Art of Décor

Art of Décor Decor to please you..

📢 ငလျင်အပြီး နံရံကွဲအက်မှုတွေကို ကြည့်ပြီး မိမိအိမ်ရဲ့ အန္တရာယ်ရှိမှုအခြေအနေငလျင်ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်း ဝင်ကြည့...
29/03/2025

📢 ငလျင်အပြီး နံရံကွဲအက်မှုတွေကို ကြည့်ပြီး မိမိအိမ်ရဲ့ အန္တရာယ်ရှိမှုအခြေအနေ

ငလျင်ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်း ဝင်ကြည့်ရာမှာ သတိထားရမယ့် အချက်တွေကို သိထားတယ်ဆိုရင် ဖြစ်လာမည့်ဘေးအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ နံရံကွဲအက်မှု (Wall Cracks) အနေနဲ့ အဓိက သုံးမျိုးရှိပြီး ကိုယ့်ရဲ့နေအိမ်/အဆောက်အဦမှာပါရှိလားဆိုတာကို သေချာပြန်လည်စစ်ဆေးကြည့်ပါ။ အောက်မှာရေးထားတဲ့အချက်အလက်တွေမှာ အရေးပေါ်အခြေအနေမှာ စစ်ဆေးရုံလောက်အတွက်ဘဲ တိကျမှုရှိနိုင်ပါတယ်။ ပြန်ပြင်ဖို့လိုအပ်တာမျိုးဆိုရင် ကျွမ်းကျင် Structure Engineer များနှင့် တိုင်ပင်သင့်ပါတယ်



🛑 အန္တရာယ်ရှိသောအခြေအနေ (Severe Damage - Immediate Danger)

✅ Diagonal Cracks (ထောင့်ဖြတ်အက်ကွဲခြင်း)

• အက်ကွဲကြောင်းများဟာ နံရံတစ်ဖက်ကနေနောက်ဖက်ထိကျော်ထွက်နေပြီး၊ ထောက်တန်း Load-bearing wallတွင်ရှိနေခြင်း
• ကြမ်းခင်းနဲ့ ထိစပ်နေတဲ့ နံရံအောက်ခြေမှာ အက်ကွဲကြောင်းဟာ 5mm နှင့်အထက် တွေ့ရှိရခြင်း မျိုးဆိုလျှင် အန္တရာယ်ကြီးပါတယ်။
• အက်ကွဲကြောင်းများကို ကြည့်ရာမှာ နံရံနှစ်ဖက်လုံးဖြစ်နေတာလားဆိုတာ သေချာစစ်ဆေးပါ။

🚨 ထောင့်ဖြတ်အက်ကွဲကြောင်းများဖြစ်နေပါက နေအိမ်ထဲမှာပြန်လည်နေထိုင်ဖို့မသင့်တော်ပါ။



⚠️ အလယ်အလတ်အန္တရာယ်ရှိသောအခြေအနေ (Moderate Damage - Caution Required)

✅ Vertical & Horizontal Cracks (ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း)

• အက်ကွဲကြောင်းဟာ - ၃-၅ မီလီမီတာအထိ ကျယ်ပြီး plaster များ ကွာကျလာခြင်း
• နံရံနှင့် ကြမ်းခင်း များတွင်များပြားသော Fine Cracks ပါရှိနေခြင်း

ဒီလိုအခြေအနေကိုထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်းလို့ခေါ်ပါတယ်။

📌 ကိုယ့်ရဲ့အိမ်ဟာ ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း အခြေအနေရှိပါက အဆောက်အဦအတွင်းပြန်လည်နေထိုငဖို့အတွက် လုံးလုံးစိတ်ချရသော အခြေအနေမဟုတ်ပါ။


✅ အန္တရာယ်သိပ်မရှိသော အခြေအနေ (Minor Damage - Low Risk)

✅ Hairline Cracks (အလွှာသေးသေးလေးများကွဲအက်မှုဖြစ်ခြင်း)

• အက်ကွဲကြောင်းမှာ ၁ မီလီမီတာနှင့်အောက်ဖြစ်ပြီး နံရံ၏အပေါ်မျက်နှာပြင်တွင်သာရှိနေခြင်း

📌 ယခုလိုအခြေအနေမျိူးဆိုပါက စိုးရိမ်စရာအများကြီးမရှိပါဘူး။ နံရံများကို Replastering & Repainting ဖြင့် ပြန်လည်ပြုပြင်နိုင်ပါတယ်။



🏃‍♂️ အရေးပေါ်မှာ ဘာလုပ်မလဲ?

1️⃣ ကိုယ့်ရဲ့အဆောက်အဦနံရံများမှာ ထောင့်ဖြတ်ကွဲမှုအခြေအနေတွင်ရှိပါက အိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းကို ရှောင်ရှားပါ။

2️⃣ နံရံများထိခိုက်မှုအခြေအနေများကို ဓာတ်ပုံရိုက်ထားပါ – နောက်ပိုင်းပြန်လည်ပြင်ဆင်ချိန်မှာ အင်ဂျင်နီယာများအတွက် များစွာအသုံးဝင်နိုင်ပါတယ်။

Crd: Soe Moe Aung

🔗

စိတ်ကြည်လင်စရာကောင်းပြီး ခမ်းနားမှုရှိတဲ့ဘုရားခန်းတစ်ခုကို ကျနော်တို့ AD က အိမ်ရှင်စိတ်ကြိုက်‌ အခုလို ကျက်သရေရှိအောင် ပြ...
30/11/2024

စိတ်ကြည်လင်စရာကောင်းပြီး ခမ်းနားမှုရှိတဲ့ဘုရားခန်းတစ်ခုကို ကျနော်တို့ AD က အိမ်ရှင်စိတ်ကြိုက်‌ အခုလို ကျက်သရေရှိအောင် ပြုလုပ်ပေးထားပါတယ်ခင်ဗျာ 💕

; Photo by Art of Decor





အမြဲတမ်း သစ်လွင် သန့်ရှင်းနေတဲ့ စိတ်ခံစားချက်ကို ရစေမယ့် ဗိုလ်ဆန်သော Laminate colour လေးနဲ့ ပြုလုပ်ထားတဲ့ Bookshelf လေးပ...
28/11/2024

အမြဲတမ်း သစ်လွင် သန့်ရှင်းနေတဲ့ စိတ်ခံစားချက်ကို ရစေမယ့် ဗိုလ်ဆန်သော Laminate colour လေးနဲ့ ပြုလုပ်ထားတဲ့ Bookshelf လေးပါခင်ဗျာ ⭐🔸

‼️Photo by Art of Decor



အရောင်ငြိမ်ပြီး Modernized ဖြစ်တဲ့ Wardrobe Design  လေးကို ကျနော်တို့ ပြုလုပ်ပေးထားပါတယ်ခင်ဗျာ✌️✨‼️Photo by Art of Decor...
26/11/2024

အရောင်ငြိမ်ပြီး Modernized ဖြစ်တဲ့ Wardrobe Design လေးကို ကျနော်တို့ ပြုလုပ်ပေးထားပါတယ်ခင်ဗျာ✌️✨

‼️Photo by Art of Decor





ဧည့်ခန်းကို ပိုပြီး လှပစေမယ့် နေရာလည်း အရမ်းမယူတဲ့ ခန့်ခန့်ထည်ထည် Bookshelf တခုကတော့ အိမ်တိုင်း ၊ ရုံးတိုင်းမှာ ရှိနေသင့...
24/11/2024

ဧည့်ခန်းကို ပိုပြီး လှပစေမယ့် နေရာလည်း အရမ်းမယူတဲ့ ခန့်ခန့်ထည်ထည် Bookshelf တခုကတော့ အိမ်တိုင်း ၊ ရုံးတိုင်းမှာ ရှိနေသင့်ပါတယ်ခင်ဗျာ

‼️Photo by Art of Decor



အိမ်သာ ကြွေပြားပေါ်မှာ အချိန်ကြာကြာစွန်းထင်းနေတဲ့ အစွန်းအထင်းနဲ့ အညစ်ကြေးတွေကို လွယ်လွယ်ကူကူ‌ဖယ်ရှားချင်တယ်ဆိုရင်တော့ ဒီ...
22/11/2024

အိမ်သာ ကြွေပြားပေါ်မှာ အချိန်ကြာကြာစွန်းထင်းနေတဲ့ အစွန်းအထင်းနဲ့ အညစ်ကြေးတွေကို လွယ်လွယ်ကူကူ
‌ဖယ်ရှားချင်တယ်ဆိုရင်တော့ ဒီနည်းလေးတွေကို ပြုလုပ်ကြည့်ပါခင်ဗျာ

(၁) ရှာလကာရည် ဒါမှမဟုတ် သံပုရာရည်က်ုိ အိမ်သာထဲက ကြွေပြားတွေပေါ်မှာ ရှိတတ်တဲ့ ထုံးကျောက်အစွန်းထင်းတွေပေါ်မှာ လောင်းချပြီး အချိန် နာရီဝက်လောက်ထားကာ ဘရွတ်တံနဲ့ သေချာပွတ်တိုက်ပေးမယ်ဆိုရင် အချိန်ကြာကြာစွဲထင်နေတဲ့ ထုံးကျောက်အစွန်းတွေဟာ လွယ်လွယ်ကူကူနဲ့ လွင့်ပြယ်သွားပြီး တောက်ပြောင်သန့်ရှင်းတဲ့ ကြမ်းခင်းတွေကို ပြန်လည်ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၂) နောက်တစ်နည်းကတော့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုပြီး အမည်းအစွန်းတွေကို ဖယ်ရှားတဲ့နည်းပါ

ဒီနည်းကလည်း လုပ်ရလွယ်ပြီး ထင်မထား‌လောက်အောင် သန့်ရှင်းတောက်ပြောင်သွားစေတာမို့ မိမိအိမ်က အိမ်သာထဲမှာ အမည်းစွန်း‌ေတွရှိ‌ေနရင် try ကြည့်ဖို့ ပြောချင်ပါတယ်ခင်ဗျာ။

မုန့်ဖုတ်ဆော်ဒါကို ကြွေပြားပေါ်က အမည်းအစွန်းအထင်းတွေပေါ်မှာ ဖြူးပြီး အချိန် 15 မိနစ်ထားကာ ရှာလကာရည်ကို အ‌ပေါ်က လောင်းချပေးပြီးပွတ်တိုက်‌ေပးလိုက်ခြင်းက ပေကျန်နေတဲ့ အမည်းအစွန်းတွေကို သိသိသာသာ ဖယ်ရှားပေးမှာဖြစ်ပါတယ်။

နောက်ပြီး မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည်ကို တပြိုင်တည်း ရောစပ်ကာ အစွန်းထင်းတွေပေါ်မှာ အချိန် (၂)နာရီလောက် လောင်းချပြီး ပွတ်တိုက်ဖယ်ရှားခြင်းကလည်း အစွန်းအထင်းတွေကို သိသိသသာ ပျောက်ကင်းစေပါတယ်ခင်ဗျာ။

အခုပြောပြခဲ့တဲ့ နည်းလမ်းလေး‌ေတွကို အသုံးပြုပြီး အိမ်က အိမ်သာခန်း‌ေတွကို သန့်ရှင်းတောက်ပြောင်လာအောင် ကြိုးစားကြည့်ရအောင်နော်။

နောက်ရက်တွေမှာလည်း အခုလို ဗဟုတုတရစရာ
အကြောင်းရာလေးတွေကို မျှဝေပေးပါမှာဖြစ်လို့
Page ကို Like & Follow လုပ်ထားပြီး စောင့်ကြည့်ပေးပါခင်ဗျာ 🤗🥰

ကျွန်တော်တို့ AD ကနေပြုလုပ်ပေးထားတဲ့ Kitchen Counter & Cabinet တွေပါ။ Laminate အရောင်အရင့် လေးသုံးထားတော့အစွန်းအထင်းတွေရ...
20/11/2024

ကျွန်တော်တို့ AD ကနေပြုလုပ်ပေးထားတဲ့ Kitchen Counter & Cabinet တွေပါ။ Laminate အရောင်အရင့် လေးသုံးထားတော့အစွန်းအထင်းတွေရှိတော့မှာမဟုတ်ဘူးပေါ့။

Storage space တွေလည်းအများကြီးပါတော့ ပစ္စည်းတွေ organize ဖြစ်ပြီး အမြဲတမ်းရှင်းလင်းသပ်ရပ်နေစေမှာပါ။

Living Room, Bed Room, Kitchen Room, Dining Room နဲ့ wardrobe တွေအပါအဝင် အိမ်တခုလုံးရဲ့ အတွင်းပိုင်းအမြင်မှာ လှပနွေးထွေး...
18/11/2024

Living Room, Bed Room, Kitchen Room, Dining Room နဲ့ wardrobe တွေအပါအဝင် အိမ်တခုလုံးရဲ့ အတွင်းပိုင်းအမြင်မှာ လှပနွေးထွေးမှုကို အပြည့်ခံစားရစေပြီး Modern ဆန်တဲ့ Vibe မျိုးရနေအောင် ကျနော်တို့ ပြုလုပ်ပေးထားတဲ့ မြောက်ဒဂုံက ဆိုက်လေးပါဗျ 🫶💫

ဂျပန်ကနေ ယုံကြည်စွာနဲ့ ဆက်သွယ်ပြီး လှမ်းအပ်ထားတဲ့ဆိုက်လေးမို့ အထူး ဂရုတစိုက်နဲ့ သေချာလေး ပြင်ဆင် ဆောင်ရွက်ပေးထားပါတယ်ခင်ဗျာ။

တကူးတက ဆက်သွယ် အပ်နှံပေးတဲ့အတွက်လည်း
ကျေးဇူး အများကြီး တင်ပါတယ်ခင်ဗျာ 🥰😍

🛋️ မိမိအိမ်ရဲ့ Decoration ပိုင်းနဲ့ ပက်သက်ပြီး Customize Design နဲ့ စိတ်ကြိုက် ဖန်တီးနိုင်ဖို့ အသေးစိတ်ကို AD ရဲ့ page Messenger မှတဆင့် ဆက်သွယ်ဆွေး‌နွေးနိုင်ပါတယ်ခင်ဗျာ✅

☎️ +959 773 491 776
[email protected]
🗺️ No.78, MyaTaungWonGyiUMoh St, Dagon Seikkan Industry Zone (1), Yangon, Myanmar
𝐖𝐞 𝐚𝐫𝐞 𝐀𝐫𝐭 𝐎𝐟 𝐃𝐞̀𝐜𝐨𝐫 .
𝐖𝐞 𝐝𝐞𝐜𝐨𝐫 𝐭𝐨 𝐏𝐥𝐞𝐚𝐬𝐞 𝐲𝐨𝐮 ...

‼️Photo by Art of Decor





မီးဖိုချောင် ဘေစင်တဝိုက်က အနံ့ဆိုးတွေကို လွယ်လွယ်ကူကူ ဖယ်ရှားကြည့်ရအောင်စားကြွင်းစားကျန်တွေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွ...
16/11/2024

မီးဖိုချောင် ဘေစင်တဝိုက်က အနံ့ဆိုးတွေကို လွယ်လွယ်ကူကူ ဖယ်ရှားကြည့်ရအောင်

စားကြွင်းစားကျန်တွေနဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကြောင့် အနံ့ဆိုးတွေ ထွက်နေတဲ့မီးဖိုချောင်ဘေစင်တွေကို လွယ်လွယ်ကူကူရနိုင်တဲ့ပစ္စည်းလေးတွေ အသုံးပြုပြီး အနံ့ဆိုးဖယ်ရှားတဲ့နည်းကို မျှဝေပေးပါမယ်ခင်ဗျာ

နံပါတ် (၁) ကော်ဖီ အကြမ်းမှုန့်

မကောင်းတဲ့ အနံ့ဆိုးတွေကို စုပ်ယူပြီး ဖယ်ရှားပေးနိုင်ဖို့အတွက် မသောက်ဖြစ်လို့ ပိုနေတဲ့ ကော်ဖီအကြမ်းမှုန့်တွေကို ပန်းကန်လုံးအသေးလေးတစ်လုံးထဲကို ထည့်ပြီး ဘေစင်အောက်မှာ ထားလိုက်ခြင်းက မီးဖိုချောင်က အနံ့ဆိုးတွေကို ဖယ်ရှားပေးပြီး မီဖိုးခန်းတခုလုံးကို ကော်ဖီရနံ့မွှေးပျံ့‌ေနစေပါတယ်။

နံပါတ် (၂) ရှောက်သီး (သို့မဟုတ်) သံပရိုသီးအခွံ

အနံ့ဆိုး‌ေတွ‌ပျောက်စေဖို့ သံပရိုသီးအခွံ ဒါမှမဟုတ် ရှောက်သီးအခွံတွေကို ဘေစင်အောက်မှာ ထားလိုက်ခြင်းက သံပုရာရနံ့လို သင်းသင်းလေး‌ေကြာင့် အနံ့ဆိုးတွေရဲ့ အာနိသင်ကို ပျက်ပြယ်စေပြီး မီးဖိုချောင်တခုလံုးကို သန့်ရှင်းလတ်ဆက်မွှေးပျံ့စေပါတယ်။

နံပါတ် (၃) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါဟာ သဘာဝအနံ့ဆိုး‌ေတွကို အလွယ်တကူ ဖယ်ရှားပေးနိုင်သလို သာမန်ဆပ်ပြာတွေထက်လည်း သန့်စင်နိုင်စွမ်းမြင့်မားပါတယ်။ မုန့်ဖုတ်ဆိုဒါ‌ကို ဘေစင်အောက်တို့လို အနံ့ဆိုးထွက်တဲ့ ကြမ်းခင်းနေရာတွေမှာ
ဖြူးပြီး နာရီကြာကြာထားလိုက်ပြီး အဝတ်ရေစိုနဲ့ ကြမ်းကို တိုက်ကာ ဖယ်ရှားမယ်ဆိုရင် အနံ့ဆိုးတွေ သိသိသာသာ ပျောက်ကင်းသွားတာ တွေ့ရပါလိမ့်မယ်။

နံပါတ် (၄) ရှာလကာရည်

ရှာလကာရည်ဟာ အနံ့ဆိုးတွေဖယ်ရှားရာမှာ ထိရောက်တာကြောင့် ရေနဲ့ ရှာလကာရည်ကို ဆတူရော၊ စပရေးဘူးထဲကိုထည့်ပြီး အနံ့ဆိုးထွက်နိုင်တဲ့ မျက်နှာပြင်တွေနဲ့ ဘေစင်တွေကို ဖြန်း‌ေပးခြင်းက အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးပြီး မီးဖိုချောင် တခုလုံးကို သန့်ရှင်းစင်ကြယ်လာစေပါတယ်။

နံပါတ် (၅) ကျောက်ချဉ်

ကျောက်ချဉ်တုံးခပ်ကြီးကြီး တတုံးကို ပန်းကန်ဆေးတဲ့ဘေစင်နားမှာ ထားခြင်းကလည်း ဘေစင်ကထွက်တဲ့
အနံ့ဆိုးတွေကို သိသိသာသာ ပျောက်ကင်းစေပါတယ်။
ဒီနည်းလေးက တော်တော်များများလည်း ပြုလုပ်ကြတာဖြစ်လို့ လုပ်ရလည်းလွယ်တာကြောင့် လိုက်လုပ်ကြည့်ပါနော်...

အဓိက အနေနဲ့ နေ့စဉ် မီးဖိုချောင်ထွက် အမှိူက်သရိုက်တွေ၊ စားကြွင်းစားကျန်တွေ၊ နံရံပေါ်ပေနေတဲ့ ဆီကွက်တွေ၊ဟင်းစက်တွေကိုလည်း နေ့စဉ် သန့်ရှင်းပေးဖို့လိုပါတယ်နော် ...

ဒါဆိုရင်တော့ ... ဒီ‌နည်းလမ်းလေးတွေကို အိမ်မှာ ပြုလုပ်ပြီး အနံ့ဆိုးတွေ ဖယ်ရှားကြည့်ရအောင်နော်။

#မီးဖိုချောင်အနံ့ဆိုး

" တန်ဆောင်မုန်းလပြည့်နေ့ "(သာမညဖလ အခါတော်နေ့ ) 🙏🙏🙏  တန်ဆောင်မုန်းလပြည့်နေ့ အခါသမယ‌မှာ Art of Décor ၏ တန်ဖိုးထားရသော Cust...
15/11/2024

" တန်ဆောင်မုန်းလပြည့်နေ့ "(သာမညဖလ အခါတော်နေ့ ) 🙏🙏🙏

တန်ဆောင်မုန်းလပြည့်နေ့ အခါသမယ‌မှာ Art of Décor ၏ တန်ဖိုးထားရသော Customers များ အားလံုးနှင့်အတူ ခုနှစ်ရက် သားသမီးများအားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းအဖြာဖြာနှင့်
ပြည့်စုံကြပါစေကြောင်း Art of Décor မိသားစုမှ ဆုမွန်‌ေကာင်းတောင်းအပ်ပါသည်....🙏


#တန်ဆောင်မုန်းလပြည့်နေ့

နေရာလည်း အရမ်းမယူပဲ အလှဆင် ပစ္စည်းလေးတွေနဲ့ကိုယ်မြတ်နိုးတဲ့ စာအုပ်စာပေတွေကို အခန့်သားထားလို့ရမယ့် Bookshelf တခုကတော့ အိမ...
14/11/2024

နေရာလည်း အရမ်းမယူပဲ အလှဆင် ပစ္စည်းလေးတွေနဲ့ကိုယ်မြတ်နိုးတဲ့ စာအုပ်စာပေတွေကို အခန့်သားထားလို့ရမယ့် Bookshelf တခုကတော့ အိမ်တိုင်း ၊ ရံုးတိုင်းမှာ ရှိနေသင့်ပါတယ်ခင်ဗျာ

ဒီ Bookshelf လေးက Modern ဆန်တဲ့ Laminate Colour ကို အချိုးအစားကျကျ၊ခန့်ခန့်ထည်ထည်နဲ့ ကျနော်တို့ Art of Decor က ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

🛋️ မိမိအိမ်ရဲ့ Decoration ပိုင်းနဲ့ ပက်သက်ပြီး Customize Design နဲ့ စိတ်ကြိုက် ဖန်တီးနိုင်ဖို့ အသေးစိတ်ကို AD ရဲ့ page Messenger မှတဆင့် ဆက်သွယ်ဆွေး‌နွေးနိုင်ပါတယ်ခင်ဗျာ✅

☎️ +959 773 491 776
[email protected]
🗺️ No.78, MyaTaungWonGyiUMoh St, Dagon Seikkan Industry Zone (1), Yangon, Myanmar
𝐖𝐞 𝐚𝐫𝐞 𝐀𝐫𝐭 𝐎𝐟 𝐃𝐞̀𝐜𝐨𝐫 .
𝐖𝐞 𝐝𝐞𝐜𝐨𝐫 𝐭𝐨 𝐏𝐥𝐞𝐚𝐬𝐞 𝐲𝐨𝐮 ...

‼️Photo by Art of Decor



Modernized ဖြစ်ပြီး ကြည့်လိုက်တာနဲ့ရှင်းပြီးသန့်နေတဲ့ laminate အဖြူရောင်လေးနဲ့ တွဲစပ်ပြုလုပ်ပေးထားတဲ့ Wardrobe လေးပါ ခင်...
12/11/2024

Modernized ဖြစ်ပြီး ကြည့်လိုက်တာနဲ့ရှင်းပြီးသန့်နေတဲ့ laminate အဖြူရောင်လေးနဲ့ တွဲစပ်ပြုလုပ်ပေးထားတဲ့ Wardrobe လေးပါ ခင်ဗျာ

🛋️ မိမိအိမ်ရဲ့ Decoration ပိုင်းနဲ့ ပက်သက်ပြီး Customize Design နဲ့ စိတ်ကြိုက် ဖန်တီးနိုင်ဖို့ အသေးစိတ်ကို AD ရဲ့ page Messenger မှတဆင့် ဆက်သွယ်ဆွေး‌နွေးနိုင်ပါတယ်ခင်ဗျာ✅

☎️ +959 773 491 776
[email protected]
🗺️ No.78, MyaTaungWonGyiUMoh St, Dagon Seikkan Industry Zone (1), Yangon, Myanmar
𝐖𝐞 𝐚𝐫𝐞 𝐀𝐫𝐭 𝐎𝐟 𝐃𝐞̀𝐜𝐨𝐫 .
𝐖𝐞 𝐝𝐞𝐜𝐨𝐫 𝐭𝐨 𝐏𝐥𝐞𝐚𝐬𝐞 𝐲𝐨𝐮 ...

‼️Photo by Art of Decor





Address

No. 78, Yaw Atwin Win U Mho Street, Dagonseikan Industrial Zone (1)
Yangon
11441

Telephone

+959972083724

Website

Alerts

Be the first to know and let us send you an email when Art of Décor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Art of Décor:

Share

Category