမွန်ပြီး ဘေးရန်အသွယ် ကင်းဝေးနိုင်ပါမယ်၊ မြေရွေးနည်း လင်္ကာကတော့ ဒီလိုပါ။

အဆင်းဖြူငြားမြေပုဏ္ဏား၊စီးပွားဖြစ်တတ်စွာ။
အဆင်းနီလွင်မြေဘုရင်၊မင်းလျှင်ဖြစ်တတ်ပါ။
အဆင်းနက်ကမြေဒါသ၊ဒုက္ခဘေးတွေ့ရာ။
အဆင်းဝါဘိမြေပကတိ၊သုခိအဝေရာ။
အဆင်းပြာလျှံ၊ကေသပံ၊နိုင်ငံတည်ထောင်ရာ။
မြေမင်းပုဏ္ဏားကျောင်းအိမ်များ၊ ဆောက်ထားဇရပ်သာ။
မြေဒါသမှာဥယျာဉ်သာ၊
လယ်မှာလုပ်လေပါ၊
မြေပကတိကိုရဟန်းဆို၊
နေလို့ကောင်းလေစွ။

လင်္ကာရဲ့သဘောက မြေရဲ့အဆင်းအရောင်ကိုကြည့်ပြီး အိမ်၊ ကျောင်း၊ ဇရပ်၊ ဥယျာဉ်တို့ တည်ထားသင့်တယ်ဆိုတဲ့သဘောပါ။ သေသေချာချာပြောရရင်
အဆင်းဖြူတဲ့ မြေကို မြေပုဏ္ဏားလို့ ခေါ်တယ်။
ဒီမြေမှာအိမ်ဆောက်ရင် အိမ်ရှင်ဟာစီးပွားတက်မယ်။ ချမ်းသာမယ်။
မြေအဆင်းနီရင် ဒီမြေကိုမြေဘုရင်လို့ သတ်မှတ် တယ်။ ဒီမြေမှာ အိမ်ဆောက်ရင် အိမ်ရှင်ဟာအကြီး အကဲဖြစ်မယ်။ အများရဲ့ ကြည်ညိုလေးစားမှုကို ခံရမယ်။
အဆင်းနက်တဲ့ (မြေသြဇာ၊ မြေဆီမြေနှစ်များတဲ့) မြေကို မြေဒါသလို့ ခေါ်တယ်။
ဒီမြေမှာ အိမ်မဆောက်သင့်ဘူး။ ဘေးရန်များတတ်တယ်။
ဒီမြေဟာ (မြေဆီ မြေနှစ် များတဲ့အတွက် ) ဥယျာဉ် စိုက်ပျိုးတာ၊ လယ်လုပ်ကိုင်တာသာ
လုပ်သင့်ပါ သတဲ့။
အဆင်းအရောင် ခပ်ပြာပြာရှိတဲ့မြေကိုတော့ ကေသပ လို့ခေါ်ပြီး နိုင်ငံအကြီးအကဲတွေရဲ့
အေရးပါတဲ့ အဆောက်အအုံတွေ ဆောက်သင့်တယ်လို့ယူဆရပါ တယ်။
မြေအဆင်းဟာ ဝါရင်ပကတိ မြေသားအဖြစ် သတ်မှတ်ပါတယ်။
ဒီမြေဟာ အိမ်တို့၊ ဇရပ်တို့ ထက်ရဟန်း သံဃာတော်များ သီတင်းသုံးရာ ကျောင်းဆောက်သင့်ပါတယ်။ ရဟန်းသံဃာတော် များကြည်လင် အေးချမ်းစွာ သီတင်းသုံးပျော်မွေ့စေနိုင်တဲ့မြေမျိုးပါ။
ဒီလမှာအိမ်သစ်ဆောက်ပါအိမ်သစ်ဆောက်ဖို့ အသက်လဲရောက်ပြီ၊ ဆောက်သင့်တဲ့ မြေလဲရပြီ၊ ကဲ အိမ်သစ်ဆောက်ကြစို့။ အဲတစ်ခု ကျန်သေးတယ်။ ဘယ္လမွာ ဆောက်မလဲ။ လင်္ကာလေးကို ဖတ်ကြည့်ပါဦး။

လတန်ခူးမှာအိမ်ဆောက်ခါ၊ ချမ်းသာပြည့်ကြွယ်၀
ကဆုန်လဝယ်ပေါများကြွယ်
ဝါခေါင်လမှာအိမ်ဆောက်ပါဥစ္စာတိုးပွားရ
နတ်တော်လတွင်အိမ်ဆောက်လျှင်၊ ပေါ်ထင်ကျော် စောစွ။
ပြာသိုလမှာလူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလ၀ယ်၊ချမ်းသာကြွယ်၊ဆောင်းဖွယ်
ဤခြောက်လ။
လင်္ကာက ပြောထားတာကလေးက ရှင်းရှင်းကလေးပါနော်၊
အကျဉ်းရုံးပြောရရင် တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလ၊ တပေါင်းလ စတဲ့ မြန်မာလတွေမှာ အိမ်သစ်ဆောက်သင့်တယ်။ ဆောက်ရင် ကောင်းတယ်။ သူ့လနဲ့သူစီးပွားတက်တာ၊ စပါးထွက်တာ၊ ချမ်းသာတာ၊ ထင်ပေါ်ကျော်ကြားတာတွေ ဖြစ်မယ်။ ဒါကြောင့် အဲဒီခြောက်လမှာ အိမ်သစ်ဆောက်သင့်ပြီး စပါးစိုက်တဲ့လ၊ အလုပ်များတဲ့လတွေမှာဖြစ်တဲ့ နယုန်လ၊ ဝါဆိုလ၊ ဝါဆိုလ၊ တော်သလင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း။ တပိုတွဲ စတဲ့ လတွေမှာ အိမ်သစ်မဆောက်သင့်ပါဘူး။ လရွေးပြီးရင်၊နေ့လဲရွေးပေးဦး။ အဲဒီလိုအိမ်သစ်ဆောက်ဖို့ လရွေးပြီးတာနဲ့ ကြိုက်တဲ့နေ့မှာ စတင်ပြီးဆောက်လို့မဖြစ်သေးပါဘူး သင့်လျှော်တဲ့နေ့ ရွေးဖို့ကိုလဲ လင်္ကာနဲ့ပဲ လမ်းညွန်ထားပါတယ်။
လင်္ကာကလေးကဒီလိုပါ။
တနင်္ဂနွေတွင်အိမ်ဆောက်လျှင်၊ မရွှင်စိတ်သောက။
နေ့တနင်္လာလွန်ချမ်းသာ၊ အင်္ဂါ လာဘ်ကြီးရ။
ဗုဒ္ဓဆောက်ခါဆင်းရဲစွာ၊ ရံခါ ချမ်းသာရ။
ကြာသပတေးမှာအိမ်ဆောက်ခါ၊ ရောဂါကင်းစင်ပ။
နေ့ကားသောကြာအေးကြည်စွာ၊ ရံဖန်ပူပင်ရ။
စနေနေ့မူအိမ်ဆောက်သူ၊ ဗိုလ်လူညှင်းပမ်းကြ။

ဒီလင်္ကာသဘောအရ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေတို့မှာ အိမ်သစ်စမဆောက်သင့်ဘူး၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မှာ အသင့်အသင့်ကောင်းပေမယ့် စနေ၊ တနင်္ဂနွေ မှာတော့ လုံး၀မကောင်းနိုင်ဘူး။ စပြီး ဆောက်သင့်တဲ့ ရက်တွေကတော့ တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့ပါပဲ။ ဘာကြောင့် ဆောက်လုပ်သင့်သလဲဆိုတာကတော့ လင်္ကာမှာပါပြီးသားပါ။
မြေကျစ်အားကဟောတဲ့ဗေဒင် ကိုယ်အိမ်ဆောက်ဖို့ရွေးထားတဲ့မြေရဲ့ မြေကျစ်အား(မြေရဲ့သိပ်သည်းခြင်း)က ကိုယ့်ကိုဗေဒင်ဟောတတ်ပါသတဲ့။
ဟောပုံက-
အိမ်ကျောင်းဆောက်ရာ၊ မြေကိုသာ၊ သေချာမှတ်ပြီးမှ။
ပေါက်ပေါက်ဆန်ပန်း ဓိဌာန်မှန်း၊ ချိန်နော်ကြည့်အပ်လှ။
တစ်ကျပ်ပြည့်လတန်၊ ဆင်းရဲတက် နှစ်ကျပ်ဒုက္ခရ။
သုံးကျပ်လေးကျပ်၊ မတောင်းတက်၊ ငါးကျပ်မေတ္တာမျှ။
ခြောက်ကျပ်မှာ လာဘ်၊ ခုနှစ်ကျပ် အရပ်ပြောင်းရွေ့ရ။
ရှစ်ကျပ်ဥစ္စာ ၊ ပေါများပါ၊ ကိုးမွာ သိဒ္ဓိကပ်၊
တစ်ဆယ်ဘေးမှတ်၊ ဆယ့်တစ်ကျပ်၊ တိုးတက်သက်ဇီ၀။
ဆယ့်နှစ်ဆယ့်သုံး၊ ချိန်ကျပ်နှုန်း၊ ရွှင်ပြုံးချမ်းသုခ။
ဆယ့်လေးချစ်ခင်၊ ဆယ့်ငါးကွင်းလူရှင်မှန်တတ်စွ။
ဆယ့်ခြောက်ကောင်းစွန်၊ တစ်ဆယ့်ခွန်၊ အလွန်မျက်ထွက်စွ။
ချိန်ကျပ်ကောင်းစွာ၊ အိမ်ကျောင်းရာ၊ ဆောက်ခါနေထိုင်ကြ။
ကြံတိုင်းလည်းအောင်၊ သိဒ္ဓိဆောင်၊ လူ့ဘောင်ကျော်ဇောလှ။ တဲ့

ဒီလင်္ကာကို (Burmese to Burmese)
ဘာသာပြန်ရရင်- အိမ်တို့၊ ကျောင်းတို့ဆောက်ဖို့ မြေနေရာတိတိကျကျရပြီဆိုရင် မြေပေါ်မှာ ဆန်၊ ပန်း၊ ပေါက်ပေါက် နဲ့ဖြန့်ကြဲပူဇော်ရမယ်၊ အဓိဋ္ဌာန်ပြု သစ္စာဆိုပြီး တိကျမှန်ကန်တဲ့ အတိတ်နမိတ်ပေါ်အောင် ဆုတောင်းရမယ်။
ပြီးရင်တူရွင်းနဲ့မြေကိုတစ်ကော်ကော်လိုက်ရမယ်။
ရတဲ့ မြေ တစ်ကော်စာကို ကျပ်သားနဲ့ ချိန်ကြည့်ရမယ်။ မြေတစ်ကော်စာချင်း တူပေမယ့် အလေးချိန်မတူနိုင်ဘူး။ ဒါက မြေကျပ်အား (ဝါ) မြေရဲ့ သိပ်သည်းမှုချင်း မတူလို့ပါ။ ဒီမြေကျစ်အားဟာ အိမ်ဆောက်မယ့်သူအတွက် အတိတ်နိမိတ်ပါပဲ။ ဘယ်လိုအတိတ်နမိတ်လဲဆိုတော့-
တူရင်းမြေတစ်ကော်စာဟာ-
တစ်ကျပ်သားရှိရင်ဆင်းရဲမယ်။
နှစ်ကျပ်သားရှိရင်ဘေးဒုက္ခတွေ့မယ်။
သုံးကျပ်သားရှိရင် လေးကျပ်သားရှိရင် သိပ်မကောင်းဘူး။ ငါးကျပ်သားရှိရင် လူတကာရဲ့ချစ်ခင်မှုကိုခံရမယ်။
ခြောက်ကျပ်သားရှိရင် လာဘ်ရမယ်။
ခုနှစ်ကျပ်သားရှိရင် အရပ်တစ်ပါးကို ပြောင်းရွေ့ ရတတ်တယ်။
ရှစ်ကျပ်သားရှိရင် ဥစ္စာဓနပေါများမယ်။
ကိုးကျပ်သားရှိရင် သိဒ္ဓိအပေါင်းနဲ့ပြည့်စုံနိုင်တယ်။
ဆယ်ကျပ်သားရှိရင်တော့ ဘေးဥပါဒ်အန္တရာယ်တွေ့ ကြုံရတက်တယ်။
ဆယ့်တစ်ကျပ်သားရှိရင် အသက်ရှင်မယ်။
ဆယ့်နှစ်ကျပ်၊ ဆယ့်သုံးကျပ်သားရှိရင် ပျော်ရွှင် ချမ်းသာစွာနေရမယ်။
ဆယ့်လေးကျပ်သားရှိရင် ချစ်သူခင်သူပေါများမယ်။
ဆယ့်ငါးကျပ်သားရှိရင် တော်မှန်တဲ့သူဖြစ်မယ်။
ဆယ့်ခြောက်ကျပ်သားရှိရင် ကောင်းတယ်။
ဆယ့်ခုနှစ်ကျပ်သားရှိရင်တော့ ဒေါသထွက်စရာ။ အမျက်ထွက်တာတွေ ဖြစ်မယ်။

ရိုးရာဓလေ့ပန္နက်ရိုက်ပုံ
*****************
ဒီလိုမြေကို စနစ်တကျရွေး၊ အိမ်ဆောက်မယ့်၊ နှစ်၊ လ၊ ရက်တွေ သေသေချာချာရွေးပြီးလို့ အိမ်ဆောက်ပြီဆိုရင် စစချင်းဆောင်ရွက်ရမှာက ပန္နက်ရိုက်ခြင်းပါပဲ။

ပန္နက်ရိုက်ရာမှာ ထုံးတမ်းအစဉ်အလာအရ မြေစောင့်နတ်ကို ပူဇော်ရပါတယ်။ ပူဇော်ရာမှာ တင်လှူရတဲ့၊ အရာတွေကတော့ အသားသက်လွတ် ထမင်းနှင့်ယိုစုံပါ။
ဒါတွေကို ဖက်သန့်သန့်နဲ့ထည့်ပြီး ပူဇော်ရပါတယ်။ ပူဇော်ရာမှာရတဲ့ ဆုတောင်းကတော့ ဒီလိုပါ။ (ရိုးရာအစဉ်အလာ ထိန်းသိမ်းမှတ်တမ်းတင်တဲ့အနေနဲ့ ထည့်သွင်းဖော်ပြပါရစေ)။
ဥုံ ဘုမ္မိရာဇာ၊ မြေသင်္ချာကို၊ အစိုးရသည့် နဂါး သနင်း၊မြေနတ်မင်း၊ ကောင်းခြင်းတိုင်မြဲ၊ ပန္နက်သဲက၊ စသည်ရုံပေါင်း၊ ခြပုန်းတောင်ပို့၊ ဤသို့တစ်ကြောင်း၊ ရှေးသူဟောင်းတို့၊
မကောင်းချွတ်လွဲ၊မြေထဲလားမြုပ်၊ အရုပ်ဆင်းချ၊ ဆိုရေးစသား၊ ဒေါသကင်းရေး၊ ကောင်းရာဆေးလော့၊ သူ့သွေးသွန်ရာ၊ ဆရာပြုဟောင်း၊ မကောင်းတစ်ဆေ၊ နေ့တွင်သည်ကား၊ ဝေးဝေးရှား၊ ဘုရားရုပ်တု၊ ဆင်းတုမလွတ်၊ ဓာတ်တော် မွေတော်ရှိငြားသော်လည်း၊ ကော်ရော်ရိုညွတ် နတ်တကာတို့၊ မပါစေကြောင်း။ ရေကြောင်းဆေး မည်။ အလျှံတည်၊ အရောင်ညီးညီး၊ လင်ပန်းကြီး နှင့်၊ ပွဲကြိုနတ်ယကာ၊ ကိုင်စွဲကာဖြင့်၊ အင်းကားလက်ယျာ၊ ဆေးကားလက်ဝဲ၊ ကိုင်စွဲအနေ မြေတွင်ချ၊ ပသမလွတ်၊ ယွင်းချွတ်သော်လည်း၊ နတ်ရှင့်ပွဲတော်၊ စားတော်ခေါ်လော့၊ ဇဟိ ံတတ္တိ ံဘုံဉ္ဇာဟိ ဘုဉ္ဇာဟိဒီလို ပူဇော်ဆုတောင်းပြီးရင် ဆန်ပေါက်ပေါက်တွေနဲ့ မြေကွက်အနှံ့ ကြဲဖြန့်ရပါတယ်။ ပြီးတော့မှ ပန္နက်ချကြလေ့ရှိကြပါတယ်။

တိုင်ထူရင် ရှောင်ရမယ့်အသား
**********************
အိမ်ဆောက်ရာမှာ မသုံးသင့်တဲ့အသားတွေကိုလဲ ညွန်ပြထားတာရှိပါသေးတယ်။ အဲဒီအသားတွေကတော့ မိချောင်း၊ မအူ၊ သခွပ်၊ သျှိသျှား၊ သီးသား၊ သပြေသား၊ သစ်ဆိမ့်သား၊ ရေသာသား၊ ကေလာသား၊ လက်ပံသား၊ လဲဝါတို့ဖြစ်ပါတယ်။

မိဘတိုင်ခြောက်လုံးရဲ့ အမည်သညာမြန်မာ့ရိုးရာ အိမ်ပုံစံအရ အဓိကကျတဲ့ တိုင်ခြောက်လုံးရှိပါတယ်။ ဒီတိုင်ခြောက်လုံးတည်ပုံနဲ့ အမည်တွေကတော့ ဟောဒီပုံစံအတိုင်းပါပဲ။

အရှေ့မြောက် (စုံပင်လယ်)
အရှေ့တောင် ( ဦးယူ )
အလယ်မြောက် ( ကျငန်းမ )
အလယ်တောင် ( ကျငန်းဖို )
အနောက်မြောက် ( သပြေ )
အနောက်တောင် ( ကုမ်ဘီ )

အဲဒီတိုင်ခြောက်လုံးမထူခင်မှာ တိုင်စိုက်မယ့်ကျင်းထဲကို ဟောဒီအတိုင်း ဆိုင်ရာရာ သွန်းလောင်းမြုပ်နှံရပါတယ်။
ကျငန်းဖိုကျင်းထဲ ပတ္တမြားစိမ်းရေလောင်းရမယ်။
ကျငန်းမကျင်းထဲကို ခဲရေ လောင်းရမယ်။
ဦးယူတိုင်စိုက်မယ့်ကျင်းထဲကို ကြေးနီမြုပ်ရမယ်။
စုံပင်လယ်တိုင်စိုက်မယ့်ကျင်းထဲကို ဆန်မြုပ်ရမယ်။
ကုမ်ဘီတိုင်စိုက်မယ့် ကျင်းထဲကို ကြေးဖြူမြုပ်ရမယ်။
သပြေတိုင်စိုက်မယ့်ကျင်းထဲကို ခဲမဖြူမြှုပ်ရမယ်။
ဒီတိုင်တွေကို မစိုက်မီက တစ်ခါတည်းမှန်ကန်အောင် စနစ်တကျစိုက်ထူရမယ်။ ပန္နတ်သေသေချာချာချပြီးမှ ထူရမယ်။ ထူပြီးတော့မှ မကြိုက်လို့ သဘောမကျလို့ဆိုပြီး ပြန်နှုတ်၊ ပြန်စိုက်တာမျိုးမဖြစ်စေရဘူး။
ဒါတွေလဲရှောင်ရဦးမယ် ။
အိမ်ဆောက်ရာမှာ ရှောင်သင့်တာတွေလဲ ရှိပါသေးတယ်။
အဲဒါတွေကတော့ -
အိမ်ဖြစ်တဲ့အတွက် တိုင်တွေ၊ ဘောင်တွေမှာ ကနုတ် ပန်းဆွဲတွေ ဘာတွေနဲ့ တန်ဆာမဆင်ရဘူး။
ထုတ်တန်းမစွပ်ခင် ယက်မတင်တာမျိုး မလုပ်ရဘူး။ ယက်မတင်ပြီးမှ ထုတ်တန်းစွပ်ရမယ်။ ကြမ်းခင်းထက်ကျော်ပြီး ရှည်ထွက်နေတဲ့ တိုင်တွေမရှိသင့်ဘူး။ ရှိနေရင် ဖြတ်ပစ်ရမယ်။ ခေါင်ရိုးနဲ့ (ခေါင်လျှောက်ခွ) မတင်ခင်မှာလဲ ကြမ်းမဖောက်ရဘူး။ ထုတ်တွေ၊ တန်းတွေ အစွန်းထွက်တာ မရှိစေရဘူး။ ရှည်ထွက်နေရင်ဖြတ်ပစ်ရမယ်။ ပြီးတော့ အိမ်မဆောက်ခင်က ၀င်းထရံကို ကြိုပြီး ခတ်မထားရဘူး။ အိမ်ဆောက်ပြီးမှ ၀င်းခတ်ရမယ်။ အိမ်သစ်ပြီးလို့ အိမ်သစ်တက်တော့မယ်ဆိုရင် သပြေသားကိုင်ပြီးမှ တတ်ရပါမယ်။ ကျောင်းသစ် တက်တော့မယ်ဆိုရင် သနပ်သားဆောင်ပြီးမှ တက်ရမယ်။ ဒါမှ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းမယ်လို့ ဆိုပါတယ်။

အိမ်အကာအကွယ်
**************
အိမ်သစ်မှာနေထိုင်ကြမယ့် မိသားစုတွေ ဘေးဥပါဒ်အန္တရာယ်တွေကင်းဝေးအောင် ကာကွယ်ကြပုံလဲ ရှိပါသေးတယ်။
ကာကွယ်ပုံမှာ --
အရှေ့တောင်ကတိုင်မှာ သိ
အနောက်တောင်က တိုင်မှာ န
အနောက်မြောက်ကတိုင်မှာ ဗိ
အရှေ့မြောက်ကတိုင်မှာ ဘု
ဆိုပြီး ရေးသားရခြင်းပါပဲ။
အဲဒီ စာတစ်လုံးစီရဲ့ အရှည်ကတော့ -
သိ = သိကြား
န = နဂါး
ဗိ = ဗိဿနိုး
ဘု = ဘုရား ဖြစ်ပါတယ်။
ဒီစာရေးထားတဲ့ တိုင်တွေကိုလဲ ရွှေရည်၊ ငွေရည်၊ စိန်ရည်၊ ကျောက်ရည်တို့ သွန်းလောင်းပေးရပါတယ်။ ဒီလိုပြုခြင်းအားဖြင့် အိမ်သူအိမ်သားများဖို့ ဥပါဒ်အန္တရာယ်ကင်းရှင်းပြီး စိတ်ရဲ့ချမ်းသာခြင်း၊ ကိုယ်ရဲ့ချမ်းသာခြင်းတို့နဲ့ ပြည့်စုံနိုင်ပါသတဲ့ ။

အခုတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ အိမ်သစ်၊ ကျောင်းသစ် ဆောက်ရာမှာ ပြုလုပ်ဆောင်ရွက်၊ ရှောင်ကြ၊ ဆောင်ကြတဲ့အချက်တွေပါ။
ခေတ်နဲ့ လျော်ညီစွာရှိတယ်၊ မလျော်ညီတယ်ဆိုတာကိုတော့ စာဖတ်သူတို့ကို ဆုံးဖြတ်ခွင့်ပေးပြီး ရိုးရာဓလေ့ထုံးစံတစ်ရပ်ကို မှတ်တမ်းတင်တဲ့အနေနဲ့ ဖော်ပြလိုက်ရပါတယ်။
(မူရင်းရေးသားသူ ဆရာဒဂုန်အား
တန်ဖိုးထားလေးစားပါတယ်ခင်ဗျာ)


#အေးချမ်းသောမိသားစုအိမ်လေး
#ပိုင်ဆိုင်နိုင်ကြပါစေနော်

Adresse

Uelpebergstraße
Wiehl
51674

Telefon

+959956594295

Webseite

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Beautiful Home Design erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Service Kontaktieren

Nachricht an Beautiful Home Design senden:

Teilen

Kategorie