Zaria Handmade

  • Home
  • Zaria Handmade

Zaria Handmade 𝘼𝙢𝙞𝙜𝙪𝙧𝙪𝙢𝙞 𝙏𝙤𝙮𝙨 𝙖𝙣𝙙 𝙂𝙞𝙛𝙩𝙨 𝙎𝙝𝙤𝙥 🛒

𝙎𝙖𝙜𝙖𝙞𝙣𝙜, 𝙈𝙤𝙣𝙮𝙬𝙖

ဝါသနာလေးတစ်ခုကနေ အစပြုလို့ အိပ်မက်တွေဆီကို လှမ်းနေတဲ့ Zaria Handmade ရဲ့ Journey လေးက အခုမှ အစပဲရှိပါသေးတယ်ရှင်✨    ၂၀၂၂...
01/01/2026

ဝါသနာလေးတစ်ခုကနေ အစပြုလို့ အိပ်မက်တွေဆီကို လှမ်းနေတဲ့ Zaria Handmade ရဲ့ Journey လေးက အခုမှ အစပဲရှိပါသေးတယ်ရှင်✨
၂၀၂၂ ခုနှစ်ကစလို့ ၂၀၂၅ ခုနှစ်အထိ (၄) နှစ်တာကာလပတ်လုံး အစဉ်တစိုက် အားပေးခဲ့ကြတဲ့ ချစ်ရတဲ့ Customer များနဲ့ Follower တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့မေတ္တာတွေက ကျွန်မအတွက်ရှေ့ဆက်ဖို့ အကောင်းဆုံးသော ခွန်အားတွေပါပဲ💖
၂၀၂၆ နှစ်သစ်မှာလည်း ပိုမိုဆန်းသစ်တဲ့ Pattern အသစ်တွေ၊ စိတ်လှုပ်ရှားစရာ စိန်ခေါ်မှုအသစ်တွေနဲ့အတူ ပိုပြီးချစ်စရာကောင်းတဲ့ Amigurumi အရုပ်လေးတွေကို ဖန်တီးသွားဖို့ အဆင်သင့်ဖြစ်နေပါပြီရှင်🧸
အားလုံးပဲ ဖန်တီးမှုအသစ်တွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း Zaria Handmadeမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်🥂✨

𝙏𝙧𝙚𝙖𝙨𝙪𝙧𝙚 𝙤𝙛 𝙈𝙮𝙖𝙣𝙢𝙖𝙧: 𝙏𝙧𝙖𝙙𝙞𝙩𝙞𝙤𝙣𝙖𝙡 & 𝘾𝙧𝙤𝙘𝙝𝙚𝙩 𝙏𝙤𝙮𝙨 🇲🇲✨     ✨မြန်မာတို့ရဲ့ ငယ်ဘဝအမှတ်တရ ရိုးရာကစားစရာလေးတွေကို အခြေခံပြီး ခေ...
18/12/2025

𝙏𝙧𝙚𝙖𝙨𝙪𝙧𝙚 𝙤𝙛 𝙈𝙮𝙖𝙣𝙢𝙖𝙧: 𝙏𝙧𝙖𝙙𝙞𝙩𝙞𝙤𝙣𝙖𝙡 & 𝘾𝙧𝙤𝙘𝙝𝙚𝙩 𝙏𝙤𝙮𝙨 🇲🇲✨

✨မြန်မာတို့ရဲ့ ငယ်ဘဝအမှတ်တရ ရိုးရာကစားစရာလေးတွေကို အခြေခံပြီး ခေတ်မီလက်မှုအနုပညာ Crochet နဲ့ ဆန်းသစ်စွာ ပေါင်းစပ်ဖန်တီးထားပါတယ်ရှင့်

✨ချစ်စရာကောင်းတဲ့ ဖိုးသူတော်၊ ပစ်တိုင်းထောင်နဲ့ အိုးစည်ဗုံလေးတွေရဲ့ ထူးခြားတဲ့ အလှတရားကို အပ်ဖျားလေးကနေ တစ်ချက်ချင်း အနုစိတ်ပုံဖော်ထားတာဖြစ်လို့ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသူတိုင်းအတွက် ရိုးရာအငွေ့အသက်တွေ ကိန်းအောင်းနေတဲ့ အနုပညာလက်ရာမွန်လေးတွေပဲ ဖြစ်ပါတယ်ရှင် 🩷

🧶အရုပ် Pattern လေးတွေကတော့ 𝐓.𝐇.𝐒 𝐇𝐚𝐧𝐝𝐦𝐚𝐝𝐞 𝐂𝐨𝐫𝐧𝐞𝐫 ကပဲဖြစ်ပါတယ်ရှင့်💞

💍🎉 မင်္ဂလာပွဲ/အလှူပွဲ အမှတ်တရပြန်ကမ်းလက်ဆောင်အတွက် Crochet Keychain လေးတွေ မှာယူနိုင်ပါပြီရှင်💝​✨ချစ်ခင်ရတဲ့ ဧည့်သည်တော်...
14/12/2025

💍🎉 မင်္ဂလာပွဲ/အလှူပွဲ အမှတ်တရပြန်ကမ်းလက်ဆောင်အတွက် Crochet Keychain လေးတွေ မှာယူနိုင်ပါပြီရှင်💝
​✨ချစ်ခင်ရတဲ့ ဧည့်သည်တော်တွေကို အမှတ်တရဖြစ်စေမယ့် လက်ဆောင်လေးတွေပေးချင်ပါသလားရှင်🥰
​မင်္ဂလာပွဲအတွက်ဖြစ်စေ၊ အလှူပွဲအတွက်ဖြစ်စေ အမြဲအမှတ်တရဖြစ်နေစေမယ့် ပြန်ကမ်းလက်ဆောင်လေး‌တွေပေးဖို့ စဉ်းစားနေရင်...
​✨ နူးညံ့လှပတဲ့ ချည်ထိုးလက်ရာ Keychain လေးတွေက အသင့်တော်ဆုံးပါပဲနော်✨

🗝️ နူးညံ့ပြီး ပေါ့ပါးတဲ့ သော့ချိတ်လေးတွေမို့ ဧည့်သည်လေးတွေရဲ့ သော့တွဲ၊ အိတ်၊ ကားသော့တွေမှာ အမြဲတမ်း ချိတ်ဆွဲထားလို့ရပြီး သင့်ရဲ့ မင်္ဂလာပွဲ/အလှူပွဲကို အမှတ်ရနေစေမှာပါ 💞
​
🌷မိမိလိုချင်တဲ့ပုံစံ၊ ဒီဇိုင်းနှင့် အရောင်ကို ပြောပြပြီး စိတ်ကြိုက် မှာယူနိုင်ပါတယ်ရှင့်
​
​💰 မိမိသုံးချင်တဲ့ Budget နဲ့ အရေအတွက်အပေါ်မူတည်ပြီး အကောင်းဆုံးစျေးနှုန်းကို Adminနဲ့ တိုက်ရိုက်တိုင်ပင်ညှိနှိုင်းနိုင်ပါတယ်ရှင့်🙆🏻
💌ပွဲကျင်းပမယ့် ရက်စွဲ၊ ပွဲအမျိုးအစား (မင်္ဂလာပွဲ/အလှူပွဲ) နဲ့ လိုအပ်မယ့်အရေအတွက်ကို ဖော်ပြပြီး Admin ရဲ့ Message Box မှာ အခုပဲ မေးမြန်းလိုက်တော့နော်​ 💬

​ #ပြန်ကမ်းလက်ဆောင် #လက်ထပ်ပွဲအမှတ်တရ #အလှူပွဲအမှတ်တရ #ချည်ထိုးသော့ချိတ်

🧸ချစ်စရာကောင်းတဲ့ Keychain Sizeအရုပ်လေးများ💝🎁လက်ဆောင်ပေးဖို့အတွက်ဖြစ်စေ🎒မိမိရဲ့အိတ်လေးတွေမှာ အလှချိတ်ဆွဲဖို့အတွက်ပဲဖြစ်စ...
12/12/2025

🧸ချစ်စရာကောင်းတဲ့ Keychain Sizeအရုပ်လေးများ💝

🎁လက်ဆောင်ပေးဖို့အတွက်ဖြစ်စေ
🎒မိမိရဲ့အိတ်လေးတွေမှာ အလှချိတ်ဆွဲဖို့အတွက်ပဲဖြစ်စေ အရမ်းလှပြီး ချစ်စရာကောင်းတဲ့ Keychain size အရုပ်လေးတွေ မှာယူနိုင်ပါတယ်ရှင့်🙆🏻

✨ချည်သားကောင်းကိုသာ အသုံးပြု‌ပေးထားလို့ မိမိနှစ်သက်ရာ အရုပ်လေးများကိုလည်း လိုချင်တဲ့ပုံစံပြောပြပြီး order တင်ထားလို့ရပါတယ်ရှင့်🩷

🎄 Christmas Vibe အပြည့်နဲ့ Crochet Christmas Tree လေးတွေ လက်ဆောင်ပေးဖို့ အသင့်မှာယူနိုင်ပါပြီနော်😻🎄အကြည်ရောင် Box လေးနဲ့...
06/12/2025

🎄 Christmas Vibe အပြည့်နဲ့ Crochet Christmas Tree လေးတွေ လက်ဆောင်ပေးဖို့ အသင့်မှာယူနိုင်ပါပြီနော်😻
🎄အကြည်ရောင် Box လေးနဲ့ လှပသပ်ရပ်စွာ ထုပ်ပိုးပေးထားလို့ အဆင်သင့်ပေးရုံပါပဲရှင်🎁
🎄Christmasနေ့ မရောက်ခင် ချစ်ရသူတွေကိုလက်ဆောင်ပေးဖို့ ဒီဇင်ဘာလရဲ့ အလှပဆုံးလက်ဆောင်လေးကို စောစောစီးစီးမှာယူထားလိုက်တော့နော်💝

အသေးစိတ် စျေးနှုန်းနှင့် မှာယူလိုပါက Chat Boxမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်🙆🏻

🌿Studio Ghibli ရဲ့ My Neighbor Totoro character လေးတွေပါရှင့် မင်မင့်ရဲ့ favourite movie လေးမို့ ပုံစံအစုံထိုးထားလိုက်တယ...
29/11/2025

🌿Studio Ghibli ရဲ့ My Neighbor Totoro character လေးတွေပါရှင့် မင်မင့်ရဲ့ favourite movie လေးမို့ ပုံစံအစုံထိုးထားလိုက်တယ်ရှင်🥰

🐻🍯 𝗦𝘄𝗲𝗲𝘁𝗲𝘀𝘁 𝗕𝘂𝘁𝘁𝗲𝗿 𝗕𝗲𝗮𝗿𝘀 🤎      Butter Bears ချစ်သူလေးတို့အတွက် ကိုယ့်ရဲ့ အချစ်ဆုံးသူတွေကို လက်ဆောင်ပေးဖို့ ဒီလိုမျိုးနူ...
24/11/2025

🐻🍯 𝗦𝘄𝗲𝗲𝘁𝗲𝘀𝘁 𝗕𝘂𝘁𝘁𝗲𝗿 𝗕𝗲𝗮𝗿𝘀 🤎

Butter Bears ချစ်သူလေးတို့အတွက် ကိုယ့်ရဲ့ အချစ်ဆုံးသူတွေကို လက်ဆောင်ပေးဖို့ ဒီလိုမျိုးနူးညံ့အိစက်ပြီး အချစ်တွေနဲ့ ပြည့်နေတဲ့ ဝက်ဝံလေးတွေ In-Stock ရရှိနေပါပြီနော်🥰

🎁 အရမ်းချစ်ရတဲ့ သူငယ်ချင်းလေးတွေအတွက်ဖြစ်စေ၊ ညီအစ်မ‌တွေအတွက်ပဲဖြစ်စေ တစ်ယောက်တစ်ရုပ်စီ အမှတ်တရလက်ဆောင်ပေးပြီး ကိုယ့်ရဲ့ချစ်ခင်မှုကို အပြည့်အဝ ဖော်ပြလို့ရပါတယ်နော်😻

💞 Valentine's Day အတွက် ကြိုတင်ပြင်ဆင်မှာယူထားချင်ရင်လည်း အခုပဲစာရင်းပေးထားလို့ရပါပြီရှင့် စောစောမှာယူထားမှ စိတ်ချရမှာနော်😉

🎀 Sweet Pink Bunny for Your Little One 🐰   👶🏻ကလေးငယ်လေးတို့အတွက် မေတ္တာအပြည့်နဲ့ ဖန်တီးထားတဲ့ ကစားဖော်လေးကို ရှာဖွေနေပါသ...
21/11/2025

🎀 Sweet Pink Bunny for Your Little One 🐰

👶🏻ကလေးငယ်လေးတို့အတွက် မေတ္တာအပြည့်နဲ့ ဖန်တီးထားတဲ့ ကစားဖော်လေးကို ရှာဖွေနေပါသလားရှင်🥰

🧸ကလေးတစ်ယောက်ရဲ့ကမ္ဘာမှာ ကစားစရာအရုပ်ဆိုတာ ရိုးရိုးပစ္စည်းတစ်ခုမဟုတ်ဘဲ သူတို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ပြောရမယ့် အဖော်မွန်လေးတွေဆိုရင်လည်း မမှားပါဘူးရှင်💝

🎁ဒီချစ်စရာပန်းရောင်ယုန်ရုပ်လေးက သင့်ကလေးရဲ့ နေ့ရက်တိုင်းကို ပျော်ရွှင်ကြည်နူးမှုတွေနဲ့ပြည့်နေစေမယ့် အကောင်းဆုံး လက်ဆောင်လေးဖြစ်ပေးပါလိမ့်မယ်ရှင်ယုန်အရုပ်လေးကိုမိမိနှစ်သက်ရာအရောင်နဲ့မှာယူနိုင်ပါတယ်ရှင့်🩷

Size- 12"
Price- 16000 MMK

☃️❄️ဆောင်းရာသီရောက်ပြီဆိုတော့ အအေးဒဏ်ကို ကာကွယ်ဖို့နဲ့ ဖက်ရှင်ကျဖို့အတွက် Zaria Handmade ရဲ့ ကိုယ်ပိုင်ဒီဇိုင်း(Own Patt...
18/11/2025

☃️❄️ဆောင်းရာသီရောက်ပြီဆိုတော့ အအေးဒဏ်ကို ကာကွယ်ဖို့နဲ့ ဖက်ရှင်ကျဖို့အတွက် Zaria Handmade ရဲ့ ကိုယ်ပိုင်ဒီဇိုင်း(Own Pattern)နဲ့ ဖန်တီးထားတဲ့ Winter Bucket Hat လေးတွေ ရရှိနိုင်ပါပြီရှင်🙆🏻

✨အရည်အသွေးကောင်းမွန်တဲ့ ရေခဲချည်သားကို အသုံးပြုထားပြီး ဂရုတစိုက်ဖန်တီးပေးထားတဲ့အတွက် နူးညံ့နွေးထွေးမှုကို အပြည့်အဝပေးစွမ်းနိုင်မှာပါနော်🩷

​📸 ခရီးသွားဝါသနာရှင်များအတွက်လည်း ခရီးထွက်တဲ့အခါ အလှဆောင်းဖို့၊ ဓာတ်ပုံလှလှလေးတွေရိုက်တဲ့အခါ ပိုပြီးစတိုင်ကျစေဖို့အတွက်ဆိုရင် ဒီလိုbucket hatလေးတွေက မရှိမဖြစ်ပါပဲရှင်😻

​🎁 ဒါ့အပြင်ခရစ္စမတ်နဲ့ နှစ်သစ်ကူးလိုပွဲတော်ကာလတွေမှာ ချစ်ခင်ရသူတွေအတွက် အမှတ်တရလက်ဆောင် ပေးဖို့ စဉ်းစားနေရင် ဒီbucket hat လေးတွေက အသင့်တော်ဆုံးပါပဲ‌ရှင်🩷 Handmade ဖြစ်တဲ့အတွက် တမူထူးခြားတဲ့ခံစားချက်ကိုပေးစွမ်းမယ့် အကောင်းဆုံးလက်ဆောင်လေးတွေပါနော်✨

💸ဈေးနှုန်းလေးတွေကတော့ လိုချင်တဲ့ design လေးပေါ်မူတည်ပြီး 25000ကစပြီးရှိပါတယ်ရှင့်😘

​✨ 𝙕𝙖𝙧𝙞𝙖 𝙃𝙖𝙣𝙙𝙢𝙖𝙙𝙚 ရဲ့ စတိုင်ကျတဲ့ 𝙒𝙞𝙣𝙩𝙚𝙧 𝘽𝙪𝙘𝙠𝙚𝙩 𝙃𝙖𝙩 လေးတွေနဲ့အတူ ဒီနှစ်ဆောင်းကိုပိုပြီးလှပစေလိုက်ပါနော်🤩

🐰 ချစ်စရာကောင်းတဲ့ Outfit designမျိုးစုံနဲ့ Bunny squad လေးလာပါပြီရှင်😻 နူးညံ့အိစက်နေတဲ့ chenille yarnကိုအသုံးပြုပေးထားတ...
16/11/2025

🐰 ချစ်စရာကောင်းတဲ့ Outfit designမျိုးစုံနဲ့ Bunny squad လေးလာပါပြီရှင်😻 နူးညံ့အိစက်နေတဲ့ chenille yarnကိုအသုံးပြုပေးထားတဲ့အတွက် ကိုင်လိုက်တာနဲ့တင် Squishy လေးတွေလိုမျိုး အမြဲညှစ်ချင်နေတော့မှာပါလို့ 🤩

🎁ချစ်ရသူတွေအတွက် အမှတ်တရလက်ဆောင်ပေးချင်သည်ဖြစ်‌စေ
👶🏻သားသားမီးမီးလေးတွေနဲ့ တူ၊တူမလေးတို့အတွက် မွေးနေ့လက်ဆောင်ပေးချင်သည်ဖြစ်စေ ဒီ Bunny squad လေးကတော့ပြီးပြည့်စုံတဲ့ ရွေးချယ်မှုပါပဲရှင်🩷

​✨ ပုံထဲမှာ မြင်ရတဲ့ ဒီဇိုင်းတစ်မျိုးစီက တစ်ရုပ်ချင်းစီကိုသာ လက်ရှိ In-stock အနေနဲ့ရပါဦးမယ်ရှင့်
​ဆင်တူလေးတွေ ဒါမှမဟုတ် အရေအတွက်များများ လိုချင်တယ်ဆိုရင်တော့ ကြိုတင်ပြီး Order တင်ထားလို့ရပါတယ်ရှင့် 🙆🏻

🧑🏻‍🎄Santa Bouquet လေးခေတ်စားနေလို့ Christmas အမှီ ထိုးချင်တဲ့သူလေးတွေအတွက် ဘာသာပြန်ပေးထားပါတယ်ရှင်🙆🏻🩷
15/11/2025

🧑🏻‍🎄Santa Bouquet လေးခေတ်စားနေလို့ Christmas အမှီ ထိုးချင်တဲ့သူလေးတွေအတွက် ဘာသာပြန်ပေးထားပါတယ်ရှင်🙆🏻🩷

💛Yellow Cuties ✨      ✨Yellow Crazy Customer လေးအတွက် Groupလိုက်  ဖန်တီးဖြစ်တာလေးပါရှင့်😻      ✨မိမိအကြိုက်ဆုံးအရောင်လေး...
31/07/2025

💛Yellow Cuties ✨

✨Yellow Crazy Customer လေးအတွက် Groupလိုက် ဖန်တီးဖြစ်တာလေးပါရှင့်😻

✨မိမိအကြိုက်ဆုံးအရောင်လေးတွေနဲ့ Collection လုပ်ချင်သူတွေအတွက်ဖြစ်စေ…

✨အခန်းအလှဆင်ထားချင်သူများအတွက်သာမက..

✨လက်ဆောင်ပေးချင်သူများအတွက် Customerize order လေးဖန်တီးဖို့က Admin တာဝန်ပဲထားလိုက်ပါရှင်🙆🏻💛

Address


Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00

Telephone

+959941874109

Website

Alerts

Be the first to know and let us send you an email when Zaria Handmade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zaria Handmade:

  • Want your business to be the top-listed Interior Service?

Share