29/12/2023
Handmade တွေဘာကြောင့်စျေးကြီးတာလဲ
=============================
ကိုယ်အကောင်းဆုံးဖန်တီးထားတဲ့ Handmade လေးတွေကို စျေးကြီးတယ်ဆိုပြီး ပြောတာမျိုး ကြုံဖူးကြလား…
ဖန်တီးသူရဲ့ ကျွမ်းကျင်မှုနဲ့ branding ပေါ် မူတည်ပြီး handmade တစ်ခုရဲ့စျေးနှုန်းက ကွာခြားနိုင်ပေမယ့် handmade အားလုံး အဖိုးတန်တာချင်းကတော့အတူတူပါပဲ။
Handmade လေးတွေက ဘာကြောင့်အဖိုးတန်တာလဲ❓
ဘာကြောင့်စျေးကြီးရတာလဲ❓
1️⃣ Handmade ဆိုတာ ဖန်တီးသူရဲ့ကိုယ်ပွါးလေးတစ်ခုဖြစ်ပါတယ်
📝 စာရေးဆရာ Chuck Klosterman ပြောဖူးတာလေးတစ်ခုက “ဖန်တီးမှုအနုပညာနဲ့ ချစ်ခြင်းမေတ္တာဆိုတာ အတူတူပါပဲ” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီဖြစ်စဉ်နှစ်ရပ်လုံးမှာ တူညီတဲ့အချက်တစ်ခုရှိနေလို့ပါ။ အဲ့တာကတော့ “ကိုယ်မဟုတ်တဲ့ အခြားအရာတစ်ခုအပေါ်မှာ ကိုယ့်ကိုယ်ကိုပြန်ပြီး ထင်ဟပ်မြင်တွေ့စေတဲ့အတွက် အနုပညာနဲ့ ချစ်ခြင်းမေတ္တာဆိုတာအတူတူပါပဲ”တဲ့။
2️⃣ ဒုတိယတစ်ချက်ကတော့ Handmade ဆိုတာ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ Handmade လေးတစ်ခု ဖြစ်ပေါ်လာဖို့အတွက် ဖန်တီးသူရဲ့ကုန်ဆုံးသွားတဲ့ ဘဝအချိန်အစိတ်အပိုင်းတစ်ခုနဲ့ ပြန်မရနိုင်တော့တဲ့ နုပျိုခြင်းတွေကို ပေးဆပ်ထားရတာဖြစ်ပါတယ်။
3️⃣ Handmade ကိုဖန်တီးနေတဲ့အချိန်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ ဖန်တီးသူရဲ့ creative အတွေးတွေ၊ ရည်မှန်းချက်တွေ၊ ကိုယ်ဝါသနာပါရာကို လုပ်နေရတဲ့အတွက် passion နဲ့ ပျော်ရွှင်မှုတွေက ဒီ Handmade ကိုဖန်တီးနေတဲ့ လက်ချောင်းလေးတွေကနေတဆင့် project ထဲမှာ အတူတကွပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
4️⃣ Handmade item လေးတွေဆိုတာ ဘယ်တော့မှ ထပ်တူနှစ်ခုမရှိနိုင်တဲ့ အရာလေးတွေဖြစ်ပါတယ်။
စက်ရုံကနေထုတ်လုပ်ထားတာမဟုတ်ဘဲ လူကနေကိုယ်တိုင် ထုဆစ်ပြီး တစ်ခုချင်းဖန်တီးထားတာဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ သူနဲ့ထပ်တူကျတဲ့ handmade နောက်တစ်ခုဆိုတာ ဘယ်တော့မှ ရှိနိုင်မှာမဟုတ်ပါဘူး။ ဖန်တီးထားတဲ့ Handmade တစ်ခုချင်းစီတိုင်းက one-of-a-kind item တွေပါ။
5️⃣ နောက်ဆုံးတစ်ချက်ကတော့ “Everything is More Beautiful When it’s Made with a Heart” ပါ။
ဒါလေးကို ဥပမာ တစ်ခုနဲ့ပြောရမယ်ဆိုရင် အိမ်မှာအမေချက်တဲ့ဟင်းက အပြင်ကဟင်းတွေထက်အမြဲစားလို့ကောင်းတယ်ဆိုတာ အမေ့ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ဖွဲ့စည်းထားတဲ့ဟင်းတစ်ခွက် ဖြစ်လို့ပါပဲ။ Handmade ဆိုတာကလဲ ဖန်တီးသူရဲ့ နှလုံးသားကနေလာတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဖန်တီးထားတဲ့အခါမှာ အရာရာအားလုံးထက် ပိုပြီးလှပပြည့်စုံတဲ့ ပစ္စည်းလေးတစ်ခုအနေနဲ့ ဖြစ်တည်လာတဲ့အတွက် Handmade တွေကို လူတိုင်းတန်ဖိုးထားကြတာဖြစ်ပါတယ်။
So, Handmade တွေက စျေးကြီးပါတယ်။