Myat’s Little Corner

Myat’s Little Corner Welcome to Myat’s Little Corner

My daily life & travel diaries 🐶🛫🏘️

26/08/2026

ဒီနေ့တော့ ကယ်လိုရီ နည်းတဲ့ Cup Cake လေး လုပ်စားဖြစ်တယ် ❤️‍🩹

23/08/2026

ကြက်ဥ ထမင်းကြော် ပူပူလေး ရမယ်ဗျို့

စိတ်ဆိုးတဲ့အချိန်ဆို  အမေဖြစ်သူကို အာ့လိုအကြည့်နဲ့  ကြည့်သေးတာတော်🥹ခုတော့ Vd call နဲ့ပဲ  ကြည့်နေရတယ်😓လွမ်းလိုက်တာ  မီးပေ...
08/08/2026

စိတ်ဆိုးတဲ့အချိန်ဆို အမေဖြစ်သူကို
အာ့လိုအကြည့်နဲ့ ကြည့်သေးတာတော်🥹
ခုတော့ Vd call နဲ့ပဲ ကြည့်နေရတယ်😓
လွမ်းလိုက်တာ မီးပေါက်စလေးရာယ်

Mango Salad ဆိုလို့ ထိုင်းစတိုင် စပ်စပ်နဲ့ ထိမိဂွိမလားဆိုပီးမှာလိုက်တာ ရောက်လာတော့မှ Healthy ဖြစ်စေတဲ့ တကယ့် Salad ကြီး ...
01/08/2026

Mango Salad ဆိုလို့
ထိုင်းစတိုင် စပ်စပ်နဲ့ ထိမိဂွိမလားဆိုပီးမှာလိုက်တာ
ရောက်လာတော့မှ Healthy ဖြစ်စေတဲ့ တကယ့် Salad ကြီး ဖြစ်နေတယ်ရှင်🤣

Edinburgh သွားရင်း beach mood on ချင်တဲ့သူများသွားသင့်တဲ့ Portobello Beach 🌊🏖️Edinburgh မြို့ရဲ့ အဆောက်အဦးတွေနဲ့လမ်းမကြီ...
31/07/2026

Edinburgh သွားရင်း beach mood on
ချင်တဲ့သူများသွားသင့်တဲ့ Portobello Beach 🌊🏖️

Edinburgh မြို့ရဲ့ အဆောက်အဦးတွေနဲ့
လမ်းမကြီးရဲ့ အလှအပ အငွေ့အသက်တွေကို
ခံစားပြီးတဲ့အခါ စိတ်အပန်းဖြေဖို့
ပင်လယ်လေ ရှူရှိုက်ချင်ရင်တော့
Portobello Beach ကို ညွှန်းပေးချင်ပါတယ်ရှင်။

ကမ်းခြေတစ်လျှောက် သဲဖြူဖြူလေးတွေကြား
လိူင်းသံနားထောင်ရင်း ပင်လယ်အလှကို
ငေးကြည့်လို့ ရသလို ကော်ဖီဆိုင်လေးတွေရှိတာမို့ပင်လယ်ကြည့်ရင်း ကော်ဖီပူပူလေး သောက်လို့ရပါတယ်။ Fish and Chips နဲ့ Ice cream ဆိုင်လေးတွေလည်း အများကြီးရှိပါတယ်။

Edinburgh မြို့ထဲ Princes Street ကနေ
Bus စီးရင် ၂၅ မိနစ် ဝန်းကျင်ဆိုကမ်းခြေရောက်ပီမို့ သွားရတာလဲ အဆင်ပြေပါတယ်ရှင့်

Edinburgh ရောက်ဖြစ်ရင် ရှေးဟောင်းအဆောက်အဦးတွေအပြင် ဒီလို လှပတဲ့ ကမ်းခြေလေးဘက်ကိုလည်း အလည်အပတ်အဖြစ် သွားရောက်ဖို့ မမေ့နဲ့နော်

ကိုယ့်လိုပဲ ဘိုစာ မကြိုက်တဲ့ သူတွေအတွက် Edinburgh ရောက်တဲ့အခါ ဒီဆိုင် ၂ ဆိုင်ကို လုံးဝ မလွတ်တမ်း သွားကြည့်ဖို့ ညွှန်းပေး...
30/07/2026

ကိုယ့်လိုပဲ ဘိုစာ မကြိုက်တဲ့ သူတွေအတွက် Edinburgh ရောက်တဲ့အခါ ဒီဆိုင် ၂ ဆိုင်ကို လုံးဝ မလွတ်တမ်း သွားကြည့်ဖို့ ညွှန်းပေးချင်ပါတယ်ရှင်

1. YangGuoFu Malatang

ကိုယ်ကြိုက်တဲ့ အသား၊ ငါး၊အသားလုံး၊ မှို၊ အသီးအရွက်နဲ့ ခေါက်ဆွဲတွေကို စိတ်ကြိုက် ဇလုံကြီးထဲ ကောက်ထည့်ပြီး မာလာစွပ်ပြုတ် အဆိမ့်/အစပ် သောက်မလား၊ တုံယမ်းအရသာသောက်မလား၊မာလာရှမ်း​ကော လိုစားမလား စိတ်ကြိုက် ရွေးချယ်လို့ရတဲ့ တရုတ် မာလာတန်ဆိုင်ပါ

Address : 27 S Clerk St, Newington, Edinburgh EH8 9JD

2. San Chuan - Sichuan Cuisine

စကော့တလန် အေးအေးမှာ စီချွမ် (Sichuan) ဟင်းလျာ ပူပူစပ်စပ်လေးတွေနဲ့ ထမင်းပူပူလေး သွားစားချင်သူတွေအတွက် အထူးညွှန်းချင်တဲ့ ဆိုင်လေးပါ

Must-Try Dishes

Mapo Tofu (မာပိုတိုဖူး)

တို့ဖူး ပျော့ပျော့အိအိလေးကို အသားနုတ်နုတ်စင်းပီး မာလာအဆီအနှစ် ပူပူစပ်စပ်လေးနဲ့ ချက်ထားတာမို့ ထမင်းနဲ့ နယ်စားရင် အရမ်းလိုက်ဖက်ပါတယ်။

Spicy Dry Pot

ပုစွန်၊ ငါးဆုတ်၊အသားလုံး၊ ပန်းဂေါ်ဖီ၊ မှိုနဲ့ အသီးအရွက်မျိုးစုံကို မာလာအမွှေးအကြိုင်တွေနဲ့ အစပ်ကြော်ထားတာမို့ အစပ်ကြိုက်သူတွေအတွက် ကွက်တိပါပဲ။

Address: 26-30 Potterrow, Edinburgh EH8 9BT

Old Town နဲ့လဲ မဝေးတာမို့ လည်ပတ်ရင်း နေ့လည်စာ (သို့မဟုတ်) ညစာ စားဖို့ အရမ်း အဆင်ပြေပါတယ်ရှင့်!

28/07/2026

သဘာဝအလှ ရူ့ခင်းတွေက အမြဲ စိတ်အေးချမ်းစေတယ် 🐥🦆🌳☁️

The Odyssey 🍿🥤🎬
22/07/2026

The Odyssey 🍿🥤🎬

20/07/2026

တောင်ပေါ်တက်ရတာ ပင်ပန်းပေမဲ့ အမောပြေစေခဲ့တဲ့ မြင်ကွင်း

Lost in the beauty of Edinburgh
19/07/2026

Lost in the beauty of Edinburgh

Address

Nottingham

Website

Alerts

Be the first to know and let us send you an email when Myat’s Little Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share