Clinic K Pharmacy Mohnyin

Clinic K Pharmacy Mohnyin ချစ်ခြင်းမေတ္တာရောင်ပြန်လာ တန်ပြန်သက်ရောက်မည်

Clinic K Pharmacy Mohnyin မှ ကြိုဆိုပါ၏။ရရှိနိုင်သော ကာကွယ်ဆေး/ကာကွယ်ဆေးထိုးခြင်းများမှာ....၁)ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေ...
26/04/2026

Clinic K Pharmacy Mohnyin မှ ကြိုဆိုပါ၏။
ရရှိနိုင်သော ကာကွယ်ဆေး/ကာကွယ်ဆေးထိုးခြင်းများမှာ....
၁)ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး (Influvac tetra MM Register)
၂)သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေး (Qdenga)
၃)မေးခိုင်ရောဂါ ကာကွယ်ဆေး
၄)ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး (Indirab MM register)
၅) B အသည်းရောင်အသားဝါရောဂါ ကာကွယ်ဆေး (Bevac လူကြီး/ကလေး)
၆)B immunoglobulin
၇)သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (Gadasil)
၈)ကိုယ်ဝန်သားဆက်တားဆေး(Depo)

ကိုယ်တိုင်လာရောက်၍ဖြစ်စေ ၊ Chat bx မှ ဖြစ်စေ ၊ comment မှဖြစ်စေ သိလိုသည်များလည်း မေးမြန်းနိုင်ပါတယ်ရှင့်
ကာကွယ်ဆေးထိုးဖို့လိုပီဆိုရင် Clinic K ကို သတိရပေးပါနော်ရှင့်.....😍
ဝယ်ယူအားပေးမှုတစ်ခုစီတိုင်းအတွက်
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်🥰

ဤနှစ်သစ်မှစ ကျန်းမာချမ်းသာဘေးဘယာဝေးကွာရွှင်လန်းကြပါစေကြောင်းရှင်
13/04/2026

ဤနှစ်သစ်မှစ ကျန်းမာချမ်းသာဘေးဘယာဝေးကွာရွှင်လန်းကြပါစေကြောင်းရှင်

ကလေးတစ်ယောက် ကျန်းမာသန်စွမ်းဖို့ဆိုတာ အာဟာရပြည့်ဝနေဖို့က အဓိကပါပဲ။ ​အဲဒီထဲမှာမှ Lysine (လိုင်စင်း) ဆိုတာ ကလေးတို့ခန္ဓာကိ...
26/03/2026

ကလေးတစ်ယောက် ကျန်းမာသန်စွမ်းဖို့ဆိုတာ အာဟာရပြည့်ဝနေဖို့က အဓိကပါပဲ။

အဲဒီထဲမှာမှ Lysine (လိုင်စင်း) ဆိုတာ ကလေးတို့ခန္ဓာကိုယ်က အလိုအလျောက် မထုတ်လုပ်နိုင်ဘဲ အစားအစာနဲ့ ဖြည့်စွက်စာကနေပဲ ရရှိနိုင်တဲ့ "မရှိမဖြစ်" အမိုင်နိုအက်စစ်တစ်မျိုးပါ။

Lysine က သားသားမီးမီးတို့အတွက် ဘယ်လိုအကျိုးပြုသလဲဆိုရင် -

အစားစားချင်စိတ်ကို မြှင့်တင်ပေးခြင်း - အစာခြေစနစ်ကို ကောင်းမွန်စေလို့ အစားကျွေးရခက်တဲ့ ကလေးလေးတွေ အစားပိုစားလာအောင် ကူညီပေးပါတယ်။

အရပ်ရှည်ထွားပြီး အရိုးအဆစ်သန်မာခြင်း - ခန္ဓာကိုယ်က ကယ်လ်စီယမ်စုပ်ယူမှုကို အားကောင်းစေလို့ အရိုးနဲ့ သွားတွေကို ကြံ့ခိုင်သန်မာစေပါတယ်။

ဒါ့ကြောင့် သားသားမီးမီးတို့အတွက် လိုအပ်တဲ့ Lysine ဓာတ်ကို ပြည့်ပြည့်ဝဝရရှိဖို့ Champs Lysine လေးကို အခုဘဲ လာဝယ်လိုက်တော့နော်.....

𝐏𝐞𝐝𝐢𝐭𝐫𝐚𝐥 𝐋𝐨𝐰 𝐎𝐬𝐦𝐨𝐥𝐚𝐫𝐢𝐭𝐲 ဓာတ်ဆားကို 𝐖𝐇𝐎 က 𝐍𝐞𝐰 𝐅𝐨𝐫𝐦𝐮𝐥𝐚 (ဖော်မြူလာအသစ်) အချိုးအစားတိုင်း ဖော်စပ်ထုတ်လုပ်ထားပြီး အချိုနှင့်အ...
26/03/2026

𝐏𝐞𝐝𝐢𝐭𝐫𝐚𝐥 𝐋𝐨𝐰 𝐎𝐬𝐦𝐨𝐥𝐚𝐫𝐢𝐭𝐲 ဓာတ်ဆားကို 𝐖𝐇𝐎 က 𝐍𝐞𝐰 𝐅𝐨𝐫𝐦𝐮𝐥𝐚 (ဖော်မြူလာအသစ်) အချိုးအစားတိုင်း ဖော်စပ်ထုတ်လုပ်ထားပြီး အချိုနှင့်အငန်လျှော့ထားတဲ့အတွက်
❗️ သွေးတိုး၊ ဆီးချိုရှိသော လူကြီးသူမများ နှင့်
❗️ ဝမ်းပျက်ဝမ်းလျှောခြင်း ကြောင့် ဆုံးရှုံးသွားသော ရေနှင့်ဓာတ်ဆားများ ၊
❗️ ကလေးများတွင်လဲ သွေးလွန်တုတ်ကွေးဖြစ်ခြင်းကြောင့် ဆုံးရှုံးသွားသောရေနှင့်ဆားပြန်လည်ဖြည့်ရာတွင် အဓိက သုံးရန် ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

𝐏𝐞𝐝𝐢𝐭𝐫𝐚𝐥 𝐋𝐨𝐰 ဓာတ်ဆားကိုသောက်တဲ့အခါ ဝမ်းသွားနှုန်းကို ၂၀ %၊အန်နှုန်း ကို ၃၀ %၊ အကြောဆေးရည်သွင်းရမည့်နှုန်းကို ၃၃%ထိ လျော့နည်းစေတာကြောင့် ဆေးရုံတက်ကုသရခြင်းနဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲရောဂါတွေကိုပါ လျော့ကျစေပါတယ်။
လိမ္မော် အရသာနဲ့ ထုတ်လုပ်ထားတဲ့အတွက်ကြောင့် သောက်ရတာလည်းအဆင်ပြေစေပါတယ်ရှင့်
မှာယူလိုပါက comment ဖြစ်စေ cb ဖြစ်စေ စာချန်ထားခဲ့ပါရှင့်
#ပက်ဒီထရယ်

ကလေး နှင့် သွေးလွန်တုပ်ကွေးကာကွယ်ဆေး••••••••••••••••••••••••••••••သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကိုက်ခံရခြင်းကနေတဆင့်ကူးစက...
18/03/2026

ကလေး နှင့် သွေးလွန်တုပ်ကွေးကာကွယ်ဆေး
••••••••••••••••••••••••••••••
သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကိုက်ခံရခြင်းကနေတဆင့်ကူးစက်တဲ့ ရောဂါဖြစ်ပြီး ဖြစ်ပြီဆိုရင် ပြင်းထန်မှုအပေါ်မူတည်ပြီး အသက်အန္တရာယ်ကိုပါခြိမ်းခြောက်နိုင်လို့ မိဘတိုင်းကြောက်ကြတာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးမဖြစ်အောင် အဓိက ကာကွယ်တဲ့နည်းလမ်းကတော့ ခြင်ကိုက်မခံရအောင်ကာကွယ်ခြင်းဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးကာကွယ်ဆေးရော ရှိသလား??????
သွေးလွန်တုပ်ကွေးဆိုတာက တခါဖြစ်ထားပြီးရင် နောက်တခါထပ်မဖြစ်ဘူးလို့ပြောလို့မရတဲ့ရောဂါပါ။
အခုနှစ်တွေမှာ မိဘတွေကြားဖူးပြီး ထိုးလာကြတဲ့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးကတော့ Qdenga ဖြစ်ပါတယ်။ Takeda ဆိုတဲ့ ကုမ္ပဏီကထုတ်လုပ်ပါတယ်။
Qdenga ဘယ်လိုထိုးရမလဲဆိုရင်တော့
အသက်၄နှစ်အထက် > 0.5mL dose ကို ပထမအကြိမ်
နောက်ထပ်၃လအကြာ 0.5mL dose ဒုတိယအကြိမ် အရေပြားအောက်ထိုးနှံရပါတယ်။ (0-3month) schedule နဲ့ဖြစ်ပါတယ်။
Booster Dose ထပ်မံထိုးနှံဖို့လိုမလားဆိုတာတော့ အခုထိအဖြေထပ်မထွက်သေးပါဘူး။ ဒါကြောင့် လက်ရှိအချိန်အထိတော့ နှစ်ကြိမ်နဲ့လုံလောက်ပြီလို့ဆိုနိုင်ပါတယ်။
ဆေးနှစ်ကြိမ်ထိုးပြီးရင် ကာကွယ်မှုဘယ်လောက်ပေးနိုင်မလဲ?????
တွေ့ရှိချက်များအရ ဆေးနှစ်ကြိမ်ထိုးပြီးရင် သွေးလွန်တုပ်ကွေးမဖြစ်အောင် 80% ခန့်ကာကွယ်ပေးပြီး ဖြစ်ခဲ့ရင်တောင်ဆေးရုံတက်ရနှုန်းကိုတော့ 90%ခန့်ကာကွယ်ပေးနိုင်ပါတယ်။ ဆေးထိုးပြီး နောက်ထပ် ၄နှစ်ခွဲကာလအထိပါ။
သွေးလွန်တုပ်ကွေးကာကွယ်ဆေး လူတိုင်းထိုးနှံလို့ရလား?????
◾ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်
◾ကိုယ်ခံအားစနစ်ကျဆင်းနေသူ
◾Chemotherapy ယူနေရသူ
◾ဆေးမှာပါဝင်ပစ္စည်းနဲ့ဓာတ်မတည့်သူများ ထိုးနှံလို့မသင့်ပါဘူး။

သွေးလွန်တုပ်ကွေးတစ်ခါဖြစ်ဖူးရင်ရော Qdenga ထိုးလို့ရလား??????
သွေးလွန်တုပ်ကွေးက ဒုတိယတစ်ကြိမ်ဖြစ်ခဲ့ရင် ပိုပြင်းထန်တတ်ပါတယ်။ ဒါကြောင့်ထိုးနှံသင့်ပါတယ်။ သို့သော် နေပြန်ကောင်းပြီး ၆လနောက်ပိုင်းမှ ထိုးနှံသင့်ပါတယ်။
ကာကွယ် ဆေးဈေးနှုန်းဘယ်လောက်ရှိသလဲ?????
နှစ်ကြိမ်စာကို ၇-၈သိန်းထိရှိနိုင်ပါတယ်။ (ဈေးနှုန်းကတော့ ခန့်မှန်းရေးပေးထားတာဖြစ်ပါတယ်။)
အဆုံးသတ်ရေးချင်တာကတော့ သွေးလွန်တုပ်ကွေးဆိုတာ ကာကွယ်ဆေးထိုးလိုက်ရုံနဲ့ ၁၀၀% ကာကွယ်တာမဟုတ်တဲ့အတွက် ဆေးမထိုးဖြစ်လည်း စိတ်ပင်ပန်းမခံပါနဲ့။ ကလေးကို ခြင်ကိုက်မခံရအောင်ဂရုစိုက်ဖို့၊ ပတ်ဝန်းကျင်မှာ ခြင်ပေါက်မဖွားအောင် ဂရုစိုက်ဖို့က ပိုအရေးကြီးကြောင်း ထပ်ဆောင်းပြောချင်ပါတယ်ရှင်။
Crd
#သွေးလွန်တုပ်ကွေးကာကွယ်ဆေး

ဘာကြောင့် တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ် ထိုးဖို့လိုအပ်သလဲ?လူအတော်များများက ရာသီတုပ်ကွေး ဆိုတာအထူးအဆန်းမဟုတ်၊ နှစ်စဉ် ရာသီ...
16/03/2026

ဘာကြောင့် တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ် ထိုးဖို့လိုအပ်သလဲ?

လူအတော်များများက ရာသီတုပ်ကွေး ဆိုတာအထူးအဆန်းမဟုတ်၊ နှစ်စဉ် ရာသီ အပြောင်းအလဲဆိုရင်ဖြစ်နေကြ၊ ဆေးသောက်ရင်သက်သာသွားတာပဲ၊ ကာကွယ်ဆေးတွေ ထိုးဖို့မလိုပါဘူး ဆိုပြီး သဘောထားတတ်ကြတယ်။

ဟုတ်ပါတယ်။

ရာသီတုပ်ကွေး (Seasonal Influenza) ဆိုတာ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတစ်ခုဖြစ်ပြီး တုပ်ကွေးဗိုင်းရပ်စ် (Influenza Virus) ကြောင့်ဖြစ်တာပါ။

အသက်အရွယ်မရွေး၊ ရာသီမရွေးဖြစ်နိုင်ပေမယ့် မိုးရာသီမှာ အဖြစ်များပါတယ်။

**ရာသီတုပ်ကွေးဟာ နှစ်စဉ် ဖြစ်နေကြမို့ ကာကွယ်ဆေးထိုးမယ်ဆိုရင်လည်း တစ်နှစ်တစ်ခါ ထိုးရပါတယ်။**

တုပ်ကွေးဖြစ်ရင် တကိုယ်လုံး အရမ်းညောင်းကိုက်ပါတယ်။ တချို့ခေါင်းကိုက်တာ အတော်ခံရပါတယ်။ ချောင်းဆိုးတာ တခါတလေ ညဘက် ကောင်းကောင်းအိပ်လို့မရအောင် ထိဆိုးတတ်ပါတယ်။ လည်ချောင်းနာလို့ အစာမျိုရခက်တာ၊ နှာရည်ကျတာ၊ ညဘက်နှာခေါင်းပိတ်လို့ အသက်ရှူရခက်တာတွေအပြင် လူကနှုံးချိပြီး မလှုပ်ချင်မရှားချင် ကွေးနေရတဲ့ အထိ တုပ်ကွေးကဒုက္ခပေးပါတယ်။ ကလေးတွေမှာဆို အန်တာ၊ ဝမ်းပျက်ဝမ်းလျောဖြစ်တာ စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

ကိုယ်ခံအားကောင်းသူ တွေက ရက်တိုတိုနဲ့ သက်သာသွားနိုင်ပေမယ့် တချို့တွေ ၂ပတ်လောက်ခံရတာရှိပါတယ်။

အခန့်မသင့်ရင် အဆုတ်ရောင်နမိုးနီးယားဖြစ်သွားတဲ့အထိ ဆိုးရွားတတ်ပါတယ်။

‼️တကယ်လို့ သင်ဟာ နှစ်စဉ်နှစ်တိုင်း ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားခဲ့မယ်ဆိုရင် ဒီပြသနာတွေကိုရှောင်ရှားနိုင်ပါတယ်။‼️

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားပြီးရင် တုပ်ကွေး မဖြစ်တော့ဘူးလားလို့ မေးစရာရှိပါလိမ့်မယ်။

ကာကွယ်ဆေးထိုးထားပေမယ့်လည်း တုပ်ကွေးဖြစ်နိုင်ပါသေးတယ်။

ရာသီတုပ်ကွေးဖြစ်စေတဲ့ (Influenza Virus) ဗိုင်းရပ်စ် မျိုးကွဲများစွာရှိပါတယ်။ တုပ်ကွေး ကာကွယ်ဆေးတွေဟာ အဖြစ်များပြီး ရောဂါဆိုးရွားစေတဲ့ တုပ်ကွေးဗိုင်းရပ်စ် မျိုးကွဲ ၄ မျိုးကို ကာကွယ်ဖို့ ထုတ်လုပ်ထားတာပါ။ ဒါကြောင့် အခြားမပြင်းထန်တဲ့ တုပ်ကွေးဗိုင်းရပ်စ် မျိုးကွဲတွေကို မကာကွယ်နိုင်ပါဘူး။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေး ထိုးထားပြီးရင်လဲ အခြားမပြင်းထန်တဲ့ တုပ်ကွေးဗိုင်းရပ်စ် မျိုးကွဲတွေကြောင့် တုပ်ကွေး ဖြစ်နိုင်ပါသေးတယ်။

👉ဒါပေမယ့် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားသူတွေမှာ တုပ်ကွေးဖြစ်ခဲ့ရင်လည်း သိပ်ဆိုးဆိုးရွားရွားမခံစားရပါဘူး။ တုပ်ကွေးကြောင့်သေဆုံးနှုန်းကို သိသိသာသာလျော့ကျ စေတယ်။

ဟုတ်ပြီ။ ကာကွယ်ဆေးကို ဘယ်အသက်အရွယ်မှာထိုးရမလဲ ဆိုတာလေး ဆက်ပြောပါမယ်။

ရာသီတုပ်ကွေး ကာကွယ်ဆေးကို အသက် ၆လ နှင့်အထက် ရှိသူတိုင်း ထိုးသင့်ပါတယ်။

အထူးသဖြင့် အသက် ၆ လမှ ၅နှစ်အရွယ်ကလေးတွေ၊ အသက် ၆၅နှစ်အထက် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နာတာရှည်ရောဂါအခံ ရှိတဲ့သူတွေ၊ ကိုယ်ခံအားနည်းသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ကတော့ မဖြစ်မနေထိုးထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ထိုးထားရင် ကိုယ်ဝန်ဆောင်မိခင် အပြင် မွေးကင်းစ ၆လအောက် အရွယ်ကလေးတွေကိုပါ အပြင်းအထန်တုပ်ကွေးဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

ကာကွယ်ဆေးရဲ့ကောင်းကျိုးတွေသိပြီးပြီမို့ ဘယ်လိုထိုးရမလဲဆိုတာလေး ပြောပြ ပါမယ်။

👶အသက်၉နှစ်အောက် ကလေးတွေ အခုမှ စထိုးမယ်ဆိုရင် ပထမ(၁ကြိမ်) ထိုးပြီး နောက် (တစ်လ/လေးပတ်) အကြာမှာ နောက်တစ်ကြိမ် ထပ်ထိုးရပါမယ်။ စုစုပေါင်း ၂ကြိမ် ထိုးရတာပါ။ နောက်လာမယ့်နှစ်တွေမှာတော့ ပုံမှန်အတိုင်း (၁ကြိမ်) ပဲထိုးဖို့ လိုပါတယ်။

👦🏻အသက် ၉နှစ် အထက် ဆိုရင်တော့ (၁ကြိမ်) ထိုးရင် ရပါပြီ။

အခု ထိုးနေကြတဲ့ တုပ်ကွေးကာကွယ်ဆေး အမျိုးအစားလေးကို ရှင်းပြပေးပါ့မယ်။

ကာကွယ်ဆေးအမျိုးအစားတွေကတော့ လေးမျိုးစပ် နဲ့ သုံးမျိုးစပ် ရာသီကာကွယ်ဆေး ဆိုပြီး ရှိပါတယ်။

💉Vaxigrip Tetra ကတော့ လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးဖြစ်ပြီး Influenza A subtypes ၂ မျိုး (A/H1N1 pdm09, A/H3N2)၊ Influenza B subtypes ၂ မျိုး (B/Washington, B/Phuket) ကို ကာကွယ်ပေးပါတယ်။

💉Fluarix Tetra, Flu Quadri, Influvac Tetra ဆိုတဲ့ လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးတွေလဲရှိပါတယ်။

💉သုံးမျိုးစပ် ရာသီကာကွယ်ဆေး Influvac Trivalent ဆိုတာလည်းရှိပါတယ်။

ရာသီတုပ်ကွေးကာလက ဇွန်လကနေ စက်တင်ဘာလလောက်ထိရှိတတ်တာမို့ ဒီကာလ မတိုင်ခင် ကြိုတင်ပြီး ကာကွယ်ဆေးထိုးထားပါ။

ကာကွယ်ဆေးဆိုတာ အခုဆေးထိုးပြီးတာနဲ့ အခုမကာကွယ်ပါဘူး။

ဆေးအာနိသင်ရဖို့ ၁၀ ရက်ကနေ ၂ ပတ်လောက်ကြာတတ်ပါတယ်။

ဒါကြောင့် စောစောထိုးထားလေ ကောင်းလေမို့ ရာသီအကူးအပြောင်း မဖြစ်မီ (မိုးရာသီရောက်ခါနီး) မေလ ရောက်ပြီဆိုရင် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားကြဖို့ အကြံပြုပါတယ်။

—————————————————
ရာသီတုပ်ကွေးကာကွယ်ဆေးထိုးမယ်ဆိုရင်ဖြင့် cb မှာစာရင်းပေးလို့ရပါပီရှင်
မိုးညှင်း /နန်းမား/ဟိုပင်/မိုးကောင်း/နမ္မတီး/မြစ်ကြီးနား နီးစပ်ရာဆေးခန်း လမ်းပြပါမယ်ရှင့်
ဖုန်းဆက်မေးချင်ရင်ဖြင့် 09788343298ကို တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်ရှင်


Crd

15/07/2023

Hello Hello
အားလုံးဘဲ မင်္ဂလာပါရှင့်.….
Page အသစ်ကလေးကနေ ကြိုဆိုလိုက်ပါတယ်ရှင့်.... ဖေဖေ့အတွက်ဟင်းတစ်ခွက် စားချင်စဖွယ် ဖြစ်‌အောင် ဘယ်လိုချက်ပြုတ်ပြင်ဆင်မလဲ စောင့်မျှော်ကြည့်ရှု့ပေးပါအုံးရှင့်
ကျေးဇူးပါရှင့်

Address

Mohnyin Township, Kachin State
Kachin State

Telephone

+959788343298

Website

Alerts

Be the first to know and let us send you an email when Clinic K Pharmacy Mohnyin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Clinic K Pharmacy Mohnyin:

Share