19/09/2026
Crochet ဆိုတာ ဘာလဲ?
Crochet (ခရိုရှေး) ဆိုတာ မြန်မာလို ဘာသာပြန်ရင် တချောင်းထိုး။ ချိတ်ကောက်ပါတဲ့ အပ်တချောင်းထဲနဲ့ ထိုးတာမို့ တချောင်းထိုးလို့ ခေါ်တာ။
အပ်တချောင်းထဲနဲ့ ထိုးတဲ့ Crochet မှာ ချည်ကို မျိုးစုံသုံးကြတယ်။
ကိုယ်သုံးမဲ့ ချည်ဆိုဒ် နဲ့ အမျိုးအစားကိုမူတည်ပြီး အပ်ဆိုဒ်ရွေးချယ်ပြီးသုံးကြတယ်။
Crochet ဆိုတာ သိုးမွှေးထိုးတာမဟုတ်ပါဘူး။
Crochet ထိုးတဲ့အခါ ဖန်တီးမယ့်အရာပေါ်မူတည်ပြီး ချည်အမျိုးမျိုးကို သုံးပါတယ်။ 🧶
🧶 Crochet အတွက် အသုံးများတဲ့ ချည်အမျိုးအစားများ
1. Cotton Yarn (Cotton ချည်)
* 100% cotton ဖြစ်နိုင်သလို cotton blend လည်းရှိပါတယ်။
* ချည်သားတင်းပြီး ပုံစံကောင်းကောင်းထိန်းနိုင်ပါတယ်။
* 👗 Crochet dress, blouse, top, bag တွေအတွက် အရမ်းအသုံးများပါတယ်။
* နွေရာသီဝတ်စုံတွေအတွက်လည်း သင့်တော်ပါတယ်။
2. Acrylic Yarn
* ပေါ့ပါးပြီး အရောင်ရွေးချယ်စရာများပါတယ်။
* ဈေးနှုန်းလည်း သက်သာတတ်ပါတယ်။
* 🧥 Cardigan, sweater, blanket, hat စတာတွေအတွက် အသုံးများပါတယ်။
3. Wool Yarn (သိုးမွေးချည်)
* နွေးထွေးပြီး အထူအပါးကောင်းပါတယ်။
* 🧣 Scarf, sweater, cardigan, winter accessories တွေအတွက် သင့်တော်ပါတယ်။
* ပူတဲ့ရာသီအတွက်တော့ မသင့်တော်နိုင်ပါဘူး။
4. Bamboo Yarn 🎋
* နူးညံ့ပြီး ပေါ့ပါးပါတယ်။
* အရေပြားနဲ့ထိတွေ့တဲ့ clothing တွေအတွက် အသုံးပြုနိုင်ပါတယ်။
5. Linen Yarn
* သဘာဝအမျှင်ဖြစ်ပြီး လေဝင်လေထွက်ကောင်းပါတယ်။
* 👗 Summer dress, top, blouse စတာတွေအတွက် သင့်တော်ပါတယ်။
6. Cotton Blend / Cotton-Polyester Blend
* Cotton ရဲ့ သက်တောင့်သက်သာရှိမှုနဲ့ အခြား fiber ရဲ့ ခိုင်ခံ့မှုကို ပေါင်းစပ်ထားတာပါ။
* 👗 Crochet fashion/dress တွေအတွက်လည်း အသုံးများပါတယ်။
👗 Crochet Dress ထိုးမယ်ဆိုရင်
Dress အတွက်တော့ အများအားဖြင့် Cotton, Cotton Blend, Bamboo, Linen လိုမျိုး နူးညံ့ပြီး ပေါ့ပါးတဲ့ yarn တွေက သင့်တော်ပါတယ်။
ပြီးတော့ ချည်အမျိုးအစားတင်မကဘဲ yarn thickness (အထူ) နဲ့ Crochet hook size ကိုလည်း dress ရဲ့ design နဲ့ stitch အလိုက် ရွေးရပါတယ်။
ဆိုတော့ Crochet ဆိုတာ သိုးမွှေး ပဲထိုးတာမဟုတ်ဘူးနော်။