The Cats' House

The Cats' House Everything you need for your dream home decor and craft projects!

Hello!!!Long time no seee!!😁❤️မတွေ့တာ တအားကြာသွားပီနော်။Adminတို့ အရမ်းအလုပ်တေများပြီး page အတားကို မကပ်မိသွားတာ ဆောတီးပ...
22/03/2023

Hello!!!
Long time no seee!!😁❤️
မတွေ့တာ တအားကြာသွားပီနော်။
Adminတို့ အရမ်းအလုပ်တေများပြီး page အတားကို မကပ်မိသွားတာ ဆောတီးပါရှင်!!
Customer order အိတ်လေးတွေ ရန်ကုန်ရောက်လို့ ရန်ကုန်က Admin တအားတွေ သဘောကျ ပြီး အပြင်ပုံလေးတွေ တင်ပေးလိုက်ပါတယ်နော်။
ထပ်ရွေးချင်တဲ့ design လေးတွေ ရှိရင် အောက်က linkကနေ ရွေးနော်…

အိတ်အသစ်လေးတွေ item အသစ်လေးတွေ အချစ်ကလေးတို့အတွက် လာဦးမှာမို့ စိတ်ရှည်ရှည်နဲ့ page လေးမှာ အားပေးကြပါဦးရှင့်❤️
အမြဲ သတိရပြီး အားပေးနေပေးလို့ ကျေးဇူးတင်ပါတယ်ရှင့် 😙❤️

https://www.facebook.com/100089314985879/posts/130102893310210/?mibextid=afzh1R

✨✨Mini Bags Collection! ✨✨ဒီတစ်ခါ ကြောင် သုံးကောင်အိမ်ကနေ အင်မတန်ချစ်ဖို့ကောင်းသော Mini Bags လေးတွေရောင်းပေးချင်ပါတယ်။ စ...
19/02/2023

✨✨Mini Bags Collection! ✨✨

ဒီတစ်ခါ ကြောင် သုံးကောင်အိမ်ကနေ အင်မတန်ချစ်ဖို့ကောင်းသော Mini Bags လေးတွေရောင်းပေးချင်ပါတယ်။ စျေးလည်း အရမ်းမများအောင် လုပ်ပေးထားတာမို့ ခု ခေတ်စားနေတုန်း တစ်အိတ်လောက်တော့ ဝယ်ထားပါနော်။​ Admin ကတော့ ရောင်းဖို့လုပ်နေရင်း မနေနိုင်လို့ မှာချလိုက်ပါပြီ။ သေချာလေး အချိန်ပေးပြီး ဒီဇိုင်းစုံ၊ အရောင်စုံ စိတ်ကြိုက်ရွေးလို့ရအောင်တင်ပေးထားတာမို့ ဝယ်ဖို့က အချစ်ကလေးတို့ တာဝန်ပါနော်။

Hello!!The Cats’ House ကနေ ဒီတစ်ပတ် အလှည့်ကျတာလေးတွေကတော့ floor mat carpet လေးတွေ ဖြစ်ပါတယ်💜💜Side bed carpet လေးတွေကို အ...
11/02/2023

Hello!!

The Cats’ House ကနေ ဒီတစ်ပတ် အလှည့်ကျတာလေးတွေကတော့ floor mat carpet လေးတွေ ဖြစ်ပါတယ်💜💜
Side bed carpet လေးတွေကို အလှထားချင်တဲ့ အချစ်ကလေးတို့အတွက် လှလှလေးတွေချစ်စရာလေးတွေ တင်ထားပေးပါတယ်နော်
40cm - 120cm
40cm - 60cm
Size 2မျိုးရှိတာမို့ လှလှလေးတွေ ရွေးကြပါဦးရှင်❣️
Waiting time 2-3weeks ပါရှင်
Preorder prepaid လေးပါနော်
ငွေစျေးအပြောင်းအလဲလေးတွေကြောင့် စျေးလေးတွေကို page messengerက မေးမြန်းပေးပါနော် 😚❤️

The Cats’ House မှာလည်း tulip preserved ရောင်စုံမှာလို့ရတယ်နော် ❤️✨
03/02/2023

The Cats’ House မှာလည်း tulip preserved ရောင်စုံမှာလို့ရတယ်နော် ❤️✨

Preserved roseလေးတွေလည်း လက်ဆောင်ပေးဖို့ အကောင်းဆုံးပဲနော် ❣️✨✨
30/01/2023

Preserved roseလေးတွေလည်း လက်ဆောင်ပေးဖို့ အကောင်းဆုံးပဲနော် ❣️✨✨

✨✨Wall Hang Collection!❣️❣️ကြောင်သုံးကောင်အိမ်က ပိုင်ရှင်လေး နေမကောင်းဖြစ်နေလို့ အလုပ်ခဏနားထားရာကနေ ပြန်လာပါပြီနော်။ဒီနေ...
30/01/2023

✨✨Wall Hang Collection!❣️❣️

ကြောင်သုံးကောင်အိမ်က ပိုင်ရှင်လေး နေမကောင်းဖြစ်နေလို့ အလုပ်ခဏနားထားရာကနေ ပြန်လာပါပြီနော်။

ဒီနေ့မှာတော့ Home decor လုပ်တဲ့နေရာမှာ တစ်ခုလောက်တော့ထည့်ပြီး ဝယ်သင့်၊ decorate လုပ်သင့်တဲ့ Wall hang လေးတွေ ရောင်းပေးချင်ပါတယ်ရှင့်။

ရိုးရိုးရှင်းရှင်းနဲ့ အရမ်းလှတဲ့ ဒီဇိုင်းလေးတွေကိုပဲ သေချာရွေးပေးထားတဲ့အပြင် တချို့ ဒီဇိုင်းလေးတွေက stock နည်းနည်းပဲကျန်တာမို့ လက်မနှေးဘဲ ဝယ်ထားမှ ဖြစ်မှာနော် အချစ်ကလေးတို့ရေ။

စျေးက အစုံရှိတာမို့ CB မှာ အားမနာလာမေးလို့ ရပါတယ်ရှင်။

Waiting time - 2 to 3 weeks
( လာမယ့် Weekend ကို အော်ဒါပိတ်ပါ့မယ်နော် )
Pre-order, Pre-paidပါရှင်💓

Sun catcher first order လေးတွေ ထိုင်းအိမ်ကို ရောက်နေပါပီရှင် 🤎အပြင်ပုံတွေက တကယ်လှရက်သောလေးတွေရှင်🥺❤️ အချစ်ကလေးတို့ကို အပ...
23/01/2023

Sun catcher first order လေးတွေ ထိုင်းအိမ်ကို ရောက်နေပါပီရှင် 🤎
အပြင်ပုံတွေက တကယ်လှရက်သောလေးတွေရှင်🥺❤️ အချစ်ကလေးတို့ကို အပြင်ပုံလေးတွေပါ ပြလိုက်ပါပီရှင် ❤️
အခုလာမယ့်အပတ်ထဲ ရန်ကုန်ကိုပို့တော့မှာမလို့ အချစ်ကလေးတို့ဆီ မကြာခင်ရောက်ပါတော့မယ်နော်❤️

(Video postတင်မရလို့ my day မှာ sun catcher catching the sun vibe လေးတင်ထားတယ်နော် တအားလှရက်သောပါပဲ ဝင်ကြည့်ပါဦးရှင်❤️❤️)

🌷🌷🌷🌷🌷 Tulip Collection! 🌷🌷🌷🌷🌷Tulip ပန်းကြိုက်တဲ့သူလေးတွေရှိကြလား။ ဒါဆိုရင်တော့ ဒီထဲက တစ်ခုမဟုတ် တစ်ခုတော့ ဝယ်ကိုဝယ်ချင်သ...
17/01/2023

🌷🌷🌷🌷🌷 Tulip Collection! 🌷🌷🌷🌷🌷

Tulip ပန်းကြိုက်တဲ့သူလေးတွေရှိကြလား။ ဒါဆိုရင်တော့ ဒီထဲက တစ်ခုမဟုတ် တစ်ခုတော့ ဝယ်ကိုဝယ်ချင်သွားမှာနော်။

Tulip ပန်းလေးတွေဟာ လေးနက်တဲ့ချစ်ခြင်းမေတ္တာ၊ သစ္စာတရား၊ ပျော်ရွှင်မှုနဲ့ မသေဆုံးတဲ့အချစ်တွေကို ကိုယ်စားပြုပါတယ်။ ကိုယ်ချစ်တဲ့သူကို ဒီလို အဓိပ္ပါယ်တွေပြည့်နေတဲ့ ပန်းကလေးပေးရတာထက် ကောင်းတဲ့ လက်ဆောင်မရှိတော့ဘူးမဟုတ်လား။

ဒီနေ့တော့ တွမ်တွမ်တို့အိမ်က အရမ်းလှပြီး ချစ်စရာကောင်းတဲ့ Tulip ပန်းလေးတွေကို ရောင်းချင်ပါတယ်။ စျေးတွေကလည်း အနည်းဆုံး တစ်သောင်းကနေစပြီး အများဆုံး ငါးသောင်းလောက်ထိပဲမို့ စျေးကြီးမှာလည်း မပူနဲ့နော်။ Tulip Light, Candle, Artificial Tulip နဲ့ ထည့်ဖို့ ပန်းအိုးလေးတွေပါ တစ်ပါတည်းတွဲပေးထားတာမို့ လိုချင်တာရှိရင် Admin တို့ဆီသာ ပြေးလာလိုက်ပါရှင်။

❤️❤️❤️❤️❤️

Waiting time - 2 - 3 weeks ( တချို့ ပစ္စည်းလေးတွေက တစ်ပတ်ကနေ နှစ်ပတ်အတွင်း ရပါတယ်ရှင့်။
Preorder, Prepaid
ငွေလွှဲဝင်မှ Order confirmed ဖြစ်ပါတယ်နော်။

Valentine’s Day Special!Valentine’s Day က တဖြည်းဖြည်းနဲ့ နီးလာပြီနော်။ ချစ်သူများနေ့မှာ ချောကလက်နဲ့ ပန်းစည်းတွေက အပေးအမျ...
13/01/2023

Valentine’s Day Special!

Valentine’s Day က တဖြည်းဖြည်းနဲ့ နီးလာပြီနော်။ ချစ်သူများနေ့မှာ ချောကလက်နဲ့ ပန်းစည်းတွေက အပေးအများဆုံး လက်ဆောင်တွေပဲဟုတ်။ ပန်းတွေထဲမှာမှ နှင်းဆီပန်းတွေဟာ မသေဆုံးသွားတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ ပန်းတွေဖြစ်တဲ့အတွက် ကိုယ့် ချစ်သူ ခင်သူတွေကို လက်ဆောင်ပေးဖို့အတွက် လူကြိုက်များကြပါတယ်။ နှင်းဆီပန်းလက်ဆောင်ပေးတာဟာ ရိုးအီနေပြီလို့ ထင်ကြပေမယ့် အခုအချိန်ထိကို ပန်းလက်ဆောင်ပေးရင် မပါမဖြစ်ပန်းတွေဖြစ်နေတုန်းပါပဲနော်။ ဒီတော့ ကိုယ့်ရဲ့ ဘယ်တော့မှ ခန်းခြောက်ညိုးနွမ်းမသွားတဲ့ ချစ်ခြင်းမေတ္တာကို သက်သေပြနိုင်ဖို့ အရိုးရှင်းဆုံးလက်ဆောင်ဖြစ်တဲ့နှင်းဆီပန်းလေးကိုပဲ အရမ်းလှပြီးဆန်းပြားတဲ့ ပုံစံလေးနဲ့ လက်ဆောင်ပေးရင်မကောင်းဘူးလားနော်။

ဒီနေ့မှာတော့ Admin တို့က ချစ်သူများနေ့မှာ လက်ဆောင်ပေးဖို့ အသင့်တော်ဆုံး ပစ္စည်းတွေထဲက တစ်ခုဖြစ်တဲ့ Immortal Flowers လေးတွေကို Valentine’s Special အနေနဲ့ ရောင်းပေးချင်ပါတယ်ရှင်။ အသည်းနှလုံးကို ဖန်လုံးထဲထည့်ပေးလို့ မရသေးပေမယ့် မသေဆုံးသွားမဲ့အချစ်တွေကိုတော့ ဖန်လုံးလေးထဲ ထည့်ပြီးပေးလို့ ရပါသေးတယ်နော်။

ဒီပန်းလေးတွေက နေ့အလင်းရောင်ထဲမှာလည်း လှသလို၊ ညဖက်ကျရင်လည်း မီးလေးဖွင့်ထားလို့ ရတဲ့ အတွက် တစ်နေကုန် အလှထားလို့အဆင်ပြေပါတယ်။ ပန်းအစစ်တွေကို Preserved လုပ်ထားတာဖြစ်တဲ့အတွက် အကြာကြီးလည်း အထားခံပါတယ်။ တစ်ခု သတိထားရမှာကတော့ နေရောင်နဲ့ တိုက်ရိုက်ထိတဲ့နေရာမှာမထားဖို့ရယ်၊ ပြင်ပလေနဲ့ ထိတွေ့မိအောင် မထားဖို့ရယ်ပါပဲ။

Special Service အနေနဲ့ လက်ဆောင်ပေးတဲ့အခါ Postcard လေးထည့်ပေးပြီး အမှတ်တရ စာလေးရေးပေးချင်တယ်ဆိုလည်း Admin တို့ Extra Charges ယူပြီးလုပ်ပေးပါတယ်။ ရနိုင်တဲ့ Postcard လေးတွေရဲ့ပုံကိုတော့ နောက်ဆုံးမှာထည့်ပေးထားပါတယ်နော်။

Preorder, Prepaid
Waiting time - 2 to 3 weeks ( V day အမီပေးနိုင်ဖို့အတွက် နောက်တစ်ပတ် သောကြာအော်ဒါပိတ်ပါ့မယ်ရှင့်။ V day အမီရောက်အောင် လုပ်ပေးမှာဖြစ်ပေမယ့် မမျှော်လင့်ဘဲ လမ်းခရီး အခြေအနေအဆင်မပြေဖြစ်တာမျိုး၊ စက်ရုံဘက်က ပြဿနာတစ်ခုခုတက်တာမျိုးဆိုရင်တော့ အမီရောက်ဖို့ကို Admin တို့ အာမခံပေးလို့မရတာတော့ နားလည်ပေးပါနော် )

ဒီအကောင့်ပိုင်ရှင်လေးအတွက် လက်ဆောင်လေးရထားပါတယ်နော်။ဒီမှာတင်ထားတဲ့ Sun Catchers လေးတွေထဲက စိတ်ကြိုက်ရွေးယူပါတဲ့။"လည်ပတ်န...
09/01/2023

ဒီအကောင့်ပိုင်ရှင်လေးအတွက် လက်ဆောင်လေးရထားပါတယ်နော်။
ဒီမှာတင်ထားတဲ့ Sun Catchers လေးတွေထဲက စိတ်ကြိုက်ရွေးယူပါတဲ့။

"လည်ပတ်နေတဲ့ဒီသံသရာကြီးရဲ့ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက ကိုကို့ရဲ့တစ်ခုထဲသောမျှော်လင့်ချက်လေးက ဘေဘီပါပဲ။ And I want to protect you with everything I have and everything I’m" လို့လည်း စကားလက်ဆောင်ပါးထားပါတယ်ရှင်။

လက်ဆောင်ရထားတဲ့ ညီမလေးက The Cats’ House ကို လာဆက်သွယ်ပေးပါဦးနော်။

Sun Catchers Collection ✨💫🦋🌈☀️ဒီတစ်ခါမှာတော့ တွမ်တွမ်တို့အိမ်ကနေ Dream Catcher မဟုတ်တဲ့  Sun Catchers လေးတွေကို ရောင်းပေ...
09/01/2023

Sun Catchers Collection ✨💫🦋🌈☀️

ဒီတစ်ခါမှာတော့ တွမ်တွမ်တို့အိမ်ကနေ Dream Catcher မဟုတ်တဲ့ Sun Catchers လေးတွေကို ရောင်းပေးချင်ပါတယ်။

ရောင်စုံ ဖန်၊ ကျောက်၊ crystal လေးတွေနဲ့ ဖန်တီးထားတဲ့ Sun Catchers လေးတွေကို "Rainbow Makers" လို့လည်းခေါ်ကြပါတယ်။ နေရောင်ကျတဲ့ ပြတင်းပေါက်မှာချိတ်ထားတဲ့အခါ နေရောင်ကို ဖမ်းယူပြီးအခန်းထဲကို အလင်းတန်းရောင်စုံလေးတွေ ရောင်ပြန်ဟပ်အောင်လုပ်ပေးတဲ့အတွက် Rainbow Makers လို့ ခေါ်ကြတာမှားမယ် မထင်ပါဘူးနော်။

Sun Catchers လေးတွေဟာ အမြင်လှရုံတင်မကဘဲ stress တွေ၊ anxiety တွေကိုလည်း လျော့ကျစေပြီး ကိုယ့်အိမ်ထဲကိုလည်း နေရဲ့ postive energy ကို သယ်ဆောင်ပေးပါတယ်။ စိတ်ကိုအပန်းဖြေချင်တယ်၊ စိတ်အာရုံကို စုစည်းချင်တယ်၊ တည်ငြိမ်မှုရချင်တယ်ဆိုရင်လည်း Crystal လေးတွေကို ကိုယ့်အလုပ်ခန်းမှာ၊ အိပ်ခန်းမှာ ချိတ်ဆွဲထားလို့ရပါတယ်။ Sun Catchers လေးတွေကို Chromotherapy လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကို အရောင်တွေနဲ့ ကုသပေးတဲ့နည်းလမ်းမျိုးနဲ့လည်း သုံးနိုင်ပါသေးတယ်။ အရောင်တွေက စိတ်ဖိစီးတာ၊ စိတ်ကျတာ၊ ညအိပ်မရတာမျိုးတွေကိုလည်း သက်သာလျော့ပါးစေပါတယ်။

ဒီတော့ အခန်းကိုအလှဆင်ပြီးသားလည်းဖြစ်ပြီး စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်တဲ့ Sun Catchers လေးတွေကို လိုချင်ပြီး ဘယ်နားမှာရှာရမယ် မသိဖြစ်နေတဲ့ သူတွေအတွက် The Cats' House က တစ်စုတစ်စည်းတည်းတင်ပေးလိုက်ပါတယ်နော်။ စျေးနှုန်းတွေအကုန်လုံးက ရန်ကုန်အရောက်စျေးတွေဖြစ်ပြီး အိမ်အထိပို့ခကိုတော့ ဝယ်သူက ကျခံပေးရပါမယ်ရှင့်။

( အလင်းရောင်နဲ့ ဖုန်း Screen ပေါ်မူတည်ပြီး အရောင်လေးက အနည်းငယ်ကွဲလွဲမှုရှိနိုင်တာကိုလည်း သတိထားပေးပါနော် )

❤❤❤❤❤

Waiting Times - 2 to 3 Weeks ( ဒီ Weekend အော်ဒါပိတ်ပါမယ်နော် )
Pre-order, Pre-paid

Let’s write a journal together!မအိပ်ကြသေးဘူးဆိုရင်တော့ တွမ်တွမ်တို့နဲ့အတူ Journal ရေးကြရအောင်နော်။Journal ရေးတဲ့အခါ စိတ်...
05/01/2023

Let’s write a journal together!
မအိပ်ကြသေးဘူးဆိုရင်တော့ တွမ်တွမ်တို့နဲ့အတူ Journal ရေးကြရအောင်နော်။

Journal ရေးတဲ့အခါ စိတ်ဖိစီးမှုလျော့ကျတယ်၊ Negative thoughts တွေ မတွေးမိအောင် ကူညီပေးတယ်၊ ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို လွတ်လွတ်လပ်လပ်ဖော်ပြလို့ရတယ်၊ ကိုယ်ဖြစ်ချင်တဲ့ ကိုယ်လုပ်ချင်တဲ့ အရာတွေကို မြင်လာ၊ တွေးလာမိစေပါတယ်။ Instagram တို့ Pinterest တို့မှာ သူများတွေရေးထားတဲ့ Journal စာမျက်နှာလှလှလေးတွေမြင်တဲ့ အခါ အဲ့ဒီလိုမျိုးလေးတွေ ဖန်တီးချင်စိတ်ဖြစ်လာပေမယ့် ဘယ်ကစရမှန်းမသိဖြစ်နေတဲ့သူတွေကို တွမ်တွမ်တို့က ကူညီပေးချင်ပါတယ်။

ဒါကြောင့် Journal ရေးတဲ့အခါ လိုတဲ့၊ အထောက်အကူဖြစ်မယ့် ပစ္စည်းလေးတွေရောင်းပေးချင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Sticker Pack၊ Pen နဲ့ Masking Tape လှလှလေးတွေကို တင်ပေးထားပါတယ်။ Sticker Pack လေးတွေရဲ့ ဆိုဒ်က Air Pod Case ဆိုဒ်နဲ့ မတိမ်းမယိမ်းလေးပါနော်။ တစ်ပုံချင်းစီမှာ စျေးလေးတွေရေးပေးထားပါတယ်။ Masking Tape တွေက ဒီဇိုင်းများတာကြောင့် လိုချင်တဲ့ ဒီဇိုင်းနဲ့ အရောင်တွေကိုအားမနာတမ်းစိတ်ကြိုက်လာမေးလို့ရပါတယ်။ Delivery ခကတော့ ရောက်မှရှင်းပေးပါနော်။

Pre-order, Pre-paid
Waiting time – 2 to 3 weeks ( ပုံမှန် ဆယ်ရက်လောက်ပဲကြာပေမယ့် လမ်းခရီးအခြေအနေတွေကြောင့် ၃ ပတ်လောက်အထိ ကြာနိုင်လို့ပါ )

With love
The Cats' House

Address

San Chaung Township
Yangon
11111

Website

Alerts

Be the first to know and let us send you an email when The Cats' House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category