Taungoo Thar’s Kitchen

Taungoo Thar’s Kitchen Welcome to Taungoo Thar’s Kitchen!

အကြော်က ကိုယ့်မျက်နှာထက် ကြီးနေသောအခါ
20/06/2025

အကြော်က ကိုယ့်မျက်နှာထက် ကြီးနေသောအခါ

17/06/2025
06/06/2025

အကြော်စုံ ပူပူလေး

Kitchen လေးတောင် မှိုတက်နေပြီလားမသိ 🤭🤭
05/06/2025

Kitchen လေးတောင် မှိုတက်နေပြီလားမသိ 🤭🤭

17/11/2024

ဒီကနေကတော့ တောင်ငူဒေသရဲ့ နာမည်ကြီး စားစရာတခု ကို ပြောပြမယ်နော်..
ဒီဟင်းကတော့ မိုးဦးကျ ရာသီ အသီးအရွက်စုံတဲ့ အချိန်မှာ နေရာအတော်များများမှာ ချက်ဖြစ်ကြတယ်။ အထူးသဖြင့် ကောက်စိုက်ချိန်ပေါ့..
မင်မင့်အဒေါ်တွေကတော့ တခါချက်ရင် အိုးကြီးကြီးနဲ့ ချက်ပြီး အရှေ့၇ အိမ် အနောက် ၇ အိမ် ဝေခြမ်းရတာလည်း တောဓလေ့ပေါ့..
မင်မင်ကတော့ ဒီဟင်းချက်ပြီဆို ထမင်းလွတ် စားတာက ဟင်းရည်သောက်ပန်းကန် ၂ လုံးလောက်က အသာလေးပဲ ...😊😊🤤😋😋

မင်မင် အဲ့လောက်ကြိုက်တဲ့ ဟင်းကတော့
ဒေသအခေါ်‌ ကျည်တောက်ထိုး (သို့) ငရုတ်သီးဟင်း လို့ခေါ်တဲ့ အသီးအရွက်အစုံနဲ့ ချဉ်ရည်ဟင်းလေးပါ.. အဆင်းမလှပေမယ် အချင်းကတော့ ပြည့်စုံတယ်ဗျ

စပါးလင်နံ့မွှေးမွှေး ပင်းစိမ်းနံ့ သင်းသင်းနဲ့ ထမင်းမြိန်ဖွယ်ပေါ့ဗျာ ..

ပါဝင်ပစ္စည်းလေးတွေကတော့ အတော် စုံတယ်ဗျ.. ကျတော်ထည့်ဖြစ်လိုက်တာလေးတွေကိုပြောပြပေးမယ်နော်

၁။ ချဉ်ပေါင်ရွက်
၂။ ဖရုံညွန့်/ရွက်+ပွင့်
၃။ ကန်စွန်းရွက်
၄။ မျှစ်ချဉ်/ပြုတ် (အဆင်ပြေရာ)
၅။ ပဲသီး (မင်မင်က ပဲတောင့်ရှည်မရှိလို့ နွေပဲသီး အနည်းငယ်ထည့်ချက်ပါတယ်)
၆။ ခရမ်းကဆော့ (မပါမဖြစ်ပေါ့)
‌ခရမ်းသီးလည်းထည့်ပါတယ် မင်မင်ကတော့ ဝယ်ပြီးသားအသင့်မရှိတာနဲ့ မထည့်လိုက်ပါဘူး
၇။ မုန်လာပင် နုနု လေးတွေ (မပါလည်း ရပါတယ်ဗျ မင်မင်က ရှာလို့ရသမျှ ထည့်တာမို့ ထည့်ချက်ထားတာပါ)
၈။ ကင်းမုံညွန့် ( အရွက်ရှားလို့ထည့်တာ စုံအောင်လို့ပါ၊ မပါမဖြစ်မဟုတ်)
၉။ ငှက်ပျောသီးစိမ်း (ပါရင်တော့ အကောင်ဆုံးပေါ့)
၁၀။ ငရုတ်ရွက်
၁၁။ ငရုတ်သီးစိမ်းတောင့်
၁၂။ ကြက်သားဟင်းရွက်လေးလဲ ထည့်ချက်ဖြစ်လိုက်တယ်
၁၃။ စပါးလင်
ဒီအရွက်အသီးတွေကို ရေစင်အောင်ဆေးပြီး ပြုတ်လိုက်ပါတယ်။ ဘာအရသာမှ မထည့်သေးပါဘူးဗျ။
အရွက်အသီးတွေ နူးပြီဆို ငြုပ်ဆုံလေးနဲ့ ထောင်းလိုက်ပါ။ မင်မင်ကတော့ မထောင်းတော့ပဲ ကျိတ်စက်လေးနဲ့ ကြေရုံလေး ချေလိုက်ပါတယ်... မင်မင့်အကြိုက်ကတော့ ထောင်းလိုက်တာက ဟင်းရည်ကို ပိုပြစ်စေပါတယ်ဗျ။

ပြီးရင် အိုးထဲ ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပြီးတော့ ဟင်းရည်ဆူတော့မှ ရေကြိုငါးပိစိမ်းလေးကို ပန်ကန်လေးထဲ ထည့်ပြီး ဟင်ရည်လေးနဲ့ ပေါက်ပေါက်ပြီး အရိုးစစ်ပြီးထည့်ပါ။ မင်မင်ကတော့ ကြိုပြီးသား ငါးပိရည်လေးကို ပဲသုံးလိုက်ပါတယ် (စားဖို့ဖျော်ထားတာ မဟုတ်ဘဲ အလွတ်ကြိုထားတာလေးပါ)။ပြီးတော့ အချိုအရသာလေးကတော့ ကြိုက်နှစ်သက်ရာ အချိုမှုန့် /ကြက်သားမှုန့် ကြိုက်နှစ်သက်ရာ အရသာ ပြည့်အောင်ထည့်ပြီးတော့ တည်ထားလိုက်ပါ။ ဟင်းရည်ကလည်းကျပြီး အရသာ ကြိုက်ပြီ ဆိုရင်တော့
နောက်ဆုံးပါဝင်ပစ္စည်းဖြစ်တဲ့
၁၄။ ပင်စိမ်းရွက်လေး အုပ်ပြီး စားဖို့အသင့်ဖြစ်ပါပြီဗျ..

တွဲဖက်စားဖို့ကတော့ ရေကြိုငါးပိကိုစင်းပြီး ငါးလေးရယ် နနွင်းရွက်လေးနဲ့ ထုပ်ပြီး မီးကင်ထားတဲ့ ငါးပိလေးကို စပါးလင်ရိုး ပါးပါးလှီးပြီး ကြက်သွန်ဖြူ ငရာတ်သီးစိမ်းတို့နဲ့ ထောင်းထားတာလေးက မိုက်တာပေါ့..
မင်မင်ကတော့ ပုစွန်ငါးပိလေးကိုပဲကင်ပြီး စပါးလင်လေးနဲ့ ထောင်းထားပါတယ်ဗျ ..
စကားချပ်..
နနွင်းရွက် နုနု အလိပ်လေးတွေကို ပါးပါးလှီးပြီး အရွက်တွေပြုတ်ကတည်းက ထည့်ပြုတ်ရင်လည်း ရပါတယ်ဗျ မွှေးမွှေးလေးပေါ့..

ကဲ အရသာရှိပြီး မွှေးပျံကြိုင်သင်းတဲ့ တောဟင်းတခွက်ကို ရပါပြီဗျ..

13/11/2024

ယနေ့မီနူး..

မုန်လာပင်ပေါက်လေးတွေ ရလာတာနဲ့ စိတ်ကူးလေးက မကျည်းသီးစိမ်းလေးနဲ့ ငါးလေးကို အုပ်ချက်စားမယ်ပေါ့..
မကျည်းသီးက မရသေးဘူး..

ရေခဲသေတ္တာထဲ ရှိတဲ့ ငါးခူကိုထုတ် ရေ‌ခဲဖျော်၊ ခုတ်ထစ်ပြီး ဆားနနွင်းနယ်ပြီး နှပ် ထားလိုက်တယ် ..
သရက်သီးကင်းကောက်ထားတာလေးရယ် ဂွေးသီးတလုံး ရယ်ကို မကျည်းသီးစိမ်းအစား ထည့်ချက်လိုက်တယ်.. 😁

ပြီးတော့ တွဲဖက်က စဉ်းစားရတော့မယ်..
အမှန်တော့ ကိုယ့်စိတ်ကြိုက် အမယ်က တွဲပြီးသား..😉

ငရုတ်သီးစိမ်းလေးတွေကို ကြက်သွန်ဖြူ သုံးမွှာလောက်ရယ် ဆားလေးရယ် ရောထောင်းလိုက်တယ် ပြီးတော့ ဟင်းအိုးထဲက ငါးတစ်တုံး ယူပြီး အသားလေးတွေ ချွေထည့်ထောင်း..
ပြီးတော့ ဆီစိမ်းလေး နည်းနည်း ဆမ်းလိုက်တော့ မွှေးမွှေးလေးနဲ့ ဆာနေတဲ့ ဗိုက်ကို ပိုဆာစေပြန်ရော.. 🤤
အာ့လိုနဲ့ ထမင်းတအိုးပြောပါလေရောဗျို့..

ချက်စားကြည့်ကြနော့ ..

 #တောင်ငူမုန့်ဟင်းခါး  #အရည်ဖျော်  #အသုပ် တစ်ပွဲစီ ပေးပါဗျို့
24/10/2024

#တောင်ငူမုန့်ဟင်းခါး
#အရည်ဖျော်
#အသုပ်

တစ်ပွဲစီ ပေးပါဗျို့

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
24/10/2024

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

တောင်ငူသား မိတ်ဆက်ပေးမှာကတော့ ပုစွန်ခွက်ကြော်သုပ်လေးပါ...Amazing taste လေးကိုခံစားကြည့်ကြစို့Caption လေးတွေအထိ ဝင်ဖတ်ကြည...
12/10/2024

တောင်ငူသား မိတ်ဆက်ပေးမှာကတော့ ပုစွန်ခွက်ကြော်သုပ်လေးပါ...

Amazing taste လေးကိုခံစားကြည့်ကြစို့
Caption လေးတွေအထိ ဝင်ဖတ်ကြည့်နော် 🤤😁
ကျတော်သုံးတဲ့ အကြော်မှုန့်လေးပါ ထပ်တိုးပေးထားပါကြောင်း 😁😁

26/06/2024

ကိုယ့်အိမ်မှာ ဟင်းကောင်းချက်ရင်..

26/05/2024

ဍရင်ကောက် ခေါ် ကောက်ကောက်ညွန့် လေးတွေ လတ်လတ်ဆတ်ဆတ် ကြော်စားရတာ ချိုနေရော

ရေခြားမြေခြားမှာ စားချင်လာတော့လည်း... တောင်ငူသားရဲ့ တောင်ငူမုန့်ဟင်းခါး .. လိုချင်တာ အဆင်သင့်ရှိနေခြင်းက ကံကောင်းခြင်းပါ...
09/03/2024

ရေခြားမြေခြားမှာ စားချင်လာတော့လည်း...

တောင်ငူသားရဲ့ တောင်ငူမုန့်ဟင်းခါး ..
လိုချင်တာ အဆင်သင့်ရှိနေခြင်းက ကံကောင်းခြင်းပါ 🥰

Address

Taungoo
Bago

Alerts

Be the first to know and let us send you an email when Taungoo Thar’s Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share