The Made Interior & Decoration

  • Home
  • The Made Interior & Decoration

The Made  Interior & Decoration Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Made Interior & Decoration, Interior design studio, .

စာရွက်စာတမ်း ခိုင်မာမှုက ပထမဦးစားပေး📑🛡️အိမ်တစ်လုံး၊ ခြံတစ်ကွက် ဝယ်ယူတော့မယ်ဆိုရင် လှပတဲ့မြင်ကွင်းတွေထက် ပိုအရေးကြီးတာက ခ...
07/02/2026

စာရွက်စာတမ်း ခိုင်မာမှုက ပထမဦးစားပေး
📑🛡️

အိမ်တစ်လုံး၊ ခြံတစ်ကွက် ဝယ်ယူတော့မယ်ဆိုရင် လှပတဲ့မြင်ကွင်းတွေထက် ပိုအရေးကြီးတာက ခိုင်မာတဲ့ စာရွက်စာတမ်းရှိဖို့ပါပဲ 🏡✨

စနစ်တကျ စစ်ဆေးမှုမရှိဘဲ ဝယ်ယူမိရင် နောင်တစ်ချိန်မှာ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ် ⚠️

ဒါကြောင့် မဝယ်ခင်မှာ ဒါတွေကို အရင်ဆုံး သေချာစစ်ဆေးပါ -

✅ ဂရန်

ဂရန်အစစ်အမှန် ဟုတ်/မဟုတ်ကို သက်ဆိုင်ရာ မြေစာရင်းရုံးမှာ မူရင်းစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပါ 🔍

✅ ပိုင်ဆိုင်မှု အဆင့်ဆင့်

အရောင်းအဝယ် စာချုပ်စာတမ်း အဆက်အစပ် မိ/မမိ သေချာကြည့်ပါ 📜

✅ အရှုပ်အရှင်း ကင်း/မကင်း

သတင်းစာမှာ ကြော်ငြာထည့်သွင်းပြီး ကန့်ကွက်သူ ရှိ/မရှိ စစ်ဆေးပါ 📰

တန်ဖိုးရှိတဲ့ သင့်ရဲ့ ချွေးနှဲစာတွေ မဆုံးရှုံးစေဖို့ "သေချာစစ်ဆေးပြီးမှ ဝယ်ယူပါ" လို့ အကြံပြုပါရစေ 🤝💡

ခေါင်းရှုပ်မခံချင်ဘူးဆိုရင် ဒီလို စာရွက်စာတမ်းပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေကို စိတ်ပူစရာမလိုအောင် The Made Landmark Group က အစအဆုံး တာဝန်ယူ စစ်ဆေးပေးပါတယ်ခင်ဗျ 😊🏢

ဒါကြောင့် အသေးစိတ်ကို စိတ်တိုင်းကျ မေးမြန်းတိုင်ပင်ဖို့ အခုပဲ ဖုန်းဆက်လိုက်ပါ ဒါမှမဟုတ် Messenger ကနေ ဆက်သွယ်လိုက်ပါခင်ဗျာ📞💬

📍 **Address:** No. 1194, 35 Ward, Pinlon Road, North Dagon Township, Yangon
📞 **Phone:** 09 783 000302

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုက ဘာကြောင့် အကောင်းဆုံး ဖြစ်နေတာလဲ? 🧐🏠ငွေကြေးဖောင်းပွမှုတွေကြားထဲမှာ သင့်ရဲ့ ငွေကြေးတန်ဖိ...
06/02/2026

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုက ဘာကြောင့် အကောင်းဆုံး ဖြစ်နေတာလဲ? 🧐🏠

ငွေကြေးဖောင်းပွမှုတွေကြားထဲမှာ သင့်ရဲ့ ငွေကြေးတန်ဖိုးကို ဘယ်လိုထိန်းသိမ်းမလဲ? 📈💰

လက်ရှိအချိန်မှာ အိမ်ခြံမြေကဏ္ဍဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အလုံခြုံဆုံး "Safe Haven" တစ်ခု ဖြစ်နေဆဲပါ

🛡️ ဘာကြောင့်လဲဆိုတော့ -

တန်ဖိုးတက်နိုင်ခြေများခြင်း 📈

အိမ်ခြံမြေတန်ဖိုးဟာ အချိန်ကြာလာတာနဲ့အမျှ တရိပ်ရိပ် မြင့်တက်လာလေ့ရှိပြီး ငွေတန်ဖိုးကျဆင်းမှုကို အကောင်းဆုံး ကာကွယ်ပေးပါတယ်။ ✅

Passive Income 💵

ဝယ်ထားတဲ့ အိမ်/ခြံ ကို ပြန်ငှားရမ်းခြင်းအားဖြင့် လစဉ် ပုံမှန်ဝင်ငွေ ရရှိစေနိုင်ပါတယ် 🏠🔑

ပိုင်ဆိုင်မှုခိုင်မာခြင်း 🤝

လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး အခြားရင်းနှီးမြှုပ်နှံမှုတွေထက် ပိုမိုခိုင်မာပါတယ် 🏛️✨

ဒါကြောင့် အိမ်ခြံမြေဝယ်ယူဖို့ / ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေပေမယ့် ဘယ်နေရာမှာ ဝယ်ရမလဲ ဝေခွဲမရဖြစ်နေရင်တော့ The Made Landmark Group ကို သတိရလိုက်ပါ 🏢

ဈေးကွက်ပေါက်ဈေးနဲ့ အလားအလာအရှိဆုံး နေရာတွေကို ကျွန်တော်တို့ အကြံပြုပေးပါရစေခင်ဗျာ 🙏😊

📍 Address: No. 1194, 35 Ward, Pinlon Road, North Dagon Township, Yangon

📞 Phone: +95 9 783 000302

✨ စိတ်ချခိုင်မာတဲ့ အနာဂတ်တွေကို "The Made" နဲ့အတူ စတင်တည်ဆောက်ပါ 🤝🏠 လူကြီးမင်းတို့ရဲ့ ဘဝတစ်သက်တာ အဖိုးတန်ဆုံး ရင်းနှီးမြ...
24/01/2026

✨ စိတ်ချခိုင်မာတဲ့ အနာဂတ်တွေကို "The Made" နဲ့အတူ စတင်တည်ဆောက်ပါ 🤝

🏠 လူကြီးမင်းတို့ရဲ့ ဘဝတစ်သက်တာ အဖိုးတန်ဆုံး ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ အိမ်ခြံမြေ အရောင်းအဝယ် ကိစ္စရပ်တွေအတွက် "The Made" Real Estate Services မှ နွေးထွေးစွာ ကြိုဆိုလိုက်ပါတယ် 🤗

💎 ကျွန်တော်တို့ရဲ့ "The Made Landmark Group & Interior Decoration" က -

✅ တိကျမှန်ကန်တဲ့ ဈေးနှုန်း
✅ ခိုင်မာစိတ်ချရတဲ့ စာချုပ်စာတမ်း
✅ ကျွမ်းကျင်သူများရဲ့ အကြံပေးမှုတွေနဲ့အတူ လူကြီးမင်းတို့ စိတ်တိုင်းကျစေမယ့် ဝန်ဆောင်မှုတွေကို အကောင်းဆုံးပေးအပ်သွားမှာ ဖြစ်ပါတယ် ✨

🏡 နေထိုင်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် အိမ်ခြံမြေနဲ့ ပတ်သက်ရင် "The Made" ကို သတိရလိုက်ပါ 💡

📍 Address: No. 1194, 35 Ward, Pinlon Road, North Dagon Township, Yangon

📞 Phone: +95 9 783 000302

#အိမ်ခြံမြေ #အိမ်ခြံမြေအကျိုးဆောင်

Interior Decoration အတွက် အရေးကြီးတဲ့ Site SurveySite Survey ဆိုတာ အလှဆင်ဝန်ဆောင်မှုလုပ်ငန်းမှာ အရေးကြီးတဲ့ အဆင့်တစ်ခုဖြ...
07/07/2025

Interior Decoration အတွက် အရေးကြီးတဲ့ Site Survey

Site Survey ဆိုတာ အလှဆင်ဝန်ဆောင်မှုလုပ်ငန်းမှာ အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပြီး ပြီးပြည့်စုံတဲ့ ဒီဇိုင်းကို အကောင်အထည်ဖော်ဖို့ အခြေခံအုတ်မြစ်လို့ပြောရမှာပါ။
🔍 Site Survey ဆင်းလိုက်ရင် ဘာတွေ သိလာနိုင်လဲ/ ဘာတွေရလာနိုင်လဲ?
🧱 အလှဆင်မဲ့နေရာရဲ့အတိုင်းအတာတွေကို အတိအကျသိရပါတယ်။
ပြတင်းပေါက်၊ တံခါး၊ ကော်လံ၊ မျက်နှာကျက်အမြင့် စတဲ့အချက်အလက်တွေကို သိရပါတယ်။
လက်ရှိရှိနေတဲ့ပစ္စည်းတွေ၊ လျှပ်စစ်/ပိုက်လိုင်းတွေ၊ Lighting ရရှိမှုအနေအထား၊ Decoration လုပ်မဲ့ အဆောက်အဦမှာ ရှိနေတဲ့ ကန့်သတ်ချက်တွေကို သိမြင်လာပါမယ်။
💰 The Made Interior & Decoration က ကျွမ်းကျင်ပညာရှင်တွေရဲ့ တိကျတဲ့ အကဲဖြတ်ချက်တွေ ကြောင့် လက်တွေ့ဆန်တဲ့ Estimate Cost ထွက်လာပါမယ်။
🕒 ကြိုတင်စစ်ဆေးထားပြီးသားမို့ Decoration Process မှာရှိလာနိုင်တဲ့ နှောင့်နှေးမှုတွေ နည်းသွားစေသလို ပစ္စည်းပို့ဆောင်ရေးနဲ့ Installation Process တွေကို ကြိုတင်စီစဉ်လို့ရလာပါမယ်။
အတိုချုပ်ပြောရမယ်ဆိုရင်တော့ Site Survey ဆိုတာ နေရာတစ်နေရာ / အဆောက်အဦတစ်လုံးကို လိုက်ကြည့်ရုံသက်သက်မဟုတ်ပါဘူး။ Client ရဲ့ အိပ်မက်ကို အလှပဆုံး၊ အသုံးဝင်ဆုံးဖြစ်လာအောင် ဖန်တီးပေးဖို့ လိုအပ်တဲ့အချက်အလက်တွေကို စုဆောင်းခြင်းဖြစ်ပါတယ်ခင်ဗျာ။

The Made Interior & Decoration
Phone - 09783000302
Address - No.1194,35 Ward, Pinlon Road, North Dagon Township, Yangon

အတွင်းပိုင်းအလှဆင်ဖို့ ဘယ်ကစရမှန်းမသိဘူးဖြစ်နေလား? The Made ရှိပါတယ်!ကိုယ့်အိမ်၊ ရုံးခန်း၊ ဆိုင်ကို အတွင်းပိုင်းအလှဆင်ချ...
28/06/2025

အတွင်းပိုင်းအလှဆင်ဖို့ ဘယ်ကစရမှန်းမသိဘူးဖြစ်နေလား?
The Made ရှိပါတယ်!
ကိုယ့်အိမ်၊ ရုံးခန်း၊ ဆိုင်ကို အတွင်းပိုင်းအလှဆင်ချင်ပေမဲ့ ဘယ်ကစလို့စရမှန်းမသိဘူးဖြစ်နေရင် The Made ကို သတိရလိုက်ပါဗျ။
- Decoration လုပ်ချင်တဲ့နေရာအထိလာပြီး Survey ဆင်းပေးမယ်ဗျာ
- စိတ်ကူးစိတ်သန်းတွေကို သေချာနားထောင်ပြီး သုံးသင့်တဲ့ ဘတ်ဂျက်၊ နေရာအနေအထားနဲ့ လိုက်ဖက်မဲ့ ဒီဇိုင်းတွေကို အကြံပြုဆွေးနွေးပေးမယ်ဗျာ
- ရွေးချယ်အသုံးပြုသင့်တဲ့ ပစ္စည်းတွေရဲ့ အရည်အသွေး၊ ဈေးနှုန်း၊ အာမခံ စတဲ့ အချက်တွေကို ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေက သေချာ‌လေး ရှင်းပြပေးမယ်ဗျာ
- ရုပ်လုံးပေါ်လာမဲ့ ဒီဇိုင်းလေးကို ပြပေးမယ်ဗျာ
အပေါ်မှာပြောခဲ့တဲ့အချက်တွေအတွက် အခကြေးငွေ ပေးရမှာလား?
တစ်ကျပ်မှပေးစရာမလိုပါဘူး။ The Made က Free Site Survey ဝန်ဆောင်မှုအနေနဲ့ လုပ်ပေးမှာပါ။
ကျွန်တော်တို့ဝန်ဆောင်မှုပေးထားတဲ့ Decoration Service အတွက် After Sales (2) years Warranty ပေးဦးမှာဗျာ။
ကဲ.... အတွင်းပိုင်းအလှဆင်ဖို့ အကောင်းဆုံး Service တွေနဲ့ စိတ်ကျေနပ်စေမဲ့ The Made Interior & Decoration ကို အခုပဲဆက်သွယ်စုံစမ်းလိုက်ပါ။
The Made Interior & Decoration
Phone - 09783000302
Address - No.1194,35 Ward, Pinlon Road, North Dagon Township, Yangon

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့..💪💪✊
01/05/2025

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့..💪💪✊


Decoration အတွက် The Made ရှိတယ်ဗျို့Decoration လုပ်ချင်တယ် ဘယ်ကစရမှန်းမသိဖြစ်နေလား?သုံးချင်တဲ့ Decoration Materials၊ Bu...
29/04/2025

Decoration အတွက် The Made ရှိတယ်ဗျို့

Decoration လုပ်ချင်တယ် ဘယ်ကစရမှန်းမသိဖြစ်နေလား?
သုံးချင်တဲ့ Decoration Materials၊ Budget ဘယ်လောက်ကုန်မလဲ
စဥ်းစားရလွန်းလို့ ခေါင်းကိုက်နေပြီလား?
ကျွန်တော်တို့ရဲ့ The Made Interior & Decoration နဲ့ လာရောက်တိုင်ပင်ဆွေးနွေးအပ်နှံလို့ရပါတယ်ဗျ။ ဈေးနှုန်းပိုင်းနဲ့ပတ်သက်ရင်လည်း ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့ Result ရ ရမယ်လို့ တာဝန်ယူပါတယ်။
The Made Interior & Decoration က
လက်ရာသပ်ရပ်လှပမှုအတွက် အပြည့်အဝအာမခံခြင်း၊
The Made ရဲ့ Service Quality ပိုင်းကို အာမခံခြင်း၊
Site Survey ပြုလုပ်ပေးခြင်း၊
သတ်မှတ်ထားတဲ့ Time Frame အတွင်း ပြီးစီးအောင် ဆောင်ရွက်ပေးခြင်း၊
ဈေးနှုန်းမှန်မှန်ကန်ကန်ပြုလုပ်ပေးခြင်း၊
Customer စိတ်တိုင်းကျတဲ့အထိ ဝန်ဆောင်မှုပေးခြင်း
After Sales (2) years Warranty ပေးခြင်းတို့ကြောင့် The Made Interior & Decoration နဲ့ ယုံကြည်စိတ်ချစွာ လက်တွဲဆောင်ရွက်လို့ရပါတယ်ခင်ဗျ။ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Interior Design & Decoration နှင့်ပတ်သက်ပြီး သိလိုသမျှကို
The Made Interior & Decoration
Phone - 09783000302
Address - No.1194,35 Ward, Pinlon Road, North Dagon Township, Yangon ကို ဆက်သွယ်ပြီး မေးမြန်း ဆွေးနွေးတိုင်ပင်လို့ရပါတယ် ခင်ဗျ


ဟောင်းနေတာတွေ အသစ်ဖြစ်ဖို့ Renovation လုပ်ကြစို့Client တွေရဲ့စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးဖို့ The Made ...
20/04/2025

ဟောင်းနေတာတွေ အသစ်ဖြစ်ဖို့ Renovation လုပ်ကြစို့
Client တွေရဲ့စိတ်ကူးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ပေးဖို့ The Made ရဲ့ Renovation Service ရှိတယ်ဗျို့
ဟောင်းနေတဲ့ ကိုယ့်အိမ်လေး ကိုယ့်ရုံးခန်းလေးကို နှစ်သစ်မှာ အသွင်သစ် အမြင်သစ်ဖြစ်အောင်ပြောင်းချိန် တန်ပြီနော်
ကိုယ် တစ်သက်လုံးနေမဲ့ အိမ်လေး / ကိုယ် တစ်နေကုန်အလုပ်လုပ်နေရတဲ့ ရုံးခန်းလေးက လှပနေမှ စိတ်ကြည်လင်လန်းဆန်းမှာပေါ့
နှစ်သစ်မှာ ကိုယ့်အိပ်မက်ထဲက အိမ် / ရုံးခန်းကို အသစ်ဖန်တီးချင်တယ်ဆိုရင် After Sales Service အနေနဲ့ အာမခံ (၂)နှစ်တိတိပေးတဲ့ The Made Interior & Decoration ကို ရွေးချယ်ဖို့မမေ့နဲ့နော်။
အာမခံ (၂)နှစ်ဆိုတာက.....
“အာမခံ(၂)နှစ်ရဲ့ ပထမ (၆)လအတွင်းမှာ (၃)လ တစ်ကြိမ်နှုန်းနဲ့ (၂)ကြိမ်တိတိ လာစစ်ဆေးပေးမယ်။ မင်ရာလေး တစ်ချက်ခြစ်မိထားတာရှိရင်တောင် ဆေး အခမဲ့ ပြန်သုတ်ပေးမယ်။ ကျန်တဲ့အာမခံသက်တမ်း (၁၈)လကိုတော့ (၆)လတစ်ကြိမ်နှုန်းနဲ့ (၃)ကြိမ် လာစစ်ဆေးပေးမယ်။ ကြီးမားတဲ့ပျက်စီးမှုရှိတယ်ဆိုရင်တော့ ပစ္စည်းဖိုးပဲ ပေးရမှာ ဖြစ်ပြီး လက်ခ လုံးဝ(လုံးဝ) ပေးစရာမလိုဘူး။ Free ပြန်ပြင်ပေးမယ်တဲ့။ အသေးအမွှားပြင်ဆင်မှုတွေအတွက် ကတော့ တစ်ကျပ်မှထပ်ပေးစရာမလိုဘူး၊ ပစ္စည်းဖိုး + လက်ခ အားလုံး Free ပြန်လုပ်ပေးမှာပါ”
ကဲ.... ဒီလောက်ကောင်းတဲ့ အာမခံချက်ပေးတာမျိုး ဘယ်မှာရှိလဲဗျာ
The Made မှာပဲ ရနိုင်ပါတယ်ခင်ဗျ။
အရည်အသွေးမြင့် Material တွေသုံးတယ်၊ ဝါရင့်ပညာရှင်တွေက ဦးဆောင်ပြီး Renovate လုပ်ပေးတယ်ဆိုမှ တော့ ဘာလိုသေးလဲဗျာ
ကျွန်တော်တို့ကို ဆက်သွယ်ပြီး ဆွေးနွေးတိုင်ပင်ဖို့ပဲလိုတော့တာပေါ့....
Renovation အပါအဝင် The Made Interior & Decoration မှာ ရနိုင်တဲ့ Service တွေအကြောင်းသိချင်ရင်
The Made Interior & Decoration
Phone - 09783000302
Address - No.1194,35 Ward, Pinlon Road, North Dagon Township, Yangon ကို ဆက်သွယ်လို့ရပါတယ် ခင်ဗျ။
အကောင်းဆုံးသောဝန်ဆောင်မှုတွေပေးဖို့ အဆင်သင့်ရှိနေပါမယ်ခင်ဗျာ။


“စိတ်ရှုပ်မခံနိုင်တဲ့ကျွန်မ The Made နဲ့မှ အဆင်ပြေသွား‌တော့တယ်”ရှုပ်ပွနေတဲ့ မီးဖိုဆောင်က စိတ်ရှုပ်မခံနိုင်တဲ့ ကျွန်မအတွက...
18/04/2025

“စိတ်ရှုပ်မခံနိုင်တဲ့ကျွန်မ The Made နဲ့မှ အဆင်ပြေသွား‌တော့တယ်”

ရှုပ်ပွနေတဲ့ မီးဖိုဆောင်က စိတ်ရှုပ်မခံနိုင်တဲ့ ကျွန်မအတွက်တော့ စိတ်ညစ်စရာနေရာကြီးပေါ့

အိမ်သူအိမ်သားတွေအတွက် ဘာချက်ရမလဲဆိုတာ ခေါင်းမီးတောက်အောင်စဥ်းစားရပါတယ်ဆိုမှ
ရှုပ်ပွနေတဲ့ မီးဖိုဆောင်ကို နေ့တိုင်းမြင်တွေ့နေရတော့ သည်းမခံနိုင်တော့ဘူး

အဲ့ဒါနဲ့ပဲ Warranty (2) years ပေးတဲ့ The Made Interior Decoration ကို Kitchen Decoration အတွက် အပ်လိုက်တာပေါ့

The Made က Project မစခင်ကတည်းက လိုအပ်ချက်တွေသေချာပြောပြပေးတယ်၊ ဖြစ်ချင်တာကို အကောင်း ဆုံးဖြစ်အောင်လုပ်ပေးတယ် အခုတော့ အရင်နဲ့လုံးဝမတူတော့ဘဲ မြင်တဲ့သူတိုင်း ကြိုက်ကြတဲ့ မီးဖိုဆောင်ကို ရခဲ့ပြီလေ
ကုန်တဲ့ပိုက်ဆံနဲ့ ပြန်ရတဲ့ စိတ်ချမ်းသာမှု တကယ်တန်တယ် ပြီးတော့ The Made ရဲ့ After Sales Service က အလန်းကြီးနော်

The Made က သူတို့ရဲ့ Decoration Service တိုင်းကို အာမခံ (၂) နှစ်တိတိပေးထားပြီး အကောင်းဆုံး After Sales Service ပေးတာတဲ့
“အာမခံ(၂)နှစ်ရဲ့ ပထမ (၆)လအတွင်းမှာ (၃)လ တစ်ကြိမ်နှုန်းနဲ့ (၂)ကြိမ်တိတိ လာစစ်ဆေးပေးမယ်။ မင်ရာလေး တစ်ချက်ခြစ်မိထားတာရှိရင်တောင် ဆေး အခမဲ့ ပြန်သုတ်ပေးမယ်။ ကျန်တဲ့အာမခံသက်တမ်း (၁၈)လကိုတော့ (၆)လတစ်ကြိမ်နှုန်းနဲ့ (၃)ကြိမ် လာစစ်ဆေးပေးမယ်။ ကြီးမားတဲ့ပျက်စီးမှုရှိတယ်ဆိုရင်တော့ ပစ္စည်းဖိုးပဲ ပေးရမှာ ဖြစ်ပြီး လက်ခ လုံးဝ(လုံးဝ) ပေးစရာမလိုဘူး။ Free ပြန်ပြင်ပေးမယ်တဲ့။ အသေးအမွှားပြင်ဆင်မှုတွေအတွက် ကတော့ တစ်ကျပ်မှထပ်ပေးစရာမလိုဘူး၊ ပစ္စည်းဖိုး + လက်ခ အားလုံး Free ပြန်လုပ်ပေးမှာတဲ့”
ကဲ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလဲ

Kitchen Decoration ကို အကောင်းဆုံးလုပ်ပေးခဲ့တဲ့ The Made အဖွဲ့သားတွေကို အရမ်းကျေးဇူးတင်ပါတယ် လို့.....

ကျွန်မလို Kitchen လှလှလေး ပိုင်ဆိုင်ချင်တယ်ဆိုရင်....
The Made Interior & Decoration
Phone - 09783000302
Address - No.1194,35 Ward, Pinlon Road, North Dagon Township, Yangon ကို ဆက်သွယ်လိုက်ပါရှင့်။


ကျွန်တော်တို့ အကောင်းဆုံးပြန်တည်ဆောက်ကြမယ်အင်အားပြင်းငလျင်လှုပ်ရှားမှုကြောင့်အင်အားပြင်းငလျင်လှုပ်ရှားမှုကြောင့် မြန်မာန...
17/04/2025

ကျွန်တော်တို့ အကောင်းဆုံးပြန်တည်ဆောက်ကြမယ်

အင်အားပြင်းငလျင်လှုပ်ရှားမှုကြောင့်အင်အားပြင်းငလျင်လှုပ်ရှားမှုကြောင့် မြန်မာနိုင်ငံရှိ မြို့နယ် ၆၀ ခန့်မှာရှိတဲ့ အဆောက်အဦ ၅၂၂၃ လုံးအပါအဝင် သာသနိကအဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ တံတားတွေများစွာပျက်စီးခဲ့ရသလို သေဆုံးသူ ၃၅၀၀ ခန့်၊ ဒဏ်ရာရသူ ၄၈၀၀ ခန့်၊ ပျောက်ဆုံးနေသူ ၂၀၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။

မြန်မာ့သမိုင်းမှာ အင်အားအပြင်းဆုံးငလျင်လို့မှတ်တမ်းဝင်ခဲ့တဲ့ ဒီငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ရတာနဲ့ပတ်သက်ပြီး The Made အနေနဲ့ များစွာဝမ်းနည်းစိတ်ထိခိုက်ရပါတယ်။

ငလျင်ဘယ်တော်လှုပ်မလဲဆိုတာကြိုတင်ခန့်မှန်းလို့မရပေမဲ့ ကျွန်တော်တို့တွေ ကြိုတင်ပြင်ဆင်တွက်ဆပြီး အဆောက်အဦတွေကို ဆောက်ခဲ့မယ်ဆိုရင် ဒီလောက်အထိနာမှာမဟုတ်ဘူးလို့ ကျနော်တွေးနေမိတယ်။

ဖြစ်ပြီးတာတွေအတွက် ပြန်လည်ထူထောင်ဖို့ကလွဲပြီး လုပ်စရာမရှိတော့ပါဘူး။

ကျနော်တို့မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အချင်းချင်းဖေးမကူညီပြီး အမြန်ဆုံး ရုန်းထကြမယ်ဗျာ။

ကျနော်တို့ The Made Interior & Decoration အနေနဲ့လည်း အတတ်နိုင်ဆုံးပါဝင်ကူညီပေးသွားပါမယ်။

ပြီးတော့ ကျနော်တို့နဲ့လက်တွဲဆောင်ရွက်တဲ့ Customer တွေရဲ့ Interior Decoration ပိုင်းမှာ Quality အမြင့်ဆုံးထုတ်ကုန်တွေကိုပဲသုံးပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ပေးသွားပါမယ်ခင်ဗျာ။

လာမဲ့နှစ်သစ်ကစပြီး မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံပါစေလို့ The Made က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။




မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များအရင်တစ်ခေါက်က အိမ်ကို ဆေးသုတ်ရာမှာ ဘယ်လိုအရောင်တွေကို ရွေးချယ်သင့်တယ်ဆိုတာ ပြောပြခဲ့ပြ...
14/04/2025

မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အရင်တစ်ခေါက်က အိမ်ကို ဆေးသုတ်ရာမှာ ဘယ်လိုအရောင်တွေကို ရွေးချယ်သင့်တယ်ဆိုတာ ပြောပြခဲ့ပြီး ပြီဆိုတော့ အခု မသုံးသင့်တဲ့အိမ်သုတ်ဆေးအရောင်တွေအကြောင်း ပြောပြပေးပါမယ်ဗျ။
အိမ်တစ်လုံးကို အလှဆင်မယ်ဆိုရင် သုတ်ဆေးအရောင်ရွေးချယ်မှုကလည်း အဓိကကျတဲ့အချက်တစ်ခုပါ။ ရွေးချယ်မှုမှန်ကန်ရင် အိမ်/ရုံးခန်းက ကိုယ့်ကို Fresh ဖြစ်သွားစေပြီး စိတ်ခံစားမှုအသစ်ကို ရစေပါတယ်။
ရွေးချယ်မှုမှားသွားမှာစိုးလို့ နေရာပေါ်မူတည်ပြီးမသုံးသင့်တဲ့သုတ်ဆေးအရောင်တွေအကြောင်းပြောပြပေးပါမယ် နော်။
(၁) အိပ်ခန်းကို အနီနဲ့ ခရမ်းရောင် မသုတ်သင့်ပါဘူး
ကိုယ်က အနီရောင်ကို အရမ်းကြိုက်တယ်ဆိုရင်တောင်မှ အိပ်ခန်းနံရံကို အနီရောင် မသုတ်နဲ့လို့ ကျွမ်းကျင်သူ တွေက ပြောပါတယ်။ လူတွေရဲ့ ဦးနှောက်က အနီရောင်ကို သွေးလို့ မှတ်ယူထားပြီး “Danger Sign” လို့ လက်ခံ ထားတာပါ။ အိပ်ခန်းကို အနီရောင်သုတ်ထားမယ်ဆိုရင် နှလုံးခုန်နှုန်းမြန်စေပြီးအိပ်မရတာဖြစ်နိုင်ပါတယ်။
ခရမ်းရောင်ဆေးသုတ်ထားတဲ့ အိပ်ခန်းကတော့ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဘယ်လိုမျိုးလဲဆို တော့ တစ်ညလုံးမှာမှ ၆ နာရီ လောက်ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်တယ်လို့ လေ့လာချက်တွေမှာ ဖော်ပြ ထားပါတယ်။ ပြီးတော့ ခရမ်းရောင်အိပ်ခန်းထဲမှာအိပ်ခြင်းက အိပ်မက်ဆိုးတွေ မြင်မက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

(၂) ရေချိုးခန်းနဲ့ Home Office မှာ အဖြူရှောင်ပါ
ဖြူဖွေးသန့်ပြန့်နေတဲ့ နံရံဖြူဖြူလေးတွေက ရေချိုးခန်းနဲ့ အလိုက်ဖက်ဆုံးပါ။ အဖြူရောင်ဟာ သစ်လွင်သန့်ရှင်းမှု ကို ပေးစွမ်းပေမဲ့ ညစ်ပေရင် မြင်လွယ်တဲ့ ပြဿနာ ရှိပါတယ်။ ခဏခဏ သန့်ရှင်းရေးမလုပ်နိုင်ရင်တော့ ရေချိုးခန်းကို အဖြူရောင် မသုံးသင့်ပါဘူး။
အိမ်ကို ရုံးလုပ်နေရသူတွေ (Home Office) အတွက် စိတ်သက်သက်သာသာရှိချင်တယ်ဆိုရင် အလုပ်လုပ်နေတဲ့ အခန်းနံရံကို အဖြူရောင်ဆေးမသုတ်သင့်ပါဘူး။ အဖြူရောင်က မျက်စိကျိန်းပြီး ဒဏ်ဖြစ်စေနိုင်တာမို့ ကွန်ပျူတာ နဲ့တစ်နေကုန် အလုပ်လုပ်သူတွေအတွက် မကောင်းပါဘူး။

(၃) အပြင်နံရံနဲ့ ဧည့်ခန်းကို အညိုရောင်မသုံးနဲ့
နာမည်ကြီး Industrial Designer “Sam Whitaker” က အိမ်အပြင်နံရံကို ဆေးအညိုရောင် မသုတ်ပါနဲ့လို့ဆို ပါတယ်။ ဘာလို့လဲဆိုတော့ အညိုရောင်ဟာ အိမ်ရဲ့တန်ဖိုးကို ကျဆင်းစေပြီး ပြန်ရောင်းရင် ဈေးကောင်း မရတာမျိုးဖြစ်တတ်တယ်လို့ ပြောခဲ့ဖူးပါတယ်။
ဧည့်ခန်းမှာ အနက်ရောင်ပြေးလေးတွေ၊ အညိုရောင်တွေ သုံးရင်တော့ အခန်းကို ကျဉ်းသွားတယ်လို့ ခံစားရစေ ပါတယ်။ နဂိုကတည်းက ဧည့်ခန်းက ကျဥ်းတယ်ဆိုရင် ပိုပြီးတော့ ကျဥ်းသွားတယ်လို့တောင် ခံစားရစေနိုင်လို့ ဖြစ်ပါတယ်။
(၄) မီးဖိုချောင်ကို ဆေးသုတ်မယ်ဆိုရင် မီးခိုးရောင်ကိုရှောင်
မီးခိုးရောင်ဟာ စိတ်ဓါတ်ကျခြင်း ၊ ဆုံးရှုံးခြင်းနဲ့ ဖော်ရွေပျူငှာမှုမရှိခြင်းတို့ ဖြစ်စေတဲ့ အရောင်လို့ဆိုပါတယ်။ ပြတင်းပေါက်မရှိတဲ့ မီးဖိုးချောင်ကျဥ်းကျဥ်းလေးတွေကို မီးခိုးရောင်သုတ်ထားရင် ပိုပြီးတော့တောင် စိတ်ကျဉ်း ကျပ်စေနိုင်ပါတယ်။
(၅) ဘယ်အခန်းပဲဖြစ်ဖြစ် အစိမ်းနဲ့ အညိုစပ် မသုံးနဲ့
ကျွန်တော်တို့တွေ အခန်းကိုဆေးသုတ်ရာမှာ အရောင်နှစ်ရောင်စပ်ပြီးသုံးကြတာမျိုးလည်းရှိတယ်မလား။ အစိမ်းနဲ့ အညိုကာလာနှစ်ရောင်စပ်ပြီး ထွက်လာတဲ့ Opaque Couche ဆိုတဲ့ အရောင်ကတော့ ဘယ်အခန်းမှာမှ မသုံးသင့် တဲ့ အရောင်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ Opaque Couche အရောင်ကို မြင်ရကြည့်ရတာ အရမ်းဆိုးတဲ့အရောင်လို့ သတ်မှတ်ထားကြပါတယ်။
ဒီလောက်ဆိုရင်တော့ နေရာပေါ်မူတည်ပြီးမသုံးသင့်တဲ့ ဆေးရောင်တွေအကြောင်းသိသွားမယ်လို့ ယုံကြည်ပါ တယ်ခင်ဗျ။
ကိုယ်တန်ဖိုးထားရတဲ့ အိမ်/ရုံးခန်း/ဆိုင်တို့ကို အကောင်းဆုံးအလှဆင်ချင်တယ်ဆိုရင်တော့ Interior & Decoration ပိုင်းနဲ့ပတ်သက်တဲ့ Service တွေအကုန်ရတဲ့ “The Made” ကို သတိရလိုက်ပါခင်ဗျာ။
အသေးစိတ်သိချင်တာ၊ တိုင်ပင်ဆွေးနွေးချင်တာရှိရင်
Page Messenger
09783000302
Address - No.1194,35 Ward, Pinlon Road, North Dagon Township, Yangon တို့ကို ဆက်သွယ်ဆောင်ရွက် နိုင်ပါတယ်ခင်ဗျ။ အကောင်းဆုံးသောဝန်ဆောင်မှုတွေပေးဖို့ အဆင်သင့်ရှိနေပါတယ်ခင်ဗျာ။




Address


Telephone

+959447324198

Website

Alerts

Be the first to know and let us send you an email when The Made Interior & Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Interior Service?

Share