ယာတောသူ - သဘာဝမြေပဲဆီစစ်စစ်

  • Home
  • Myanmar
  • Monywa
  • ယာတောသူ - သဘာဝမြေပဲဆီစစ်စစ်

ယာတောသူ - သဘာဝမြေပဲဆီစစ်စစ် ယာတောသူ မှ ..

(၁၀၀%)ပြည့်
သဘာဝမြေပဲဆီစစ်စစ်၊ သစ်သားဆုံဆီမွှေး၊
နေကြာဆီ၊ နှမ်းဆီ တို့ကို စျေးနှုန်းသင့်တင့်စွာဖြင့်
အလေးချိန်ပြည့် ရောင်းချပေးနေပါပြီရှင်

မှာယူလိုပါက
cb (or) 09982999132
#ဘေဘီသျှံမေမေ
#ယာတောသူ

ဒီနေ့ .. ရွှေမန်းမြို့က ချစ်မရဲ့အမှာလေး(၁၀၀%)  #သဘာဝနှမ်းညိုဆီ စစ်/ကောင်း/သန့်လေးကားဂိတ်ချ တင်ပို့ပေးခဲ့ပါပြီရှင် 😍😍ဒီမမ...
22/10/2025

ဒီနေ့ .. ရွှေမန်းမြို့က ချစ်မရဲ့အမှာလေး
(၁၀၀%) #သဘာဝနှမ်းညိုဆီ စစ်/ကောင်း/သန့်လေး
ကားဂိတ်ချ တင်ပို့ပေးခဲ့ပါပြီရှင် 😍😍

ဒီမမ က .. နှမ်းတွေသိမ်းနေကတည်းက မေးထားတာရှင့်
နှမ်းဆီ ရရင် .. ယူအုံးမှာဆိုပြီး
ဆက်စပ်လို့ ပြောပြအုံးမယ်ရှင် 💙💙
'' ပြောတဲ့အတိုင်းလုပ်တဲ့သူတွေကို
ကျမ က သိပ်လေးစားတတ်တာရှင့် '' 😊😊
အမှန်က .. တည်ကြည်လို့ သဘောကျတာပေါ့နော်
~~~~~~~~~~~

အဲ့ဒီလိုပဲ.. ကျမ ကလည်း
အလေးစားခံရအောင် နေတယ် ..
လေးစားခံချင်လွန်းလို့တော့ မဟုတ်ဘူး
ဂုဏ်ရည်ပေါ့နော်.. အဲ့ဒီဂုဏ်ရည်ကို မြတ်နိုးတာ
ပြောထားတဲ့အတိုင်း လုပ်လိုက်တာက
တဖက်ရဲ့လေးစားမှုခံရသလို .. လုပ်လိုက်တဲ့ ကိုယ့်ကိုကိုယ်လည်း လေးစားစေတယ်
အရည်အသွေးတက်လာစေတယ် ✔✔
ကဲ .. စာရှည်ကုန်လိမ့်
လိုရင်း ပြန်သွားပါရစေရှင် 🌹🌹

🌿🌿🌿
#ယာတောသူရဲ့ #နှမ်းဆီကို မှာယူအားပေးတဲ့
မမရဲ့ မေတ္တာရိပ်တွေခံစားသိမိရပါတယ်ရှင့် 😘
ချစ်ပေးလို့ .. ဆီမှာယူအားပေးပေးလို့
ဝမ်းသာပြီး ကျေးဇူးအထူးတင်ရပါတယ်ရှင် 🙏

မှာယူတဲ့ .. ဆီတစက်ချင်းတိုင်းက
အာဟာရဓာတ်ပြည့်ဝစေပြီး ကျန်းမာခြင်းကို အပြည့်အဝ
အထောက်အကူပေးနိုင်ပါစေရှင့် 🙏

မမတို့ တမိသားစုလုံးလည်း 👨‍👩‍👧‍👦
💠 ယနေ့မှစ .. ပို၍ပို၍ ကျန်းမာပျော်ရွှင်ကြပါစေ
💠 စီးပွားလာဘ်လာဘများ ပို၍ကြီးပွားတိုးတက်ကြပါစေ
💠 စည်းလုံးညီညွတ်စွာနဲ့ ဘဝကိုရှေ့ဆက်နိုင်ကြပါစေ
💠 အလှူရေစက် လက်နဲ့မကွာ ပေးလှူနိုင်ကြပါစေ
💠 ကပ်ကြီးသုံးပါးကိုလည်း
အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေရှင်
🙏🙏🙏

ဆီမှာဆိုရင်
'' ရသာစစ်မှန်၊ တမူထူးတာ ယာတောသူလေးပါ ''
ဒါကြောင့်မို့ .. လူကြီးမင်းများ/အိမ်ရှင်မများအတွက်
လိုအပ်ရင် မှာယူအားပေးနိုင်ပါတယ်ရှင့်

ကျေးဇူးတင်ပါတယ်ရှင် 💙💙

#ဘေဘီသျှံမေမေ 📞09982999132
#ယာတောသူ
#သဘာဝမြေပဲဆီ #ဆုံဆီ #နှမ်းဆီ
ချမ်းမြဝတီရပ်၊ မုံရွာမြို့။

Hello .. မင်္ဂလာပါရှင့် နှမ်း✔✔ရှေ့လကမှ ကိုယ်တိုင်သန့်စင်ကြိတ်ယူလာတဲ့ #နှမ်းညိုဆီ စစ်စစ်သန့်သန့် မွှေးမွှေးလေးတွေကိုမှာယ...
20/10/2025

Hello .. မင်္ဂလာပါရှင့် နှမ်း✔✔
ရှေ့လကမှ ကိုယ်တိုင်သန့်စင်ကြိတ်ယူလာတဲ့
#နှမ်းညိုဆီ စစ်စစ်သန့်သန့် မွှေးမွှေးလေးတွေကို
မှာယူရရှိနိုင်ပါပြီရှင် 😍😍

🌿🌿🌿
နှမ်းအမျိုးအစားများကို အရင်ရှင်းပြပေးပါမယ်ရှင်

👉👉 နှမ်းဝါ၊ နှမ်းညို၊ နှမ်းဖြူ၊ စမုံနှမ်းနက် ဆိုပြီး ရှိကြပါတယ်.. ကျမတို့နယ်ဘက်ကတော့ (လက်ရှိအိမ်က)
မိုးဦးပိုင်းဆို နှမ်းညို၊ မိုးနှောင်းပိုင်းဆို နှမ်းဖြူ၊ နှမ်းနက်ကို စိုက်ပျိုးကြ/ ကြဲပက်ကြပါတယ်ရှင်

👉👉 ငယ်စဥ်ကဆို အဖေတို့က.. နှမ်းနီကြီး၊
နှမ်းဝါ (သက်နု၊ သက်ကြီး) ဆိုပြီးစိုက်ခဲ့ကြပါသေးတယ်

👉👉 ဒါကြောင့် .. ယခုရနိုင်တာကတော့ နှမ်းညိုဆီပါ
နှမ်းဖြူဆီကတော့ ဖေဖော်ဝါရီလလောက်မှ ရပါမယ်ရှင်
~~~~~~~~~~~~~~

🛑 နှမ်းဆီရဲ့ထူးခြားချက်ကို ပြောပြပါမယ်ရှင့်

🛑 မပြည့်ဝဆီတွေထဲမှာ .. ကျန်းမာရေးအတွက် အကောင်းဆုံး အထောက်အပံ့ရရှိစေတာကတော့
နှမ်းဆီပါရှင် .. စားသောက်ဖွယ်ရာတွေကို ..
သုပ်စား/ချက်စားတဲ့အခါလည်း အသုံးပြုကြသလို
လိမ်းဆေးအဖြစ်လည်း .. တွဲဖက်အသုံးပြုကြပါတယ်ရှင်

🛑 နှမ်းဆီက.. အသားငါးတွေကြော်တဲ့အခါတွေမှာတော့ အမြှူပ်တွေထလို့ အသားငါးအခြေအနေကို မမြင်ရဖြစ်ခြင်း၊
ဒယ်အိုးပက်လက် (ပြန့်ကျယ်သောဒယ်)တွေနဲ့
မုန့်တွေကြော်တဲ့အခါ အမြှူပ်တွေ ထ .. ဝေကျတာမို့လို့ အဲ့လိုအနေအထားမှာတော့ ..
နှမ်းဆီကိုအသုံးပြုဖို့ အဆင်မပြေနိုင်ပါဘူးရှင်

ငယ်စဥ်တည်းက >> အမေတို့မုန့်ကြော်တဲ့အခါ ပြောနေကျမို့ရယ် .. ကိုယ်တိုင်လည်း လက်တွေ့မို့ရယ် ..
အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးရခြင်းပါရှင်
နှမ်းအရသာမကြိုက်သူအတွက် ခါးသက်သလိုလိုလေးပါ
ကျမတို့ကတော့ .. စားနေကျမို့လားမသိဘူး
ခါးတဲ့အရသာလို့ (လုံးဝ)မခံစားရပါဘူးရှင် ❤❤

🌿🌿🌿
ဒါကြောင့် .. ကျန်းမာရေးအတွက် အကောင်းဆုံး
နှမ်းညိုဆီလေး အသုံးပြုလိုပါရင်

ဆီသားအသားတင်နှင့် ပုံးခွံအသစ်ပါပြီး စျေးနှုန်း

🛑 နှမ်းညိုဆီ (စက်ကြိတ်ဆီ)
၅ပိဿာ တပုံး ..... ၁၀၁၀၀၀ ကျပ်
၁၀ပိဿာ တပုံး ... ၂၀၀၀၀၀ ကျပ်

❤❤ ဆီသားအသားတင် အလေးချိန်အပြည့်ပေးတာမို့
ဆီသားလျော့မှာလည်း စိတ်မပူရပါဘူးရှင်

⭕ အနည်းဆုံး(၅)ပိဿာမှာယူပေးရပါမယ်ရှင်
⭕ မုံရွာမြို့တွင်းသာ အိမ်အရောက်ငွေချေရ
⭕ ကျန်မြို့များငွေလွှဲဝင်ပြီးနောက်ရက် ကားဂိတ်ချ
⭕ ဂိတ်ချ/တန်ဆာခအား ဝယ်ယူသူမှပေးချေရပါမည်ရှင်

🚛🚚 ရန်ကုန်အောင်မင်္ဂလာကားကွင်းဂိတ်တန်ဆာခ
၁၀ပိဿာတပုံး ...15000ks
၅ပိဿာတပုံး ...10000ks

🚛🚚 မန်းလေးမြို့တွင်းဂိတ်တန်ဆာခ
၁၀ပိဿာတပုံး ...5000ks
၅ပိဿာတပုံး ...3000ks

🚛🚚 လားရှိုးမြို့ကားဂိတ်တန်ဆာခ
၁၀ပိဿာတပုံး ... 30000ks
၅ပိဿာတပုံး ...15000ks

📣📣 တန်ဆာခအပြောင်းအလဲရှိနိုင်ပါသည်
တွက်ချက်ရန်အတွက် အရင်နှုန်းထားတင်ပြပေးထားခြင်းသာ။

အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင်
🙏🙏🙏

နှစ်သက်လို့ မှာယူချင်ရင်ဖြင့်
👉👉👉
cb/ 09982999132 (viber)
#ဘေဘီသျှံမေမေ
သာစည်လမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
#ယာတောသူ #သဘာဝမြေပဲဆီစစ်စစ်
#မြေပဲဆုံဆီ #နှမ်းဆီ

hello 😍
18/10/2025

hello 😍

ကျန်းမာရေးနဲ့ညီညွတ်တဲ့ .. ဆီအမျိုးအစားက ဘယ်ဟာဖြစ်မလဲ (၁) နေကြာဆီ(၂) နှမ်းဆီ(၃) စားအုန်းဆီ(၄) တိရစ္ဆာန်မှရသောဆီ(၅) အသီးအရ...
17/10/2025

ကျန်းမာရေးနဲ့ညီညွတ်တဲ့ .. ဆီအမျိုးအစားက
ဘယ်ဟာဖြစ်မလဲ

(၁) နေကြာဆီ
(၂) နှမ်းဆီ
(၃) စားအုန်းဆီ
(၄) တိရစ္ဆာန်မှရသောဆီ
(၅) အသီးအရွက်မှရသောဆီ
(၆) ကိုကြီးရင်ခွင်ဆီ

credit နော် 😂😂

💛💛 ပြိုင်ပွဲ တခုဝင်ပြိုင်ဖို့အတွက် #ယာတောသူလေး ရဲ့ photo studio မှာရိုက်ဖြစ်ခဲ့သောပုံလေးအမှတ်တရ တင်လိုက်ပါတယ်ရှင် 💛💛ယုံက...
16/10/2025

💛💛 ပြိုင်ပွဲ တခုဝင်ပြိုင်ဖို့အတွက်
#ယာတောသူလေး ရဲ့
photo studio မှာရိုက်ဖြစ်ခဲ့သောပုံလေး
အမှတ်တရ တင်လိုက်ပါတယ်ရှင် 💛💛

ယုံကြည်စိတ်ချစွာဖြင့်
ဆီများ မှာယူအားပေးနိုင်ပါတယ်ရှင် ❤

အပြင်မှာတော့ ..
ကျမ .. ရုပ်ဆိုးပုံတုံးကြီးဖြစ်သော်လည်း
အင်မတန်ရိုးသားပြီး
နှလုံးသား ဖြူစင်နူးညံ့သူလေးပါရှင့်
[ ကွကိုယ်ပြော 😛😛 ]

#ဘေဘီသျှံမေမေ
#ယာတောသူ #သဘာဝမြေပဲဆီ
#ဆုံဆီ၊ #နှမ်းဆီ
📞 09982999132

ကဲ.. wtowပြိုင်ပွဲဝင် အလှပုံတွေတင်ပြီးတော့  #ယာတောသူရဲ့ #မြေပဲစက်ကြိတ်ဆီ  #ဆုံဆီ  #နှမ်းဆီတွေကိုမှာယူအားပေးဖို့တိုက်တွန်...
16/10/2025

ကဲ.. wtowပြိုင်ပွဲဝင် အလှပုံတွေတင်ပြီးတော့

#ယာတောသူရဲ့
#မြေပဲစက်ကြိတ်ဆီ #ဆုံဆီ #နှမ်းဆီတွေကို
မှာယူအားပေးဖို့တိုက်တွန်းတဲ့ သဘာဝပုံတွေလာပါပြီရှင်
😝😝

ဒီပုံလေးတွေက 12.10.25 မှာ
လားရှိုးကားဂိတ်ချ တင်ပို့ပေးခဲ့တာလေးတွေပါ
မှာယူအားပေးသူ မမက
ဒါ.. ဒုတိယအကြိမ် မှာယူခြင်းပါရှင် 😘😘

ခုနောက်ပိုင်း .. ယာတောသူရဲ့မိတ်ဆွေအသစ်
New Customer တွေအတွက်
ပထမအကြိမ်မှာတယ်..
နှစ်သက်လို့ ဒုတိယအကြိမ်ထပ်မံမှာယူဖြစ်ရင်
ပုံထဲကလို .. ကျမတို့နယ်ဘက်ကထွက်တဲ့
အညာ ဖျင်ကြမ်း ချည်လက်သုတ်ထည် (၁)ထည် ကို
လက်ဆောင်ထည့်ပေးမှာဖြစ်ပါတယ်ရှင့်

🍀🍀🍀🍀🍀
ယခု .. မှာယူအားပေးတဲ့မမတို့မိသားစုအတွက်လည်း
ဆီတစက်ချင်းတိုင်းက .. အာဟာရတိုးစေပြီး
မိသားစု ပိုမိုကျန်းမာစေဖို့
အထောက်အပံ့ကောင်းဖြစ်ပါစေရှင် 🙏

မမတို့မိသားစုလေးလည်း 👨‍👩‍👧‍👦
💠 ယနေ့မှစ .. ပို၍ပို၍ ကျန်းမာပျော်ရွှင်ကြပါစေ
💠 စီးပွားလာဘ်လာဘများ ပို၍ကြီးပွားတိုးတက်ကြပါစေ
💠 စည်းလုံးညီညွတ်စွာနဲ့ ဘဝကိုရှေ့ဆက်နိုင်ကြပါစေ
💠 အလှူရေစက် လက်နဲ့မကွာ ပေးလှူနိုင်ကြပါစေ
💠 ကပ်ကြီးသုံးပါးကိုလည်း
အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေရှင်
🙏🙏🙏

#ဘေဘီသျှံမေမေ 📞09982999132
#ယာတောသူ
#သဘာဝမြေပဲဆီ #ဆုံဆီ #နှမ်းဆီ
ချမ်းမြဝတီရပ်၊ မုံရွာမြို့။

 #ယာတောသူရဲ့ သဘာဝမြေပဲဆီလေး ကိုကျမ .. နယ်က ပြန်ရောက်ရောက်ချင်း(sept 25 ရက်နေ့)မှာစျေးဦးပြန်စဖောက်ပေးတာကတော့အမျိုးသားရဲ့...
09/10/2025

#ယာတောသူရဲ့ သဘာဝမြေပဲဆီလေး ကို
ကျမ .. နယ်က ပြန်ရောက်ရောက်ချင်း
(sept 25 ရက်နေ့)မှာ
စျေးဦးပြန်စဖောက်ပေးတာကတော့
အမျိုးသားရဲ့သူငယ်ချင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဇနီးမောင်နှံမှ
(၁၀)ပိဿာ တပုံး မှာယူအားပေးခဲ့ပါတယ်ရှင်
(၅)ပိဿာ (၂)ပုံးပို့ပေးရမှာပါ ..
တပုံးထပ်ပို့ပေးဖို့ ကျန်နေသေးတာကို
👉👉👉
28.9.2025 ရက်နေ့မှာ ပို့ပေးခဲ့တာလေးပါရှင်

အဲ့ရက်တွေ .. ပို့စ်တောင်မတင်နိုင်တာကတော့
ခါတော်မှီ မီးပန်းလုံးတွေ အသားကုန်လုပ်နေရလို့ပါ
'' မိုးရွာတုန်းပဲရေခံလို့ရတာ'' မို့လား 😛
ဒါကြောင့်ပါ နော်..
ခုတော့ .. မိုးရွာချိန် အချိန်ကုန်သွားပြီမို့
အရောင်းပို့စ်တွေ ဆက်တိုက်လာပါတော့မယ်ရှင်
😍😍😍

🥜🥜🥜
ယာတောသူရဲ့ ဆီတွေကို
မေတ္တာထားပြီး ယုံကြည်စွာမှာယူအားပေးခဲ့ပါသော
အစ်ကိုရော အစ်မကိုရော
အရမ်းကျေးဇူးတင်ပါတယ်ရှင့် 😍😍

ဆီတစက်ချင်းတိုင်းက .. အာဟာရတိုးစေပြီး
မိသားစုကျန်းမာရေးအတွက် အထောက်အပံ့ကောင်းဖြစ်ပါစေရှင် 🙏

အစ်ကိုအစ်မတို့မိသားစုလေးလည်း 👨‍👩‍👧‍👦
💠 ယနေ့မှစ .. ပို၍ပို၍ ကျန်းမာပျော်ရွှင်ကြပါစေ
💠 စီးပွားလာဘ်လာဘများ ပို၍ကြီးပွားတိုးတက်ကြပါစေ
💠 စည်းလုံးညီညွတ်စွာနဲ့ ဘဝကိုရှေ့ဆက်နိုင်ကြပါစေ
💠 အလှူရေစက် လက်နဲ့မကွာ ပေးလှူနိုင်ကြပါစေ
💠 ကပ်ကြီးသုံးပါးကိုလည်း
အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေရှင်
🙏🙏🙏

#ဘေဘီသျှံမေမေ 📞09982999132
#ယာတောသူ
#သဘာဝမြေပဲဆီ #ဆုံဆီ #နှမ်းဆီ
ချမ်းမြဝတီရပ်၊ မုံရွာမြို့။

နယ်က .. ပြန်ရောက်ရောက်ချင်း(sept 25 ရက်နေ့က) #ယာတောသူရဲ့ သဘာဝမြေပဲဆီလေး ကိုစျေးဦးပြန်စဖောက်ပေးတာကတော့အမျိုးသားရဲ့သူငယ်ခ...
27/09/2025

နယ်က .. ပြန်ရောက်ရောက်ချင်း
(sept 25 ရက်နေ့က)

#ယာတောသူရဲ့ သဘာဝမြေပဲဆီလေး ကို
စျေးဦးပြန်စဖောက်ပေးတာကတော့
အမျိုးသားရဲ့သူငယ်ချင်း
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဇနီးမောင်နှံမှ
(၁၀)ပိဿာ တပုံး မှာယူအားပေးခဲ့ပါတယ်ရှင်
(၅)ပိဿာ (၂)ပုံးပို့ပေးရမှာပါ ..
တပုံးထပ်ပို့ပေးဖို့ ကျန်နေပါသေးတယ်ရှင်
အမြန်ဆုံး ဆက်ပို့ပေးပါ့မယ်ရှင် 💛💛

🥜🥜🥜
မေတ္တာထားပြီး ယုံကြည်စွာမှာယူအားပေးခဲ့လို့
အစ်ကိုရော အစ်မကိုရော
အရမ်းကျေးဇူးတင်ပါတယ်ရှင့် 😍😍

ဆီတစက်ချင်းတိုင်းက .. အာဟာရတိုးစေပြီး
မိသားစုကျန်းမာရေးအတွက် အထောက်အပံ့ကောင်းဖြစ်ပါစေရှင် 🙏

အစ်ကိုအစ်မတို့မိသားစုလေးလည်း 👨‍👩‍👧‍👦
💠 ယနေ့မှစ .. ပို၍ပို၍ ကျန်းမာပျော်ရွှင်ကြပါစေ
💠 စီးပွားလာဘ်လာဘများ ပို၍ကြီးပွားတိုးတက်ကြပါစေ
💠 စည်းလုံးညီညွတ်စွာနဲ့ ဘဝကိုရှေ့ဆက်နိုင်ကြပါစေ
💠 အလှူရေစက် လက်နဲ့မကွာ ပေးလှူနိုင်ကြပါစေ
💠 ကပ်ကြီးသုံးပါးကိုလည်း
အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေရှင်
🙏🙏🙏

#ဘေဘီသျှံမေမေ 📞09982999132
#ယာတောသူ
#သဘာဝမြေပဲဆီ #ဆုံဆီ #နှမ်းဆီ
ချမ်းမြဝတီရပ်၊ မုံရွာမြို့။

 #မြေပဲလှော်နှင့်ရောက်တတ်ရာရာ  #မြေပဲလှော်  #ပင်ထောင်မြေပဲ💕 သွေးချင်းတွေကို ရွာအပြန်လက်ဆောင်ပေးဖို့မြေပဲတွေ လှော်ယူလာတာပ...
25/09/2025

#မြေပဲလှော်နှင့်ရောက်တတ်ရာရာ

#မြေပဲလှော် #ပင်ထောင်မြေပဲ
💕 သွေးချင်းတွေကို ရွာအပြန်လက်ဆောင်ပေးဖို့
မြေပဲတွေ လှော်ယူလာတာပါ ..
ပုံကြည့်ပြီးပဲ စားကြပါအုံးရှင် 😛😛

မျိုးကောင်းတွေချည်း ရွေးလှော်လာတာနော် ✔✔
တဆစ်တောင့် လုံးဝမပါဘူး
အပိန်၊ အပုပ်၊ အနာ မပါစေရဘူး
ကျမရဲ့ .. စပါယ်ရှယ်
မေတ္တာ စေတနာတွေပေါ့ရှင် 😍😍

🥜🥜 မြေပဲ(၆)ပြီကျော် လှော်လာရတာ
လက်တွေလည်း ညောင်းလို့
ထင်းမီးနဲ့မို့ အပူတွေလည်းဟပ်လို့ပေါ့ရှင်
အရမ်း .. အရမ်း ပင်ပမ်းတယ်နော်

ကျမတော့ .. မဟုတ်ပါဘူး 😝😝
ကျမရဲ့ မာတာမိခင်အမေပါ 😍
မြေပဲလှော်ဖို့ ပစ္စည်းအစုံ .. ကျမကပြင်ဆင်ပေးရုံ
လှော်မွှေတာက အမေပါရှင်

အမေ့ကို ကျေးဇူးတင်ပါတယ် ❤❤
မြေပဲလှော်ရတာ ..
အရင်ကတည်းက ကျမမကြိုက်ဆုံးအလုပ်ပါပဲ
အပူခံလက်ညောင်းလွန်းလို့ စောင့်နေရတာမကြိုက်ဘူး
တခါတလေမှသာ ကျမကလုပ်ဖြစ်တယ် ..

🥜🥜🥜 ခုလည်း အမေမြေပဲလှော်ပေးတုန်း
ကျမက ဆီကြိတ်ဖို့နေထပ်လှန်းထားခဲ့တဲ့ နှမ်းညိုတွေကို
ဇကာထပ်ထိုး သန့်စင်ပြာခပ် တင်းချင့် သိမ်းဆည်းနေတာပါရှင် ..
ပေါ်ကျော့ မဟုတ်ပါဘူးနော် 😂😂

''ပေါ်ကျော့''ဆိုလို့ ဆက်စပ်လို့ပြောပြအုံးမယ်ရှင်
ရွာထဲက ဦးလေးငယ်တယောက်ကပြောသတဲ့
ကျမအဖေ .. ဦးသန်းမောင်အိမ်က
နွား မဖြစ်ချင်ဘူး .. လူ မဖြစ်ချင်ဘူးတဲ့
ဘာလို့လဲဆို တအားအလုပ်လုပ်ရလို့
ပင်ပမ်းလွန်းလို့ ပါတဲ့ 😂😂

ဟုတ်တယ် ..
ကျမအဖေက အဲ့သလိုနာမည်ကြီးပဲ 😂😂
အဖေ့အကြောင်းပြောရရင် အများကြီး
အများကြီးရှိသေးတယ် .. စာရှည်ကုန်လိမ့် 😍😍

အလုပ်ပမ်းတာတော့ တကယ်ပါ
ကာယအား စိုက်ထုတ်ရတာဆိုတော့ တရွာလုံးပမ်းကြတယ်
ခုဆို .. ဟိုးအနှစ်(၂၀)ထက် ၂ဆနီးပါး
အလုပ်ကို ပိုလုပ်လာကြလို့ပါ ..
ကိုယ့်အထွာနဲ့ကိုယ်တော့ လုပ်ကြရတာပါပဲလေ

ကျမတို့လည်း .. နှစ်ရှည်ကျောင်းနေခဲ့ရပေမယ့်
ငယ်စဉ်တည်းက ကျောင်းပိတ်တိုင်း ..
အဖေက .. တောထဲပဲလိုက်ကူရတယ်
ငွေတန်ဖိုးသိအောင်ဆိုပြီး လုပ်ရတယ်ရှင်
ဘွဲ့လွန်တွေထိ ကျောင်းနေခဲ့ကြရတာကတော့
မိဘကျေးဇူးအပြင် အစ်ကိုနှစ်ယောက်ကျေးဇူးကြောင့်ပါ
ပညာသိပ်တတ်စေချင်ကြတဲ့ အစ်ကိုတွေပါ
ကျေးဇူးအများကြီးတင်ပါတယ် 💞💞

ခုဆို .. တောင်သူလုပ်ရအပမ်းဆုံးက
အစ်ကိုငယ်နဲ့ ညီမလေး ပါ
ကျမတို့မိသားစုအထဲ ..
ကာယအား အသက်သာဆုံးနေခဲ့ရတာက .. ကျမ ပါပဲလို့

ကဲ .. မြေပဲလှော်က စ,လိုက်တာ
ရောက်တတ်ရာရာ ရေးဖြစ်သွားတယ်ရှင်

Break! လိုက်ပြီ ..
ခဏ တော်သေးပြီရှင် 😍😍

အားလုံးပဲ .. ကျန်းမာပျော်ရွှင်ရ၍
ဘေးဘယာတွေ ဝေးကွာကြပါစေရှင့်
🙏🙏🙏

#ဘေဘီသျှံမေမေ
#ယာတောသူ #သဘာဝမြေပဲဆီစစ်စစ်
#မြေပဲဆုံဆီ #နှမ်းဆီ

Hello မင်္ဂလာပါ🍀🍀🍀🍀🍀မြေပဲဆီအရောင်းလေး လာပါပြီရှင်ကျမရဲ့ .. မြေပဲဆီ၊ နှမ်းဆီများစျေးကိုအတတ်နိုင်ဆုံး သင့်လျော်သောစျေးနှုန...
24/09/2025

Hello မင်္ဂလာပါ
🍀🍀🍀🍀🍀

မြေပဲဆီအရောင်းလေး လာပါပြီရှင်

ကျမရဲ့ .. မြေပဲဆီ၊ နှမ်းဆီများစျေးကို
အတတ်နိုင်ဆုံး သင့်လျော်သောစျေးနှုန်းဖြစ်အောင်
လုပ်ဆောင်ပေးထားပေမယ့် .. ဒီဘက်နယ်ရဲ့ စရိတ်စကနည်းနည်းကြီးမြင့်နေလို့ စျေးမာနေခဲ့ရင်
အားနာလှပါတယ်ရှင် 😔😔

💕💕 ကျမဘက်က .. လိပ်ပြာလုံစွာ
အထူးအာမခံချက်ပေးနိုင်တာကတော့
အခြားဆီအရောအနှောနှင့် ဓာတုဆိုးဆေး အရောင်/အနံ့
(လုံးဝ) လုံးဝ အသုံးပြုမထားဘူးဆိုတာပါပဲ
အချဥ်၊ အညှက်၊ ခဲ/ဖုန် ကင်းစင်စွာနဲ့
သဘာဝအတိုင်း မြေပဲဆံတွေကိုပေါင်းခံပြီးမှ
သန့်စင်စွာကြိတ်ထားတဲ့ စက်ကျအတိုင်း​ရပါမယ်ရှင်

🥜🥜🥜
၁၀၀% ပြည့် သဘာဝအနံ့အရသာဖြစ်ကြောင်း
သန့်ရှင်းလတ်ဆတ်တဲ့ မြေပဲအလှများကိုသာ ကြိတ်ထားကြောင်း .. အထူးအာမခံပါတယ်ရှင့်

သို့အတွက်ကြောင့် .. ယခုသီတင်းကျွတ်ပွဲတော်မှာ
💕 လူကြီးမိဘ/ဆရာသမားများအား ဂါရဝပြုပေးပို့ ​ကန်တော့ချင်လို့ပဲဖြစ်ဖြစ်
💕 မိတ်ဆွေရင်းချာတွေကို လက်ဆောင်ပေးချင်လို့ပဲဖြစ်ဖြစ်
💕 ကိုယ်တိုင် မိသားစုစားသုံးဖို့ပဲဖြစ်ဖြစ်
ကျန်းမာရေးအတွက် ရွေးချယ်ဖို့အသင့်တော်ဆုံး ✔ 💯
ယာတောသူရဲ့သဘာဝဆီလေးတွေကို မှာယူရရှိနိုင်ပါပြီရှင်

💛💛 ဆီသားအသားတင် အလေးချိန်အပြည့်ပေးတာမို့
ဆီသားလျော့မှာလည်း စိတ်မပူရပါဘူးရှင်

ဆီသားအသားတင်နှင့် ပုံးခွံအသစ်ပါပြီးစျေးနှုန်း
🔶 မြေပဲဆီ (စက်ကြိတ်ဆီ)
၅ပိဿာ တပုံး ..... ၉၆၀၀၀ ကျပ်
၁၀ပိဿာ တပုံး ... ၁၉၀၀၀၀ ကျပ်

🔶 မြေပဲဆုံဆီမွှေး
၅ပိဿာ တပုံး ..... ၁၁၁၀၀၀ ကျပ်
၁၀ပိဿာ တပုံး ... ၂၂၀၀၀၀ ကျပ်

🔷 နှမ်းဆီ (စက်ကြိတ်ဆီ)
နှမ်းဆီမျှော်နေကြတာ ဝမ်းသာကျေနပ်လှပေမယ့်
နှမ်းဦးရည်မို့ အနည်ထိုင်ဖို့၊ ထပ်စစ်ပေးဖို့ .. အချိန်ခန့်မှန်း တပတ်လောက်တော့ ထပ်စောင့်ရပါအုံးမယ်ရှင် 😔😔
ကျမက .. ပိုရောင်းချင်လှတာပေါ့ရှင်
အကောင်းဆုံးပဲဖြစ်ချင်လို့ ထပ်သည်းခံပေးကြပါအုံးရှင်
💙💙

⭕ အနည်းဆုံး(၅)ပိဿာမှာယူပေးရပါမယ်ရှင်
⭕ မုံရွာမြို့တွင်းသာ အိမ်အရောက်ငွေချေရ
⭕ ကျန်မြို့များငွေလွှဲဝင်ပြီးနောက်ရက် ကားဂိတ်ချ
⭕ ဂိတ်ချ/တန်ဆာခအား ဝယ်ယူသူမှပေးချေရပါမည်ရှင်

🚛🚚 ရန်ကုန်အောင်မင်္ဂလာကားကွင်းဂိတ်တန်ဆာခ
၁၀ပိဿာတပုံး ...15000ks
၅ပိဿာတပုံး ...10000ks

🚛🚚 မန်းလေးမြို့တွင်းဂိတ်တန်ဆာခ
၁၀ပိဿာတပုံး ...5000ks
၅ပိဿာတပုံး ...3000ks

🚛🚚 လားရှိုးမြို့ကားဂိတ်တန်ဆာခ
၁၀ပိဿာတပုံး ... 30000ks
၅ပိဿာတပုံး ...15000ks

📣📣 တန်ဆာခအပြောင်းအလဲရှိနိုင်ပါသည်
တွက်ချက်ရန်အတွက် အရင်နှုန်းထားတင်ပြပေးထားခြင်းသာ။

အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင်
🙏🙏🙏

နှစ်သက်လို့ မှာယူချင်ရင်ဖြင့်
👉👉👉
cb/ 09982999132 (viber)
#ဘေဘီသျှံမေမေ
သာစည်လမ်း၊ ချမ်းမြဝတီရပ်၊ မုံရွာမြို့။
#ယာတောသူ #သဘာဝမြေပဲဆီစစ်စစ်
#မြေပဲဆုံဆီ #နှမ်းဆီ

မင်္ဂလာပါ ချစ်သောတို့ရှင့် 😍😍တောသူမလေး မြေပဲသိမ်း၊ နှမ်းကြဲ၊ မြေပဲဆီကြိတ်၊ နှမ်းတွေ ဆီကြိတ်ပြီးလို့ ..မုံရွာကို အပြေးပြန...
22/09/2025

မင်္ဂလာပါ ချစ်သောတို့ရှင့် 😍😍
တောသူမလေး မြေပဲသိမ်း၊ နှမ်းကြဲ၊ မြေပဲဆီကြိတ်၊
နှမ်းတွေ ဆီကြိတ်ပြီးလို့ ..
မုံရွာကို အပြေးပြန်ရောက်ပါပြီရှင့် 😍😍

မုံရွာမှာလည်း သီတင်းကျွတ်လပြည့်အမှီ လုပ်ရမယ့်အလုပ်တွေကလည်းရှိသေးတာရယ်
အမေ့အိမ်မှာ အတူကူပေးတာ .. တလပြည့်တော့မှာမို့ သားလေးကလည်း မျှော်နေလှပြီရယ်မို့
ရွာကကားက မထွက်ဖြစ်သေးတဲ့ ၃/၄ရက်ကို မစောင့်ခဲ့နိုင်တော့ဘူး
ကြောက်ကြောက်နဲ့ပဲ ကြုံရာကားနဲ့
လူချည်း အရင်ပြန်လာခဲ့ပါပြီရှင်

🥜🥜🥜🌿🌿🌿
လတ်လတ်ဆတ်ဆတ်ကြိတ်ပြီးစ ဆီပုံးတွေကတော့ အခြေအနေအရမို့ အတူမသယ်ခဲ့နိုင်သေးဘူး ..
၃/၄ရက်ဆိုရင် .. ဆီပုံးတွေ မုံရွာကိုရောက်ပါပြီရှင်

👉👉👉
အခုလက်ထဲ.. ၆လပြန့်ဆံ မြေပဲစက်ကြိတ်ဆီနှင့် ဆုံဆီကတော့ instock အမြဲ ရှိပါတယ်ရှင်
ကားဂိတ်ရှိသောမြို့တိုင်းသို့ တင်ပို့ပေးပါတယ်ရှင့်
စျေးနှုန်းနဲ့တကွ ပို့စ်သပ်သပ်
ထပ်တင်ပေးပါမယ်ရှင် 💛💛

❤❤❤
ကျန်းမာစေဖို့ .. အစားအစာချက်ပြုတ်စားသောက်မှုပုံစံ အထူးဂရုစိုက်သူများအတွက် #ယာတောသူမှ နေ
ဓာတုဆိုးဆေးအရောင်အနံ့နှင့် အခြားဆီအရောအနှော
(လုံးဝ) ကင်းစင်သော ၁၀၀% (အာမခံ)
သဘာဝစစ်စစ် #မြေပဲဆီ #နှမ်းဆီများကို
ယုံကြည်စိတ်ချစွာဖြင့် မှာယူအားပေးနိုင်ပြီဖြစ်ပါကြောင်း
သတင်းကောင်းပါးအပ်ပါသည်ရှင့်

အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင် 💙💙

🍀 စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ
🍀 ဘေးဘယာတွေဝေးကွာကြပါစေ
🍀 ကပ်ကြီးသုံးပါးကိုလည်း
အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြပါစေရှင့်
🙏🙏🙏

[ P.s ပုံကတော့ gameနဲ့ဆော့ထားတာပါရှင် ] 😛😛

#ဘေဘီသျှံမေမေ 📞09982999132
#ယာတောသူ
#သဘာဝမြေပဲဆီ #ဆုံဆီ #နှမ်းဆီ
ချမ်းမြဝတီရပ်၊ မုံရွာမြို့။

ဒီဘက်နယ်တကြောက .. မြစ်နဲ့မနီး .. ဆည်ရေ/ရေသွင်းမြောင်းလည်းမရှိတော့မိုးဦးပိုင်းနဲ့ နောက်ပိုင်းမိုး ရာသီ ၂ခုစာပဲ စိုက်ပျို...
12/09/2025

ဒီဘက်နယ်တကြောက ..
မြစ်နဲ့မနီး .. ဆည်ရေ/ရေသွင်းမြောင်းလည်းမရှိတော့
မိုးဦးပိုင်းနဲ့ နောက်ပိုင်းမိုး
ရာသီ ၂ခုစာပဲ စိုက်ပျိုးကြရပါတယ်
ကျမမိဘများအိမ်ကတော့
မိုးဦးပိုင်းမှာ
နှမ်းနက် ခေါ် နှမ်းညိုတွေစိုက်တာပါ
အခု ဆီကြိတ်ဖို့အတွက်
အချိန်ကောင်းစောင့်နေရတာပါရှင် 💚💚

ယခုပြထားတဲ့ပုံတွေကတော့ ..
လွန်ခဲ့တဲ့ ၂ရက်က .. နောက်ပိုင်းနှမ်းအဖြစ်
နှမ်းနက်မဟုတ်တော့ဘဲ
နှမ်းဖြူတွေ မစိုက်ဘဲကြဲခဲ့ကြတာပါ..
စက်လေးမောင်းသူ နွားနှစ်ရှဥ်းမောင်းသူတွေရယ်
နှမ်းကြဲသူရယ် ပေါင်းသတ်ဆေးပက်ဖြန်းသူရယ်နဲ့
ကိုယ့်တာဝန်နဲ့ကိုယ် ကျေပြွန်အောင်
အမီလုပ်ဆောင်ကြရပါတယ်...
( နောက်ပိုင်းရာသီအတွက်က
နှမ်းဆီကို ယနေ့ကြဲပက်ခဲ့တဲ့နှမ်းဖြူများပြန်ထွက်လာမှ
ဆီအဖြစ်ကြိတ်ပါမယ်ရှင်
နှစ်တနှစ်မှာ .. နှမ်းနက်တလှည့် နှမ်းဖြူတလှည့် ဆီကြိတ်ပါမယ်ရှင် )

စိုက်ရက်ကြဲရက်မတိုင်ခင် ၅ရက်ဟာ
ခေါင်းပူပူရင်ပူပူနဲ့ ပျော်ခြင်းနဲ့မဟုတ်ဘဲ
နေရာစုံ trip ထွက်နေရလို့
လိုင်းပေါ်မတက်နိုင် ပျောက်နေရခြင်းပါရှင် 😔😔

နယ်ပြန်ရောက်နေတာတောင်
#ယာတောသူထံမှ မြေပဲဆီ၊ နှမ်းဆီမှာယူမှုများအတွက်
အလွန်ပဲ ဝမ်းသာကျေးဇူးတင်ရကြောင်းပါရှင် 😍😘
နှမ်းဆီအသစ်တွေလည်း မကြိတ်ရဲသေးတာမို့မရသေးပါဘူးရှင်

ရှေ့တပတ်မုံရွာအပြန်
ကျမနဲ့အတူ ဆီတွေပါလာစေရန်
အသံနားစွင့်ရင်း ကြိုးစားလုပ်ဆောင်နေပါတယ်ရှင်
မုံရွာပြန်ရောက်ပါက
ဆက်သွယ်မှာယူထားသူများကို
အမြန်ဆုံး အကြောင်းပြန်ကြားပေးပါ့မယ်ရှင်
အဆင်ပြေမှသာ မှာယူအားပေးပေးပါရှင် 🙏💙

ကျမရဲ့မြေပဲဆီ၊ နှမ်းဆီတွေကို
မှာယူအားပေးဖို့ စောင့်နေပေးလို့လည်း
အထူးကျေးဇူးတင်ပါတယ်ရှင့် 🙏🙏🙏

ကျမရဲ့ မိတ်ဆွေ/သွေးချင်းအပေါင်းအားလုံးတို့
🍀 စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ
🍀 ဘေးဘယာတွေဝေးကွာကြပါစေ
🍀 လိုရာဆန္ဒများ အမြန်ပြည့်ဝကြပါစေ
🍀 စိတ်ရှိတိုင်း ပေးလှူနိုင်ကြ၍
🍀 ကပ်ကြီးသုံးပါးကိုလည်း
အောင်မြင်စွာ ကျော်ဖြတ်နိုင်ကြပါစေရှင့်
🙏🙏🙏

အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင် 💙💙

#ဘေဘီသျှံမေမေ 📞09982999132
#ယာတောသူ
#သဘာဝမြေပဲဆီ #ဆုံဆီ #နှမ်းဆီ
ချမ်းမြဝတီရပ်၊ မုံရွာမြို့။

Address

TharZi Road, ChanMyaWaddy Qr
Monywa

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when ယာတောသူ - သဘာဝမြေပဲဆီစစ်စစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share