Japan Traditional Sake and Wine ဂျပန်ရိုးရာသောက်စရာ

  • Home
  • Myanmar
  • Mandalay
  • Japan Traditional Sake and Wine ဂျပန်ရိုးရာသောက်စရာ

Japan Traditional Sake and Wine ဂျပန်ရိုးရာသောက်စရာ Knowledge Sharing

29/01/2026

Older generationတွေက ဒီခေတ်လူတွေ အရမ်းနွဲ့ပြီး
Sensitive ဖြစ်လွန်းကြတယ် ထင်ကြလိမ့်မယ်။ အမှန်က
ခေတ်က ဆတ်ဆတ်ထိမခံ ဖြစ်တာမဟုတ်ဘူးဗျ…

လူ့ယဉ်ကျေးမှုက ပိုပြီး အဆင့်မြင့် refined လာတာ

အရင်ခေတ်တစ်ခုက “ချစ်လို့စတာ၊ စေတနာနဲ့၊ ရင်းနှီးလို့”
စတဲ့ ခေါင်းစဉ်တွေနဲ့ personal space ကဘာမှန်းမသိကျူးကျော်တတ်ကြတာများတယ်

ခေတ်အလိုက်ပြောင်းလဲပြီး adaptလုပ်ရမှာတွေရှိတယ်
ဒီအချက်တွေကို ယနေ့ ခေတ်ထဲ သတိထားဖို့လိုတယ်…..

၁။ Body shaming

လမ်းမှာတွေ့ရင် “ဝလာတယ်နော် ပိန်လာတယ် မဲသွားတယ်”
စတာတွေက တစ်ခေတ်ကတော့ နှုတ်ဆက်စကားလိုဘဲ။
ခုခေတ်မှာ ဒါက တအားရိုင်းတာ

သူတပါးရဲ့ self-esteem ကျစေတဲ့ဟာ မမေးရပါဘူး

၂။ personal အရမ်းဆန်တဲ့မေးခွန်းတွေ

“ဘယ်တော့ကျောင်းပြီးမလဲ၊ ဘယ်တော့ အိမ်ထောင်ပြုမလဲလစာ ဘယ်လောက်လဲ” ဘာမေးခွန်းဘဲဖြစ်ဖြစ် ဆက်ဆံရေး တစ်ခုရှိရင်တောင် တဖက်သားကို ဖိအားဖြစ်စေတဲ့
ဖြေရခက်တဲ့ မေးခွန်းတွေ မမေးရဘူး

၃။ Age discrimination

ရုပ်ရှည်နှင့် အသက်ကို တမင်နှိမ်ပြီး ခွဲခြားခေါ်ကြတာ
ကိုယ့်ရုပ်ရည်က ပျိုပျို ရင့်ရင့် အသက်ပေါ်မူတည်ပြီး
ခေါ်ရတဲ့အသုံးအနှုန်းတွေရှိတယ်

၂၀ကျော်ကစ ၄၀လောက်ထိဆို အကို အမ။
၅၀ကျော်ဆို ဦးလေး အဒေါ် ပေါ့… အရင်ခေတ်ကတော့ ၃၀ကျော်ဆို အဒေါ် ဖြစ်ချင်ဖြစ် ၃၀ရုပ်ပေါက်လိမ့်မယ်
ဒီခေတ်မှာ မရတော့ဘူးဗျ။ ပြင်ကြ ဆင်ကြနဲ့
၄၀ကျော်တောင်၂၀၊ ၃၀လို့ ထင်ရ ပိုပိုနုလာကြတယ်။

၄။ ကလေးဆိုတာ public property မဟုတ်ပါ

ကလေးပဲဟာ… ချစ်လို့ဆိုပြီး စတဲ့ခေတ်ကုန်ပါပြီ
ကလေးလည်း သူ့ခန္ဓာကိုယ် ပိုင်ဆိုင်ခွင့်ရှိတယ်။ စနောက်ပြီး
ပါးဆွဲ၊ နှာခေါင်းဆွဲ၊ မဟုတ်တာလိုက်ထိရင် child abuseပဲ
ကလေးကို မလေးစားတတ်ရင် လူကြီးမပီသပါဘူး

၅။ Mental health is not a joke

တယောက်ယောက်က စိတ်ဓာတ်ကျနေတယ်ဆိုရင်
ဘာတွေစိတ်ဓာတ်ကျနေတာလဲ၊ Dramaတွေခင်းမနေနဲ့
ရူးနေတာလား စသဖြင့် စိတ်ကျန်းမာရေးကို လှောင်တာက
ခုခေတ်မှာ လက်မခံကြတော့ဘူး

စိတ်မကျန်းမာတာက trauma တွေ၊ ပတ်ဝန်းကျင် နှင့်အတွေ့အကြုံတွေ ဒါတွေနဲ့ သက်ဆိုင်တယ်။ မတူနိုင်တာမို့
သွား ဝေဖန်လို့မရဘူး

၆။ victim blaming

ခုခေတ်ကြီးမှာ ဒီလိုလူတွေအများကြီးရှိသေးတယ်
လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ခံရတာဖြစ်ဖြစ်၊ အကြမ်းဖက်ခံရတာတွေဆို သူက ဘယ်လိုဝတ်ထားလို့
စသဖြင့် ခံရသူဘက် အပြစ်ရှာကြံပြီး ပြောတတ်ကြတယ်

၇။ Gender ခွဲခြားတာ

LGBTQတွေမှာ ခေါ်တဲ့အသုံးအနှုန်းတွေ ရှိကြလိမ့်မယ်
ကျတော်ဆို supportပေးပါတယ်။ ဘာ gender မို့
မခွဲခြားဘူး။ ဒါပေမယ့် straight မို့ လာကြိုက်ရင်တော့
ငြင်းမှာဘဲဗျ။ ဒါက personal preference ပိုင်း
Boundary ရှိတယ်။

ဥပမာ နွဲ့နှောင်းနေတဲ့ LGBT တစ်ယောက်ကို မင်းက
ယောကျ်ားမဟုတ်ဘူးလားကွာဆိုပြီးတော့ သွားမပြောနဲ့ဗျ မိန်းကလေးတွေလည်း အဲ့အတိုင်းဘဲ မိန်းကလေးချင်း စိတ်ဝင်စားတာရှိလိမ့်မယ်။ ဒါက သူ့ခံယူချက်၊ သူ့ဟော်မှုန်းသက်ရောက်မှုတွေ အတွေ့အကြုံ ပတ်ဝန်းကျင်နဲ့ဆိုင်တယ်

ဒါကို သွား ဝေဖန်လို့မရဘူးဗျ။ မိန်းကလေးမို့ ဘာမလုပ်နဲ့
ယောကျ်ားလေးမို့ မငိုနဲ့။ စိတ်ဓာတ်မကျနဲ့ ပြောမရဘူး
ဒါက gender roleနဲ့ ပိတ်လှောင်ပြီး ခွဲခြားတာပဲ

၈။ Phobiaတွေ ကြောက်တတ်တဲ့ အရာတွေ

စတာတွေက limit ရှိတယ် limit လွန်ရင် အသက်ဆုံးတဲ့အထိ
ဖြစ်နိုင်တယ်။ Phobia ဆိုတာ စရမယ့် ထဲမပါဘူး
ပိုးဟပ်ကြောက်တာ အမြင့်ကြောက်တာမျိုးတွေပေါ့

ဒီဘက်ခေတ် လူနေမှုပုံစံက mutual respect နဲ့သွားတာ
Consentတွေပေါ် အခြေခံပြီး ဖြစ်လာကြတာ။

စေတနာ၊အချစ်၊ ဘာခေါင်းစဉ်ကြောင့်ဖြစ်ဖြစ်
“ငါ ဒီလိုပြောလို့သူ ဘယ်လိုခံစားရမလဲဆိုတာရယ် Privacyရယ်” အရင်စဉ်းစားရတဲ့ခေတ်ပါ

မူရင်း credit - Aung Simphony

  က နောက်ဆုံးသတင်း တဲ့..တကယ် ဟုတ် မဟုတ်တော့ မသိဘူးနော်...ပျော်စေချင်လို့ ပါ 😁 ေါင်းချုပ်
02/08/2025

က နောက်ဆုံးသတင်း တဲ့..
တကယ် ဟုတ် မဟုတ်တော့ မသိဘူးနော်...
ပျော်စေချင်လို့ ပါ 😁

ေါင်းချုပ်

နွေရောက်ပြီဆ်ိုပေမယ့် နွေဦးတုန်းကပုံတွေ တင်လို့မပြီးသေးလို့ လေ 😅  Gunma Prefecture ထဲက ပန်းမက်မွန်ပင် သုံးရာကျော် စီတန်...
13/06/2025

နွေရောက်ပြီဆ်ိုပေမယ့် နွေဦးတုန်းကပုံတွေ တင်လို့မပြီးသေးလို့ လေ 😅 Gunma Prefecture ထဲက ပန်းမက်မွန်ပင် သုံးရာကျော် စီတန်းစိုက်ထားတဲ့ နေရာလေးပါ 🌸🌺🌸
ဓါတ်ပုံဆရာမရဲ့နာမည် ပါပါတယ်
#ဂျပန် #နွေဦး

 #ဂျပန်  #နွေဦး  #ဆာကူရာ  #ကျိုတို  🌸🌸
07/06/2025

#ဂျပန် #နွေဦး #ဆာကူရာ #ကျိုတို 🌸🌸

ဆံပင်ကျွတ်ကွတ်ကီး ဆိုလို့ ဝယ်စားကြည့်တာ 😂Credit:  Japan Shorts   #ဂျပန်
07/06/2025

ဆံပင်ကျွတ်ကွတ်ကီး ဆိုလို့ ဝယ်စားကြည့်တာ 😂

Credit: Japan Shorts
#ဂျပန်

06/06/2025

လမ်းဘေးခွေးလေးတွေအပေါ် ဒီအစ်မကြီးလို အမြင်လေးတွေ ထားပေးကြနိုင်ရင် ကောင်းမယ် 🥰

" ချဥ်ဖတ် "ကျိုတိုက လက်လုပ်ချဉ် Tsukemono တွေက ဂျပန်မှာတော့ တော်တော်နာမည်ကြီးတယ်။ ဂျင်းချဉ်..မုန်လာဥချဉ်..မုန်ညင်းချဉ်.....
06/06/2025

" ချဥ်ဖတ် "
ကျိုတိုက လက်လုပ်ချဉ် Tsukemono တွေက ဂျပန်မှာတော့ တော်တော်နာမည်ကြီးတယ်။ ဂျင်းချဉ်..မုန်လာဥချဉ်..မုန်ညင်းချဉ်..ကြက်သွန်ချဉ်..ခရမ်းသီးချဉ် .. ပြီးတော့ နာမည် မမှတ်မိတတ်တဲ့ တောထဲကရတဲ့ အသီး အရွက် အမြစ်...
အို..အချဉ်မျိုးကို စုံနေတာပဲ :-D

ဟိုနေ့က စားတဲ့ ကျိုတိုကထွက်တဲ့ ခရမ်းသီးချဉ်ဖတ်လေး တကျွတ်ကျွတ်နဲ့ အရမ်းစားကောင်း လို့ ပုံရိုက်ထားမိတာ.. စားချင်စဖွယ် အမြင်လှအောင်လုပ်ထားတာကလည်း ဂျပန်ချဥ်ဖတ်ရဲ့ ဝိသေသတစ်ခုပဲ 😍

ဂျပန်ရိုးရာမှာ မနက်စာထမင်း ကနေ စပြီး ... အဆာပြေ ခေါက်ဆွဲဘာညာအလယ် ... ညစာအထိ ချဥ်ဖတ်တမျိုးမျိုး တွဲဖက် စားသုံးတဲ့အလေ့ရှိပါတယ်။

ဂျပန်ရိုးရာ အချဉ်တည်နည်းတွေ သိချင်ရင်တော့ How to make Tsukemono in Japan? ဆိုပြီး ရှာသာကြည့်ပေတော့ :-P

တကယ်လည်း ဂျပန်ရိုးရာ ချဥ်ဖတ်လုပ်နည်းက အမျိုးမျိုးတွေ ရှိတာကြောင့်မို့ပါ...ပြီးတော့ အားလုံးက အရမ်းကိုလွယ်ကူ ရိုးရှင်းတာတွေချည်းပဲမို့ အကုန်ရေးမပြတော့တာပါနော်။

ချဉ်ဖတ်အရမ်းကြိုက်ပြီး ခဏခဏ ဝယ်စားနေတတ်လို့ ချဥ်ဖတ် company လုပ်ပါလား ​လို့ စ နောက်ပြောကြသူတွေလည်း ရှိ 😂
အဲဒါနဲ့ .. ပြောဦးမယ်..လို့
ချဉ်ဖတ်ဆိုလို့ စျေးပေါတယ်တော့ မထင်နဲ့နော်...
အဲဒီ ခရမ်းသီးပိန်ရှည်လေးသုံးတောင့်စျေးနဲ့ Mac ဟမ်ဘာဂါ M size တခု စျေးနဲ့ အတူတူပဲရယ် လို့ ပြောရသေးတယ် 😂

ကျန်းမာရေးမျက်စိနဲ့ ကြည့်မယ်ဆိုရင်တော့ အကျိုးကျေးဇူးက ချဉ်ဖတ်နဲ့ ဘာဂါက .. + နဲ့ - လို လုံးဝ ဆန့်ကျင်ဘက်ပဲ။

အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းကျိုးပေးတဲ့ Probiotics တွေအပြည့်အဝပါလို့ လက်လုပ်ချဥ်လေးတွေကို နေ့တိုင်း မဖြစ်မနေကို စားပေးသင့်ပါတယ်။ 👍

#ဂျပန်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Japan Traditional Sake and Wine ဂ်ပန္ရိုးရာေသာက္စရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share