LINN Luxury Creations

  • Home
  • LINN Luxury Creations

LINN Luxury Creations Handmade Accessories Shop💎Nay Pyi taw

 #ကျောက်စီတာလီပုတီး  #နေပြည်တော်Instock ရနိုင်တဲ့ အရောင်လေးတွေပါ✅နေ့နာမ်လိုက် နှစ်သက်ရာအရောင်ရွေးချယ်ဝယ်ယူနိုင်ပါတယ် အဓိ...
30/01/2026

#ကျောက်စီတာလီပုတီး #နေပြည်တော်
Instock ရနိုင်တဲ့ အရောင်လေးတွေပါ✅
နေ့နာမ်လိုက် နှစ်သက်ရာအရောင်ရွေးချယ်ဝယ်ယူနိုင်ပါတယ် အဓိဌာန်တွေအောင်မြင်ကြပါစေရှင်🙏🙏

မနက်တိုင်းလုပ်ဆောင်ကြည့်ပါ မိမိကံဇာတာတွေကောင်းပြီးဖြစ်ချင်တာတွေဖြစ်လာပါမယ်။အလွန်အစွမ်းထက်သော" အဌာနမေတံ ဂါထာ" ရွတ်ဖတ်ပူဇေ...
23/12/2025

မနက်တိုင်းလုပ်ဆောင်ကြည့်ပါ

မိမိကံဇာတာတွေကောင်းပြီးဖြစ်ချင်တာတွေဖြစ်လာပါမယ်။

အလွန်အစွမ်းထက်သော" အဌာနမေတံ ဂါထာ" ရွတ်ဖတ်ပူဇော်ရန်အတွက်

၁။ နံနက် ၅း၀၀ ~ ၆း၀၀ အတွင်း

၂။ သောက်တော်ရေ (၅)ခွက် ဆီမီး (၅)တိုင် အမွှေးတိုင်(၅)တိုင်

ပူဇော်ပြီး

၃။ ( ၅ )ပါးသီလခံယူပြီးလျှင် အောက်ပါ အဌာနမေတံ ဂါထာကို

(၉)ခေါက် / (၂၇)ခေါက်ကို ရွတ်ဖတ်ပူဇော် ပါလျှင် (၁)လအတွင်း

ထူးကဲသောအကျိုးများကို ခံစားရပါမည်။

ထိုဂါထာကို ရွတ်ဖတ်ပူဇော်နေသည့်ကာလအတွင်းးး

* မည်သို့သော အောက်လမ်းအတက်ပညာမှမပြုစား မနှောင့်

ယှက်နိုင်ပါ။

* မိမိ၏ အသက်ကို မည်သူမျှ နှုတ်ယူခွင့် မရနိုင်ပါ။

* ကုသ၍မပျောက်နိုင်သော ရောဂါများကိုလဲ ထူးခြားစွာပျောက်

ကင်းနိုင်ပါသည်။

* မိမိ၏ လာဘ်လာဘကိုလဲ မည်သူမျှ မတားဆီး မပိတ်ပင်နိုင်ပါ။

ရှိပြီးသားစည်းစိမ်ဥစ္စာတို့သည်လည်း မပျောက်ပျက်နိုင်ရာ။

လာဘ်လာဘတို့သည်လည်း ထူးခြားစွာ ပွင့်လင်းလာပါသည်။

* မိမိ၏ ဉာဏ်ပညာ (ကံ ဉာဏ် ဝီရိယ)တို့ကိုလည်း မည်သူမျှ မ

တားဆီး မပိတ်ပင်နိုင်ပါ။

* မိမိ၏ ရှိပြီးသော ကိုယ်လက်အင်္ဂါအစိတ်အပိုင်း (လက္ခဏာကြီး

ငယ် အသွယ်သွယ်)တို့ကိုလည်း မည်သူမျှ မဖျတ်ဆီးနိုင်ပါ။

အန္တရာယ်ကင်းစွာ နေရပါသည်။

သေကံမရောက် သက်မပျောက်စေခဲ့သော/ အလွန်အစွမ်းထက်

သော/ ဗုဒ္ဓစာပေကျန်းဂန်များမှ ဆင်းသက်လာသော ထိုဂါထာ

ကို ဓမ္မဒါနအဖြစ် မျှဝေပေးလိုက်ပါတယ်သူတော်ကောင်းတို့****

အဌာနမေတံဂါထာတော်🙏🙏🙏

အဌာနမေတံဂါထာတော်
**********************
အဌာနမေတံ ဘိက္ခဝေ အန၀ကာသော။
ယံပရူပက္ကမေန တထာဂတံ ဇီဝိတာဝေါရောပေယျ။
အနုပက္ကမေန ဘိက္ခဝေတထာဂတာ ပရိနိဗ္ဗာယန်တိ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိမေ(တေ)ဟောတု သဗ္ဗဒါ။

ဂါထာတော်အနက်
ဘုရားရှင်တို့ မည်သည် သူတပါးတို့၏
လုံ့လ ပယောဂဖြင့် သေရိုး ထုံးစံမရှိ။
အချိန်တန်မှသာ အလိုအလျှောက်
ပရိနိဗ္ဗာန် စံတော်မူကြသည်။

ဒီ အဌာနမတေံ ဂါထာက အဆိုးတွေကို ကင်းလွှတ်စေတယ်...
ဘုရားရှင်ရဲ့ နှုတ်ထွက် ဂါထာဖြစ်တယ်...
ဂါထာကို တစ်ခေါက်ရွတ်တိုင်း ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုပွားများပြီးရွတ်ဆိုပါ...
အထူးအရေးကြီးတဲ့ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရင် အခက်အခဲပြသနာနဲ့ကြုံတွေ့နေရင် တနေ့ ၁၀၈ ခေါက် ရွတ်ဖတ်ပူဇော်...

ရွတ်ဖတ်ပူဇော်ပြီးရင် -

အကျွန်ုပ်သည် အဌာနေမတံ ဂါထာကို ၁၀၈ ခေါက်ရွတ်ဖတ်ပွားများ ပြီးပါပြီ...
ဤစကားသည်မှန်ပါတယ်... ဤမှန်တဲ့သစ္စာစကားကြောင့်
ဤမှန်တဲ့သစ္စာရဲ့တန်ခိုးကြောင့်လည်းကောင်း အဌာနမေတံ ရဲ့ တန်ခိုးကြောင့်လည်းကောင်း အဌာနမေတံ ဂါထာကိုရွတ်ဖတ်ပွားများရတဲ့
ကုသိုလ်ကောင်းမှုကြောင့် လည်းကောင်း အဌာနမေတံ ဂါထာကိုစောင့်ရှောက်နေကြတဲ့နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း အဌာနမေတံ ဂါထာ ကိုလာရောက်နာယူကြတဲ့နတ်များရဲ့တန်ခိုးတော်ကြောင့်လည်းကောင်း ယနေ့ ယခု ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ရဲ့ တန်ခိုးတေဇောအာနုဘော်အရှိန်အဝါကြောင့်လည်းကောင်း တပည့်တော်အခုလက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်း အနှောက်အယှက်အပိတ်အပင် အဟန့်အတား အန္တရာယ်ဆိုးတွေကနေ လွှတ်မြောက်ကျပါစေ။ ဘုရားတပည့်တော်ကြုံတွေ့နေရတဲ့ အဆိုးတွေကနေလွတ်မြောက်ပါစေ..

ဆရာတော်အရှင်ဆန္ဒဓိက (ရွှေပါရမီတောရ)

Address

Zabuthiri

Website

Alerts

Be the first to know and let us send you an email when LINN Luxury Creations posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Interior Service?

Share