Myanmar Textile Creators’ MSMEs Network,Mandalay

Myanmar Textile Creators’ MSMEs Network,Mandalay မန္တလေးကွန်ရက်ကို မန္တလေးဒေသတွင်းမှ လက်မှုလုပ်ငန်း လုပ်ကိုင်သူ၊ဖန်တီးသူများ စုပေါင်း ပါဝင်ဖွဲ့စည်း ထားပါတယ်ရှင်။

Sunflower Natural Dye Textilesမှ စီစဉ်ကျင်းပတဲ့ပန်းချီဆရာခန့်အောင်ရဲ့ မူယာဟန်ချီ ပန်းချီပြပွဲလေးကို ကွန်ရက်အဖွဲ့ဝင်တဦးဖြ...
08/06/2026

Sunflower Natural Dye Textilesမှ စီစဉ်ကျင်းပတဲ့
ပန်းချီဆရာခန့်အောင်ရဲ့ မူယာဟန်ချီ ပန်းချီပြပွဲလေးကို ကွန်ရက်အဖွဲ့ဝင်တဦးဖြစ်တဲ့ မသဲစု
(အေးရိပ် Local Clothing Brand)မှ အဖွဲ့ဝင်များ ကိုယ်စား သွားရောက်ခဲ့ပါတယ်ရှင်။

ဆရာခန့်အောင်ရဲ့ "မူယာဟန်ချီ"ပန်းချီပြပွဲလေးမှာ
ပါတိတ်ပန်းချီလေးတွေ ပါဝင်ပြသထားပါတယ်။

ပန်းချီဆရာတဦးလည်း ဖြစ်ပြီး လက်ရေးပါတိတ်ကိုကိုယ်တိုင်ရေးဆွဲနေသူ တဦးလည်း ဖြစ်တာမို့
ရန်ကုန်မြို့ အနီးဝန်းကျင်မှာ နေထိုင်ပြီး ပါတိတ်ပန်းချီကို လေ့လာလိုတဲ့သူများအနေဖြင့် ဆရာခန့်အောင်နဲ့ ဆက်သွယ်ချိတ်ဆက်ပြီး လေ့လာလို့ရပါတယ်ရှင်။

#မန္တလေးကွန်ရက်

မန္တလေးကွန်ရက်ရဲ့ Ecoprint basic ဒုတိယအပတ်စဉ်လေးပါရှင်။ကျွန်မတို့ ကွန်ရက်လေးမှာ သင်တန်းလေးတွေ လုပ်ဖြစ်ခြင်းက သင်တန်းပေးခ...
07/06/2026

မန္တလေးကွန်ရက်ရဲ့ Ecoprint basic
ဒုတိယအပတ်စဉ်လေးပါရှင်။

ကျွန်မတို့ ကွန်ရက်လေးမှာ သင်တန်းလေးတွေ လုပ်ဖြစ်ခြင်းက သင်တန်းပေးခြင်းထက် ပျော်ရွှင်မှုနဲ့ ပညာရပ်တွေ ဖလှယ်ကြခြင်းပါ။

ကွန်ရက်မှာ ဦးဆောင်သူသဘောမရှိပဲ ပညာပေးနိုင်သူ၊ နေရာပေးနိုင်သူ၊ ငွေကြေး စီမံသူစသည်ဖြင့် ကွန်ရက်အဖွဲ့ဝင်အားလုံးကပဲ မိမိကျွမ်းကျင်ရာ နေရာကနေ တာဝန်ယူကြပါတယ်။

မန္တလေးကွန်ရက်အနေနဲ့ အဖွဲ့ဝင် ၆ဦး စုပေါင်းပြီး
Ecoprintနှင့် အခြားလက်မှု သင်တန်းလေးတွေ ဆက်လုပ်ဖြစ်သွားမှာပါ။

ရှေ့ဆက်ပြီးလည်း အခြားအဖွဲ့စည်းလေးတွေနဲ့ ချိတ်ဆက်ပြီး မန္တလေးကွန်ရက်အနေနဲ့ ပညာဒါန အတန်းလေးတွေလည်း လုပ်ဖို့ရှိပါတယ်။

Ecoprintသင်တန်းလေးတွေမှာတော့ သင်ကြားရေးပိုင်းကို ကွန်ရက်အဖွဲ့ဝင် ecoprintလုပ်ငန်းလုပ်ကိုင်သူ ၄ဦးဖြစ်တဲ့ -
မချောစုလှိုင်(ဝဿန် ecoprint)
မဧပရယ်မျိုး(ရွှေလာဘ် -Ecoprinted fabric)
မနဒီလင်း (ညိုချော Collection)
မရတနာမိုးမြင့် (Treasure’s Gallery)တို့က ကဏ္ဍခွဲပြီး စာတွေ့၊လက်တွေ့ တာဝန်ယူ သင်ကြားပေးပါတယ်ရှင်။

*နေရာပိုင်းကိုမစုမာ(မြန်မာချည်ထည်ဆိုင်)

*စာရင်းပိုင်းနဲ့ စီမံခန့်ခွဲ့ရေးအပိုင်းကို
မသဲစု(အေးရိပ် Collection )
တာဝန်ယူကြပါတယ်ရှင့်။

#မန္တလေးကွန်ရက်

03/06/2026

မန္တလေးကွန်ရက်အနေနဲ့ သင်တန်းလေးတွေလုပ်တဲ့အခါ ecoprintပြုလုပ်တဲ့ process နဲ့ techniqueကိုပဲ ပြပေးတာမျိုး မဟုတ်ပဲ ecoprintပြုလုပ်ဖို့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ ecoprintလုပ်ဖို့ အသင့်တော်ဆုံး fabricရွေးချယ်ခြင်းကနေ ပိတ်စပေါ်မှာ တင်မယ့် အပွင့်၊အရွက်တွေရဲ့ သဘောတရားကို ကိုယ်တိုင် လေ့လာတတ်ဖို့ ၊ ကိုယ်နေထိုင်ရာ ဒေသဝန်းကျင်မှာ ရှိတဲ့ ဒေသပေါက်ပင်တွေရဲ့တွေ အလေ့ထကို ကိုယ်တိုင် နားလည်နိုင်ဖို့ထိ ရည်ရွယ်ပါတယ်။

Ecoprint လုပ်ဖို့တွက် ဗမာပြည်အလယ်ပိုင်း
မိုးနည်းဒေသဖြစ်တဲ့ မန္တလေးက သင့်တော်တဲ့ဒေသလို့ သတ်မှတ်လို့ရပါမယ်။မန္တလေးမှာ Ecoprint လုပ်ငန်းလုပ်ကိုင်နေတဲ့ မန္တလေးကွန်ရက်အဖွဲ့ဝင်တွေအဖို့တော့ မန္တလေးက "ရတနာသိုက် "လို့ပဲ တင်စားရပါမယ်။

မန္တလေးမှာ အပူပိုင်း ဒေသပေါက်ပင်တွေ ပေါများ
သလို အအေးပိုင်းဒေသမှာပဲ ရှင်သန်နိုင်တဲ့ အပင်တွေကိုလည်း လက်လှမ်းမှီ ရရှိနိုင်ပါတယ်။

ကနခို/ကြက်ဆူ/သရက်/သကြား/ကြောင်လျှာ/မာလကာ/ဗန်ဒါ /ဧကရာဇ် စတဲ့ အရွက်တွေဆိုတာ
မန္တလေးမြို့နဲ့ အနီးနားဝန်းကျင်မှာ အလေ့ကျ ပေါက်ပင်တွေ အဖြစ် အများပြား တွေ့နိုင်ပါတယ်။

အအေးပိုင်းဒေသပေါက်ပင်နဲ့ ပန်းတွေလိုချင်ရင်
မေမြို့နဲ့ နီးတာမို့ လူကြုံရှိရင် ရနိုင်ပါသေးတယ်။

မိုးရာသီရောက်ရင် မန္တလေးမြို့ကနေ မတ္တရာ/မေမြို့/ကျောက်ဆည်/စစ်ကိုင်းဘက် အထွက်လမ်း တလျှောက်တွေကနေ ကျွန်းရွက်တွေ ရနိုင်ပါတယ်။
ယူကလစ်ပင်နဲ့ ယူကလစ်ခေါက်ဆိုတာ မြို့ထဲတင် အလွယ်တကူရှိနေတာမျိုးပါ။

ဆောင်းရောက်ရင် မေမြို့ အတတ်လမ်းမှာ နေကြာရိုင်းတွေ ခူးမနိုင်အောင် ပေါပါတယ်။

ဆောင်အကုန် နွေအကူးဆို မေမြို့ ကန်တော်ကြီးထဲက မေပယ်ရွက်ကြွေတွေကို သွားကောက်လို့ ရနိုက်ပါသေးတယ်။

အပူပိုင်းဒေသမို့ နွေရာသီမှာတော့ အရွက်ရှား ပါတယ်။မရှိသလောက်ကို ရှားတာမို့ နွေပီပီသသရှိတဲ့ ၃လပိုင်းနဲ့ ၄လပိုင်း ဝန်းကျင်မှာတော့ အရွက်ရဖို့ မလွယ်ပါဘူး။သကြင်္န်ကျော်လို့ မိုးကျတာနဲ့ အရွက်စရပါပြီ။အပူပိုင်းဒေသဖြစ်တဲ့အတွက် မိုးရာသီမှာ အပင်တိုင်းက ရေဓာတ်အပြည့်အဝ ရနေတာမို့ မိုးရာသီမှာ ရတဲ့ အရွက်တွေက ရွှေပေါ့။ဒီရာသီမှာ ပိတ်စပေါ် တင်သမျှ အရွက်တွေရဲ့ ပေးသမျှ အရောင်တိုင်းက အင်အားကောင်းကြပါတယ်။

မန္တလေးကွန်ရက် အနေနဲ့ နောက်ပိုင်း သင်တန်းလေးတွေမှာ သင်တန်းသူတွေကိုယ်တိုင် အရွက်ခူးထွက်
ရမယ့် အစီစဉ်လေးပါပါမယ်။
ဒီတခေါက်သင်တန်းလေးပြီးရင် eco print အတန်းလေးက ဖွင့်ဖို့ လပိုင်းလောက်ထိ အချိန်လေး ကြာပါအုံးမယ်ရှင်။

#မန္တလေးကွန်ရက်

6.6.2026 ၊ 7.6.2026 ၊ 8.6.2026ရက်နေ့တွေမှာ ဒုတိယအကြိမ် Ecoprint/Natural Dye/Soymilk painting သင်တန်းလေးတွေ မန္တလေးကွန်ရက...
30/05/2026

6.6.2026 ၊ 7.6.2026 ၊ 8.6.2026ရက်နေ့တွေမှာ ဒုတိယအကြိမ် Ecoprint/Natural Dye/Soymilk painting သင်တန်းလေးတွေ မန္တလေးကွန်ရက်မှာ
ရှိပါမယ်ရှင်။ပထမသင်တန်းမှာ ရက်အဆင်မပြေတဲ့ သူလေးတွေလည်း လာjoinလို့ ရပါပြီရှင့်။

Ecoprint လို့ခေါ်ကြတဲ့ သဘာဝပွင့်ရိုက်ထည်ဆိုတာ မိမိပတ်ဝန်းကျင်မှာရှိတဲ့ သစ်ရွက် သစ်ခက် ပန်းပွင့် ပန်းခက်လေးတွေကို ပိတ်စပေါ်မှာ တပွင့်ချင်း၊
တခက်ချင်း၊တနွယ်ချင်းစီ အနုပညာဈာန်ကွန့်မြူးပြီး ခြယ်မှုန်းရတဲ့ ပညာရပ်တခုပါ။🌿

ကျွန်မတို့နှင့်အတူ သဘာဝကရရှိတဲ့ ပန်းတပွင့်၊သစ်ရွက်၊သစ်ခေါက်လေးတွေရဲ့အရောင်တွေကို ပိတ်စပေါ်မှာ ရယူဖလှယ်ပြီး သဘာဝနဲ့ အနုပညာကို ပေါင်းစပ် ကြည့်ကြပါမယ်။🌿

အပင်တပင်ရဲ့ အသက်ရှုသံတွေကို ပိတ်စပေါ် ရောက်အောင် ပို့ဆောင်ပြီး နားဆင်ကြည့်ကြပါမယ်ရှင်။🌿

သဘာဝရဲ့ အနုပညာကို အနီးကပ်ခံစားဖို့ ကျွန်မတို့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

*Ecoprint Basic
*Ecoprint Advance
*Soy milk painting & Tie-dye

သင်တန်းအမျိုးစား ၃မျိုးရှိပါမယ်။
မိမိတို့ နှစ်သက်ရာရက်ကို ရွေးချယ်ပြီး တတ်ရောက် နိုင်ပါတယ်ရှင်။Ecoprint အခြေခံရှိတဲ့သူများကလည်း advance classကို joinနိုင်ပါတယ်။

Ecoprint Basic

-အပင်တွေထဲမှာ ရှိတဲ့ natural pigment နှင့် tanninတွေကို အသုံးပြုပြီး ပိတ်စပေါ်မှာ အရောင်
ရယူခြင်းနည်းလမ်း။
-ecoprintပြုလုပ်သင့်သည့် ပိတ်စအမျိုးစားရွေးချယ်ခြင်း။
-ရာသီဥတု၊နေရာဒေသအလိုက် အရွက်အရောင်ပေးမှု ကွာခြားခြင်းများ။
-bright color / dark color ပြုလုပ်ခြင်း။
-ခွက်၊ရေဗူးများပေါ်တွင် leaf printပြုလုပ်ခြင်း။
-pounding technique (သစ်ရွက်၊ပန်းပွင့်လေးများကို ထုဖြင့် ထုရိုက်၊ပုံဖော်ခြင်း)

Ecoprint Advance

-သစ်ရွက်/သစ်ခေါက်များကို အသုံးပြုပြီး သဘာဝဆိုးဆေး ပြုလုပ်ခြင်း။
-tanninအားနည်းတဲ့ အရွက်များကို အရောင်သွင်းခြင်းနည်းလမ်း။
-blanket technique သဘာဝဆိုးဆေးနှင့် ecoprintပေါင်းစပ်ပြီး အရောင်ရယူခြင်းနည်းလမ်း။

Soy milk painting & Tie-dye

-basic drawing
-ပဲနို့ဖြင့် ပိတ်စပေါ်တွင် ပုံရေးဆွဲခြင်း။
-သဘာဝဆိုးဆေးပြုလုပ်ခြင်း။
-သဘာဝဆိုးဆေးဖြင့် ပိတ်စ၊အကျီများပေါ်တွင် tie-dye ပြုလုပ်ခြင်း။
-ဖယောင်းလိုင်းရေးဆွဲပြီး သဘာဝဆိုးဆေးနှင့်
tie-dyeပေါင်းစပ်ခြင်းနည်းလမ်း။

📅 သင်တန်းရက်များ

Ecoprint Basic - 6.6.2026(1day)
Ecoprint Advance - 7.6.2026(1day)
Soy Milk Painting & Tie-dye - 8.6.2026
အချိန် - 9:00AM - 4:00PM

သင်တန်းကြေး

* Ecoprint Basic — 150,000 Ks
* Ecoprint Advance — 150,000 Ks
* Soy Milk Painting & Tie-dye — 100,000 Ks

📍 နေရာ - ၅၄/၃၃လမ်း၊ချမ်းအေးသာဇံမြို့နယ်၊မန္တလေးမြို့။(မြန်မာချည်ထည်ဆိုင်)

📞 ဆက်သွယ်ရန် - 09966760927
09444005506
09984843585
09957212096

"မန္တလေးကွန်ရက်နဲ့ ဆုံရင် ပျော်ရွှင်ရပါမယ်။
စိတ်ပျော်ရွှင်ချင်ရင် မန္တလေးကွန်ရက်ကို
လာခဲ့ပါရှင်။"

#မန္တလေးကွန်ရက်

Soy milk painting & Tie-dyeSoy milk painting နဲ့ Tie-dyeလေး တွဲလုပ်ဖြစ်တာက ပထမဆုံးသင်တန်းလေးမို့ အများကြီး ပေးချင်လို့ပါ...
25/05/2026

Soy milk painting & Tie-dye

Soy milk painting နဲ့ Tie-dyeလေး တွဲလုပ်ဖြစ်တာက ပထမဆုံးသင်တန်းလေးမို့ အများကြီး ပေးချင်လို့ပါ။Soy milk painting ဆွဲတာလေးက အချိန်တခုပေးရတာမို့ နောက်အတန်းတွေမှာ soy milk painting နဲ့ tie-dyeလေးကို တရက်စီပဲ ခွဲသင်ဖြစ်ပါမယ်။

Tie-dyeနည်းမှာ ပိတ်စ၃ခုကို သဘာဝဆိုးဆေး
အရောင်တမျိုးတည်းပဲ အသုံးပြုထားပါတယ်။patternဖော်၊ကြိုးစည်းထားတဲ့ ပိတ်စတခုချင်းစီကို မတူညီတဲ့ ချုပ်ဆေး ၃မျိုးနဲ့ ပြန်ချုပ်ပါတယ်။
ချုပ်ဆေးအသုံးမပြုခင်မှာ အရောင်တမျိုးတည်း ဖြစ်နေတဲ့ ပိတ်စ၃မျိုးက ချုပ်ဆေးပေါ်မူတည်ပြီး အရောင်၃မျိုး ဖန်တီးလို့ရကြောင်း လက်တွေ့သင်ပေးခဲ့ပါတယ်။

သင်တန်းကာလ ၃ရက်လုံးမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်ခဲ့ကြသူများ အားလုံးကို မန္တလေးကွန်ရက်မှကျေးဇူးတင်ပါတယ်ရှင်။

#မန္တလေးကွန်ရက်

ဖန်းတီးသူနှင့် ဖန်တီးလိုသူများ🌸မန္တလေးကွန်ရက်ရဲ့ ပထမဆုံးစီစဉ်ဖြစ်တဲ့Ecoprint Workshopလေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။တ...
24/05/2026

ဖန်းတီးသူနှင့် ဖန်တီးလိုသူများ🌸

မန္တလေးကွန်ရက်ရဲ့ ပထမဆုံးစီစဉ်ဖြစ်တဲ့
Ecoprint Workshopလေး အောင်မြင်စွာ ပြီးဆုံး
ခဲ့ပါပြီ။
တလမှာ တခေါက်တော့ Ecoprint Workshopလေး
လုပ်ဖြစ်မှာ။ဒီတခါ ရက်အဆင်မပြေလို့ မဆုံဖြစ်ကြတဲ့ သူလေးတွေနဲ့လည်း နောက်သင်တန်းရက်တွေမှာ ဆုံကြပါအုံးမယ်ရှင်။

#မန္တလေးကွန်ရက်

24/05/2026
သဘာဝထဲတွင် အလှတရားသာမက ပျော်ရွှင်ခြင်းများပါရှိနေသည်။သဘာဝတရားကို အလှဆင်ခြင်းမဟုတ်…သဘာဝရဲ့ အလှတရားကို ဆင်မြန်းကြခြင်းသာ ဖ...
23/05/2026

သဘာဝထဲတွင် အလှတရားသာမက
ပျော်ရွှင်ခြင်းများပါရှိနေသည်။

သဘာဝတရားကို အလှဆင်ခြင်းမဟုတ်…
သဘာဝရဲ့ အလှတရားကို ဆင်မြန်းကြ
ခြင်းသာ ဖြစ်ပါသည်။

Ecoprint တွက် ပစ္စည်ဝယ်၊ပစ္စည်းစုဖို့သွာရင်းပါတိတ်လည်း ဆွဲကြမယ်ပေါ့။အဖွဲ့က ဘယ်လောက်ညီလည်းဆို ပါတိတ်ကနေsoy milk painting ...
21/05/2026

Ecoprint တွက် ပစ္စည်ဝယ်၊ပစ္စည်းစုဖို့သွာရင်း
ပါတိတ်လည်း ဆွဲကြမယ်ပေါ့။
အဖွဲ့က ဘယ်လောက်ညီလည်းဆို ပါတိတ်ကနေ
soy milk painting ရောက်သွားပါတယ်ရှင်။

#မန္တလေးကွန်ရက်

Address

54st/33st, Chan Aye Thar Zan Township
Mandalay

Website

Alerts

Be the first to know and let us send you an email when Myanmar Textile Creators’ MSMEs Network,Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share