SHAN TAUNG - TGI Construction Co.,ltd.

SHAN TAUNG - TGI Construction Co.,ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SHAN TAUNG - TGI Construction Co.,ltd., Home decor, No/83 , Myitta Shin Street, Khanthar Qrt, Taunggyi.

Construction and Design လုပ်ငန်းများကို ခိုင်ခံ့လှပစွာ ယုံကြည်စိတ်ချစွာ အာမခံမှုအပြည့်အဝဖြင့်ဆောင်ရွက်ပေးနေပါသည်။
Contact us; 09 5199614, 09 268822298,
Office Ph. ; 09 428993494

10/06/2026

Aye Thar Yar

10/06/2026

Aye Thar Yar Site

▫️တောင်ကြီးမြို့မှာ အောင်မြင်စွာတည်ဆောက်ပြီးစီးပါပြီ။▫️၅၀’ x ၈၅’ မြေကွက်ပေါ်မှာ - ၄၄’ x ၃၀’ အကျယ်အဝန်းရှိတဲ့     (Steel ...
30/05/2026

▫️တောင်ကြီးမြို့မှာ အောင်မြင်စွာတည်ဆောက်ပြီးစီးပါပြီ။

▫️၅၀’ x ၈၅’ မြေကွက်ပေါ်မှာ - ၄၄’ x ၃၀’ အကျယ်အဝန်းရှိတဲ့

(Steel structure ) အမျိုးအစား - (၁)ထပ်တိုက် ဖြစ်ပါတယ်။

မာစတာ(၃)ခန်း ၊ ရိုးရိုး (၁)ခန်း နဲ့
ဧည့်ခန်း အကျယ် (၁) ခန်း ၊
မီးဖိုချောင် ထမင်းစားခန်း (၁)ခန်း

စုစုပေါင်း အိပ်ခန်း (၄)ခန်းထည့်သွင်းတည်ဆောက်ပေးထားပါတယ်ဗျ။

ကား(၃)စီးစာ space ရှိပြီး…

အေးအေးဆေးဆေး parking ထိုးနိုင်အောင်..

စနစ်တကျ plan ချထားပေးပြီး အိမ်ရှင်စိတ်တိုင်းကျဆောင်ရွက်ပေးထားပါတယ်ဗျ။

▫️ကျွန်တော်တို့ ✨ရှမ်းတောင် - TGI (construction)✨မှ

လူကြီးမင်းတို့အတွက်…အကြမ်းထည်ပိုင်း ကြံ့ခိုင်မှု ပြည့်ဝပြီး

အချောထည်ပိုင်းမှာ လက်ရာလက်သားသပ်ရပ်ကောင်းမွန်စွာ

တာဝန်ယူတည်ဆောက်ပေးလျက် ရှိပါတယ်ခင်ဗျာ။

▫️အိမ်ဆောက်ဖို့ စိတ်ကူးထားတဲ့ လူကြီးမင်းတို့အနေနဲ့

စိတ်တိုင်းကျ မေးမြန်း စုံးစမ်းနိုင်ပါတယ်ခင်ဗျာ။

▫️လူကြီးမင်းတို့အတွက် အကောင်းဆုံးဖြစ်အောင်

တိုင်ပင် တွက်ချက် ဆွေးနွေးပေးပါတယ်။

Office- မ/၈၃၊ ရွှေဂျိုးဖြူလမ်း၊ ကံသာရပ်ကွက်၊
တောင်ကြီးမြို့။

☎️ 09 - 5199614

☎️ 09 - 428993494, 09 - 268822298

26/05/2026

New Project in Nyaung Shwe

25/04/2026

🍀နာကြည်းအောင်မပြောပါနဲ့…။🍀

လောကမှာ အလုံးစုံဒဏ်ရာကင်းစင်သူရယ်လို့ မရှိနိုင်ပါဘူး..။ လူတိုင်းမှာ ဒဏ်ရာအနာတရကိုယ်စီရှိတတ်ကြပါတယ်..။ လူတစ်ယောက်ရဲ့စိတ်နှလုံးမှာ နည်းနည်းလေးထိလိုက်တာနဲ့ဆတ်ဆတ်ထိမခံနိုင်လောက်အောင်..နာကျင်စေတတ်တဲ့ ဒဏ်ရာမျိုးရှိနေတတ်ပါတယ်..။ ကလေးဘဝကတည်းက သူရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာ..စိတ်မလုံခြုံမှု..စတဲ့စိတ်အခြေအနေကိုလိုက်ပြီး…တချို့ဒဏ်ရာတွေက အထိမခံနိုင်လောက်အောင် နာကျင်တတ်ကြပါတယ်..။

ကိုယ်က ကိုယ့်စိတ်နဲ့အခန့်မသင့်တဲ့အခါမျိုးမှာ တစ်ဖက်သားကို နာနာကြည်းကြည်းဖြစ်သွားအောင်ကို မနာနာအောင် အငြိုးတကြီးနဲ့ပြောလေ့ရှိတတ်ကြပါတယ်…။ သူ ဆတ်ဆတ်ခါနာကြည်းသွားရင်…ကိုယ်အနိုင်ရသလို အထက်စီးနင်းစိတ်မျိုးနဲ့ ကျေနပ်အားရတတ်ပါတယ်..။ တကယ်တော့ သူနာကြည်းသွားအောင် ပြောလိုက်နိုင်တာဟာ အနိုင်ရခြင်းမဟုတ်ပါဘူး…။ ကိုယ့်ဘက်ကပြောလိုက်တဲ့စကားတစ်ခွန်းကြာင့် တစ်ဖက်သားရဲ့နှလုံးသားတစ်ခုလုံး ကြေမွပြီး စိတ်ဒဏ်ရာရသွားတဲ့အဖြစ်ဟာ အင်မတန်ရက်စက်တဲ့ ထိုးနှက်မှု..အနိုင်ကျင့်မှုသက်သက်သာ ဖြစ်ပါတယ်..။ သူ့နေရာမှာ ကိုယ်သာဆိုရင်…ကိုယ့်ကို ဆတ်ဆတ်ခါနာကြည်းသွားစေမယ့်စကားမျိုး အပြောခံရရင် ကိုယ်ဘယ်လိုနေမလဲ ..ဘယ်လိုခံစားရမလဲ ဆိုတဲ့ ကိုယ်ချင်းစာနာတတ်တဲ့အတွေးမျိုး တွေးတတ်လာရင် တစ်ဖက်သားကို စကားနဲ့ နာကျင်အောင် မပြောမိတော့ပါဘူး…။

ဥပမာပြာပြရရင်…မိဘဆီကနေ..အထင်ကြီးလေးစားမှု..ချီးမွမ်းပြောဆိုမှုကို အရမ်းလိုချင်တောင့်တပြီး ကြိုးစားနေတဲ့ကလေးတစ်ယောက်ကို သူ့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုဘဲ…သူမတော်တဆကျရှုံးသွားတဲ့အပေါ်…
“ နင်က ဘယ်တော့မှ အသုံးမကျဘူး…ဘာမှလုပ်မနေနဲ့..ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူး…” လို့ ဒေါသအလျောက် သူမခံချင်စိတ်ဖြစ်အောင်..နာကြည်းအောင် ပြောလိုက်တဲ့စကားတစ်ခွန်းဟာ..ကလေးကို တစ်သက်လုံး နာလန်မထူနိုင်တော့အောင်…အရှိုက်တည့်တည့်ကို ထိုးနှက်လိုက်တဲ့စကားမျိုးဖြစ်ပါတယ်..။

ကိုယ့်ရဲ့ ကိုယ်ခန္ဓာအလှအပအပေါ်မှာ စိတ်မလုံခြုံမှုခံစားနေရတဲ့ သူငယ်ချင်းတစ်ယောက်ကို “ နင်ကလည်း တစ်နေ့တစ်ခြား ဝလာလိုက်တာဟယ်…ကြည့်လည်းလုပ်ပါဦး…ဝက်ဖြစ်တော့မယ်…” လို့ နောက်သလိုပြောင်သလို ပြောလိုက်တဲ့အခါမျိုးမှာ..တစ်ဖက်သားက မခံချိမခံသာ ပြုံးနေရပေမယ့်…သူ့ရင်ထဲမှာတော့ ဆတ်ဆတ်ခါကို နာကြည်းသွားတတ်ပါတယ်..။ အလှသိပ်ကြိုက်တဲ့ မိန်းကလေးတစ်ယောက်ကို “ ဘာရုပ်ကြီးလဲ..ရုပ်ကလည်းဆိုးလိုက်တာ…” လို့ အပြောခံလိုက်ရတဲ့အခါ…သူ့ဘဝတစ်ခုလုံး ရစရာမရှိအောင် ကြေမွဆိတ်သုန်းသွားနိုင်ပါတယ်…။

ကိုယ့်ရဲ့ခင်ပွန်းက ငွေသိပ်ရှာမပေးနိုင်လို့ သူ့ဘာသာသူ သိမ်ငယ်စိတ်ဝင်နေတဲ့အချိန်မျိုးမှာ..တစ်ခြားယောက်ျားတွေနဲ့ နှိုင်းယှဉ်
ခိုင်းနှိုင်းပြီး…” ရှင်က ဘယ်လောက်ရှာနိုင်လို့လဲ…သူ့လောက်အဖြစ်ရှိလို့လား…အသုံးဖြင့်မကျဘဲနဲ့…” ဆိုတဲ့စကားမျိုးပြောလိုက်မိရင်..သူ့ရဲ့ဂုဏ်သိက္ခာကို အဆိပ်ခတ်လိုက်တာနဲ့ အတူတူပါပဲ..။

စကားဆိုတာ ပြောချင်တိုင်း ပြောလို့ရတယ်ဆိုပေမယ့်…တစ်ဖက်သားအပေါ်မှာ..သေစေလောက်တဲ့ဒဏ်ရာမျိုးမပေးမိဖို့လိုပါတယ်..။ စကားတစ်ခွန်းကြောင့် မျက်နှာမကြည့်ချင်လောက်အောင် မုန်းမျက်စက်ဆုပ်သွားတာမျိုး…တစ်သက်လုံးခွင့်မလွှတ်နိုင်လောက်အောင် ခါးသည်းနာကြည်းသွားတဲ့ အဖြစ်မျိုးတွေ အများကြီးပဲရှိပါတယ်..။

လူတိုင်းမှာ..ဘယ်လိုစကားမျိုးက ကိုယ့်စိတ်ကို နာကြည်းစေသလဲဆိုတာကို သိထားရင်…ဒီစကားမျိုး ဘယ်သူ့ကိုမှ ပြောခွင့်မရအောင် စည်းချထားဖို့လိုပါတယ်..။ ကျွန်မဆိုရင်…ကိုယ်စေတနာထားပြီး လုပ်ပေးနေတဲ့ အလုပ်အပေါ် ဝေဖန်မှတ်ချက်ပေးတာ…အပြစ်တင်တာမျိုးကို အခံရခက်နာကျင်တတ်ပါတယ်..။ ကိုယ့်ကို body shaming လုပ်တာကိုလည်း လုံးဝမနှစ်သက်ပါဘူး..။ ဒါကြောင့် ကိုယ့်ခင်ပွန်းကစပြီး…ကိုယ်နဲ့နီးစပ်တဲ့ သူငယ်ချင်းတွေကို…စတဲ့နောက်တဲ့ သဘောမျိုးနဲ့တောင် ကိုယ်မကြိုက်တဲ့အကြောင်း သေသေချာချာပြောပြထားပြီး စည်းချထားလိုက်ပါတယ်…။ အဲ့ဒီလိုပဲ….တခြားသူကိုလည်း…ဘယ်လိုစကားမျိုးက သူ့ရဲ့စိတ်ကို နာကျင်ထိခိုက်စေတတ်သလဲ…သူမခံမရပ်နိုင်လောက်အောင် ဆတ်ဆတ်ထိမခံဖြစ်တတ်သလဲဆိုတာကို…သူပြောတတ်တဲ့စကားတွေကို နားထောင်ကြည့်ပြီး လေ့လာအကဲခတ်ထားပါတယ်..။ သူမကြိုက်တာကို မပြောမိအောင် ရှောင်လိုက်ခြင်းဖြင့် စည်းစောင့်ပေးပါတယ်..။

“ ငါကတော့ စိတ်ဆိုးလာရင်..နာအောင်ပြောတတ်တယ်..” တို့…” ဒါလေးပြောမိတာများ ဘာဖြစ်လို့ ဒီလောက်တောင် ဆတ်ဆတ်ထိမခံဖြစ်သွားရတာလဲ..” တို့…” တို့ကတော့ မှန်တယ်ထင်ရင် ဘွင်းဘွင်းပဲဟေ့..နာအောင်ပြောတတ်တယ်..အနာရှိလို့ နာတတ်လည်း မတတ်နိုင်ဘူး…” ဆိုတဲ့စကားတွေဟာ…တာဝန်မဲ့တဲ့ အဆိပ်ရှိတဲ့သူမျိုးတွေရဲ့ လက်သုံးစကားသာဖြစ်ပါတယ်..။ ကိုယ်မကြိုက်တဲ့စကားကို သူများလာပြောရင် ကိုယ်နာကြည်းတတ်သလိုပဲ သူများမကြိုက်တဲ့စကားမျိုး သူ့ကိုပြောမိရင်… သူလည်းနာကြည်းတတ်ပါလား..လို့ စာနာနားလည်ပေးလိုက်ခြင်းဟာ..စိတ်ယဉ်ကျေးမှုရှိခြင်းဖြစ်ပါတယ်…။

ဘယ်လောက်ပဲ စိတ်ဆိုးဒေါသထွက်နေပါစေ..သူတစ်ပါးစိတ်ထဲမှာ..ဒဏ်ရာအနာတရဖြစ်သွားစေမယ့် စကားမျိုးနဲ့ နာကြည်းအောင်မပြောပါနဲ့…။ ဒေါသမာန်မာနအလျောက် သိပ်ပြောချင်နေတဲ့စကားတွေကို မပြောမိအောင် ထိန်းချုပ်နှုတ်ဆိတ်နေလိုက်ခြင်းကလည်း ဘယ်သူနဲ့မဆို ဆက်ဆံရေးတစ်ခုကို ခါးသက်ပြတ်တောက်မသွား​အောင် ကာကွယ်စောင့်ရှောက်လိုက်ရာရောက်ပါတယ်…။ ကိုယ်နာတတ်သလို သူများတွေလည်း နာတတ်ပါလားဆိုတဲ့ ကိုယ်ချင်းစာနာစိတ်ကလေးပဲ လိုအပ်တာပါ…။

#လွန်းထားထား
#တန်ဖိုးရှိတဲ့ဘဝ

မင်္ဂလာပါ ဗျကျွန်တော်တို့ ရှမ်းတောင် ဆောက်လုပ်ရေးကုမ္ပဏီမှအဆောက်အဦးအကြမ်းထည်၊ အချောထည်လုပ်ငန်းများအား PAE Package များအလ...
25/04/2026

မင်္ဂလာပါ ဗျ
ကျွန်တော်တို့ ရှမ်းတောင် ဆောက်လုပ်ရေးကုမ္ပဏီမှ
အဆောက်အဦးအကြမ်းထည်၊ အချောထည်လုပ်ငန်းများအား PAE Package များအလိုက်ဖြစ်စေ၊ Details Estimate များတွက်ချက်၍ဖြစ်စေ လုပ်ငန်းများလက်ခံဆောင်ရွက်ပေးနေပါသည်ခင်ဗျ။
လုပ်ငန်းလုပ်ဆောင်ရာတွင်လည်း

( ၁ ) လုပ်ငန်းစာချုပ်ကိုတိကျစွာ လုပ်ဆောင်ပေးခြင်း

( ၂ )သုံးစွဲမည့်ပစ္စည်းအလိုက် brand , size , ပစ္စည်းအမျိုးအစားအမည်အလိုက် အသိပေးထည့်သွင်းချုပ်ဆိုပေးပါသည်။

(၃)လုပ်ငန်းပြီးစီးမှုအလိုက် ငွေပေးချေမှုတွေကို အရစ်များခွဲ၍ ပေးချေလို့ရခြင်း

(၄)အိမ်ရှင်ဘက်မှ စိတ်ကြိုက် QC စစ်ဆေးခံနိုင်ခြင်း

(၅)ပစ္စည်း အရောင်အသွေး ဒီဇိုင်းအား အိမ်ရှင်ရွေးချယ်နိုင်ရန် လုပ်ငန်းစမှ ပြီးဆုံးသည်ထိ ပြသညှိနှိုင်းပေးခြင်း

( ၆)လုပ်ငန်းလုပ်ဆောင်မှုများအားအိမ်ရှင်ထံ Report တက်ပေးခြင်း

အထက်ပါအချက်များဖြင့် လူကြီးမင်းတို့၏ နေအိမ် အဆောက်အဦးများအား အရည်အသွးပြည့်မှီစွာ ကုန်ကျစရိတ်သက်သာစွာ အင်ဂျင်နီယာ၏ ကြည့်ကြပ်မှုကောင်းမွန်စွာခိုင်ခံ့လှပစွာဖြင့် နေအိမ်အဆောက်အဦးများကို အာမခံမှုအပြည့်အဝဖြင့်တာဝန်ယူဆောင်ရွက်ပေးနေပါသည်။

Contact us ; 09 5199614,09268822298
Office PH. ; 09 428993494
Address ; Ma/ 83, Myitta Shin Str; , Kanthar Qrt;,
Taunggyi.

မဂ်လာပါခင်ဗျာ ရှမ်းတောင် ဆောက်လုပ်ရေးမိသားစုမှ ယခုနှစ်သစ်အချိန်မှစတင်ပြီး ကျန်းမာချမ်းသာ၍ အေးချမ်းသာယာပြီးစီးပွါးလာလ်လာဘ...
10/04/2026

မဂ်လာပါခင်ဗျာ
ရှမ်းတောင် ဆောက်လုပ်ရေးမိသားစုမှ ယခုနှစ်သစ်အချိန်မှစတင်ပြီး ကျန်းမာချမ်းသာ၍ အေးချမ်းသာယာပြီးစီးပွါးလာလ်လာဘများတိုးတက်ကြပါစေလို့ဆုတောင်းမေတ္တာပို့အပ်ပါသည်ခင်ဗျာ ကျွန်တော်တို့ ကုမ္ပဏီအား ၁၁.၄.၂၀၂၆ မှ ၂၀.၄.၂၀၂၆ အထိနှစ်သစ်ကူးပိတ်ရက်အဖြစ်ကြေငြာအပ်ပါသည်ခင်ဗျာ။

Address

No/83 , Myitta Shin Street, Khanthar Qrt
Taunggyi

Website

Alerts

Be the first to know and let us send you an email when SHAN TAUNG - TGI Construction Co.,ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category