Ei Hlaing Htwe

Ei Hlaing Htwe I wanna share my daily routine and knowledge.

17/10/2025

First timeမို့ လက်က မငြိမ်ဘူးရယ်😅

ဘာရယ် မဟုတ်ပဲ ဒီနေ့ အစ်မတွေကို လွမ်းတယ်လွမ်းတော့ ကျေးဇူးတရားတွေကို ပြန်အောင့်မေ့ရင်း ကျေးဇူးတင်ဖြစ်တယ် လူတစ်ယောက် သတ္တိရ...
14/10/2025

ဘာရယ် မဟုတ်ပဲ ဒီနေ့ အစ်မတွေကို လွမ်းတယ်

လွမ်းတော့ ကျေးဇူးတရားတွေကို ပြန်အောင့်မေ့ရင်း ကျေးဇူးတင်ဖြစ်တယ်

လူတစ်ယောက် သတ္တိရှိရှိနဲ့ သူ လုပ်ချင်တာလုပ်ဖို့ သိပ်အများကြီး မလိုပါဘူး

သူ့ကို ထောက်ခံအားပေးနေတဲ့ မိသားစုနဲ့ ဆရာသမားကောင်း သူငယ်ချင်း မိတ်ဆွေကောင်း လူနည်းစု ရှိရင်ကို အစ’ကောင်းတစ်ခုကို ဖမ်းဆွဲမိနေပြီး

အနှောင်းသေချာဖို့ကလဲ အဲ့ဒီလူရဲ့ အားစိုက်ထုတ်မှုနဲ့ ခုနက လူနည်းစုရဲ့ အားပေးစကားတွေပဲ ထပ်လိုအပ်တာပါ

ဖြစ်စဉ်များစွာထဲက

နံပါတ် (၁)
ကျမ ၁၀တန်းတုန်းကပေါ့

အောင်စာရင်း မထွက်ခင် ညမှာပဲ ဘယ်သူတွေ ဂုဏ်ထူး ဘယ်နှစ်ခုတော့ ပါတယ် သတင်းကြားတဲ့အချိန် ကျမ နာမည် မပါလာခဲ့ဘူး

နောက်နေ့ အောင်စာရင်းထွက်တော့လဲ တကယ်ကြီးကို မပါခဲ့တာပါ

အိမ်ပြန်လာတဲ့အချိန် အမေနဲ့ အစ်မတွေက အိမ်ပေါ်မှာ လူစုနေလေရဲ့

ဘာလုပ်နေကြတာလဲ မေးတော့ အငယ်မ နင့်ကို ငါတို့ ဘာလုပ်ပေးရင် ကောင်းမလဲ ဘာလုပ်ပေးနိုင်မလဲဆ်ုတာ စဉ်းစားနေကြတာတဲ့

သူတို့ရဲ့ အငယ်ဆုံး သမီးလေး အငယ်ဆုံး ညီမလေးအတွက် မျှော်လင့်ချက်တွေ ကြီးခဲ့တယ် ဒီတစ်ယောက်တည်းသာ မိသားစုမှာ ထွန်းတောက်ဖို့ အခွင့်အရေးရှိတော့တာမို့

ဘဝ တစ်ဆစ်ချိုးအချိန်မှာ မျှော်လင့်သလို ဖြစ်မလာခဲ့ပေမယ့် ဆူခြင်း တစ်စက်ကလေးတောင် မရှိပဲ ပထမဦးဆုံး လုပ်ခဲ့တာက

‘ငါတို့ နင့်အတွက် ဘာလုပ်ပေးရမလဲ ဘာလုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားနေတာ’ တဲ့လေ

ဆက်ရန်………..

ဝေးဝေးနေသင့်တဲ့သူ ၃ မျိုး(၁) အတင်းပြောတတ်တဲ့သူ              ကျမ အလုပ်မှာ အလုပ်လုပ်နေရင်း podcast နားထောင်းလို့ရတော့ moti...
29/09/2025

ဝေးဝေးနေသင့်တဲ့သူ ၃ မျိုး

(၁) အတင်းပြောတတ်တဲ့သူ

ကျမ အလုပ်မှာ အလုပ်လုပ်နေရင်း podcast နားထောင်းလို့ရတော့ motivational speaker တစ်ယောက် ပြောတာလေး သိပ်သဘောကျမိတယ်

မင်းကို တစ်ခြားသူ မကောင်းကြောင်း လာပြောတဲ့သူဟာ သူ ဒုတိယ ပြောမယ့် မကောင်းကြောင်းဟာ မင်းအကြောင်း ဖြစ်နေလိမ့်မယ်’ တဲ့

(၂) အချိန်ကို မလေးစားသူ

လက်ရှိ ပစ္စုပ္ပန်ကို ကျမတို့ဟာ ဘယ်တော့မှ ပြန်လာလို့ မရတော့ပါဘူး

ကိုယ်ကိုတိုင် စီမံခန့်ခွဲလို့ရတဲ့ ကိုယ့်ရဲ့ အချိန်ကိုတောင် အကျိုးရှိရှိ မသုံးစွဲနိုင်ရင် သူနဲ့ သွားပတ်သတ် ဆက်နွယ်နေမယ့် ကိုယ့်ရဲ့ အချိန်ကိုလဲ အလေးထားမှာ မဟုတ်ပါဘူး

(၃) ကတိမတည်သောသူ

ကျမအတွက်ကတော့ ကတိဆိုတာဟာ ပေးတဲ့သူရဲ့ တစ်ဖက်သူအပေါ် အလေးအနက်ထားမှု လေးစားမှု တာဝန်ယူ တာဝန်ခံမှု စိတ်စေတနာ လို့ အဓိပ္ပါယ် ဖွင့်ချင်တယ်

လုပ်ငန်းခွင်မှာတော့ တာဝန်ယူ တာဝန်ခံမှု ဖြစ်ပြီး လူမှုရေးမှာတော့ ဒါဟာ အလေးအနက်ထားမှု လေးစားမှု စိတ်စေတနာလို့ အဓိပ္ပါယ်ဖွင့်ပါတယ်

ဒီနေရာမှာ ကတိဟာ self love/ self respect နဲ့လဲ ပတ်သတ်မှုရှိပါတယ် ဘာကို ဆိုလိုတာလဲ ဆိုတော့ ကိုယ် မလုပ်ချင်တဲ့အရာကို အားနာနာနဲ့ လုပ်ပေးပါမယ်ဆိုတာဟာ ကိုယ့်ကိုယ်ကို ချစ်တာ မဟုတ်တော့ပါဘူး

အဲ့ဒီတော့ မလုပ်ပေးနိုင်ဘူးဆိုရင် ´No’ လို့ လူတိုင်း ပြောခွင့်ရှိပါတယ် ဒါဟာ self love/ self respect ပါ

သို့သော် ကိုယ် လုပ်ပေးနိုင်မယ်ထင်လို့ ပေးထားတဲ့ ကတိ မလုပ်ပေးနိုင်တာကတော့ ဒါဟာ တစ်ဖက်လူအပေါ် အလေးအနက်မထား မလေးစားပဲ ကတိကို လွယ်လွယ်ပေးတတ်တဲ့သူ ဖြစ်ပါတယ်

ဒါကြောင့် အထက်ပါ လူ သုံးမျိုးကတော့ ဝေးဝေးနေရင် အကောင်းဆုံးပါပဲ

တချို့သော မကောင်းမှုတွေက အလွယ်တကူ ကူးစက်တတ်တာ သဘာဝမဟုတ်လား။

( ဤစာအား စာရေးသူမှ တစ်ယောက်သော သူအား ၁၁:၃၅ ကားဖြင့် ခရီးသွားပါမည်ဟု အတန်တန်သတိပေးရင်းမှ တစ်ယောက်သောသူမှ ၁၂:၀၀ ရောက်ရှိလာခြင်းမှ idea ရ၍ ရေးသားခြင်း ဖြစ်၏)

24/06/2025
20/06/2025

Go where you feel the most alive.😉

Address

No. 44, Princes Road
Middlesbrough
TS14BB

Telephone

+447774416936

Website

Alerts

Be the first to know and let us send you an email when Ei Hlaing Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ei Hlaing Htwe:

Share