ရွှေသစ်ခွ-Kitchen appliances

ရွှေသစ်ခွ-Kitchen appliances Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ရွှေသစ်ခွ-Kitchen appliances, Yangon.

23/02/2023

အိမ်မှာ လုပ်စားဖြစ်တဲ့ ပေါက်စီ😘

အကြော်ကြော်နည်းအလွယ်နည်းလမ်းလေးပဲမို့ မုံမုံ လိုစားလဲစားချင်တယ် အပျင်းလဲတစ်တယ်ဆို ဒီနည်းလေးက အ၇မ်းအဆင်ပြေပါတယ်ပါ၀င်ပစ္စည...
19/02/2023

အကြော်ကြော်နည်း

အလွယ်နည်းလမ်းလေးပဲမို့ မုံမုံ လိုစားလဲစားချင်တယ် အပျင်းလဲတစ်တယ်ဆို ဒီနည်းလေးက အ၇မ်းအဆင်ပြေပါတယ်

ပါ၀င်ပစ္စည်းများ

ယိုးဒယားမယ် ၃ထုပ်
ကြက်သွန်နီအလုံးကြီး ၂လုံး
အားလူးအလုံးကြီး ၁လုံး
ဘူးသီး ၁စိတ်
ဆား လက်ဖက်ရည်ဇွန်း ၂ဇွန်း

ယိုးဒယားမယ် အမှုန့်ထဲကို အရင်ဆုံးဆားထည့်ပါ ပြီးလျှင် ေ၇ အနည်းထည့်ရ်ျ သမအောင်မွှေပါ မုန့်နှစ်ရည်ကို မပစ်မကျဲလေးဖျော်ပါ

ကြက်သွန်ကို ပါးပါးလှီးပာ ပြီးလျှင် လက်ဖြင့် မွနေအောင် ခြေပေးပာ
အားလူးကို ခွာပြီးရင် ဆား၇ည် ခန စိမ်ထားလိုက်ပါ
နှစ်သက်သလိုလှီးပါ
ဘူးသီးကို မထူမပါးလေးတွေ လှီးပါ

ဆီအိုးကိုပူလာအောင်တည်ပြီးလျှင် မီးအေးအေးဖြင့် ဟိုဘက် ဒီဘက် လှန့်ရ်ျ ကြော်ပေးပါ

အချဉ်ဖျော်နည်း

ready made အချဉ်ထုပ်ကို ရေထည့် ဆားအနည်းငယ် သကြားအနည်းငယ် ထညက်အနည်းငယ်ဖြင့် ကြိုပါ မိမိနှစ်သက်ရာ အပစ်အကျဲရောက်လျှင် အအေးခံပြီး ငရုတ်သီးစိမ်း ညှက်ထည့် နံနံပင်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ

ကျေးဇူးပါ
လွယ်ကူလျှင်မြန် အရသာရှိပါစေ

Credit All photos
Credit to original writer

 #အညာမုန့်လက်ဆောင်လုပ်နည်း--------------------------ပါဝင်ပစ္စည်းများ• ထန်းလျက် - ၆ဝဝ ဂရမ်• ရေ - ၁ လီတာ• ဆား - လက်ဖက်ရည်ဇ...
19/02/2023

#အညာမုန့်လက်ဆောင်လုပ်နည်း
--------------------------
ပါဝင်ပစ္စည်းများ
• ထန်းလျက် - ၆ဝဝ ဂရမ်
• ရေ - ၁ လီတာ
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(ထန်းလျက်ရည်ကျိုရန်)
• နှမ်း - ၃၀ ဂရမ်
• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နှမ်းလှော်ရန်)
• ဆန်မှုန့် - ၁၅၀ ဂရမ်
• ကော်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ရေ - ၁ လီတာ
• နံ့သာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ရေခဲ - ၂၀ ဂရမ်
• ကောက်ညှင်းငချိပ်ပေါင်း - ၁၀ ဂရမ်
ပြုလုပ်နည်း👇
၁။ ဦးစွာ အိုးတစ်အိုးထဲ ထန်းလျက်၊ ရေ၊ ဆားတို့ကို ထည့်ပြီး ကျိုထားပါ။
ပြီးလျှင် နှမ်းကို လှော်ထားပါ။ လှော်ထားပြီးသား နှမ်းကို အနည်းငယ် ထောင်းထားပါ။
၂။ မုန့်လက်ဆောင်းဖတ် ပြုလုပ်ရန်အတွက် ဒယ်အိုးထဲ ဆန်မှုန့်၊ ကော်မှုန့်၊
ရေ၊ နံ့သာရည်တို့ကို ထည့်ပြီး မီးဖိုပေါ်တွင် ပျစ်လာသည်အထိ ကျိုပါ။
မုန့်သား ကြွက်မြီးတန်းပြီဆို ရပါပြီ။ ရေခဲထည့်ထားသော ဇလုံထဲ ဆန်ခါ ခွက်ဇွန်းဖြင့် မုန့်သားများကို ဖိချပေးပါ။ အဲဒါဆို #မုန့်လက်ဆောင်းဖတ် လေးတွေ ရပါပြီ။ မုန့်ပြင်ရန် ဖန်ခွက်ထဲ မုန့်လက်ဆောင်းဖတ်ထည့်ပါ။
ရေခဲ၊ ကောက်ညှင်းငချိပ်ပေါင်း ထည့်ပြီး ထန်းလျက်ရည်ဆမ်းပါ။ အပေါ်မှ အုန်းသီးဖတ်နဲ့ နှမ်းလေးဖြူးပြီးလျှင် သုံးဆောင်လို့ရပါပြီရှင်။
----------------------------------
C. R. D

 #လက်ဖက်နှပ်နည်းမေးထားတဲ့ညီမလေးတွေအတွက်  #လက်ဖက်အညွန့်နှပ်နည်းပါဝင်တာလေးတွေကလက်ဖက်အညွန့်ငရုတ်သီးစိမ်းကြက်သွန်ဖြူသံပုရာသီ...
19/02/2023

#လက်ဖက်နှပ်နည်းမေးထားတဲ့ညီမလေးတွေအတွက်

#လက်ဖက်အညွန့်နှပ်နည်း

ပါဝင်တာလေးတွေက
လက်ဖက်အညွန့်
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
သံပုရာသီး
ရှာလကာရည်
ငံပြာရည်
ပုစွန်ခြောက်မှုန့်
ပုစွန်ခြောက်အကောင်
ဆီ
ဆားနဲနဲ
အချိုမှုန့်

#ပြုလုပ်နည်း
လက်ဖက်အညွန့်ကို ရေနွေးဖျောပြီး ညှစ်ပြီပါ
၃ခါလောက်ရေနွေးဖျောပြီး ရေလုံးဝမကျန်အောင်ညှစ်ပစ်ပါ ရေကျန်ရင် မှိုတက်တက်လို့ပါ

ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကို ထောင်းထားပါ
အာလုံးပြီးရင်တော့ ဇလုံထဲမှာ လက်ဖက်၊ထောင်းထားတဲ့ ငရုတ်သီးစိမ်း၊ပုစွန်ခြောက်မှုန့်၊ဆား၊အချို
မှုန့်၊ငံပြာရည်၊ရှာလကာရည်၊သံပုရာသီး၊တို့ကို ထည့်နယ်ပါ

နယ်တဲ့အခါ အရသာဝင်အောင် ပယ်ပယ်နယ်နယ်နယ်ပါ အရသာကတော့ ကိုယ့်စိတ်ကြိုက် ချဉ်ငံစပ်ထည့်ပါ

အားလုံးနယ်ပြီးရင် ဆီကိုမြှပ်နေအောင် ထည့်ပြီးမွှေပါ
ပုလင်းအသန့်ထဲ ဆီမြှပ်အောင်ထည့်ပြီး သိမ်းနိုင်ပါတယ်

တကယ်လို့ ပုစွန်ခြောက်အကောင်လေးတွေကြိုက်ရင် ပုလင်းထဲကို တခါတည်းထည့်နိုင်ပါတယ်
ပုစွန်ခြောက်လေးတွေက အရသာဝင်ပြီး ပိုစားကောင်းပါတယ်

အားလုံးပြီးရင် ဘူးကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်နော်

ဆီကတော့ ပဲဆီမစစ်ရင် ရေခဲသေတ္တာထဲမှာ ခဲသွားပါတယ်

ကျွန်မကတော့ Sunarနေကြာဆီကိုသုံးပါတယ်
သူက မခဲပါဘူး ရေခဲသေတ္တာထဲက စားခါနီးမှထုတ်လဲ မခဲတာမို့ အဆင်ပြေပါတယ်

အာလုံးပဲ အဆင်ပြေကြပါစေရှင့်
ချစ်တဲ့
မိုး

Credit November Moe
Foodie

 #ပေါင်မုန့်ကြက်ဥလိပ်လုပ်စားရအောင်နော်😍😍😍🍞🍞🍞🍞🍞ပေါင်မုန့်              ၆ချပ်ကြက်ဥ               ၃လုံးကြက်သွန်မိတ်      ၄ပ...
18/02/2023

#ပေါင်မုန့်ကြက်ဥလိပ်လုပ်စားရအောင်နော်😍😍😍
🍞🍞🍞🍞🍞
ပေါင်မုန့် ၆ချပ်
ကြက်ဥ ၃လုံး
ကြက်သွန်မိတ် ၄ပင်
ကြက်အူချောင်း ၃ချောင်း
ရေညှိ ၂ချပ်
မုန်လာဥနီ ၁လုံး
ဆား
သကြား
ငရုတ်ကောင်း
Sauce
Mayonnaise

ကြက်အူချောင်းကို ၂မိနစ်ခန့်ကြော်ထားပါ။
ကြက်သွန်မိတ်ကို ပါးပါးလှီး မုန်လာဥနီကို ခြစ်ထားပါ။
ကြက်ဥကို ခလောက်ပြီး ကြက်သွန်မိတ် ဥနီ ဆား သကြား
ငရုတ်ကောင်း ထည့်မွှေထားပါ။

ပေါင်မုန့်ကို ဒလိမ့်တုံး(သို့)ပုလင်းနှင့်ပြားအောင်လှိမ့်ထားပါ။
ပေါင်မုန့် ၃ချပ်ကို ကြက်ဥထဲအပြားလိုက်နှစ်ပြီး ဆီအနည်း
ငယ်နှင့်ကြော်ထားပါ။

ပေါင်မုန့်လိပ်လုပ်ရန်
ပေါင်မုန့်အဖြူကိုခင်းပါ။ရေညှိရွက်ကို ပေါင်မုန့်အရွယ်ညှပ်ပြီးခင်းပါ။ကြော်ထားတဲ့ပေါင်မုန့်ခင်းပါ။ပြီးရင်တော့ ကြက်အူချောင်းထည့်ပြီးလိပ်ပါ။

ပေါင်မုန်လိပ်အဆုံးကို လက်မလေးနဲ့ဖိ
ကပ်ပါ။မရရင်တော့ သွားကြားထိုးတံနဲ့ထိုးပါ။ကြက်ဥထဲနှစ်ပြီးထောပတ်နဲ့ဆီ အနည်းငယ်ထည့်ထားတဲ့အိုးထဲသို့ထည့်ပြီး
မီးအနေတော်နှင့်ကြော်ပါ။
ကြိုက်နှစ်သက်ရာ sauce /mayonnaise တို့နှင့်စားပါ
C. R. D T၀
ချက်ကြည့်ကြစို့

မန်ကျည်းသီးမှည့်ငပိချက်မန်ကျည်းသီးမှည့်ကိုရေနွေးစိမ်ပြီးနယ်ထားကြက်သွန်ဖြူကြက်သွန်နီငရုတ်သီးကိုမညက်တညက်ထောင်းဆီသပ်နွမ်းရင...
18/02/2023

မန်ကျည်းသီးမှည့်ငပိချက်

မန်ကျည်းသီးမှည့်ကိုရေနွေးစိမ်ပြီးနယ်ထား
ကြက်သွန်ဖြူကြက်သွန်နီငရုတ်သီးကို
မညက်တညက်ထောင်းဆီသပ်

နွမ်းရင် စိမ်းစားငါးပိ ပုစွန်ခြောက်မှုန့်ထည့်ကြော်

မွှေးလာရင် ခရမ်းချဉ်သီးတွေပါးပါးလှီးထည့်
မန်ကျည်းမှည့်တွေထည့်

ငန်ပြာရည် အရသာမှုန့် သကြားအနည်းငယ်ထည့်ပြီး

ဆီပြန်တဲ့ထိချက်ရတယ်
ငရုတ်သီးစိမ်းနဲ့နံနံပင်အုပ်တယ်

Credit ရတနာပုံခန့်ခန့်ကြီး

အောက်မှာမုန့်ဟင်းခါးချက်နည်း (၄)မျိုး 👇🏻🔸🔸ရန်ကုန် မုန့်ဟင်းခါး🔸🔸💥ပါဝင်ပစ္စည်းများ💥ငါးခူ - ၃၀ သားငါးဖယ် - ၁၀ သားဘဲဥ - ၁၀ ...
17/02/2023

အောက်မှာမုန့်ဟင်းခါးချက်နည်း (၄)မျိုး 👇🏻

🔸🔸ရန်ကုန် မုန့်ဟင်းခါး🔸🔸

💥ပါဝင်ပစ္စည်းများ💥

ငါးခူ - ၃၀ သား
ငါးဖယ် - ၁၀ သား
ဘဲဥ - ၁၀ လုံး
ကုလားပဲခြမ်း - ၁၀ သား
မြေပဲ - ၅ ကျပ်သား
ဆန်အကျက်မှုန့် - ၁၀ သား
စပါးလင် - ၃ ပင်
ဂျင်းလက် - ၃ လုံး (၂ကျပ်ခွဲ)
ကြက်သွန်ဖြူ - ၄ မွှာ
ကြက်သွန်နီ (အကြီး) - ၇ လုံး
ကြက်သွန်နီ (အသေး) - ၁၀ လုံး
ငရုတ်ပုထောင်း - အနည်းငယ်
နနွင်း ၊ ငရုတ်ကောင်း
အချိုမှုန့် - ၁ ဇွန်း (သုံးလျှင်ကြိုက်သလောက်)
ငံပြာရည် ​- လိုသလောက်
ထန်းလျက် - ၃ခဲ
ငှက်ပျောအူ - ၁ တုံး

💥ပြုလုပ်နည်း💥

ကြက်သွန်နီ(သေး) ၁၀လုံး နှင့်ငရုတ်ပုထောင်း အနည်းငယ်
နနွင်း၊ ငရုတ်ကောင်း
အချိုမှုန့် ၁ဇွန်း(သုံးလျှင်ကြိုက်သလောက်)
ငံပြာရည် လိုသလောက်
ထန်းလျှက် ၃ခဲ၊ ငှက်ပျောအူ ၁တုံး
ပြုလုပ်နည်း

ငါးခူကို ရေဆေး ဆားကြမ်း မန်းကျည်းသီးနှင့်ဆေးထားပါ။ စပါးလင် ထိပ်ကို ဖြတ်၍ စည်းပြီး နနွင်း ငံပြာရည် တို့ဖြင့် ငါးခူကို ထည့်၍ ပြုတ်ပြီး အရိုးနွှင် ထားပါ။

အရိုးကို ထောင်းပြီး ဇကာ ခံကာ ရေနှင့်ဆေးချထားပါ။ ကုလားပဲကို နနွင်း၊ ဆား အနည်းငယ်စီနှင့်နူးသည် အထိပြုတ်ပြီး ခြေထားပါ။ ကြက်သွန်နီ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ဂျင်း စပါးလင် တို့ကို ထောင်းထားပါ။

ငှက်ပျောအူကို လှီး၍ ရေ၊ နနွင်း ရောထားသော ဇလုံ တစ်ခု ထဲသို့ လှီးချပါ။ ဆီသတ်ရန် ဆီ ထည့်ပါ။ ငါးဖယ်ကို ပြား၍ ကြော်ထားပါ။ ကျန်သော ဆီထဲသို့ နနွင်းထည့်ပြီး ကြက်သွန်နီကို ကြော်ပြီး ဘေး၌ ခဏကပ်ပြီး ဆယ်ထားပါ။

ကြက်သွန်ဖြူ ထည့်ပါ။ ဂျင်းထည့်ပါ။ စပါးလင်ထည့်ပါ။ ရွှေအိုရောင် သန်းလာလျှင်ငရုတ်ပုထောင်း ထည့်၍ ခဏမွှေပြီး ငါးထည့်ပါ။ ငံပြာရည်၊ (အချိုမှုန့်)ထည့်၍ မွှေးလာပြီး အနည်းငယ် ခြောက်သည်အထိ ဆီသတ်ပါ။

ကြက်သွန်ဥနီ အသေးကို ခွာထားပါ။ ဘဲဥကို ပြုတ်ထားပါ။ ငါးပြုတ်ရည်အိုးကို ရေထပ်ထည့်၍ ဆူအောင် တည်ပါ။ ပွက်ပွက် ဆူလာလျှင် ခြေထားသော ပဲထည့်၍ ၁၀မိနစ်ခန့်ထားပါ။

ဆန်အကျက်မှုန့် ရေဖျော်ထည့်ပါ။ ဆန်မှုန့်အနံပျောက်အောင်ထားပါ။ နောက်ထပ်၁၀မိနစ်ခန့်ထားပါ။ မြေပဲထောင်း ထားတာ ထည့်ပါ။ ၁၀မိနစ်ခန့် ထပ်ထားပြီလျှင် ဆီသတ်ထားသော ငါးထည့်ပါ။ ငါးဖယ်ကို တုံး၍ ထည့်ပါ။

ဆူလာလျှင် ငှက်ပျောအူ ကြက်သွန်ဥ ထည့်ပြီးမွှေပါ။ အဖုံး မအုပ်ပဲ ထားပါ။(ငှက်ပျောအူများ မဲတတ်သည်)။ ဘဲဥ လှီးထည့်ပါ။ အိုးဘဲဥ အတွက် အလုံးလိုက်လဲ ထည့်ပါ။ ထန်းလျှက်ခဲထည့်ပါ။ ငံပြာရည်၊ အချိုမှုန့် ထည့်၍ အရသာ အနေတော် ဖြစ်အောင်ပြင်ပါ။ ငရုတ်ကောင်းထည့်ပါ။
မူရင်းရေးသားသူကို credit ပေးပါတယ်။

🔸🔸သက်သတ်လွတ် မုန့်ဟင်းခါး🔸🔸

မုန့်ဟင်းခါး ကြိုက်တယ် ဆိုတာ ငပိ၊ ငံပြာရည်ကြိုက်လို့။ ဒါကြောင့် ငပိ။ ငံပြာရည်မပါတဲ့ သက်သတ်လွတ် မုန့်ဟင်းခါးဆို စားကောင်းပါ့မလား အမြဲ သံသယ၀င်မိ။ ဝါတွင်းမို့ သက်သတ်လွတ်မုန့်ဟင်းခါးကို စိတ်ကူးလေး နဲ့ စမ်းချက်ကြည့်တယ်..မရဲတရဲလေး စားကြည့်တယ်။ စားလို့ကောင်းလို့ ချက်နည်းလေး ယူလာပေးပါတယ်ရှင့်။ မိတ်ဆွေ သူငယ်ချင်းတွေ ကို သက်သတ်လွတ်မုန့်ဟင်းခါး ဘယ်လိုချက်ကြသလည်းလို့ မေးမြန်းဘူးတယ်။ အများစုက ကုလားပဲကို ပြုတ်၊ အနှစ်တိုက်ယူပီးချက်ကြတယ်လို့ သိရပါတယ်။ မုန့် ဟင်းရည်က ဆိမ့်နေမှာသေချာ။

မမီးကတော့ ငရုပ်ကောင်းမုန့်ဟင်းခါး ဘက်ကို ဦးတည်ထားတာမို့ အရောင်စိမ်းပီး အရသာက ပူစပ်မွှေးပါရှင့်။

မွှေး မုန့်ဟင်းခါး အစုံမူန့်က သက်သတ်လွတ်လား မေးကြသူများအတွက်...
မွှေး မုန့်ဟင်းခါး အစုံမူန့်ဆိုတာ ဆန်..ရွှေကြည်..ငရုပ်ကောင်း ..စတာတွေကို မွှေးနေအောင် လှော်ပီးကြိတ်ထားတာ သက်သက်ဘဲ.. ကြက်သားမူန့် အချိုမူန့် စတာတွေ မရောထားဘူး လေ.. ရယ်ဒီမိတ် မုန့်ဟင်းခါး ချက်စားတဲ့အထုတ်တွေလိုမျိုး ငါးဆီသတ်တို့၊ အရသာမူန့်တို့ ထည့်သွင်းထားတာမဟုတ်ပါ။

💥ပဲငံပြာရည် သက်သတ်လွတ်လား မေးသူအတွက်💥
ပဲငံပြာရည်= ပဲကို ဘက်တီးရီးယားနဲ့ ဆားနဲ့ ငံနေအောင်လုပ်ထားသောအရည်
ငါးငံပြာရည်= ငါးကို ကို ဆားနယ်သိပ်ထားရာမှ ထွက်လာသောအရည်

💥ပါ၀င်ပစ္စည်းများ💥

1. မုန့်ဟင်းခါးဖတ် ၅၀ ဆယ်သား
2. ခရမ်းသီး ၃-၄ လုံး
3. ကြက်သွန်မြိတ် ၄ ပင်
4. မွှေးမုန့်ဟင်းခါး အစုံမူန့် ၄ စားပွဲဇွန်း
5. ကြက်သွန်နီ ၂၅ ကျပ်သား ( ၄၀၀ ဂရမ်)
6. ကြက်သွန်ဖြ ူ ၂ ကျပ်ခွဲသား ( ၂၅ ဂရမ်)
7. ချင်း ၁ လက်မ အရှည်
8. စပါးလင် ၂ ပင်
9. နနွင်းအနည်းငယ်
10. ဆီ ၅ ကျပ်သားခန့်
11. ငရုပ်ကောင်းလှော်ထောင်း
12. ၁ ၁/၂ စားပွဲဇွန်း
13. ထန်းလျှက်ခဲ ၂ ခဲ
14. ဆား သင့်ရုံ
15. ပဲငံပြာရည် အပျစ် ၁ လက်ဘက်ရည်ဇွန်း
16. ကြာမြစ်/ဌက်ပျောအူ

💥တွဲဘက်စားရန်💥

1. ပဲကပ်ကြော်/ဘူးသီးကြော်
2. ကြက်သွန်ဖြူဆီချက်
3. နံနံပင်
4. ငရုပ်သီးမူန့် လှော်ထောင်း
5. ပဲတောင့်ရှည်

💥ပြုလုပ်နည်း💥

၁။ ခရမ်းသီးကို အတွင်းသားပျော့ပြောင်းပီး အခွံ မီးကြွမ်းတဲ့အထိ မီးဖုတ် ပါ။ အအေးခံပီး အသားများကို ခြစ်ယူထားပါ။

၂။ ကြက်သွန်မြိတ်ကို နုတ်နုတ် လှီးထားပါ။

၃။ မွှေးမုန့်ဟင်းခါး အစုံမူန့် (အသင့်လှော်ပီးသား ) ကို မွှေးလာအောင် ဒယ်အိုးပူထဲမှာ ခဏလှော်ပေးပီး ရေ နို့ဆီဗူး ၁ဗူး စာခန့်ထည့် ဖျော်ပါ။ *** ပိုမွှေးလာအောင် ခဏလှော်ပေးတာပါ၊ အသင့်သုံးလှော်ပီးသားဖြစ်တဲ့အတွက် ထပ်မလှော်လည်း ရပါတယ်။***

၄။ ကြာမြစ်ထည့်မည်ဆိုလျှင် အခွံနွှာပီး အကွင်းလေးများလှီးထားပါ။ ဌက်ပျောအူ ထည့်မည်ဆိုလျှင် အူတိုင် အနုများကို လက်တလုံးအထူ လှီးပီးနနွင်း ထည့်ထားသောရေတွင်စိမ်ထားပါ။

၅။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပီး တ၀က်ခန့်ကို ခပ်ပီးဖယ်ထားပါ။ ကျန်တ၀က်ကို ပိုညက်သွားအောင် ဆက်ထောင်းပါ။ ချင်းကို ညက်အောင်ထောင်းပါ။ စပါးလင် အရင်းပိုင်းကို အက်သွးရုံလေး ထုပါ။ ပီးလျှင် ချည်ထုံးထားပါ။

၆။ ဒယ်အိုးတွင် ဆီ ၊ နနွင်း ထည့်ပါ။ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ ကို ကြွပ်အောင်ကြော်ပီးဆယ်ထားပါ။ ဆီ တချို့လည်းခပ်ဖယ်ထားပါ။

၇။ ကျန်တဲ့ဆီထဲမှာ ကြက်သွန်နီကို ဆီသတ်ပါ။ နွမ်းလျှင် ကြက်သွန်ဖြူ ၊ ချင်းတို့ ထည့်မွှေပီးသွေ့ လာတဲ့အထိ ဆီသတ်ပါ။ မွှေးလာတဲ့အခါ ခရမ်းသီးနဲ့ ကြက်သွန်မြိတ်ထည့်မွှေပေးပါ။

၈။ ဟင်းချက်မည့်အိုးတွင် ရေထည့်ပါ။ ဆူအောင်တည်ပါ။ ဆူလျှင် ရေဖျော်ထားတဲ့ မုန့်ဟင်းခါး အစုံမူန့်ကို သမအောင်မွှေပီးထည့်ပါ။ ဆီသတ်ထားသည်တို့ ထည့်ပါ။ ထန်းလျှက်ခဲ နဲ့ ဆားထည့်ပါ။ ကြက်သွန်နီ ဥ အလုံးသေးများနွှာထည့်ပါ။ ဌက်ပျောအူ /ကြာမြစ်တို့ထည့်ပါ။ ဟင်းရည်ဆူပွက်လျှင် ငရုပ်ကောင်းခတ်ပါ။ ကြက်သွန်ဖြူကြော် တချို့ထည့်ပါ။ အရသာကို လိုအပ်သလို ပြုပြင်ပီးသုံးဆောင်နိုင်ပါပြီ။
မူရင်းရေးသားသူကို credit ပေးပါတယ်

🔸🔸ငရုတ်ကောင်းဆန်လှော် မုန့်ဟင်းခါး🔸🔸

💥ပါဝင်ပစ္စည်းများ💥

မုန့်ဟင်းခါးဖတ် - 1000g
ငါးခူ - 500g
ငါးငံပြာရည် - လိုသလောက်
ဆား - လိုသလောက်
ကွကျဥ - ၆လုံး
ငရုတ်ကောင်းမှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ
ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ဆီသတ်ရန် )
ကြက်သွန်နီ - အလုံးသေး ၁၈လုံးခန့် (ဟင်းရည်ထဲထည့်ရန် )
ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ ၂၀ခန့် (ဆီချက် ချက်ရန်)
ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာခန့် (ငါးဆီသတ်ရန်)
ဆန်လှော်မှုန့် - ၁၀၀ဂရမ်
ချင်း - တလက်မခန့်
နနွင်းမှုန့် - လိုသလောက်
အချိုမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ငရုတ်သီးအလှော်မှုန့် - စားနိူင်သလောက်
ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ငါးဆီသတ်ရန်)
ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တလုံး (ဆီချက်ချက်ရန်)
ရေအေး - ၃လီတာခန့် (ဟင်းရည်ချက်ရန် )
ရေအေး -၂လီတာခန့် (ငါးပြုပ်ရန် ငါးရိုးအရည်ငင်ရန်)
ခရမ်းချဉ်သီး ပဲသီး ပဲပင်ပေါက် ပူစီနံ နံနံပင် သံပုရာသီး - လိုသလောက်

💥ငါးပြုတ်ရန်💥

၁။ဇောက်နက်သော အိုးတလုံးထဲမှာ ငါးခူကို ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း ဆား နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံနှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုတ်ပေးပါ။ ငါးကျက်ပါက ငါးပြုတ်ရည်ကို ဖယ်ထားပါ။ ငါးကိုအအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပြီး အရိုးများကို ထောင်းပေးပါ။ ပြီးတာနဲ့ ရေအနည်းငယ်ဖြင့် အရိုးများကို ငင်ပေးပြီး ဇကာဖြင့်စစ်ကာ အရည်ကိုယူထားပါ။

💥ပြင်ဆင်ရန်💥

၁။ ကြက်ဥ၅လုံးကို ပြုတ်ပြီး အခွံခွာကာထားပါ။ ကြက်ဥ တလုံးကို အစိမ်းခလောက်ထားပါ။ ကြက်သွန်နီ အလုံးကြီးကြီးကို အခွံခွာပြီး ညက်အောင် ထောင်းထားပါ။ ကြက်သွန်ဖြူ အမွှာ၂၀ခန့်ကို ဆီချက်ရန် မညက်တညက် ထောင်းထားပါ။ ကြက်သွန်ဖြူ ၅မွှာခန့်ကို ငါးဆီသတ်ရန် ညက်နေအောင် ထောင်းထားပါ။

၂။ ချင်းကို ညက်နေအောင် ထောင်းထားပါ။ ငရုတ်ကောင်းမှုန့်ကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ။ ခရမ်းချဉ်သီး ပဲသီး ပဲပင်ပေါက် သံပုရာသီးတို့ကို ရေဆေးကာ ပြင်ထားပါ။ ဆန်လှော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ။ နံနံပင် ပူစီနံတို့ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။ ပဲကြော် ပြင်ထားပါ။ ကြက်သွန်ဖြူ ဆီချက်ပြင်ထားပါ။

💥ကြက်သွန်ဖြူ ဆီချက်ချက်ရန်💥

၁။ ကြက်သွန်ဖြူ အမွှာ၂၀လောက်ကို အခွံခွာကာ အကွင်းလိုက် ခပ်ပါးပါး လှီးပေးပါ။ ဒယ်အိုးတလုံးမှာ ဆီ လက်ဖက်ရည်အကြမ်းပန်းကန် တလုံးသာသာထည့်ပါ။ မီးအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူကို ကြော်ပေးပါ။ မွှေးပြီးကြွတ်လာတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးထားပါ။

💥ငါးဆီသတ်ရန်💥

၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်ဖြူ၊ နီ ချင်းတို့ကိုထည့်ပြီး မွှေးလာတဲ့အထိ ကြော်ပါ
ပြီးတာနဲ့ နနွင်းမှုန့်တို့ကိုထည့်ပြီး မိနစ်ဝက်လောက် ရောမွှေပေးပါ။ ငါးအသားများ ငရုတ်ကောင်းမှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်းတဝက်ကို ထည့်မွှေပေးပါ။ ငါးဆီသတ်နံ့ မွှေးလာလျှင် မီးပိတ်ပေးပါ။

💥ဟင်းရည်ချက်ရန်💥

၁။ ဇောက်နက်သော အိုးကြီးကြီး တလုံးထဲမှာ ငါးပြုပ်ရည် ငါးအရိုး ကျင်ထားသောအရည် ဆား လက်ဖက်ရည်ဇွန်း တဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း ၃ဇွန်း ငါးဆီသတ်နှင့် ပြုတ်ထားသော ကြက်ဥတို့ကို ထည့်ပေးပါ။ ရေပွက်ပွက် ဆူလာပါက နောက်ထပ်ရေ အနေတော် ထပ်ထည့်ပေးပါ။

၂။ ရေ ပွက်ပွက်ဆူလာလျှင် ရေဖျော်ထားသော ဆန်လှော်မှုန့်ကို ထည့်ပြီး ရောမွှေပေးပါ။ ဆန်မှုန့်များ ခဲမသွားစေရန် မကြာမကြာ မွှေပေးပါ။ ဆန်လှော်မှုန့်များ အရမ်းမပွခင် ကြက်သွန်နီများကို အလုံးလိုက် ထည့်ပေးပါ။ ကြက်သွန်နီများ နူလာပါက ခလောက်ထားသော ကြက်ဥကို ဟင်းရည် ပွက်ပွက်ဆူနေချိန်မှာ အိုးအပေါ်မှ စက်ဝိုင်းပုံစံ လောင်းချပေးပြီး တဖက်သတ်ထဲ မွှေပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ။ မုန့်ပြင် ပန်းကန်လုံးထဲမှာ မုန့်ဟင်းခါးဖတ် ငရုတ်သီးအလှော်မှုန့် နံနံပင် ပူစီနံ ကြက်သွန်ဥ သံပုရာရည် ပဲပင်ပေါက် ကြက်သွန်ဖြူဆီချက်အဖတ် ကြက်သွန်ဖြူ ဆီချက်အနည်းငယ် ထည့်၍ အပေါ်မှ မုန့်ဟင်းရည် လောင်းထည့်ကာ အရသာရှိလှသော ငရုတ်ကောင်း ဆန်လှော် မုန့်ဟင်းခါးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
မူရင်းရေးသားသူကို credit ပေးပါတယ်။

🔸🔸မြောင်းမြ မုန့်ဟင်းခါး🔸🔸

💥ပါဝင်ပစ္စည်းများ💥

၁။ ငါးရံ့၊ ငါးခူ၊ ငါးကြင်းဖြူ (နှစ်သက်သည့် ငါးတမျိုးနှင့် ချက်ပါ။)
၂။ ဆန်လှော်မှုန့်
၃။ ပဲမှုန့်အကြက်
၄။ စပါးလင်
၅။ ကြက်သွန်ဖြူ
၆။ ကြက်သွန်နီ
၇။ ဂျင်း
၈။ ငရုတ်ကောင်း
၉။ ငံပြာရည်
၁၀။ ဆား
၁၁။ ဆနွင်းမှုန့်
၁၂။ ဆီ
၁၃။ ကြက်သွန်ဖြူဆီချက်
၁၄။ ကြက်သွန်နီဆီချက်
၁၅။ နံနံပင်
၁၆။ ငရုတ်သီး အကြက်မှုန့်
၁၇။ သံပုရာသီး (သို့မဟုတ်) ရှောက်သီး
၁၈။ ဘဲဥ
၁၉။ ငါးဖယ်ကြော်
၂၀။ အကြော် (ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်)

💥ပြုလုပ်နည်း💥

ငါးပြုတ်ရန် ရေနွေး တည်ထားပါ။ ရေနွေးဆူလျှင် စပါးလင်၊ဂျင်း၊ ကြက်သွန်ဖြူ၊ ငါး၊ ငံပြာရည်၊ ဆီအနည်းငယ် နှင့် ဆနွင်းမှုန့်အနည်းငယ် ထည့်ကာ ငါးများနူးလာသည် အထိ ပြုတ်ပေးပါ။ (ရေဆူပြီးမှ ငါးထည့်သည့် အတွက် ငါးညှီနံ့ မရှိပါ။)

ဟင်းရည်ချက်ရန် ငါးအသားနွှာပါ။ ကြေမသွားစေရန် ငါးအသားကို အမျှောင်းလှလှလေး ဖြစ်အောင်နွှာပါ။

ဂျင်း၊ ကြက်သွန်ဖြူ ထောင်းကာဆီသတ်ပါ။ ပြီးလျှင် ငါးပြတ်ရည်အိုး ဆူပွက်သည့်အချိန်တွင် နွှာထားသော ငါးအသားများထည့်ပါ။ (ငါးအသားများ ဆီမသတ်ရပါ။)

ဟင်းရည် ဆူပွက်၍ အနံ့မွေးလာရင် ဆန်လှော်မုန့်၊ ပဲမုန့်အကြက် တို့ကို ရေဖျော်ပြီ ဖြေးဖြေးလောင်းတည့်ပါ။ ဟင်းရည်ဆူချိန် ရောက်မှ အပေါ့အငံမြီးရျ် ငံပြာရည်ကိုချိန်ဆပြီးထည့်ပါ။ (ဟင်းရည် မဆူခင်တည့်ရင် ငံပြာရည် အနံထွက်တတ်သည်။)

ကြက်သွန်နီထည့်ပြီး ငရုတ်ကောင်းအနည်းငယ်ထည့်ပါ။ အနံအရသာဖြင့် ပြည့်စုံသော မုန့်ဟင်းခါး ဟင်းရည် ရပါပြီ။

မုန့်ဟင်းခါးပွဲပြင်ပြီးလျှင် နံနံပင်၊ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီဆီချက်၊ ငါးဖယ်ကြော်၊ ငရုတ်သီး အကြက်မှုန့်၊ သံပုရာသီး (သို့) ရှောက်သီး၊ အကြော် (ပဲကြော်၊ ဘူးသီးကြော်၊ ကြက်သွန်ကြော်)၊ ဘဲဥ မိမိနှစ်သက်ရာများကို ထည့်၍ စားသုံးနိုင်ပါတယ်။
C. R. D
မူရင်းရေးသားသူကို credit ပေးပါတယ်ရှင်။
🙏🙏🙏

 #မုန့်ကျွဲသဲ လုပ်ရတာ အလွန်လွယ်တယ်..ထုံးရည်ကြည် မသုံးထားဘူး..မွှေးပြောင်းကော်မှုန့်ကိုသုံးပြီး ပြုလုပ်ထားတာပါ ။နိုင်ငံခြ...
17/02/2023

#မုန့်ကျွဲသဲ
လုပ်ရတာ အလွန်လွယ်တယ်..

ထုံးရည်ကြည် မသုံးထားဘူး..
မွှေးပြောင်းကော်မှုန့်ကိုသုံးပြီး ပြုလုပ်ထားတာပါ ။

နိုင်ငံခြားနေသူများ.. corn starch ကိုသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

၁. မွှေးပြောင်းဖူးမူန့် ၂၅ ဂရမ် ( ထမင်းစားဇွန်း ၂ ဇွန်းခန့်)
၂. နွားနို့ ၂၅၀ မီလီလီတာ ( ၁ လီတာ ရေသန့်ဗူးရဲ့ ၄ ပုံ ၁ပုံ)
၃. ထန်းလျှက်ရည် ပျစ်ပျစ် ၅၀ မီလီလီတာ
၄. ဆားအနည်းငယ်

ပြုလုပ်နည်း
မုန့်ကျိုမည့် အိုးထဲမှာ ပါဝင်ပစ္စည်းတွေ အကုန်ရောထည့်မွှေပီး မီးအပူ အလယ်လတ် နဲ့ ကျိုပါ၊ အိုးကို မီးဘိုပေါင်္ တင်ကတည်း တောက်လျှောက်မွှေပေးနေပါ။ မီးမပျင်းရ။
၃ မိနစ် လောက်ဆို ပျစ်လာဘီ။ နောက်ထပ် ၃-၄ မိနစ်လောက် ထပ်မွှေပေးလိုက်ရင် ရဘီ။
အခဲခံမည့်ခွက်ကို ဆီသုတ်ထားပေးရတယ်။ အခဲခံမည့်ခွက်ထဲ လောင်းထည့်။ အအေးခံ ပါ၊ ခဲသွားရင် ကြိုက်တဲ့အရွယ် လှီးလို့ရဘီ၊ အုန်းသီးမနုမရင့်လေးဖြူးပီး စားပါ၊ ရေခဲသေတ္တာ မခဲတဲ့ အထပ် ထဲမှာ အအေးခံရင် မုန့်သား ပိုကောင်းပါတယ်။

Meemeetofu
************
နောက်တနည်းပါ

မုန့်ကျွဲသဲ

(ပြောင်းကော်မှုန့် 25g
နွားနို့ 250ml
ခပ်ပျစ်ပျစ်ကျိုထားတဲ့ထန်းလျှက်ရည် 50g
ဆားအနည်းငယ်တို့ကို အရင်ဖျော်ထားပြီးမှ
မီးအေးအေးနဲ့ အဆက်မပြတ်မွှေပြီး
ကျိုပေးရပါတယ် မုန့်သားညက်ပြီးပျစ်လာတဲ့ခါ
ဆီသုတ်ထားတဲ့ခွက်ထဲထည့်ပြီး အအေးခံပါ
လုံးဝအေးသွားမှ နှစ်သက်သလိုလှီးပါ)
Credit to owner

မုန့်ကြာစိ/ရွှေရင်အေး/မုန့်လက်ဆောင်း/သာကူပြင်ကြိုက်တာသာ လုပ်စားလိုက်တော့ အိမ်ရှင်မတို့ရေ . . . လုပ်နည်း 👇🏻👇🏻👇🏻(1) မုန့်က...
17/02/2023

မုန့်ကြာစိ/ရွှေရင်အေး/မုန့်လက်ဆောင်း/သာကူပြင်
ကြိုက်တာသာ လုပ်စားလိုက်တော့ အိမ်ရှင်မတို့ရေ . . .
လုပ်နည်း 👇🏻👇🏻👇🏻

(1) မုန့်ကြာစိ
မုန့်ကြာစိ (စေ့) ကလည်း သင်္ကြန် ရာသီစာပါ။ အချို့ ဒေသတွေက ပဲမုန့်လုံး ရေပေါ် လို့လည်းခေါ်ပါတယ် ။ သူကတော့ မုန့်လုံးလေးတွေ (ကြာစိအရွယ်) လေးတွေပြုတ် ၊ သီးသန့်ထန်းလျက်ရည် လောင်းစားရတာပါ။

ပါ၀င်ပစ္စည်းများ

ကောက်ညှင်းမှုန့်
ဆန်မှုန့် - အနည်းငယ်
ထန်းလျက်ဖြူ (သို့မဟုတ်) အညို
အုန်းသီးခြစ်
ဆား
ပြင်ဆင်ပြုလုပ်နည်း

မုန့်လုံးရေပေါ်လုပ်ရင် ကောက်ညှင်းချည်းပဲ သုံးလျှင် အရမ်းစေးပြီး တွဲကပ် နေတတ် ပါတယ်။ ဒါကြောင့် ဆန်ကြမ်းမှုန့် အနည်းငယ် ရောသုံး ပေးဖို့ လိုအပ်ပါတယ်။
ကောက်ညှင်းမှုန့် ၊ ဆန်မှုန့် ၊ ဆား စတာတွေကို ရောပြီး ရေ ၁ဗူး (နို့ဆီဗူး) ခပ်နွေးနွေးကို အနည်းငယ်စီ ထည့်ပြီး သမသွားအောင် နယ်ပါ။ စေးထွေးထွေး မုန့်သားမှာ အနေတော်ပါ။
မိမိနှစ်သက်သလို အရွယ်လေးတွေလုံးပြီး လုံးသွားအောင် လုံးပြီး ရေနွေး ဆူဆူ (ရေများများ) မှာ ရေပေါ်သို့ ပေါ်လာသည် အထိ ပြုပ်ပါ။
ထန်းလျက်ကို သီးသန့် အရည်ကျိုထားပြီး စစ်ထားပါ။
အုန်းသီးကိုလည်း အမျှင်ပုံစံ ရအောင် ခြစ်ထားပါ။
ပေါ်လာသည့် မုန့်လုံးများ ဆယ်၍ ရေစစ်ပါ။ အုန်းသီးအမျှင်များ ဖြူးပြီး သုံးဆောင်ပါ ။

*သာကူကြိုက်က သာကူစေ့ထည့်ကျိုပါ ။
Crd

(2) ရွှေရင်အေး လုပ်နည်း
━━━━━━━━
အခုလိုပူပြင်းတဲ့ အချိန်မှာ ရွှေရင်အေး လုပ်စားချင်သူများအတွက်ပါ။
ရွှေရင်အေး(၁၀)ပွဲစာ အတွက်
ဖြစ်ပါတယ်။
ပါ၀င်ပစ္စည်းများကတော့
1. မုန့်လက်ဆောင်းဖတ် ၁၀၀၀ မီလီလီတာ
2. သာကူ ၂၅ ကျပ်သား ကျို ထားပါ
3. ကောက်ညှင်းပေါင်း ဆန်ချိန်ခွက် ၃ ခွက်ပေါင်းထားပါ
4. ပေါင်မုန့် ၁၀ ချပ်
5. အုန်းနို့ကျောက်ကျော ၂၅ ဂရမ် တထုတ် ကျိုထားပါ။
6. အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ)
7. သကြား ၂၅၀ ဂရမ် ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။
8. ရေခဲ လိုသလောက်
9. ဆား သင့်ရုံ
ပြုလုပ်နည်း
ပထမဦးစွာ ရွှေရင်အေး လုပ်နည်းထဲမှာ လက်အဝင်ဆုံးဖြစ်တဲ့ မုန့်လက်ဆောင်းဖတ်လုပ်နည်းကို ပြောပြပေးမှာပါ။ဆန်မုန့် ထမင်းစားဇွန်း ၈ဇွန်း၊ကော်မုန့် ထမင်းစားဇွန်း ၂ဇွန်း၊ဆား၊ဆွမ်းမွှေးရည် အနည်းငယ်တို့ လိုအပ်ပါမည်။ရေနွေးပူထဲတွင် ဆွမ်းမွှေးရည်မှအပ ပါဝင်ပစ္စည်းများ ထည့်ပါ။ပျစ်လာတဲ့အထိ မီးအားအနည်းငယ်ဖြင့် ကြိုပေးပါ။ပူလာလျှင် ဆွမ်းမွှေးရည်ကို အရောင်လိုသလို ချိန်ပြီး ထည့်ပေးပါ။ရလာလျှင် ရေခဲရေထဲသို့ ဆန်ခါခံပြီး နည်းနည်းချင်း လောင်းထည့်ပေးပါ။ဒါဆိုရင်တော့ သန့်ရှင်းတဲ့ မုန့်လက်ဆောင်းဖတ် ရပါပြီ။ဆိုင်မှာလည်း မုန့်လက်ဆောင်းဖတ် လုပ်ပြီးသားကို ဝယ်လို့ ရပါတယ်။
အုန်းနို့ကျောက်ကျော အတွက်ကတော့ အရင်ဆုံး သကြား ၃၀၀ဂရန်ကို အုန်းနို့ တဗူး ရေ(၁ဒသမ၅လီတာ) ကျောက်ကျောမုန့် ၅၀ဂရန်ုတို့ဖြင့် ရေမှာ ပျော်ဝင်သွားအောင် ကျိုပါ။ကျိုနေရင်း အနည်းငယ် ပျစ်လာပြီဆိုရင်တော့ ဗန်းထဲထည့်ပြီး အအေးခံပါ။ဗန်းမှာ ၂လက်မအနက်ရှိလျှင် သင့်တော်ပါသည်။
ကောက်ညှင်းပေါင်း/ချက်ဘို့အတွက် ကောက်ညှင်းဆန်ကို ရေကြည်လင်လာတဲ့အထိဆေးပီး အနည်းဆုံး ၆ နာရီ ရေစိမ်ထားပါ၊ ဇကာနဲ့ရေကုန်အောင်စစ်ပါ၊
ချက်တော့မည် ဆိုတဲ့အခါ rice cooker အိုးနဲ့တွဲပီးပါလာတဲ့ပေါင်းဆကာပေါ် ပိတ်စိမ်းပါး ရေဆွတ်ပီးခင်းပါ၊ အဲဒီအပေါ်မှာ ဆန်ကို ဖြန့်ခင်း၊ အိုးထဲ ရေထည့်ပီးနပ်တဲ့အထိပေါင်းပါ၊ အထက်အောက်လှန်ပေးဘို့လည်းလိုအပ်ပါတယ်။ အိုးသေးပီး ဆန်များရင် ၂ ခါ ခွဲပေါင်းနိုင်ပါတယ်။
အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ) ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ဖျော်ထားပါ။
သကြား ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။
ပန်းကန်လုံးထဲမှာ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ရေခဲတို့ထည့်ပီး သကြားရည်၊ အုန်းနို့ရည်လေး ဆမ်းပြီး ရေခဲ၁တုံး ၂တုံး လောက်ထည့်လိုက်မယ်ဆိုရင် တစ်မိသားစုလုံး အရသာရှိစွာစားနိုင်တဲ့ ရွှေရင်အေး အေးအေးလေး ရပါပြီ။
Credit-ShweYinAye

(3) မုန့်လက်ဆောင်းပြုလုပ်နည်း

ဒီတပတ်မှာတော့ အတာသင်္ကြန်အချိန်အခါလဲဖြစ်တာကြောင့် စတုဒိသာကျွေးပြီး ကုသိုလ်ယူဖို့အတွက် မုန့်လက်ဆောင်းနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ရာသီဥတုကလဲ ပူပြင်းတဲ့အတွက် မုန့်လက်ဆောင်းက သင်တော်တဲ့အစားအစားပဲ ဖြစ်ပါတယ်။ ထန်းလျက်နဲ့ပဲဖြစ်ဖြစ် အုန်းနို့နဲ့ပဲဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်ရာကို အဆင်ပြေသလို စားသုံးနိုင်ပါတယ်။

မုန့်လက်ဆောင်းအတွက် ပါ၀င်သောပစ္စည်းများ
မုန့်လက်ဆောင်းဖတ် -၁ပြည်

ထန်းလျက်မုန့်လက်ဆောင်းအတွက် ပါ၀င်သောပစ္စည်း
ထန်းလျက် -၄၀၀ဂရမ်
ဆား -လက်ဖက်ရည်ဇွန်းတ၀က်

အုန်းနို့မုန့်လက်ဆောင်းအတွက် ပါ၀င်သောပစ္စည်း
အုန်းသီး -၁လုံး(အရည်ညှစ်ထားပြီသား)
သကြား -၂၀ကျပ်သား
ဆား -လက်ဖက်ရည်ဇွန်းတ၀က်

မုန့်လက်ဆောင်း ပြုလုပ်နည်း
အရင်ဆုံး လုပ်ပြီးသားမုန့်လက်ဆောင်းဖတ်များကို ဒယ်အိုးအကြီးတစ်ခုထဲထည့်ပြီး ရေစိမ်ထားပေးပါ။ အရင်ဆုံး အုန်းနို့မုန့်လက်ဆောင်းအတွက် ဒယ်ထဲသို့ အုန်းနို့ရည်များထည့်ပြီး သကြား(၂၀ကျပ်သား) ထည့်ပြီ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးပါ။ ပြီးနောက် ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည် များကို ပြန်အအေးခံထားပေးပါ။ အအေးခံပြီနောက်မှတော့ ခွက်တစ်ခုထဲကို မုန့်လက်ဆောင်း တ၀က်ခန့် ထည့်ပြီး အုန်းနို့ရည်ထည့်ပေးပါ။ ပြီးနောက်မှာတော့ မုန့်လက်ဆောင်း ပိုစိမ့်သွားစေဖို့အတွက် နို့စိမ်း စားပွဲတင်ဇွန်းခန့် ထည့်လိုက်ပါ။ ပြီးရင်တော့ ရေခဲတုံးအနည်းငယ်ထည့်ပြီး အုန်းနို့မုန့်လက်ဆောင်းကို သုံးဆောင်နိုင်ပါတယ်။ ထန်းလျက်ရည်နဲ့ မုန့်လက်ဆောင်းမှ ကြိုတ်တဲ့သူတွေအတွက် ထန်းလျက်များကို ဒယ်ထဲ ရေအနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကျိုထားပေးပါ။ မပျစ်မကျဲအနေထားရောက်လျှင် ဆားအနည်းငယ်ထည့်ပြီး ထန်းလျက်ရည်ကို ခွက်တစ်ခုထဲ ပြန်ထည့်ထားပြီး အအေးခံထားပေးပါ။ ပြီးရင်တော့ ခွက်ထဲကို မုန့်လက်ဆောင်းဖတ် တစ်၀က်ထည့်ပြီး ထန်းလျက်ရည်များထည့်ကာ ရေခဲတုံးထည့်ပြီးရင်တော့ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
Credit : pose & post

(4) အုန်းနို့သာဂူပြင်.....................
အုန်းနို့သာဂူပြင်လေးကို မိသားစုနဲ့အတူ လုပ်စားဖို့ တင်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
• ဂျုံ - ၁၂ ၁/၂ ကျပ်သား
• သကြား - ၃၀ ကျပ်သား
• သာဂူစေ့ - ၂၀ ကျပ်သား
• အုန်းသီး - ၃ လုံး
• ဆား - အနည်းငယ်
• ရေ - နို့ဆီဘူး ၄ ဘူး

ပြုလုပ်နည်း
အောက်လွှာ
၁။ ရေ နို့ဆီဘူး ၄ ဘူးကို ပွက်ပွက်ဆူအောင် တည်ပါ။
၂။ သာဂူစေ့ ဆန်ခါချ/ဆန်ခါတိုက်ပြီး ပွက်ပွက်ဆူသည့်ရေနွေးထဲ ထည့်ကျိုပါ။
၃။ ကျိုနေစဉ်အတွင်း ရံဖန်ရံခါ မွှေနေပြီး သာဂူစေ့မျက်ဆံတစ်ဝက်လောက် အကျန်မှာ သကြား ၁၀ ကျပ်သား ထည့်မွှေပါ။
၄။ သကြားပျော်ချိန် ၅ မိနစ်အကြာ မီးပိတ်၊ အိုးအဖုံးဖုံးပြီး သာဂူမျက်ဆံ အနည်းငယ် အကျန်မှာ အောက်လွှာအဖြစ် မုန့်ဗန်းထဲ ထည့်လောင်းပါ။
အပေါ်လွှာ
၅။ အုန်းနို့ရည် ဘူး ၆ ဘူးစာထဲ သို့ ဂျုံ၊ သကြား (၂၀ ကျပ်သား) နှင့် ဆားတို့ကို ထည့်မွှေပြီး ဆန်ခါစစ်ပါ။
၆။ အောက်လွှာသာဂူပြင်လောင်းပြီး ၁၀ မိနစ်အကြာမှာ အပေါ်လွှာကို ဖြည်းညင်းစွာ လောင်းထည့်ပါ။
၇။ အပေါ်မီး ၂၃၀ ဒီဂရီဖာရင်ဟိုက်၊ အောက်မီး ၂၀ဝ ဒီဂရီဖာရင်ဟိုက် မုန့်ဖုတ်စက်ထဲ ထည့်၍
၄၅ မိနစ်ကြာရင် မုန့်ဖုတ်ပါ။
C. R. D

🐷၀က်သား ၃ထပ်သားအကြွပ်ကြော် ကြော်နည်း🐷•••••••••••••••••••••••••••••••••••••••••••••••••••••••(၁) ရေနွေးဆူအောင်တည်ထားပါ။ သ...
17/02/2023

🐷၀က်သား ၃ထပ်သားအကြွပ်ကြော် ကြော်နည်း🐷
•••••••••••••••••••••••••••••••••••••••••••••••••••••••

(၁) ရေနွေးဆူအောင်တည်ထားပါ။ သကြားအနည်းငယ်နဲ့ ပဲငံပြာရည်(အကြည်)ထည့်ပြီး ၀က်သား ၃ထပ်သားကို ၅မိနစ်ခန့် ပြုတ်ပါ။

(၂) ၀က်သားကို ဆယ်ယူပြီး အခေါက်ဘက်ကို ဇွန်းခရင်းဖြင့် နေရာအနှံ့ကို ထိုးဆွထားပါ။

(၃) ရှာလကာရေ၊ ဆားအနည်းငယ်တို့ကို အခေါက်ထဲစိမ့်၀င်နေအောင် ပွတ်လိမ်းပေးထားပါ။

(၄) ငှက်ပျောရွက် သို့ ဖက်ရွက်ပေါ်တင်ပြီး နေပူထဲ ၅မိနစ်ခန့် လှန်းထားပေးပါ။

(၅) အခေါက်ပေါ်ကနေ အသားအထိ ၃ကြောင်းခန့် ဓါးဖြင့်လှီးထားပါ။ အကုန်မပြတ်စေပဲ ထက်၀က်သာ လှီးပါ။

(၆) ဆီကို ပူနေအောင်တည်ထားပြီးမှ ၃ထပ်သားကို ထည့်ကြော်ပါ။ အပေါ်အောက် အကျက်ညီအောင် လှန်ပေးပါ။

(၇) အနေတော်လေးကျက်ရင် ဆယ်ပြီး အအေးခံထားပြီးမှ ကိုယ်လိုသလောက်အတုံးလေးနဲ့ လှီးဖြတ်ပြီး သုံးဆောင်လို့ ရပါပြီ။

ထိုင်းမှ စားဖိုမှုးတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို အားလုံးအဆင်ပြေအောင် ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်ခင်ဗျာ။

C. R. D to
Original uploader

သာကူဆနွင်းမကင်း*************လွယ်ကူရိုးရှင်းပြီး စားလို့လည်းကောင်း  လုပ်ရတာလည်း အလွန်လွယ်ကူတဲ့ သာကူဆနွင်းမကင်းလေးပါ ။ အိမ...
17/02/2023

သာကူဆနွင်းမကင်း
*************
လွယ်ကူရိုးရှင်းပြီး စားလို့လည်းကောင်း လုပ်ရတာလည်း အလွန်လွယ်ကူတဲ့ သာကူဆနွင်းမကင်းလေးပါ ။ အိမ်မှာအလွယ်တကူလုပ်စားလို့ရပါတယ် ။ ကုန်ကျစရိတ်လည်း သက်သာပြီး လုပ်ရတာလည်းမြန်ပါတယ် ။် စိတ်ဝင်စားရင်လုပ်ကြည့်ပါ ။သဘောကျရင် မိတ်ဆွေတွေကို လည်းမျှဝေလိုက်ပါနော် ။

ပါဝင်ပစ္စည်း
********
သာကူစေ့...၂၅ ကျပ်သား(ရေဆေးပြီး ဇကာနဲ့စစ်ထားပါ)
သကြား...၂၀ ကျပ်သား
coconut cream..၁ ဗူး(သို့)
အုန်းသီး ..၁လုံး (ခြစ်ပြီး အရည်ညှစ်ထားပါ)
ဆား လက်ဖက်ဇွန်း..၁ဇွန်း
နွားနို့...၁ ဖန်ခွက်
ထောပတ်(သို့)ဆီ...၅ ကျပ်သား
ဘိန်းစေ့...အနည်းငယ်

ပြုလုပ်ပုံ
*******
၁။ သာကူ သကြား ဆား နွားနို့ အုန်းနို့အားလုံးရောပြီး သမအောင်နယ်ပါ ။ မုန့်ဖုတ်မည့်ဗန်းထဲသို့ထောပတ်(သို့)ဆီထည့်ပြီး နယ်ထားတဲ့သာကူကို လောင်းထည့်ပါ ။
၂။ ညီအောင်ညှိပြီး အပေါ်ကဘိန်းစေ့ဖြူးပြီး အပေါ်မီး အောက်မီးနဲ့ ဖုတ်ပါ။ မုန့်ဖုတ်တဲ့ oven ရှိရင်တော့ oven ထဲထည့်ဖုတ်ိပါ ။ အိမ်မှာတော့ (oven မရှိ အပေါ်မီးအောက်မီး မရှိ)ဂက်စ်မီးဖို နဲ့ ချက်တဲ့ အတွက် ဆီမကပ်တဲ့ ဒယ်ပြန့်ထဲ ထည့်ပြီး မီးနဲနဲ နဲ့ အပေါ်ယံ ကျက်ခါနီးထိ မိနစ် ၃၀ ခန့် တင်ပြီး ဘန်းထဲသို့ဆီထည့်ပြီး မှောက်ချလိုက်ပါ ။ မီးဖိုပေါ််နောက်ထပ် ၁၅ မိနစ်ခန့်တင်ပြီး ရင် ရပါပြီ ။
အအေးခံပြီးလိုသလို လှီးဖြတ်စားနိုင်ပါတယ် ။
============================================
C. R. D
to LaeCookingDiary

အကုန်ကျလည်းသက်သာ ဗိုက်အဝလည်းဆွဲလို့ရတဲ့အသီးရွက်စုံ ဒုတ်ထိုးလေးလုပ်စားရအောင်နော် 😋👇🏻😱😱😱ပိတ်ရက်ကို တစ်နေ့တစ်မျိုး မရိုးအော...
16/02/2023

အကုန်ကျလည်းသက်သာ ဗိုက်အဝလည်းဆွဲလို့ရတဲ့
အသီးရွက်စုံ ဒုတ်ထိုးလေးလုပ်စားရအောင်နော် 😋👇🏻😱😱😱

ပိတ်ရက်ကို တစ်နေ့တစ်မျိုး မရိုးအောင်စားကြမယ့် အစားတစ်လိုင်းတို့အတွက် ငယ်ငယ်ကလို မိသားစုဆုံတုန်းလေး ပျော်ပျော်ပါးပါး ချက်ပြုတ်စားဖို့အတွက် သက်သတ်လွတ် တုတ်ထိုးအစုံ ပြုလုပ်နည်းကို ဖော်ပြ ပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ အသားတု၊ သခွားသီး၊ ပဲပြား၊ တို့ဖူး၊ အာလူး၊ ရုံးပတီသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်ဆီ၊ ဆား၊ ဟင်းခတ်မှုန့်၊ မဆလာ၊ ဆီ တို့ လိုအပ်ပါမယ်။

ပထမဦးဆုံး တုတ်ထိုးပြုလုပ်ဖို့ အတွက် အသားတုကို ရေစိမ်ထားရပါမယ်။ သခွားသီးကို အခွံခွာပြီး အစိတ်လေးများစိတ်၍ ရေစိမ်ထားပါ။

ပြီးလျှင် ပဲပြား၊ တို့ဖူး တို့ကို ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်ဖြင့်နယ်ကာ ကြွပ်ကြွပ်လေး ကြော်ပါမယ်။

ပြီးနောက် အသားတု ရေစိမ်ထားတာ ပွလာလျှင် ရေညစ်ထုတ်ကာ ထက်ခြမ်းခြမ်းလို့ အရသာနယ်ပြီး ကြော်ပေးပါ။

အာလူးကိုပြုတ်ပြီး နူးလာရင်ဆယ်ကာ အခွံခွာပါမယ်။ မဆလာအနည်းငယ်၊ အရသာအနည်းငယ်ဖြင့် နယ်ကာ ဆီအနည်းငယ်ဖြင့် လှိမ့်ပေးပါမယ်။

ရုံးပတီသီးကိုလည်း အရသာ၊ မဆလာအနည်းငယ်တို့ဖြင့် နယ်ကာ ဆီပူထိုးပေးလိုက်ပါ။

တုတ်ထိုးတွေ အဆင်သင့်ဖြစ်ရင်တော့ တွဲဖက်စားဖို့ အချဉ်ရည်ဖျော်ရပါမယ်။

အချဉ်ရည်ဖျော်ဖို့အတွက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ထောင်းကာ ဆား၊ ဟင်းခတ်မှုန့်အနည်းငယ်ဖြင့် ငရုတ်ဆီကို ဖျော်လိုက်မယ်ဆိုရင် သက်သတ်လွတ်တုတ်ထိုးနဲ့ လိုက်ဖက်စွာ အသင့်သုံးဆောင်နိုင်ပါတယ်။

Credit မူရင်းဝေမျှသူ
Credit All photos

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ရွှေသစ်ခွ-Kitchen appliances posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share