Thawdar San Family

Thawdar San Family In the meantime you will have a chance to observe local ways of life, products & antiques

My family arranges & provides simply delicious food catering services like that home cooked food, home cooking class at Local INNTHAR House on the famous INLE Lake.

23/01/2026
23/01/2026

🍀🍀🍀 အင်းလေး ချည်သားတဘက်
🌹🌸💐 ရောင်စုံ ပန်းချီ ဆေးခြယ်
🍂🌻🍁 ချည်သား ပေါ်မှာ သဘာဝအလှ ပုံဖေါ်ခြင်း အနုပညာ

🍂 သဘာဝအလှ ကိုချစ်မြတ်နိုးသူများ
🦋 ပန်းချီအနုပညာ ချစ်မြတ်နိုးသူများ
🌼 အင်းလေးဒေသ ထွက် ပစ္စည်းများ ကိုချစ်မြတ်နိုးသူများ

ဆက်သွယ် မှာယူ အားပေးနိုင်ပါတယ်ရှင့်

09 428359123

မဂ်လာပါရှင့်📢အင်းလေးကန်မှကြိုဆိုပါတယ်ရှင့်📢 အားလပ်ရက်တွေမှာ အင်းလေးကန် ကိုလာလည်မဲ့ မိတ်ဆွေများအတွက် စက်လှေဝန်ဆောင်မှု ပေ...
23/12/2025

မဂ်လာပါရှင့်

📢အင်းလေးကန်မှကြိုဆိုပါတယ်ရှင့်
📢 အားလပ်ရက်တွေမှာ အင်းလေးကန် ကိုလာလည်မဲ့ မိတ်ဆွေများအတွက် စက်လှေဝန်ဆောင်မှု ပေးနေပါတယ်ရှင့်
💫ခရီးသွားလုပ်ငန်းနယ်ပယ်မှာ အတွေ့အကြုံရှိပီး စိတ်ရှည်တဲ့ ဒေသခံစက်လှေဆရာများက လိုချင်တဲ့ခရီးစဉ်ကို အဆင်ပြေချောမွေ့အောင် စီစဉ်ပို့ဆောင်ပေးမှာမို့ ယုံကြည်စိတ်ချစွာ ဌားရမ်းနိုင်ပါတယ်

📢အင်းလေးမှာ လည်ပတ်လို့ရမဲ့ နေရာတွေကတော့

➡️အင်းလေး ဖောင်တော်ဦး ဘုရား
➡️အလိုတော်ပေါက်ဘုရား
➡️အင်းလေး လှေလုပ်ငန်း ( အင်းလေးဒေသသုံး လှေများ ပြုလုပ်သည့်နေရာ)
➡️အင်းပေါခုံရွာ ယက်ကန်းလုပ်ငန်း ( ကမ္ဘာကျော် အင်းလေး ကြာထည် ပိုးထည် များ ရက်လုပ်သည့်နေရာ)
➡️ဆည်ခေါင်းရွာ ပန်းပဲလုပ်ငန်း ( အင်းလေးဒေသခံများကတော့ ဆည်ခေါင်းရွာရဲ့ ပန်းပဲပစ္စည်းများဟာ အရည်အသွေးကောင်းလို့ ကြိုက်ကြပါတယ်)
➡️ဟဲယာရွာမ ပန်းတိမ်လုပ်ငန်း ( ‌မြတ်စွာဘုရားရှင်အားကပ်လှူတဲ့ ငွေထည်ပစ္စည်းများ ကို ပြုလုပ်ရာ‌ ရွာကြီးတစ်ရွာပါ ငွေကလပ် ငွေပန်းအိုး ငွေဆွမ်းအုပ် ငွေကွမ်းအစ် ငွေထုံးဗူး ငွေရေတကောင်း ငွေငါး စသဖြင့် လက်ရာ‌မြောက်လို့ နာမည်ကြီးပါတယ်)
➡️ရွှေအင်းတိန် မြတ်စွာဘုရား ( အင်းရဲ့အနောက်ဘက်ကမ်း)
➡️ငါးဖယ်ချောင်း ရှေးဟောင်းဘုန်းကြီးကျောင်း ( ယခင် ကြောင်ခုန်ကျောင်း လို့လူသိများပါတယ်)
➡️အင်းလယ်ဗိုလ်တဲ (အင်းရေပြင် နဲ့ တောင်တန်းတွေကို နောက်ခံထားလို့ ဓါတ်ပုံ ရိုက်လို့ကောင်တဲ့နေရာတစ်ခုပါ)
➡️မိုင်းသောက်တံတား ( အင်းရဲ့အရှေ့ဘက်ကမ်းမှာရှိပီး မန်းလေးဦးပိန်တံတား နဲ့ ဆင်တူပါတယ်)
➡️အင်းလေးဒေသထွက်ကုန် ဝယ်ချင်သူများအတွက်လဲ ဈေးဝယ်လို့ကောင်းတဲ့နေရာ လဲရှိပါတယ်
➡️အင်းလေးဒေသက ဈေးတွေကိုလည်ချင်တယ်ဆိုရင်တော့ မနက်စောစောမှ အဆင်ပြေပါမယ် အင်းလေးမှာ ပုံမှန်ငါးရက်တစ်ဈေးမို့ ဈေးနေ့နဲ့ ကြုံကြိုက်တာမျိုးဆိုရင်တော့ လည်လို့ရပါမယ် ဈေးကတော့ မနက် ၉/၁၀ နာရီ ဝန်းကျင်ဆို ဈေးလူကွဲပီမို့ မနက်စောစောလည်နိုင်မှ ပိုအဆင်ပြေပါမယ်
➡️ အင်းလေးဒေသ အစားအစာများကို ဒေသခံအိမ်တွေမှာ သုံးဆောင်ကြည့်ချင်ပါတယ် ဆိုရင်လဲ စီစဉ်ပေးလို့ရပါတယ်နော ( ကြိုတင် ဘွတ်ကင်တင်ထားမှတော့ အဆင်ပြေမှာပါ)
✅ကဲ အင်းလေး ကို လာလည်ဖို့စဉ်းစားပီဆိုရင် ဆက်သွယ်လိုက်တော့နော
✅အားမနာတမ်း မေးမြန်းစုံစမ်းပီး ကြိုတင်ဘွတ်ကင် လုပ်ထားလို့ ရပါပီ
💲ဈေးနှုန်းတွေကတော့ လူကြီးမင်းတို့ သွားချင်တဲ့ နေရာပေါ်မူတည်ပီး ဈေးနှုန်းများ ကျသင့်မှာဖြစ်ပါတယ်
💲ဆီဈေး အတက်အကျပေါ် လဲမူတည်ပါတယ်ရှင့်

✅ဆက်သွယ်ရမဲ့ ဒေသခံ ဝန်ဆောင်မှုပေးသူများ
☎️ 09 253211675, 09 428359123
Viber 09 428359123

02/09/2025

၁၅ လက်မပတ်လည်ဆိုဒ်
ဆေးမင်ကြောင်ဒီဇိုင်း /အဆောင်ပုဝါ အဖြစ် အသုံးပြုခဲ့သည်ဟု ယူဆရ

Address

Heya Ywama Village, Inle Lake
Nyaungshwe
06081

Telephone

+959428359123

Website

Alerts

Be the first to know and let us send you an email when Thawdar San Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thawdar San Family:

Share