Bagan Gift Shop

Bagan Gift Shop အညာဒေသထွက်ကုန်တွေကို အိမ်အရောက် ပိ?

28/05/2020
27/05/2020
ထန်းသီးနုနုလေးတွေကြိုက်လား😋😋😋
05/05/2020

ထန်းသီးနုနုလေးတွေကြိုက်လား😋😋😋

လှရက်လွန်းတဲ့ မြန်မာပြည် 🇲🇲 ရွှေတိဂုံ၊ ပုဂံ၊ မန္တလေး၊ အင်းလေးအပြင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ အနည်းဆုံး တစ်ခေါက်လောက်ဖြစ...
26/04/2020

လှရက်လွန်းတဲ့ မြန်မာပြည် 🇲🇲

ရွှေတိဂုံ၊ ပုဂံ၊ မန္တလေး၊ အင်းလေးအပြင် မြန်မာလူမျိုး တစ်ယောက်အနေနဲ့ အနည်းဆုံး တစ်ခေါက်လောက်ဖြစ်ဖြစ် သွားရောက်ပြီး ခံစားသင့်တဲ့ မြန်မာပြည်ရဲ့ အလှတရားများ ~~~

My Bucket List destinations in Myanmar

နေရာတွေရဲ့ နံမည်ကို ပုံအောက်မှာ ဖော်ပြပေးထားပါတယ် 😉

crd photos

ခများတို့ပုဂံကြီးကတော့ လှချင်တိုင်းကိုလှနေပီသူ့ကိုပစ်ထားလို့တဲ့ စိတ်ကောက်ပီးလှနေလေရဲ့ 😕ကပ်ကြီးပီးသွားရင် မြန်မြန်လာပီးခေ...
26/04/2020

ခများတို့ပုဂံကြီးကတော့ လှချင်တိုင်းကိုလှနေပီ

သူ့ကိုပစ်ထားလို့တဲ့ စိတ်ကောက်ပီးလှနေလေရဲ့ 😕

ကပ်ကြီးပီးသွားရင် မြန်မြန်လာပီးချော့ကြဦး

အခုတော့အိမ်မာပဲနေပါ ကျတော်ပုံတေနေ့တိုင်းရိုက်ပြပါမယ်

နတ်ပလင်ရွာက ဗူးကင်းဘုရားချစ်ရတဲ့ပုဂံ​မြေကို​ရောက်ပြီဆိုရင် လူသိများပြီးထင်ရှားတဲ့နေရာ​တွေထက် ​လူသိနည်းသေးတဲ့နေရာ​​တွေဆီ ...
24/04/2020

နတ်ပလင်ရွာက ဗူးကင်းဘုရား

ချစ်ရတဲ့ပုဂံ​မြေကို​ရောက်ပြီဆိုရင် လူသိများပြီးထင်ရှားတဲ့နေရာ​တွေထက် ​လူသိနည်းသေးတဲ့နေရာ​​တွေဆီ သွားဖို့အမြဲအားခဲ​လေ့ရှိပါတယ်။ ဒါ​ကြောင့်မို့
အရင်နှစ်မိုးတွင်းတုန်းက ​ရောက်ဖြစ်ခဲ့တဲ့ ဗူးကင်းဘုရားအ​ကြောင်း​ကို မျှ​ဝေပေးလိုက်ပါတယ်။
ရောက်ဖြစ်ခဲ့ပုံက​တော့ ​သဲပြင်​တောရွာက ရုပ်စုံ​​ကျောင်းနဲ့ ​ရွှေနတ်​တောင်​စေတီဆီသွား​ရောက်ရင်း လမ်းမှာ ဘုရားဖူးခွင့် ကြုံကြိုက်ခဲ့တာပါ။

ဘုရားတည်​နေရာက ​ညောင်ဦးမြို့နယ် နတ်ပလင်​ကျေးရွာမှာတည်ရှိတာမို့ ​ညောင်ဦးက​နေသွားမယ်ဆိုရင် ​ညောင်ဦး-​ကျောက်ပန်း​တောင်းလမ်းအတိုင်း အရင်သွားရပါမယ်။ "ပိုင်ထန်း​တော"တို့အ​ကျော်နား​ရောက်ရင်​တော့ လမ်းညာဘက်ခြမ်းမှာ နတ်ပလင်ရွာသို့၊ သဲပြင်​တောရွာသို့ စတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေ ​တွေ့ပါလိမ့်မယ်။ ညွှန်ထားတဲ့ရွာလမ်းအတိုင်း ဝင်လာလိုက်ရင် နတ်ပလင်ရွာကိုအရင်ဆုံး​ရောက်ပါတယ်။ ဘုရားက​တော့ ရွာရဲ့ အ​နောက်​တောင်ဘက်နားမှာရှိတာမို့ အရမ်းကြီးရှာ​နေစရာမလိုပါဘူး။ ကျွန်​တော်တို့ရွာကို​ရောက်တဲ့ရက်က ဘုရားပွဲ​တော်ရက်နဲ့တိုး​နေတာမို့ ရွာမှာ​ တော်​တော်​လေးစည်ကား​နေပါတယ်။

ဘုရားရဲ့ဘွဲ့​တော်အပြည့်အစုံကို​တော့ ဗူးကင်းဘုရားအပြင် ဗူးကင်းမြတ်စွာဘုရားလို့လည်း ​ခေါ်ဆိုကြပါ​သေးတယ်။ ​ဘုရားဂေါပကရဲ့ ​ပြောပြချက်အရ ​စေတီ​တော်ကြီးကို ပျူ​စောထီးကတည်ထားခဲ့တာလို့သိရပါတယ်။ ပုဂံမှာရှိတဲ့ ဗူးဘုရား​စေတီနဲ့လည်း သမိုင်းဆက်စပ်လို့နေပါတယ်။ ပါးစပ်ရာဇဝင်​တွေမှာ​တော့ ပျူ​စောထီးဟာ ငှက်ကြီး၊ ကျားကြီး၊ ရှူးပျံကြီး၊ ဝက်ကြီးတို့ရန်ကို နိမ်နှင်း​အောင်မြင်ခဲ့ပါတယ်။ ထပ်မံပြီး လူ​တွေနေထိုင်ရာအိမ်နဲ့စိုက်ခင်း​တွေကို ဒုက္ခ​ပေး​ဖျတ်စီးနေတဲ့ ဗူးပင်ကြီးရန်ကိုလည်း​ အောင်မြင်ခဲ့ပါ​သေးတယ်။

ဗူးပင်ကြီးဟာ ယခုဗူးဘုရား​စေတီတည်ရှိခဲ့ရာ​နေရာမှာ​ပေါက်​ရောက်ပြီး ကြီးမားသန်စွမ်းကာ တန့်ကြည့်​တောင်ဘက်နဲ့ နတ်ပလင်ရွာဘက်တို့ဆီ ညတွင်းချင်း အကင်း​တွေကူးပြီး ဗူးသီးသီးခဲ့ပါတယ်။ ဒီသတင်းကို ပျူ​စောထီးကြားသိတဲ့အခါ ဗူးသီးသီး​ရာ​ နေရာ​​တွေဖြစ်တဲ့ တန့်ကြည်​တောင်ဘက်နဲ့ နတ်ပလင်ရွာတို့မှာ စေတီတစ်ဆူဆီ တည်ထားခဲ့ပါတယ်။ ဗူးပင်ကြီးကို သုတ်သင်ရှင်းလင်းခဲ့ရာ​နေရာမှာ​တော့ ယ​နေ့ကျွန်​တော်တို့ အမြဲဖူး​​မြော်နေကျဖြစ်တဲ့ ဗူးဘုရား​စေတီကို တည်ထားခဲ့တာလို့သိရပါတယ်။

နတ်ပလင်​ကျေးရွာမှာတည်ထားခဲ့တဲ့ မူလ​စေတီက​တော့ ​လေပြင်းတိုက်ခတ်လို့ ပြိုကျပျက်စီးခဲ့ပါပြီ။ ယခုစေတီ​ကတော့ ​​မူလ​နေရာမှာ အသစ်ပြန်လည်တည်ဆောက်ထားတာလို့သိရပါတယ်။ ​စေတီ​ပုံသဏ္ဍာန်က ​မုခ်တံကဲပါတဲ့ ပုံစံမျိုးဖြစ်ပြီး ​အတွင်းဘက်​မှာတော့ ဗုဒ္ဓရုပ်ပွား​တော်​အချို့ကို ဖူး​မြော်ကြည်ညိုနိုင်ပါတယ်။ ​ဗူးကင်း​ဘုရားရဲ့ ဘုရားပွဲ​တော်ကို​တော့ နှစ်စဉ်နှစ်တိုင်း​ တော်သလင်းလမှာ ကျင်းပ​လေ့ရှိတယ်လို့သိရပါတယ်။ ထူးခြားမှုအ​နေနဲ့ ဗူးကင်းဘုရားအနီးနားမှာလည်း ဆင်​ခြောက်​ကောင် လာ​​ရောက်ဝပ်သွားခဲ့တဲ့​ ဗူးကင်းတောင် ရှိပါ​သေးတယ်။ တောင်​ပေါ်မှာ​တော့ ဝပ်​တော်ငြိမ်း​စေတီတည်ရှိတာမို့ အချိန်ရတဲ့သူ​တွေအ​နေနဲ့ သွား​ရောက်ဖူး​​မြော်နိုင်ပါတယ်။ ပုဂံ​ရောက်လို့ အခါအခွင့်ကြုံကြိုက်တဲ့အခါ ​ညောင်ဦး နတ်ပလင်​ကျေးရွာက ဗူးကင်းဘုရားဆီ သွား​ရောက်ဖူး​​မြော်ပါဦးလို့ သတင်း​ပေးလိုက်ပါရ​စေ​။
ခရီးလမ်း​ကြောင်းသင့်တဲ့ သဲပြင်​တောရွာက ရုပ်စုံ​ကျောင်းနဲ့ ​ရွှေနတ်​တောင်​စေတီအ​ကြောင်းဖတ်ချင်ရင်တော့ ​အောက်ကလင့်ထဲမှာ ဝင်ဖတ်နိုင်ပါတယ်။
https://m.facebook.com/story.php?story_fbid=924226484604878&id=420261495001382

ချစ်ရတဲ့ကမ္ဘာသူကမ္ဘာသား​တွေအားလုံး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး ကပ်​ရောဂါဆိုးကြီးက​နေ ​အောင်မြင်စွာ
ကျော်ဖြတ်လွန်​မြောက်နိုင်ကြပါ​စေ 🙏🙏🙏
လွတ်လပ်စွာ share နိုင်ပါသည်။




#ပုဂံ
#အညာ

Address

New Bagan
Bagan

Telephone

+959266367090

Website

Alerts

Be the first to know and let us send you an email when Bagan Gift Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bagan Gift Shop:

Share