07/09/2026
ဒီခွဲစိတ်ခန်းက သူတို့ အတွက် အသုံးမဝင်တဲ့ သူတွေရဲ့ ရောင်းလို့ ရတဲ့ ကိုအင်ဂါ အစိတ်အပိုင်းတွေကို ထုတ်ယူခဲ့တဲ့ အခန်းဖြစ်ပုံ ရတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်က 7ရက်နေ့ ဒီနေ့မှာ ထိုင်း-ကမ်းပူချား နယ်စပ် အိုစမင် မြို့ အနီးရှိ ကျားဖြန့်တွေ ရှိနေတဲ့ နေရာကို ထိုင်းဘက် တာဝန်ရှိသူတွေ ရောက်သွားခဲ့တယ်။
အဲဒီနေရာက အလိုက်ပေါင်း 500လောက်ရှိပီး ဆောက်ထားတဲ့ တိုက်အလုံးပေါင်း 157လုံးရှိပီး ခေါ်စင်တာဂိုဏ်း အဆောက်ဦးက 29လုံးရှိပါတယ်ရှင့်။
အဲဒီ နေရာမှာ ကျားဖြန့်တွေကတော့ မရှိတော့ပဲ ထွက်ပြေးသွားပုံ ရပါတယ်ရှင့်။
ပထမ ဦးဆုံး နိပါတ်1 Zone A တိုက်ဆီကို ဆီကို သွားကြည့်ကြတယ်။
အဲဒီတိုက်ထဲမှာ ဆေးရုံလိုမျိုး တည်ဆောက်ထားပီး ၊အတွင်းမှာ ခွဲစိတိခန်း ၁ခန်း ပါရှိပါတယ်။
ဒီဆေးရုံက ကျားဖြန့်တရုတ်ခေါင်းဆောင် နေမကောင်းဖြစ်ရင် ကုသဖို့ အတွက် ဆောက်ထားတာ ဖြစ်ပီး ဆိုင်းပုပ်က တရုတ်အမည် ကို ရေးထိုးထားတယ်။
ရဲတွေ သုံးသပ်ချက်အရ အတွင်းက ခွဲစိတ်ခန်းဟာ ကျားဖြန့်တွေက သူတို့အတွက် ပိုက်ဆံရှာမပေးနိုင်တဲ့သူ၊ အသုံးမဝင်တော့တဲ့ သူတွေရဲ့ ရောင်းစားလို့ ရတဲ့ အစိတ်အပိုင်းတွေကို ထုတ်ယူတဲ့ အခန်းဖြစ်ရမယ်တဲ့။
ပီးတော့ နောက်အခန်းမှာက နိုင်ငံပေါင်းစုံက ရဲအဝတ်အစားတွေ စုံလင်နေပီး ကျားဖြန့်တွေက ရဲဝတ်စုံတွေဝတ်ပီး ခြောက်ပီး လိမ်နေကြတာ ဖြစ်တယ်။
နောက်ဆုံး ၁ခုက စာတွေ အများကြီး ရေးထားတဲ့ ဖိုင်တွေ သွားတွေ့ကြတယ်။
ဒီစာတွေက ကျားဖြန့်တွေက သူများကို မလိမ်ခင် ကြိုရေးထားတဲ့စာ ဖြစ်ပီး၊ လိမိတော့မယ် ဆိုရင် စာရွက်ကြီးကို ကိုင်ပီး လိမ်ရမဲ့ နိုင်ငံအလိုက် ဘာသာစကားနဲ့ လိမ်ကြတာ ဖြစ်ပါတယ်။