မျိုးမဟာ သဘာဝ ဥယာဉ်ခြံလုပ်ငန်း နင့် သစ်သီးသစ်ပင်ရောင်းဝယ်ရေး။

  • Home
  • Myanmar
  • Taikkyi
  • မျိုးမဟာ သဘာဝ ဥယာဉ်ခြံလုပ်ငန်း နင့် သစ်သီးသစ်ပင်ရောင်းဝယ်ရေး။

မျိုးမဟာ သဘာဝ ဥယာဉ်ခြံလုပ်ငန်း နင့် သစ်သီးသစ်ပင်ရောင်းဝယ်ရေး။ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မျိုးမဟာ သဘာဝ ဥယာဉ်ခြံလုပ်ငန်း နင့် သစ်သီးသစ်ပင်ရောင်းဝယ်ရေး။, Home & Garden Store, Taikkyi.

အလုပ်တွေများလွန်းလို့၊ လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြားထဲမှာ ရုန်းကန်နေရလို့ ကိုယ့်ခန္ဓာကိုယ်က ပေးနေတဲ့ အချက်ပြသံတွေကို ...
02/02/2026

အလုပ်တွေများလွန်းလို့၊ လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြားထဲမှာ ရုန်းကန်နေရလို့ ကိုယ့်ခန္ဓာကိုယ်က ပေးနေတဲ့ အချက်ပြသံတွေကို သင် လျစ်လျူရှုထားမိသလား? မကြာခဏ ခေါင်းမူးတာ၊ ရုတ်တရက် ဝူးခနဲ ဖြစ်သွားတာ၊ အိပ်ရေးဝပေမဲ့ နုံးချိနေတာတွေက သင့်ခန္ဓာကိုယ်က "ငါ ပင်ပန်းနေပြီ" လို့ အော်ဟစ်နေတာပါ။ ကျွန်တော်ကတော့ သင်တို့အိမ်ဘေးမှာ အလေ့ကျပေါက်နေတတ်တဲ့၊ တစ်ခါတလေမှ ဟင်းခတ်ဖို့ သတိရတတ်တဲ့ "ဆွမ်းမွှေး" ပါ။
လူတွေက ခန္ဓာကိုယ် ပင်ပန်းလာရင် ကော်ဖီသောက်ကြတယ်၊ အားဆေးတွေ မှီဝဲကြတယ်။ တကယ်တော့ သင့်ခန္ဓာကိုယ်က လိုချင်နေတာ ကဖိန်းဓာတ်မဟုတ်ဘူး၊ "အနားယူခြင်း" နဲ့ "တည်ငြိမ်ခြင်း" ကိုပါ။ ကျွန်တော်ကတော့ သင့်ရဲ့ ပရမ်းပတာဖြစ်နေတဲ့ ခန္ဓာကိုယ်ရစ်သမ်ကို မူလအတိုင်း ပြန်ဖြစ်အောင် ထိန်းညှိပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။ ကျွန်တော့်ကို သောက်သုံးလိုက်တာနဲ့ သင့်ရဲ့ စိတ်လှုပ်ရှားမှုတွေ ငြိမ်သက်သွားမယ်၊ သွေးဖိအားတွေ ပုံမှန်ဖြစ်လာမယ်၊ ပြီးတော့ ပူလောင်နေတဲ့ ဦးနှောက်ကလည်း အေးမြသွားပါလိမ့်မယ်။
နည်းလမ်းက အရမ်းရိုးရှင်းပါတယ်။ ကျွန်တော့်ကို လက်တစ်ဆုပ်စာယူ၊ ရေတစ်လီတာနဲ့ ဆူအောင်ပြုတ်ပြီး တစ်နေ့လုံး ရေသောက်သလို သောက်ပေးရုံပါပဲ။ ဒါပေမဲ့ လူတွေက ဒီလိုရိုးရှင်းပြီး နှေးကွေးတဲ့ နည်းလမ်းကို အထင်သေးတတ်ကြတယ်။ အမြန်ရချင်တဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို အတင်းနှိပ်စက်နေကြတာ။ တစ်နေ့မှာ သင့်ခန္ဓာကိုယ်က လုံးဝရပ်တန့်သွားတဲ့အခါ၊ မူးဝေလွန်းလို့ အိမ်ပြင်မထွက်နိုင်တဲ့အခါမှ ကျွန်တော့်ကို သတိရလာလိမ့်မယ်။ အဲဒီအချိန်ကျမှ နောင်တရတာထက် အခုကတည်းက သင့်ခန္ဓာကိုယ်ကို အစိမ်းရောင်နဲ့ ကုစားပေးပါလို့ တိုက်တွန်းချင်ပါတယ်။
ခန္ဓာကိုယ်က သင့်ရဲ့ တစ်ခုတည်းသော အိမ်ပါ။ အဲဒီအိမ်လေး ပြိုလဲမသွားခင် ကျွန်တော့်လို အနားမှာရှိတဲ့ အဖိုးတန်အရာလေးတွေကို တန်ဖိုးထားပြီး ဂရုစိုက်ပေးလှည့်ပါ။
#ဆွမ်းမွှေး #ကျန်းမာရေးသုတ

09/09/2025

**ငှက်ပျောဖူးရဲ့ ကျန်းမာရေး အထောက်အပံ့များ**

ငှက်ပျောဖူးဟာ အရသာရှိရုံသာမက **အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအကျိုးကျေးဇူးများစွာ** ပေးစွမ်းနိုင်ပါတယ်။ အောက်ပါတို့က အဓိကအကျိုးကျေးဇူးတွေဖြစ်ပါတယ်။

---

# # # ✅ **၁။ အမျှင်ဓာတ်ကြွယ်ဝမှု**
- **အစာခြေစနစ်**ကို အားကောင်းစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးတယ်။
- အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အာဟာရဖြည့်ပေးကာ **အူလမ်းကြောင်းကျန်းမာရေး**ကို မြှင့်တင်ပေးတယ်။

---

# # # ✅ **၂။ အာဟာရဓာတ်များ**
- **ဗီတာမင် A, C, E** နဲ့ **ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လ်ဆီယမ်** တို့ ကြွယ်ဝစွာပါဝင်တယ်။
- **သံဓာတ်** အထူးပါဝင်တာကြောင့် **သွေးအားနည်းရောဂါ** ကာကွယ်ပေးနိုင်တယ်။

---

# # # ✅ **၃။ အန်တီအောက်ဆီးဒင့် ကြွယ်ဝမှု**
- **ဖီနောလစ်ဒြိုက် (phenolics), ဖလေဗာနွိုက် (flavonoids)** တို့ပါဝင်ပြီး **ဆဲလ်ပျက်စီးမှုကို တိုက်ဖျက်ပေးတယ်**။
- နာတာရှည်ရောဂါတွေ (ဥပမာ - ဆီးချို၊ နှလုံး) ကို ကာကွယ်နိုင်စွမ်းရှိတယ်။

---

# # # ✅ **၄။ ဟော်မုန်းညီမျှမှု**
- **မဂ္ဂနီစီယမ်**ပါဝင်မှုက **စိတ်ဖိစီးမှုဟော်မုန်း (cortisol)** ကို ထိန်းညှိပေးပြီး စိတ်ငြိမ်စေတယ်။
- ရာသီလာချိန် ကိုက်ခဲမှုနဲ့ PMS ဝေဒနာတွေကို သက်သာစေနိုင်တယ်။

---

# # # ✅ **၅။ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း**
- **ဂလိုက်ဆီမစ်အညွှန်းကိန်း (Glycemic Index) နိမ့်ပြီး** သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေတယ်။
- **ဆီးချိုရောဂါ** ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေတယ်။

---

# # # ✅ **၆။ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း**
- **ဒြပ်ပေါင်းသဘာဝတွေပါဝင်မှုက** ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို လျော့ကျစေတယ်။
- အဆစ်နာခြင်း၊ ကြွက်သားနာကျင်မှုတွေကို သက်သာစေနိုင်တယ်။

---

# # # ✅ **၇။ ကိုယ်ခံအားစနစ် မြှင့်တင်ပေးခြင်း**
- **ဗီတာမင် C** နဲ့ **ဇင့် (zinc)** တို့က ကိုယ်ခံအားကို အားဖြည့်ပေးပြီး ရောဂါပိုးမွှားများကို တိုက်ထုတ်နိုင်စွမ်း တိုးစေတယ်။

---

# # # ✅ **၈။ နို့တိုက်မိခင်များအတွက် အထောက်အပံ့**
- ငှက်ပျောဖူးဟာ **နို့ထွက်နှုန်းကို မြှင့်တင်ပေးနိုင်တယ်**လို့ gel ရိုးရာဆေးပညာတွေမှာ ဖော်ပြထားပါတယ်။

---

# # # 🍽️ **ဘယ်လိုစားသုံးမလဲ?**
- ချက်ပြုတ်ရာမှာ **အစိမ်းတိုက်ရိုက်မစားဘဲ** ပြုတ်/ကြော်/ဟင်းချိုထည့်/သုပ်စားတာမျိုး ပြုလုပ်သင့်တယ်။
- မြန်မာရိုးရာမှာ **ငှက်ပျောဖူးသုပ်၊ ငှက်ပျောဖူးဟင်း** စတာတွေကို ချက်လေ့ရှိပါတယ်။

---

# # # ⚠️ **သတိပြုရန်**
- အလွန်အကျွံစားမိရင် အစာမကြေဖြစ်တတ်တာကြောင့် **ပမာဏသင့်တင့်စွာ** စားပါ။
- **သွေးတိုးကျဆေး** သောက်နေသူများ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

ငှက်ပျောဖူးဟာ **စျေးနှုန်းချိုသာပြီး ကျန်းမာရေးအရ အကျိုးများတဲ့ သဘာဝအစားအစာ**တစ်ခုဖြစ်လို့ ပုံမှန်ထည့်သွင်းစားသုံးသင့်ပါတယ်။ 🌿

သစ်သီးပင်အချို့၌ ရေဖြတ်ပေးခြင်းဖြင့် ပန်းပွင့်စေရန် လှုံ့ဆော်ပေးခြင်းဒေါက်တာဝဏ္ဏထွန်း---------------------------------- ...
06/02/2025

သစ်သီးပင်အချို့၌ ရေဖြတ်ပေးခြင်းဖြင့် ပန်းပွင့်စေရန် လှုံ့ဆော်ပေးခြင်း

ဒေါက်တာဝဏ္ဏထွန်း
----------------------------------

ပန်းပွင့်စောချင်ရင်၊ ပန်းပွင့်စေချင်ရင် သစ်သီးပင်တွေကို ကာလတစ်ခုအထိ ရေဖြတ်ပေးပါလို့ အကြံပြုလေ့ ရှိပါတယ်။ (၂)ပတ်ကနေ (၂)လအထိ ရေဖြတ်လေ့ရှိပြီး၊ သရက်၊ ဒူးရင်းတွေမှာ အဓိက ဆောင်ရွက်လေ့ရှိပါတယ်။

💦 အပင်တွေအသက်ရှင်ဖို့ ရေသည် မဖြစ်မနေအရေးကြီးပါတယ်။ ဘာကြောင့် ရေဖြတ်ရပါသလဲ? ရေဖြတ်ပေးခြင်းဖြင့် ပန်းပွင့်ရတဲ့အကြောင်းရင်းတွေကို ဆွေးနွေးချင်ပါတယ်။

(၁) ရေဖြတ်ပြီးနောက် ပန်းပွင့်လာခြင်းသည် ရာသီဥတုပြောင်းလဲခြင်း၌ အသက်ရှင်စေရန် အပင်များ၏ ဗျူဟာဖြစ်ပါတယ်။

ခြောက်သွေ့သည့် အပူပိုင်းဒေသများ၌ ဆိုးရွားသည့်ရာသီဥတုအခြေအနေသို့ မရောက်မီ အပင်များ၏ မျိုးပွားအစီအစဥ်ကို ပြီးမြောက်အောင်ဆောင်ရွက်ရပါတယ်။ ဒါဟာအပင်ရဲ့ဗျူဟာတစ်ခုဖြစ်ပြီး Drought escape (မိုးခေါင်ခြင်းမှလွတ်မြောက်စေခြင်း) လို့ ခေါ်လေ့ရှိပါတယ်။ Drought Avoidance တို့ Drought Tolerance တို့ အစရှိတဲ့ ဗျူဟာတွေလည်း ရှိကြပါသေးတယ်။

မြေဆီလွှာအတွင်း ရေနည်းလာသည်နှင့် တပြိုင်နက် ရာသီဥတုပိုဆိုးရွားလာတော့မှာ အပင်များက သိကြပါတယ်။

ဒါကြောင့်မို့ ရေအနည်းငယ်ရှားပါးလာသည်နှင့်တပြိုင်နက် သက်ရှိများ၏တာဝန်တစ်ခုဖြစ်တဲ့ မျိုးပွားခြင်း၊ မိမိတို့၏သားဆက်များချန်ခဲ့ခြင်းဆိုတဲ့ တာဝန်များကို ပြည့်စုံအောင်ထမ်းဆောင်ရန်အတွက် အပင်များသည် ပန်းများပွင့်၍ အသီးသီးစေရန် လှုံ့ဆော်ကြပါတော့တယ်။ ပန်းပွင့်စောလာကြတယ်ပေါ့။ ရေပြတ်သည်နှင့် အပင်အတွင်းအချက်ပြကြပြီး၊ အခြေအနေများပိုမိုမဆိုးခင် အစေ့များချန်ခဲ့နိုင်ရန် ကြိုးပမ်းကြရပါတယ်။

ထို့ပြင် ခြောက်သွေ့ကာလအတွင်း အစေ့များထုတ်လုပ်‌ပေးခြင်းဖြင့်၊ မိုးရာသီပြန်ရောက်သည်နှင့်တပြိုက်နက် အစေ့ပြန်ပေါက် အပင်ပြန်ဖြစ်ရန် သေချာစေပါတယ်။

(၂) အပင်အတွင်းဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း

အပင်ရေငတ်ချိန်တွင် Abscisic acid (ABA) ဟော်မုန်းထွက်လာပါတယ်။ ABA သည် ပန်းပွင့်ရန် အချက်ပေးသည့် ဟော်မုန်းတစ်ခုဖြစ်ပါတယ်။
အချို့အပင်များ၌ ပန်းပွင့်ခြင်းကို အားပေးသည့် Florigen (FT protein) များထွက်လာ၍ ပန်းပွင့်ပါတယ်။

(၃) စွမ်းအင်များခွဲဝေပေးမှု ပြောင်းလဲခြင်း

ရေငတ်ချိန်၌ အပင်များ၏ စွမ်းအင်များသည် အရွက်၊ အကိုင်းများထွက်ရှိမှု၊ အပင်ကြီးထွားမှုများမှသည် မျိုးပွားမည့်အစီအစဥ်များသို့ ပြောင်းရွှေ့သွားကြပါတယ်။
မိုးခေါင်ရေငတ်ချိန်၌ အပင်များ၏ဆက်လက်အသက်ရှင်မှုသည် မသေချာနိုင်တာကြောင့် သူတို့၏မျိုးဆက်များကို ချန်ထားရစ်ရန် သဘာဝအသိဖြင့် ကြိုးပမ်းကြခြင်းဖြစ်ပါတယ်။

#ဒီလိုအပင်များ၏ရေငတ်ကာလအားတုံ့ပြန်မှုကို နားလည်လာကြသည်နှင့်တပြိုက်နက်၊ ထိုဖြစ်စဥ်ကို ဥယျာဥ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု၌ အသုံးချလာကြခြင်းဖြစ်ပါတယ်။ အဆိုးထဲက အကောင်းဖြစ်ပါတယ်။

ပန်းပွင့်စေချင်တဲ့ကာလမတိုင်မီ အပင်တွေမှာ မသေရုံတမယ် ရေဖြတ်ပေးလိုက်တယ်။ သီးနှံအလိုက် (၂)ပတ်ကနေ (၈)ပတ်အတွင်း ပန်းတွေပွင့်လာတာပေါ့။
သီးနှံအလိုက်၊ မျိုးအလိုက် အဆိုပါရေဖြတ်ပေးခြင်းကို တုံ့ပြန်မှုတွေကတော့ မတူညီနိုင်ပါဘူး။ အချို့မျိုးတွေက ပန်းပွင့်လှုံ့ဆော်ဖို့ ဓာတုဆေး၊ ဟော်မုန်းဆေးတွေရဲ့ အကူအညီပါလိုအပ်ပါတယ်။

ရေဖြတ်ပေးခြင်းဖြင့် ပန်းပွင့်တာကိုလှုံ့ဆော်ပေးနိုင်သော သစ်သီးပင်အချို့နဲ့ ရေဖြတ်ပေးရမယ့်ကာလတွေ ကတော့---

သရက် (၄-၈ ပတ်ခန့် ‌ရေဖြတ်ပေးပါ)
ဒူးရင်း (၃-၄ ပတ်ခန့် ‌ရေဖြတ်ပေးပါ)
ရှောက်သံပုရာမျိုးဝင်လိမ္မော်၊ သံပယို၊ သံပုရာ၊ ခွံပါးလိမ္မော်၊ ကျွဲကော၊ ဆန်းကစ် (၅-၆ ပတ်ခန့် ‌ရေဖြတ်ပေးပါ)
လောင်ဂန် (၄-၆ ပတ်ခန့် ‌ရေဖြတ်ပေးပါ)
လိုင်ချီး (၂-၄ ပတ်ခန့် ‌ရေဖြတ်ပေးပါ)
ပိန္နဲ (၄-၆ ပတ်ခန့် ‌ရေဖြတ်ပေးပါ)
သကြားသီး (၄-၆ ပတ်ခန့် ‌ရေဖြတ်ပေးပါ)
သီဟို (၄-၈ ပတ်ခန့် ‌ရေဖြတ်ပေးပါ)
သလဲသီး (၄-၈ ပတ်ခန့် ‌ရေဖြတ်ပေးပါ)
မာလကာ (၄-၆ ပတ်ခန့် ‌ရေဖြတ်ပေးပါ)
ကြက်​မောက် (၂-၄ ပတ်ခန့် ​ရေဖြတ်​ပေးပါ) စသည်တို့ ဖြစ်ကြပါတယ်။

အတိုချုပ်ပြောရရင်----

(က) ပန်းပွင့်စေချင်တဲ့ကာလမတိုင်မီ ရေဖြတ်ပေးပါ။
အရွက်တွေကုပ်ကျလာမယ်၊ ပင်ပိုင်းဆိုင်ရာကြီးထွားမှုတွေရပ်လာမယ်၊ အရွက်တွေအစိမ်းရင့်ရင့်ဖြစ်လာပြီး မာဆတ်ဆတ်ဖြစ်လာမယ်။ ဒါတွေကို မြင်ရရင် OK ပါ။ အပင်မသေသေးပါဘူး။
ဒါပေမယ့် အပင်ညှိုးခြောက်သေမယ့် လက္ခဏာပေါ်လာတဲ့အထိတော့ အလွန်အမင်း ရေမဖြတ်ပေးရပါဘူး။

(ခ) ရေမဖြတ်မီကတည်းက အပင်အား အနည်းငယ် ကိုင်းဖြတ်ပုံသွင်းပေးထားခြင်း
အပင်အားအနည်းငယ် ကိုင်းဖြတ်ပုံသွင်းပေးထားခြင်းဖြင့် ပန်းဖူးထွက်ခြင်းကို အားပေးသလို အပင်အား နေရောင်ခြည်အပြည့်အဝရရှိစေခြင်း (ဥပမာ ဒူးရင်းပင်သည် တစ်နေ့လျှင် နေရောင်ခြည်အနည်းဆုံး (၆-၈)နာရီ လိုအပ်ပါတယ်)၊ စိုက်ခင်းအတွင်း လေဝင်လေထွက်ကောင်းခြင်း၊ ပိုး/ရောဂါကျသည့်ကိုင်းများအား ဖယ်ထုတ်ပေးနိုင်ခြင်းစသည့်ကောင်းကျိုးများလည်း ရရှိစေပါတယ်။

(ဂ) တချို့သစ်သီးပင်များ (ဥပမာ သရက်၊ ဒူးရင်း)တို့၌ ပန်းပွင့်မှသာ ရေပြန်သွင်းပေးပါ။
သို့မဟုတ် ကျွဲကော၊ မာလကာ စသည်တို့၌ သတ်မှတ်ထားသည့် ရေဖြတ်ကာလကို ကျော်ဖြတ်ပြီးနောက် (ပန်းမပွင့်မီ) ရေများများသွင်းပေးမှသာ အရွက်နု၊ကိုင်းသစ်များနှင့်အတူ ပန်းပွင့်များ ထွက်လာမည်ဖြစ်ပါသည်။

(ဃ) ဖော့စဖောရပ်နှင့် ပိုတက်ဆီယမ် ကြွယ်ဝသည့်မြေဩဇာ (ဥပမာ 2:1:2 သို့မဟုတ် ၅း၁၀း၁၀)များ ထည့်ပေးပါ။ ပန်းပွင့်ညီစေရန် KNO3 (၁-၂ %) ဖျန်းပေးပါ။

(င) ညအပူချိန် (၁၅-၂၂) °C ရှိခြင်းသည် ပန်းပွင့်ခြင်းကို ပိုမိုအားပေးသည်။

(စ) သက်တမ်း (၅)နှစ်အောက် (ဒူးရင်း)၊ ကျွဲကော (၃)နှစ်အောက်၊ သရက် (၄)နှစ်အောက် အပင်များ၌ ရေဖြတ်ခြင်းကို ခံနိုင်ရည်မရှိခြင်းကြောင့် မဆောင်ရွက်သင့်သေးပါ။

ဟင်းသီးဟင်းရွက်တွေမှာ ရေဖြတ်ပေးရင်ရော ပန်းပွင့်စောစေနိုင်သလားဆိုတော့ အချို့သီးနှံတွေမှာ ပန်းပွင့်တာကို လှုံ့ဆော်ပေးကြောင်း တွေ့ရှိရပါတယ်။

ခရမ်းချဥ်၊ ငရုတ်၊ ခရမ်း၊ မြေထောက်ပဲ၊ ကုလားပဲ၊ ဖရုံ၊ ဖရဲ စသည်တို့ဖြစ်ကြပါတယ်။ သစ်သီးပင်တွေလိုတော့ လုံးဝရေဖြတ်ပေးလို့မရဘဲ၊ အနည်းငယ်သာ အချိန်တိုလေးအတွင်း ရေဖြတ်ပေးရမှာဖြစ်ပါတယ်။

တချို့ဟင်းသီးဟင်းရွက်တွေမှာတော့ ရေဖြတ်ပေးရင် ပန်းခိုင်၊ အညှောင့်တွေထွက်လာတော့ စားသုံးသူတွေ မကြိုက်ကြတော့ဘူးပေါ့။ ဥပမာ- ဆလတ်၊ မုန်လာဥ၊ ခါကျက်ဥ၊ ဟင်းနုနယ်၊ ပန်းဂေါ်ဖီ စသည်တို့မှာ ဖြစ်လေ့ရှိပါတယ်။

ဒါကြောင့် ဟင်းသီးဟင်းရွက်တွေမှာ ပန်းပွင့်စောချင်တယ်၊ ပန်းပွင့်နဲ့အသီးပိုရချင်ရင်တော့ ပန်းမပွင့်မီ (၃-၇)ရက်ခန့် ရေအနည်းငယ်ဖြတ်ပေးပါ။

ဆလတ်၊ ဟင်းနုနယ်၊ မုန်လာဥတွေအရည်အသွေးမကျချင်ရင်၊ ပန်းမပွင့်စေချင်ရင် ရေမငတ်စေဖို့ ဂရုစိုက်ပေးပါ။

ကျွန်တော့်ရဲ့ M.Sc နဲ့ PhD ဘွဲ့များအတွက် သုတေသနများမှာဆိုရင် မြေပဲ၌ ပန်းမပွင့်ခင်အချိန်အထိ ရေဖြတ်ပေးခြင်းဖြင့်၊ ရေပြန်ရလာချိန်မှာ အပင်ပိုကြီး၊ မြေပဲတောင့်အထွက်နှုန်း ပိုကောင်းလာကြောင်း တွေ့ရှိရပါတယ်။

ပန်းပွင့်ပြီးနောက် စွယ်ချချိန်မှစ၍ ရေဖြတ်တဲ့အခါမှာတော့ အထွက်နှုန်းရော၊ မြေပဲတောင့်နှင့် အစေ့အရည်အသွေးပါကျဆင်း၍ အာဖလာတော်ဆင်မှိုဆိပ်ပိုမိုဖြစ်လာကြောင်း တွေ့ရှိခဲ့ရပါတယ်။

Address

Taikkyi

Website

Alerts

Be the first to know and let us send you an email when မျိုးမဟာ သဘာဝ ဥယာဉ်ခြံလုပ်ငန်း နင့် သစ်သီးသစ်ပင်ရောင်းဝယ်ရေး။ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share