Phyu Lay Channel

Phyu Lay Channel Easy and Quick recipes !!!

မိုးအေးအေးနဲ့  …🌧 ကြက်သားကြော်ချက်ဆီပြန်လေးရယ် 🍗 ဂေါ်ရခါးညွန့်ကြော် စိမ့်စိမ့်လေးရယ် 🥬ဂုန်းဆင်းထားတဲ့ ဘာလချောင်ကြော်လေးန...
27/05/2025

မိုးအေးအေးနဲ့ …🌧
ကြက်သားကြော်ချက်ဆီပြန်လေးရယ် 🍗
ဂေါ်ရခါးညွန့်ကြော် စိမ့်စိမ့်လေးရယ် 🥬
ဂုန်းဆင်းထားတဲ့ ဘာလချောင်ကြော်လေးနဲ့ 😬
သရက်သီးမှည့်လေးခွဲပြီး 🥭
ကြက်ခွေးတောက် ပူပူလောလော နဲ့ ရှူးရှူးရှဲရှဲကြိတ် 🍲😋
စားကောင်းချက်ဆိုတာများလေ🥹🤤

ချောင်းဦးစမူစာသုပ် မဟုတ်တဲ့ ချောင်းဦးသူ သုပ်ထားတဲ့ စမူစာသုပ်ပါရှင် 🍽😋
19/05/2025

ချောင်းဦးစမူစာသုပ်
မဟုတ်တဲ့
ချောင်းဦးသူ သုပ်ထားတဲ့ စမူစာသုပ်ပါရှင် 🍽😋

စာဗူ့သီးကြိုက်ကြလား 😋စာဗူ့သီး ဆိုတာ ချင်းရိုးရာအစားအစာပါ ။ဟားခါးစကား ဖြစ်ပြီး  “စာ”ဆိုတာ အသား၊ “ဗူ့သီး” ဆိုတာ ပြောင်းဖူး...
24/02/2025

စာဗူ့သီးကြိုက်ကြလား 😋

စာဗူ့သီး ဆိုတာ ချင်းရိုးရာအစားအစာပါ ။
ဟားခါးစကား ဖြစ်ပြီး “စာ”ဆိုတာ အသား၊ “ဗူ့သီး” ဆိုတာ ပြောင်းဖူးပြုတ်ရည်တဲ့ ။

အာ့မို့ မြန်မာလိုဆို အသားနဲ့ ပြောင်းဖူးပြုတ်ရည်ပေါ့ ။ 😁

ချင်းပြည်မှာ နွားနောက်သားနဲ့ စားကြပေမယ့် ဒီမှာတော့ ဝက်သား၊ အမဲသား ၊ ကြက်သား နဲ့ စားကြတယ် ။ 🍲

စာဗူ့သီး တစ်ပွဲလို့ မှာလိုက်ရင် အခွံချွတ်ထားတဲ့ ပြောင်းဖူးဆန်ကြမ်းကို အမဲအူ ၊ ဝက်အူ နဲ့ ရောပြုတ်ထားတဲ့ ပြုတ်ရည်ပျစ်ပျစ် ပူပူနွေးနွေးလေးလာချပေးမှာ ။
ဒီတိုင်းစားလို့ မရသေးဘူးနော် 😉
ကိုယ်ကြိုက်ရာ အသား၊ ဆား၊ ဟင်းခတ်မှုန့် ၊ သံပုရာသီး ၊ ချင်းငရုပ်သီးထောင်း တွေထည့်ပြီး စားရတာ။
ရှယ်ကောင်း ။🤤

စာဗူ့သီးဆိုင်ရောက်ရင် နောက်ထပ် try ကြည့်သင့်တာတစ်ခုက ဝက်အူသုပ် ၊ အမဲအူသုပ် ။ 🤭

ရန်ကုန်မှာ ပုံမှန်တွေ့နေကျ အမဲအူသုပ် ၊ ဝက်အူသုပ်တွေလို ဂေါ်ဖီတွေ အချဉ်တွေနဲ့ အသုပ်ပုံစံ သုပ်ထားတာမဟုတ်ပဲ ကလီစာပြုတ်တွေကို အဆီအနှစ်လေးတွေ စမ်းထားတာပဲ လာချပေးမှာ ။
အာ့ဒါကိုမှ အချဉ်၊ အငံ၊ အစပ် အရသာ ကိုယ်လိုသလိုထည့်ပြီးသုပ်စားရတာ ။
ဆွေမျိုးမေ့အောင်ကို ရှယ်ကောင်းတော်။ 🥹

ဖြူဖြူဆို ကြိုက်လွန်းလို့ တစ်လ ၁ခါ ၊ ၂ခါတော့ အမြဲစားဖြစ်တယ် 😋

အခုလိုသတိဖော်ပေးလိုက်တော့ တခြားသူတွေလည်း စားချင်သွားလောက်ပြီ 🫢
မစားဖူးသေးတဲ့သူတွေလည်း try ကြည့်နော် (တကယ်ကောင်းလို့) နောက်ကျ မစားရမနေနိုင် ဖြစ်သွားမှာ 🥹🫶

#စာဗူ့သီး
#ဝက်အူသုပ်

ဝက်နံရိုးမျှစ်ချဉ် .. 🍲ခရမ်းသီးဖုတ်သုပ်… 🍆ပဲရေပွကြော် … 🫘စားကြပါဦးရှင် 😋
18/02/2025

ဝက်နံရိုးမျှစ်ချဉ် .. 🍲
ခရမ်းသီးဖုတ်သုပ်… 🍆
ပဲရေပွကြော် … 🫘

စားကြပါဦးရှင် 😋

အညာသူဆိုတော့ သရက်ကင်းလေးတွေမြင်ရင် မနေနိုင်ဘူး … ငံပြာရည်ကျိုနဲ့ တို့စားချင်တာ 🥹ပဲပြုတ်လေးနဲ့ဆို ရှယ်ပဲဆိုပြီီးတော့ ချက်...
17/02/2025

အညာသူဆိုတော့ သရက်ကင်းလေးတွေမြင်ရင် မနေနိုင်ဘူး … ငံပြာရည်ကျိုနဲ့ တို့စားချင်တာ 🥹
ပဲပြုတ်လေးနဲ့ဆို ရှယ်ပဲဆိုပြီီးတော့ ချက်ချလိုက်တဲ့
ဒီည ဟင်းစပ်လေးကတော့ ….. 😋👇🏻

ငံပြာရည်ကျို + သရက်ကင်း အတို့
ပဲပြုတ်
ကျောက်ဖရုံ ကြက်ရိုးဟင်းချို
ဝက်သားလုံးကြော် …. ပါတဲ့ရှင် 🤤

တစ်ပုံချင်းစီအောက်မှာ ချက်နည်းလေးတွေ ရေးပေးထားတယ်နော် 😘😘

အိပ်ကြပြီလားဗျိုး 📢🫢
26/01/2025

အိပ်ကြပြီလားဗျိုး 📢🫢

ဝက်သား သရက်သီးခြောက် အညာချက် 🍲နဲ့ ဟင်းနုနွယ်ရွက်ကြော်လေး 🥗စားကြပါဦးရှင် 😍😍(နောက်လလောက်ကျရင် ဟင်းချက်နည်းလေးတွေ တင်ပေးပါမ...
26/01/2025

ဝက်သား သရက်သီးခြောက် အညာချက် 🍲
နဲ့
ဟင်းနုနွယ်ရွက်ကြော်လေး 🥗

စားကြပါဦးရှင် 😍😍

(နောက်လလောက်ကျရင် ဟင်းချက်နည်းလေးတွေ တင်ပေးပါမယ်နော် ✌🏻🫢)

“ဆောင်းတွင်းဆို မုန်ညှင်းပေါင်းလေး စားလိုက်ရမှ” ဆိုတဲ့သူလေးတွေရှိလား ✌🏻🫢ဒီည မီနူးလေးကတော့ မုန်ညှင်းပေါင်း ပူပူလေးရယ် …🥬ဆ...
22/01/2025

“ဆောင်းတွင်းဆို မုန်ညှင်းပေါင်းလေး စားလိုက်ရမှ”
ဆိုတဲ့သူလေးတွေရှိလား ✌🏻🫢

ဒီည မီနူးလေးကတော့
မုန်ညှင်းပေါင်း ပူပူလေးရယ် …🥬
ဆိတ်သားနှပ် အိအိလေးရယ် …. 🍲
ပဲပင်ပေါက်ပဲပြားကြော်လေးရယ် …. 🥗
ဖြစ်ပါတယ် ။

Let’s eat 🍽😋

Address

Hlaing Township

Telephone

+959428957408

Website

Alerts

Be the first to know and let us send you an email when Phyu Lay Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phyu Lay Channel:

Share