Hsu's Favourites

Hsu's Favourites Food is the way to my heart ❤️

ရာသီဥတုကမိုးအေးအေး🌧️တစ်ခါစားပြီးတိုင်း ထပ်ထပ်စားချင်နေတဲ့ မန္တလေးက LaLaTang😍LaLaTang ဆိုတဲ့အသံကြားတာနဲ့စားချင်စိတ်ကအော်တ...
01/06/2025

ရာသီဥတုကမိုးအေးအေး🌧️
တစ်ခါစားပြီးတိုင်း ထပ်ထပ်စားချင်နေတဲ့ မန္တလေးက LaLaTang😍

LaLaTang ဆိုတဲ့အသံကြားတာနဲ့စားချင်စိတ်ကအော်တိုဝင်ပြီးသား😁

LaLaTang မှာ အရည်ဆိုရင် Bone Soup ကနာမည်ကြီးတယ်
ဒါပေမယ့် Hsuကတော့ စီချွမ်းမှ စီချွမ်း
ပြောရင်းနဲ့တောင်ထပ်စားချင်လာပြီ😭

သူ့ရဲ့ reviewလေးကပြောစရာမလိုအောင်ကိုကောင်းလွန်းတယ် အသားတွေ အသီးအရွက်တွေလဲ လတ်လတ်ဆတ်ဆတ်မလို့ မသန့်ရှင်းမှာလဲစိတ်မပူရဘူး အရည်ဆိုရင်လဲ ဝက်ရည် အမဲရည် ဝက် အမဲ မစားတဲ့သူတွေအတွက်လဲ ကြက်ပြုတ်ရည်နဲ့ရပါတယ်

🍚ထမင်းလေးနဲ့တွဲစားအရမ်းမိုက်

အချဉ်လေးကလဲကိုယ်ကြိုက်သလိုစပ်ပြီး စားလို့ရပါတယ်

ဆိုင်မှာအအေးလေးတွေလဲရပါတယ်🥤

📍လိပ်စာလေးက 71လမ်း 32လမ်းထောင့်ပါရှင်

ဈေးတန်တန်လေးနဲ့ Dimsum အစုံကိုမှ အရသာရှိရှိစားချင်တယ်ဆိုရင်တော့ မန္တလေးမြို့ 79လမ်း 26ထောင့်မှာရှိတဲ့ Dimsum အပေါင်းဆိုင...
19/05/2025

ဈေးတန်တန်လေးနဲ့ Dimsum အစုံကိုမှ အရသာရှိရှိစားချင်တယ်ဆိုရင်တော့ မန္တလေးမြို့ 79လမ်း 26ထောင့်မှာရှိတဲ့ Dimsum အပေါင်းဆိုင်လေးကိုသွားစားကြည့်ကြနော်

⏰ဆိုင်လေးကညနေလောက်မှဖွင့်တယ်

💸တစ်ပေါင်းကို 1700 ပါရှင့်

တစ်ပေါင်းမှာကြီးတာလေးဆို 2ခုပါတယ်
သေးတာလေးတွေဆို 3ခုလောက်ပါပါတယ်ရှင်

Hsuအကြိုက်ဆုံးကတော့ ဖီတန်လေး 🤤

နောက်ထပ် ကြက်မဲ ကြက်နှလုံး ရေညှိ ပုစွန် ကြက်ဥလိပ် ကြက်ခြေထောက် အပြင် နောက်ထပ်လဲ အစုံရပါတယ်
ကြက်ဥလိပ်လေးကလဲအရမ်းကောင်းနေရော

သူ့အချဉ်က အချိုအစပ်နှစ်မျိုးချပေးတယ် 🥫

Hsuကတော့ ဘယ်တော့မှမရိုးတဲ့ အစပ်နဲ့ပဲတို့စားတယ် 🌶️

အချဉ်မှာဂျင်းဖတ်လေးတွေရောပါတော့ ပြောစရာမလိုအောင် အချဉ်လေးကလဲကောင်းပါတယ်ရှင် 😍

📍ဆိုင်ပုံလေးနောက်ဆုံးမှာပြပေးထားပါတယ်ရှင်

17/05/2025

Hi Hi 👋

Hsu's Favourites ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်🙏

ပိုက်ဆံလဲအရမ်းမကုန်ပဲ ဗိုက်လဲဝတဲ့
စားစရာတွေကိုစုံနေအောင်စားချင်တယ်ဆိုရင်တော့.....🤔

မန္တလေးဈေးချိုကမုန့်ဈေးတန်းကိုသွားစားဖို့က မှန်ကန်တဲ့ဆုံးဖြတ်ချက်ဘဲနော်

Hsu လို အစားသရဲတွေအတွက် မန္တလေးမြို့မှာရှိတဲ့ ဈေးချိုကိုပတ်ပြီးမုန့်စားရတဲ့အရသာလေးက ဘယ်အရာနဲ့မှကိုမတူတာနော် ✨

Hsuဘာတွေစားခဲ့လဲဆိုတာ Videoလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော် ❤️

Hello Guys!! 🤚မာလာရှမ်းကောဆို ပုံမှန်စားနေကြဆိုင်တွေမဟုတ်ဘဲ Hsu ဒီတစ်ခေါက် အရသာသစ်လေးမြည်းစမ်းချင်တာနဲ့  🤔📍Mingalar Mand...
21/03/2025

Hello Guys!! 🤚

မာလာရှမ်းကောဆို ပုံမှန်စားနေကြဆိုင်တွေမဟုတ်ဘဲ
Hsu ဒီတစ်ခေါက် အရသာသစ်လေးမြည်းစမ်းချင်တာနဲ့ 🤔
📍Mingalar Mandalay မှာရှိတဲ့
The Move ထဲက Shan Shan Hla မာလာရှမ်းကောဆိုင်လေးကိုသွားစားဖြစ်ခဲ့ပါတယ်ရှင်🛵

သူ့ဆိုင်မှာ မာလာရှမ်းကောအပြင်
🍽️မာလာမောက်ချိုက်
🍽️မာလာဒုတ်ထိုးရောရပါတယ်
Hsuကတော့ မာလာရှမ်းကောစားခဲ့ပါတယ်

Hsuအစပ်အရမ်းကြီးမစားချင်တာနဲ့ Level 1နဲ့ပဲစားခဲ့တယ် 🌶️Hsuကအသီးအရွက်🥬 ထက် အသား🥩တွေပိုကြိုက်တော့ အသားတွေအရွေးများသွားပါတယ် 😂
အရသာက ဆီလဲအများကြီးမပါဘူး
ခြောက်ခြောက်လေးနဲ့ အထုံအရမ်းမကြိုက်တဲ့ Hsuအတွက်တော့ အရမ်းလဲမထုံပဲ မာလာရှမ်းကောအရသာကို ကောင်းကောင်းစားခဲ့ရပါတယ် 🤤

🥫အချဉ်ကိုလဲစိတ်ကြိုက်စပ်လို့ရအောင် ပါဝင်ပစ္စည်းလေးတွေထားပေးထားပါတယ်

Hsu နောက်ထပ်မာလာရှမ်းကောစားမယ်ဆို ထပ်သွားစားဖြစ်မယ့်ဆိုင်တွေထဲမှာ ဒီဆိုင်လေးလဲပါပါတယ်ရှင်

အမရပူရ(တောင်မြို့)တောင်သမန်အင်းကန်ပတ်လမ်းက မဇာဇာ ခိုတောင်မုန့်တီ🤩🌨️ဆောင်းတွင်းမနက် တောင်သမန်ကန်ပတ်လမ်းရဲ့အအေးဒဏ်က်ိုခံစာ...
31/01/2025

အမရပူရ(တောင်မြို့)တောင်သမန်အင်းကန်ပတ်လမ်းက မဇာဇာ ခိုတောင်မုန့်တီ🤩

🌨️ဆောင်းတွင်းမနက် တောင်သမန်ကန်ပတ်လမ်းရဲ့အအေးဒဏ်က်ိုခံစားရင်း မဇာဇာမှာ မနက်စာလေးဝင်စားဖြစ်ခဲ့တယ် ☃️

🏠ဆိုင်လေးက ခိုတောင်မုန့်တီအပြင်
👉🏻နန်းကြီး
👉🏻နန်းလတ်
👉🏻ခေါက်ဆွဲပြား
👉🏻နန်းပြား အစုံရတယ်

💸ဈေးနှုန်းလေးကလဲ
ပွဲသေး 1000
ပွဲကြီး 1500 တန်မှတန် 🫢

Hsuကတော့ နန်ပြားသုပ်ပွဲကြီးရယ် ခေါက်ဆွဲပြားသုပ်ရယ် မှာစားခဲ့တယ် မုန့်ဖတ်လေးတွေကလဲအိစက်ပြီး ချဉ်ငံစပ်လေးသုပ်ထားတော့ ရှူးရှူးရှဲရှဲ ဟင်းရည်ပူပူနဲ့ အလွန်လိုက်ဖက်သော😋
အကြော်ဆိုလဲမနက်အစောဆိုပူပူလေးနဲ့ယွယွလေးစားလို့သိပ်ကောင်းတာ
အချဉ်ဆိုလဲ ဘာစားမလဲ ကြက်သွန်ချဉ်လား မုန်လာချဉ်လား Hsuကတော့ နှစ်မျိုးလုံးကြိုက်တယ် 💕

ခိုတောင်မုန့်တီဆိုင်မှာ ဟင်းရည်ကလဲအသက်နော် 🤔
🍲ငါးဖယ်ဟင်းရည်
🍲ပိတ်စွယ်ဟင်းရည်
🍲ငါးခေါင်းဟင်းရည်
အချိုသောက်သောက် ချဉ်စပ်သောက်သောက် အရသာရှိမှရှိ ❤️

❄️ရာသီဥတုအေးအေးနဲ့Hsuကတော့ ကော်ဖီလေးတစ်ထုပ်ကမှာသောက်လိုက်သေးတယ် ☕️
ဈေးလဲတန်ပြီးစားရတဲ့အရသာလဲကောင်း ဆိုင်ကအစ်မတွေကလဲသဘောကောင်းလို့ Hsuအဲ့ဘက်ရောက်တိုင်းအမြဲစားဖြစ်တယ်❤️

🚏ဆိုင်လိပ်စာလေးက Hsuတို့ တံခွန်တိုင်ကနေလာရင် ဦးပိန်ဘက်သွားတဲ့လမ်းအတိုင်းတည့်တည့်ကြီးလာရုံပဲ ပုထိုးတော်ကြီးမုဒ်ဦး အကျော် ဦးပိန်ဘက်သွားတဲ့လမ်းခွလေးမှာဘဲနော်

Hello! ❄️Hsu's Favourites Page လေးကနေ ပြန်လည်ကြိုဆိုပါတယ်ရှင်☃️🛺Hsu ဒီနေ့ အမရပူရဘက်ရောက်ရင် အမြဲစားဖြစ်တဲ့ကွက်သစ်ဈေးနားက...
25/01/2025

Hello! ❄️
Hsu's Favourites Page လေးကနေ ပြန်လည်ကြိုဆိုပါတယ်ရှင်☃️

🛺Hsu ဒီနေ့ အမရပူရဘက်ရောက်ရင် အမြဲစားဖြစ်တဲ့ကွက်သစ်ဈေးနားက မြှီးရှည်ဆိုင်လေး အကြောင်း ပြောပြပေးမယ်နော်

ဈေးလဲသင့်ပြီး အရသာကလဲ ပြောစရာမလိုတဲ့
မန္တလေးမြှီးရှည်🍜
ပွဲသေး 1500
ပွဲကြီး 2000

Hsuကတော့ ထုံးစံအတိုင်းပွဲကြီးကို ဝက်သားနဲ့ဆွဲခဲ့တယ် 😁
မြှီးရှည်ဖက်ကဘဲအိပြီး အရမ်းစားကောင်းတယ် မြှီးရှည်အပြင် ဆန်ပြားလဲရတယ် မနက်6နာရီကျော်လောက်ဆိုစရပြီ
Hsuကမနက်အစောကြီးသွားစားတော့ လူလဲရှင်းတယ်

Hsu ကတော့အဲ့ဆိုင်ကအချဉ်လေးရော ဟင်းရည်လေးရောကြိုက်တယ်
🍜မြှီးရှည်ကိုငရုတ်သီးစပ်စပ်လေးနဲ့ မုန့်ညှင်းချဉ်လေးရယ်နဲ့တွဲစားရတဲ့အရသာက very good
ဒီဆိုင်လေးကဈေးလဲတန်ပြီး အရသာလဲကောင်းလို့ Hsuကြိုက်တဲ့မြီးရှည်ဆိုင်တွေထဲကတစ်ဆိုင်ပေါ့ရှင်

🚏လိပ်စာလေးက Hsu တို့ စစ်ကိုင်းမန္တလေး လမ်းကနေ လာရင် အမရပူရမြို့မှကြိုဆိုပါ​၏ ဆိုင်းဘုတ်အကျော်ကွက်သစ်မီးပွိုင့်မရောက်ခင်မှာ သနပ်ခါးလမ်းဆိုတဲ့လမ်းရဲ့ ထောင့်လေးမှာရှိပါတယ်နော်
ပုံလေးထဲမှာလဲပြထားပေးပါတယ်ရှင်❤️

Hello မင်္ဂလာပါရှင့် 🌤️မနက်စာဆိုင်လေးညွှန်းပေးချင်တာ Hsu မအားတာနဲ့ ဒီနေ့မှပဲတင်ဖြစ်တော့တယ် ဒီတစ်ခေါက် 34 လမ်း 62*63ကြားမ...
14/01/2025

Hello မင်္ဂလာပါရှင့် 🌤️
မနက်စာဆိုင်လေးညွှန်းပေးချင်တာ
Hsu မအားတာနဲ့ ဒီနေ့မှပဲတင်ဖြစ်တော့တယ်

ဒီတစ်ခေါက် 34 လမ်း 62*63ကြားမှာရှိတဲ့
မတီးရှမ်းခေါက်ဆွဲဆိုင်လေးပဲဖြစ်ပါတယ် 🍜
ဈေးလေးလဲသင့်တယ် စားရတာလဲကောင်းတယ် 👍

ဆိုင်လေးကသေးသေးလေးဆိုပေမယ့်
သူ့ရဲ့အရသာလေးကတော့မသေးပါဘူးနော် 🤩

ပွဲသေး ပွဲကြီး သူကဈေးလေးလဲရေးပေးထားတယ်
ဒါပေမယ့် ဆန်စီးကတော့ဈေးလေးနည်းနည်းပိုပါတယ်နော် Hsu ဆန်စီးတို့ဟူးနွေးကိုပွဲကြီးစားတာ 💸2500ပေးခဲ့ရပါတယ်ရှင် သူကအသားတော့မပါပါဘူးနော်

📓ရှမ်းခေါက်ဆွဲအပြင်တခြားဟာလေးတွေလဲရပါတယ် Hsu ကတော့ အဲ့ဆိုင်မှာမနက်စာပဲအဓိကစားဖြစ်ပါတယ်ရှင်

အရမ်းကြိုက် 😋

30/12/2024

Hello 👋
Hsu ဒီနေ့ 35 62*63 ကြားက CIS 2 Supermarket က Noodle Bar 🍜 ကိုသွားခဲ့ပါတယ်

အဲ့က Noodle Barမှာ ခေါက်ဆွဲစားရင်း 🍜
15000 ဖိုးကျော်လို့ ကံစမ်းမဲလေးနှိုက်ခွင့်ရလိုက်သေးတယ်
ကဲစမ်းမဲက23ကနေ 31ထိတဲ့
Hsuကဒီနေ့သွားလိုက်တော့ အဆင်ပြေသွားတာပေါ့😂

Supermarketမှာပစ္စည်းလေးတွေလဲအစုံရှိတော့ လိုအပ်တာလေးတွေလဲဝယ်လို့ရတာပေါ့ 🛒

Hsu ဒီနေ့ ဘာခေါက်ဆွဲလေးတွေစားခဲ့တယ် ဘာတွေထည့်စားခဲ့တယ် ဘာလေးမဲပေါက်ခဲ့လဲဆိုတာကိုတော့videoလေးထဲမှာပြောပြပေးထားတာမို့ Videoလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော် ✨

Hello 👋Hsu ဒီနေ့ မနက်စားခဲ့တဲ့ တို့ဟူးနွေး ကောင်းကောင်းလေး ပြောပြပေးမယ် 🤩သူ့ဆိုင်ရောက်တိုင်း Hsuက တို့ဟူးနွေးပဲအမြဲစားဖြ...
15/12/2024

Hello 👋
Hsu ဒီနေ့ မနက်စားခဲ့တဲ့ တို့ဟူးနွေး ကောင်းကောင်းလေး ပြောပြပေးမယ် 🤩

သူ့ဆိုင်ရောက်တိုင်း Hsuက တို့ဟူးနွေးပဲအမြဲစားဖြစ်တယ် သူကကုန်တာလဲမြန်တယ် ပုံမှန်ဆို
စောစောသွားရင် တို့ဟူးကြော်လဲရတယ်
Hsuကတော့နောက်ကျတာနဲ့တို့ဟူးကြော်မမှီလိုက်ဘူး 🤧

🍜သူက
ပွဲသေး 2000
ပွဲကြီး 3000 ဆိုပြီးရတယ်
Hsuကတော့ ထုံးစံအတိုင်း ဘာလာလာပွဲကြီးပဲပေါ့ 😂

သူကအသားမပါဘူး သပ်သပ်လွတ်ပဲရတယ်
သူ့ဆီမှာအရွက်က ကိုက်လန်ကိုသုံးပေးထားတယ် သူ့တို့ဟူးနွေးလေးက မွှေးပြီး စားရတာ မအီဘဲပျစ်နှစ်နေတာ 😋
🌶️ပြီးတော့ သူ့ရဲ့ ငရုတ်သီးဆီသပ် အရမ်းကောင်း တို့ဟူးနွေးပူပူလေးနဲ့ ငရုတ်သီးလေးကလဲ မွှေးနေတာ အရမ်းစားကောင်းတာ
တို့ဟူးနွေးကိုလဲအများကြီးထည့်ပေးတာကို Hsu သဘောကျတယ် 😁

☕ဆိုင်ရဲ့ရှေ့မှာ လက်ဖက်ရည်ဆိုင်လေးလဲရှိတယ် တစ်ခွက်ကို 1200 ပဲ အီကြာကွေးလဲရတယ် နောက်ကျရင်တော့မရဘူးပေါ့နော် Hsu ကမနက်စာလေးစားပြီးရင် လက်ဖက်ရည်ကလဲသောက်တတ်တဲ့လူဆိုတော့ ကွတ်တိပဲပေါ့ လက်ဖက်ရည်ကိုလဲ ရှမ်းဆိုင်ဘက်ထိလာချပေးတယ် တစ်နေရာတည်းနဲ့တင်အကုန်အကြိုက်တွေ့ 🥰

🛵လိပ်စာလေးက လမ်း90 38*37
မဟာစည်ရိပ်သာ သွားတဲ့လမ်းပေါမှာဘဲ
38ဘက်ကလာရင်ပိုနီးတယ်
ဆိုင်နာမည်လေးတော့မရှိပါဘူးရှင့်

19လမ်း City Mart က Hsu အရမ်းကြိုက်တဲ့Shwe Larr Hot Pot 🤤🫕Capital မှာလဲရှိတယ်နော်
09/12/2024

19လမ်း City Mart က

Hsu အရမ်းကြိုက်တဲ့

Shwe Larr Hot Pot 🤤🫕

Capital မှာလဲရှိတယ်နော်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Hsu's Favourites posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share