08/10/2025
အန်ထိုးဗူး
အန်ထိုးဗူးတွေကို အတွေ့အရမ်းနည်းလာတယ်။အဟောင်းအစစ်ကို မမြင်ရ မတွေ့ရတာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ အသစ်ကိုတောင် လုပ်တဲ့သူမရှိ လုပ်တတ်တဲ့လူမရှိတော့ မတွေ့ရတော့ဘူး။အန်ထိုးဗူးအကြောင်း စဥ်းစားမိတော့ ၁၀ နှစ်ကျော်လောက်ကလုပ်ထားတဲ့ အန်ထိုးဗူးလေးတွေကို သတိရလို့ ပုံလေးတွေတင်ပေးလိုက်တယ်။ ဒီနေ့ခေတ်မှာ သစ်စေး တစ်ပိသာကို ၁၄၀၀၀၀ ဟသာ်ပြဒါးတစ်ကျပ်သားကို၆၀၀၀၀ရွှေတစ်ဆိုင်းက၄၅၀၀၀၀ဝန်းကျင်ဆိုတော့ အသစ်ပြန်လုပ်ဖို့ကလဲ မလွယ်တော့ဘူး ဒီလိုနဲ့ပဲ ရိုးရာအမွေတစ်ခု တိမ်ကောပပျောက်သွားတော့မယ်ထင်တယ်