အိမ်ရှင်မ

  • Home
  • အိမ်ရှင်မ

အိမ်ရှင်မ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အိမ်ရှင်မ, Kitchen/Cooking, .

သက်သတ်လွတ် ကုလားပဲနှပ်-ကုလားပဲခြမ်းကို သန့်စင်ပြီး ရေစင်စင်အထပ်ထပ်ဆေးပါ။ပြီးရင် အိုးတစ်လုံးထဲထည့်ပြီး ဆားနည်းနည်းထည့်ပြု...
07/02/2024

သက်သတ်လွတ် ကုလားပဲနှပ်

-ကုလားပဲခြမ်းကို သန့်စင်ပြီး ရေစင်စင်အထပ်ထပ်ဆေးပါ။
ပြီးရင် အိုးတစ်လုံးထဲထည့်ပြီး ဆားနည်းနည်းထည့်ပြုတ်ပါ။
ပြုတ်နေစဉ်အချိန်မှာ မမွှေပါနဲ့။
ကျေသွားရင် အစေ့ပျောက်ပြီး မလှတော့ပါဘူး။
ကုလားပဲနူးလို့ရေခမ်းစပြု ရင် ချပါ။
-အိုးတစ်လုံးထဲကို ဆီသင့်ရုံထည့်ပြီး
ဆီပူလာရင် နနွင်းမှုန့်နည်းနည်းထည့်ပါ။
ချင်း ၊ ကြက်သွန်ဖြူ + နီ၊ငရုတ်သီးထောင်းထားတာကိုဆီသတ်ပါ။
ငရုတ်သီးနဲ့အတူ ပျဉ်းတော်သိမ်ရွက်ကိုထည့်ဆီသတ်ပါ။
-ငရုတ်သီးကျွတ်လာရင်
ပြု တ်ထားတဲ့ပဲတွေ လောင်းထည့်ပါ။
ငရုတ်သီးနဲ့ပဲကို သမအောင်
အသာအယာမွှေပေးပါ။
-မဆလာအုပ်ပြီးချလို့ရပါပြီ။
မဆလာမကြိုက်ရင်လည်း ဒီအတိုင်းချလို့ရပါတယ်ရှင်🙂
Credit

ဘယ်တော့မှ မရိုးတဲ့ဘဲဥ/ကြက်ဥဆီပြန်ဟင်း🍲🍲🍲ဘဲဥကို ကျက်အောင်ပြုတ်ပြီး အခွံခွာပါ...ကြက်သွန်ဖြူနီ ငရုတ်သီး အရောင်တင်မှုန့် နဲ့...
03/02/2024

ဘယ်တော့မှ မရိုးတဲ့
ဘဲဥ/ကြက်ဥဆီပြန်ဟင်း🍲🍲🍲

ဘဲဥကို ကျက်အောင်ပြုတ်ပြီး အခွံခွာပါ...
ကြက်သွန်ဖြူနီ ငရုတ်သီး အရောင်တင်မှုန့် နဲ့ ငရုတ်တဆုံထောင်းထားပါရှင်...
မကျီးသီး ကိုရေနွေးနဲ့စိမ်ပြီး ဖျော်ထားပါ...😇
ဆီအိုးတည် ဘဲဥကို အပေါ်ယံတင်းအောင် ကြော်ပြီးဆယ်ထားပါ...
ငရုတ်သီးထောင်းထားတာ ဆီသတ်ပါ ...
မွှေးလာလျှင် မဆလာ ပျဉ်းတော်သိမ်း ကြိုက်နှစ်သက်တာ ထည့်ဆီသတ်ပါရှင်(ဟင်းအနံ့မွှေးတာ ဆီသတ်တဲ့အချိန် အမွှေးအကြိုင်ထည့်လို့ပါနော်) 🫑🧅🧄🌶️
အနံ့လေး မွှေးတက်လာပြီး ဆီသတ်တာ အိအိလေး ဖြစ်လာပြီဆို ဘဲဥ/ကြက်ဥ ပြုတ်ကြော်ထည့်ပါ..🥚🥚🥚
မကျီးရည်လောင်း ဆား အချိူမှုန့် ငံပြာရည် ထည့် အရသာအတော်ပဲဆို အကုန်ကျ သက်သာပြီး မရိုးနိုင်သော ရွေဂေါင်းပြောင် ဘဲဥ ဟင်းမွှေးမွှေးလေး
ရပါပြီရှင့်...🥘🥘🥘
သူ့ရဲ့ တွဲဖက် ဟင်းအစပ်က ကန်စွန်းရွက်ကြော်နဲ့ငရုတ်သီးအညာထောင်း 🥗🍛ပဲ ဖြစ်ပါတယ်...

ငရုတ်ချဉ်,ကြက်သွန်ချဉ်,ဘိတ်ချဥ်********************************ကျမအိမ်မှာ အဆင်သင့် အမြဲ လုပ်ထားတတ်တဲ့အိမ်လုပ်ချဉ်လေးတွေက...
02/02/2024

ငရုတ်ချဉ်,ကြက်သွန်ချဉ်,ဘိတ်ချဥ်
********************************
ကျမအိမ်မှာ အဆင်သင့် အမြဲ လုပ်ထားတတ်တဲ့
အိမ်လုပ်ချဉ်လေးတွေကို စားချင်တဲ့သူများအတွက်
လုပ်နည်းလေး တင်ပေးလိုက်ပါတယ်နော်။
🌶🌶🌶🌶🌶
ပါဝင် ပစ္စည်းများ
**************
၁။ ကြက်သွန်ဖြူ ဥတစ်လုံး ( အခွံနွှာထားပါ )
၂။ ငရုတ်တောင့်ရှည် ( ခပ်ထူထူ လှီးထားပါ )
၃။ ရှာလကာရည်
၄။ ငံပြာရည်
၅။ ဟင်းခပ်မှုန့် ( မထည့်လဲရ )

ပထမဆုံး
ရှာလကာရည်, ငံပြာရည်, ဟင်းခပ်မှုန့်တို့ကို
ပန်းကန်လုံး တစ်လုံးထဲ ထည့်ပြီး
မိမိ စိတ်ကြိုက် အရသာ အချို အငံ စပ်လိုက်ပါ။

ဟင်းခပ်မှုန့်ကတော့
မိမိ အကြိုက် အနည်း အများ ထည့်ပါ။
( မကြိုက်သူများ မထည့်ရင်လဲ ရပါတယ်။ )
ကျမကတော့ ဟင်းခပ်မှုန့် ထည့်ပါတယ်။
ဟင်းခပ်မှုန့် ပါရင် အရသာ ပိုကောင်းရုံမျှမက
အချဉ်ဓါတ် ထိန်းပြီးသားဖြစ်လို့ပါ။

ပီးတော့မှ ငရုတ်, ကြက်သွန် ထည့်ထားတဲ့ ပုလင်းထဲ
ကန်တော့လေးနဲ့ လောင်းထည့်လိုက်ရုံပါပဲ။

၎င်းနောက် ဖန်ပုလင်းကို လေလုံအောင် ပိတ်ထားပါ။

၃ ရက်ဆိုရင် စ စားလို့ရပါပြီ။
ချဉ်ချဉ်လေး စားချင်ရင်တော့ တစ်ပတ်ထိ ထားပါ။

မိမိ စိတ်ကြိုက် အချဉ်အရသာ ရပြီ ဆိုရင်တော့
ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။

ငရုတ်ချဉ်, ကြက်သွန်ချဉ် က
ကြာလေ အချဉ်စူးလေ ဖြစ်တာမို့
ဆယ်ရက်စာလောက်ပဲ လုပ်စားတာက ပို ကောင်းပါတယ်။
လုပ်ရတာလည်း လွယ်ကူ လှတာမို့ ကုန်ခါနီးမှ
အချဉ် အသစ်တည်တာ ပို အဆင်ပြေပါတယ်။

ငရုတ်ချဉ်, ကြက်သွန်ချဉ်လေး
မိမိ အိမ်မှာ အဆင်သင့်ရှိနေရင်
ထမင်းပေါင်း,ထမင်းကြော်,
ကြာဇံကြော်, ခေါက်ဆွဲကြော်, ကြေးအိုး,
ကြက်ကင် , အသားလုံးကြော် စသဖြင့်
ဘာပဲ လုပ်စားစား အိမ်လုပ်ချဉ်လေးနဲ့
အဆင်သင့် တွဲဖက် စားသုံးရုံပါပဲ။

Hot Pot နဲ့ စားရင်တော့
ခု စိမ်ထားတဲ့ အိမ်လုပ်ချဉ် ထဲကို
သကြား ထပ်ထည့်ပီး စားပါတယ်။

ကျမကတော့ အရောင်ပါတဲ့ အချဉ်တွေထက်
အိမ်လုပ်ချဉ်ကို ပိုကြိုက်ပါတယ်။
ကြက်သွန်ဖြူကလဲ လူနဲ့ တည့်ပါတယ်။

ကော်ဗူးနဲ့ စိမ်တဲ့အခါ
ကြာရင် ကော်နံ့ ထွက်တတ်တာမို့
ဖန်ပုလင်းနဲ့ စိမ်တာက ပိုကောင်းပါတယ်။

ခုလို စိမ်ထားတော့
ကြက်သွန်ဖြူနဲ့ ငရုတ်သီး ထဲကို
အချဉ် အချို အငံ အရသာလေးများ
စိမ့်ဝင်နေပီး ပို စားကောင်းစေပါတယ်။

ကင်းမွန် ငံပြာရည် ထည့်ထည့်,
ဗမာငံပြာရည် ထည့်ထည့် ရပါတယ်။

ရေ မရောရပါဘူး။

သက်သက်လွတ်သမားများကတော့
ဆားနဲ့ စိမ်လို့ ရပေမယ့်လည်း
ဆား နဲ့ အချဉ်စိမ်ရင် အချဉ်စူးလွန်းတာကြောင့်
ကင်းမွန် ငံပြာရည်နဲ့ အချဉ်စိမ်တာက ပိုစားကောင်းပါတယ်။
🌶🌶🌶🌶🌶🌶
ငရုတ်ချဉ်ကတော့
အစပ်ချည်းပဲ သီးသန့်စားလိုသူများအတွက်ပါ။
ငရုတ်သီးစိမ်း ထက်စာရင်
ငရုတ်တောင့်ရှည်က ပိုစားကောင်းပါတယ်။
💖💖💖💖💖💖💖
ကြက်သွန်ချဉ်ကတော့
အစပ် မစားနိုင်ပဲ ကြက်သွန်ချဉ် သီးသန့်စားလိုသူများအတွက်ပါ။
တရုတ်ကြက်သွန်ဖြူထက်
ချိုတဲ့ ဥတစ်လုံး ကြက်သွန်ဖြူက ပိုစားကောင်းပါတယ်။
ဥတစ်လုံး ကြက်သွန်ဖြူမရှိရင်လည်း
မြန်မာကြက်သွန်ဖြူနဲ့ လုပ်လို့ရပါတယ်။
,. ..............................................
(လွယ်ပါတယ်ကျွန်တော်ကတော့ရေကျက်အေးနဲ့ဆားပဲသုံးတယ်၊ကြက်သွန်ဖြူ+နီ+ငြုပ်သီးကိုယ့်ဘာသာစိမ်စားတယ်၊ပုတ်မသွားဘူးလုံးဝမာကြွပ်နေရောပဲ တခါတလေပန်းဂေါ်ဖီပွင့်လည်းဆားစိမ်တာပဲမပုတ်မရိဘူး၊ရက်သတ္တပါတ်လောက်ဆိုစားလို့ရပြီ။***)
💝💝💝💝💝💝💝💝💝
ငရုတ် ကြက်သွန်ချဉ်ကတော့
အစပ် နဲ့ ကြက်သွန် ၂ မျိုး တွဲဖက်စားလိုသူများအတွက်ပါ။
ငရုတ် ကြက်သွန်ချဉ် တစ်ပုလင်း စိမ်ထားရင်တော့
ငရုတ်ချဉ် ကိုက်စားလိုက်
ကြက်သွန်ချဉ် ကိုက်စားလိုက်နဲ့
အိမ်ရှင်မများအတွက် အဆင် အပြေဆုံးပါပဲ။

ကျမအိမ်မှာတော့ အိမ်လုပ်ချဉ် စိမ်ထားရင်
အချဉ်လွန်သွားမှာကို မစိုးရိမ်ရပါဘူး။
စ ချဉ်ပြီဆိုတာနဲ့ တစ်အိမ်သားလုံး အားပေးကြတာ
ပြိုက်ခနဲ ကုန်သွားတတ်တာမို့ အလျှင်မှီအောင်ပဲ
အိမ်လုပ်ချဉ် အသစ်ကို ထပ်ကြိုလုပ်ထားရပါတော့တယ်။

ကျေးဇူးပါရှင့်

အိမ်ရှင်မတို့အတွက် ဘိတ်ချဉ်ပြုလုပ်နည်း

ဘိတ်ချဉ်
****************
၁။ ကြက်သွန်ဖြူ ဥတစ်လုံး
၂။ ငရုတ်သီးစိမ်း
၃။ ရှာလကာရည်
၄။ ငံပြာရည်
၅။ ဟင်းခပ်မှုန့်
အားလုံးရောပီး စိမ်ထားရုံပါပဲ။

💖💖💖💖💖💖

မင်းကတော် ငပိရည်ကျိုချက်နည်း😋🤤🤤*******************🍂ငပိရည်ကျို🍂ပုဇွန်ထုတ်အသေး 🤤တညင်းသီး 🍂ကုလားအော်သီး 🍂ကိုင်းခရမ်းချဉ်သီး...
02/02/2024

မင်းကတော် ငပိရည်ကျိုချက်နည်း😋🤤🤤
*******************

🍂ငပိရည်ကျို
🍂ပုဇွန်ထုတ်အသေး
🤤တညင်းသီး
🍂ကုလားအော်သီး
🍂ကိုင်းခရမ်းချဉ်သီး
🍂ခရမ်းကဇော့
🍂ကြက်သွန်ဖြူ+နီ
🍂ငရုတ်သီးစိမ်း
🤤ပုဇွန်ခြောက်
🍂ငရုတ်သီးအကျက်မှူန့် တို့ဖြစ်ပါတယ်

🍓ပြုလုပ်နည်း

၁။ကြက်သွန်ဖြူ ငြုပ်သီး ကုလားအော်ငြုပ်သီး ကိုလှော်ပါ။ထောင်းထားပါ။

၂။ပုစွန်ခြောက်ကို ရေစိမ်ပါ။ပီးလျှင်ထောင်းထားပါ။

၃။ပုဇွန်ထုပ်အသေးကိုလှော်ပါ အခွံချွတ်ပါ။

၄။ငပိရည်ကိုနနွင်းအနည်းငယ်ထည့်၍ကျိုပါ။ပီးလျှင်စစ်ထားပါ။

၅။ငပိရည်ထဲသို့လှော်ထားသည့် ပုဇွန်နှင့်ထောင်းထားသည့်ပုဇွန်ခြောက်ကြက်သွန်ဖြူ ငြုပ်သီး များထည့်ကာကျိုပါ။

၆။ပြုတ်ထားသည့်တညင်းသီးကို အစိတ်လိုက်ဖြစ်စေ အခြမ်းလိုက်ဖြစ်စေထည့်၍ကျိုပါ။

၇။ငပိရည်အပျစ်အကျဲအဆင်‌ေပြပြီဆိုပါက ပန်းကန်ထဲထည့်၍ငြုပ်သီးမှုန့်ထည့်၍သုံးဆောင်နိုင်ပါပြီရှင်။

ကြက်သွန်နီ ကဇော့သီးနှင့် ကိုင်းခရမ်းချဉ်သီးကြိုက်နှစ်သက်လျှင်တညင်းသီးနှင့်ထည့်၍ရောကျိုနိုင်ပါသည်။

Credit

Address


Website

Alerts

Be the first to know and let us send you an email when အိမ်ရှင်မ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Interior Service?

Share