Amay Letya Food Industry

Amay Letya Food Industry Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amay Letya Food Industry, Kitchen/Cooking, 367A , Bo Tay Za Street, Shwe Pauk Kan Industry Zone, Yangon.

"သန့်ရှင်းခြင်းနှင့် အရသာများ၏ အခြေခံ" အမေလက်ရာ ရွှေမြိတ် ငပိထောင်း ငပိဖျော် စားသောက်ကုန်လုပ်ငန်း..... (FDA လက်မှတ်ရ၊ ထုတ်ကုန်တိုင်းကို ဆိုးဆေး၊ ဓါတုဆေးဝါး၊ အချိုမှုန့်လုံးဝမပါဝင်ဘဲ ပထမတန်းစား မြိတ်ငပိတစ်မျိုးတည်းသာသုံးပြီး ထုတ်လုပ်ထားပါသည်။)

နှစ်သစ်ကူး မဟာသင်္ကြန် အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း အမေလက်ရာစားသောက်က...
13/04/2026

နှစ်သစ်ကူး မဟာသင်္ကြန် အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း အမေလက်ရာစားသောက်ကုန်လုပ်ငန်း မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် ..

28/02/2026

ခေတ်စားနေတဲ့လက်ပံပွင့် ကို ဒီနေ့ကြော်စားပါမယ်ရှင် 🫣 ရွှေလင်းတို့အိမ်မှာ ဒီနေ့ အသားဟင်းမပါဘဲ အရသာရှိအောင်ခံတွင်းတွေ့အောင် ခရမ်းသီးနှပ်-စိမ်းစားငပိချက်-သရက်သီးစိမ်းကြော်-လက်ပံပွင့်ခြောက်ကြော် ကို Amay Letya Food Industry ကထုတ်ကုန်တွေနဲ့အတူ ချက်စားပါမယ်ရှင် 🥰. 👉🏻👉🏻 https://www.facebook.com/share/1J1US7Cdwu/?mibextid=wwXIfr 👈🏻👈🏻 #အမေ့ကိုဟင်းချက်ကူဖြစ်သောနေ့စွဲများ #အမေလက်ရာ

အမေလက်ရာ ငပိထောင်းလေးနဲ့ တို့စရာလေးက ထမင်းဝိုင်းမှာ မပါမဖြစ်။….✨😋မြန်မာထမင်းဝိုင်းလေးဆိုရင်က ငပိနဲ့ ပတ်သက်တာလေးတစ်ခုခု ပ...
27/09/2025

အမေလက်ရာ ငပိထောင်းလေးနဲ့ တို့စရာလေးက ထမင်းဝိုင်းမှာ မပါမဖြစ်။….✨😋

မြန်မာထမင်းဝိုင်းလေးဆိုရင်က ငပိနဲ့ ပတ်သက်တာလေးတစ်ခုခု ပါမှ ထမင်းမြိန်တာဆိုတော့ အချိန်ကုန်၊ လူပင်ပန်း သက်သာစေတဲ့ အမေလက်ရာ ငပိထောင်းလေး ဆောင်ထားလိုက်နော်။..

🌿ပထမတန်းစား ရွှေမြိတ်ငပိကို အသုံးပြုထုတ်လုပ်ထားတဲ့အတွက် အရည်အသွေးအပိုင်းအရရော၊ အရသာအပိုင်းအရပါ ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။..

🌿အမေလက်ရာရဲ့ သန့်ရှင်းမှုရဲ့အခြေခံဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပစ္စည်းတိုင်းကို သန့်ရှင်းမှုကို အဓိကထား ထုတ်လုပ်တဲ့အတွက် အမေလက်ရာငပိထောင်းကို ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်ရှင့်။..

🌿ဒါ့အပြင် အမေလက်ရာငပိထောင်းက ဆိုးဆေး ဓာတုဆေးဝါး၊ အချိုမှုန့် လုံးဝ (လုံးဝ) မပါဝင်ဘဲ ထုတ်လုပ်ထားတာဖြစ်လို့ ပိုလို့တောင် ရွေးချယ်သင့်သွားတာပေါ့။

အမေလက်ရာ ငပိထောင်းရဲ့ လက်ကားဈေး‌လေးတွေ ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ရှင့်။..

🦐 အမေလက်ရာ ရွှေမြိတ်ငပိထောင်း ၄၀၀ ဂရမ် - ၈,၆၀၀ ကျပ်
🦐 အမေလက်ရာ ရွှေမြိတ်ငပိထောင်း ၂၀၀ ဂရမ် - ၄,၈၆၀ ကျပ်
🦐 အမေလက်ရာ ရွှေမြိတ်ငပိထောင်း ၁၀၀ ဂရမ် - ၂,၆၆၀ ကျပ်

ဒီတော့ထမင်းဝိုင်းလေးက စိုစိုပြည်ပြည်နဲ့ ထမင်းမြိန်အောင် အခုဘဲ အမေလက်ရာငပိထောင်းလေး ပြေးဝယ်ပြီး တို့စရာလေးနဲ့ တွဲဖက် ပြင်ဆင်လိုက်ရအောင်။…

Amay Letya Pounded Shrimp Paste and Veggie Assortments are must-have duo in Burmese Cuisine ….✨😋

Any side dish related to Nga-Pi completes a Burmese lunch table. So, you can have our no-time-consuming and energy-saving Amay Letya Pounded Shrimp Paste.

🌿 Using first-class Myeik Shrimp Paste, our product’s quality and taste are, needless to say.

🌿According to our Amay Letya motto, “The Principle of Taste & Hygiene”, we produce every product with standard hygiene.

🌿 Moreover, Amay Letya Pounded Shrimp Paste is free of MSG, harmful chemicals, or food dyes, so these are more reasons to choose Amay Letya

Amay Letya’s Pounded Shrimp Paste wholesale prices are listed as follows,

🦐 Amay Letya Shwe Myeik Pounded Shrimp Paste 400g - 8,600 MMK
🦐 Amay Letya Shwe Myeik Pounded Shrimp Paste 200g - 4,860 MMK
🦐 Amay Letya Shwe Myeik Pounded Shrimp Paste 100g - 2,660 MMK

So, let’s pair Amay Letya Pounded Shrimp Paste with veggie assortments to make our lunch table warm and delightful.

🦐✨သန့်ရှင်းခြင်းနှင့် အရသာများ၏ အခြေခံ “အမေလက်ရာ ရွှေမြိတ် ငပိထောင်း ငပိဖျော် စားသောက်ကုန်လုပ်ငန်း…✨🦐
🦐✨The Principle of Taste & Hygiene “Amay Letya” Food Industry { Shwe Myeik - Nga-Pi Htow, Shwe Myeik - Nga-Pi Phor }✨🦐

📱ဖုန်း (Phone) - +959889955665
📧မေလ်း (Mail) - [email protected]
🏭လိပ်စာ (Address) - 367 (A), Bo Tay Za Road, Shwe Pauk Kan Industrial Zone, North Okkalapa Township, Yangon.

အမေလက်ရာစိမ်းစားငပိလေးနဲ့ ထိုင်းစတိုင် ကြက်သားသုပ်လေးသုပ်စားရအောင်။….🤗 ဒီနေ့လေးကိုတော့ အမေလက်ရာစိမ်းစားငပိလေးနဲ့ ကြက်သား...
10/08/2025

အမေလက်ရာစိမ်းစားငပိလေးနဲ့ ထိုင်းစတိုင် ကြက်သားသုပ်လေးသုပ်စားရအောင်။….🤗

ဒီနေ့လေးကိုတော့ အမေလက်ရာစိမ်းစားငပိလေးနဲ့ ကြက်သားလေးကို ကြော်ပြီး ထိုင်းစတိုင်လေး သုပ်စားကြရအောင်။…🤗

လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့
🛍️ကြက်သား(ရင်ပုံ) ၂တုံး
🛍️ဘက်စုံသုံး(ဂျုံ)
🛍️ဆီ, ဆား, ငရုတ်ကောင်းမှုန့်
🛍️အမေလက်ရာ စိမ်းစားငပိ (မီးကင်ပြီး)
🛍️သခွားသီး၊ နံနံပင်၊ ငရုတ်သီးမှုန့်
🛍️ငရုတ်သီးစိမ်း၊ ကြက်သွန်နီ၊ မြေပဲ
🛍️သံပုရာရည်၊ သကြား၊ ငါးငံပြာရည်

ချက်ပြုတ်ပုံအဆင့်ဆင့်

🍳အရင်ဆုံးကြက်ရင်ပုံကို အတုံးသေးသေးတုံးပြီး ဆား၊ သကြား၊ ငရတ်ကောင်းမှုန့်နဲ့ အရသာနယ်ပါ။

🍳ပြီးရင်ဘက်စုံသုံး(ဂျုံ)ကို ကြက်အတုံးလေးတွေပေါ်ဖြူးပြီး ဆီအိုးထဲ ထည့်ကြော်ပါ။

🍳ကြက်သားတုံးလေးတွေ ရွှေအိုရောင်သန်းလာရင်တော့ အိုးထဲကဆယ်ပြီး ဆီစစ်ထားပါ။

🍳အသုပ်မသုပ်ခင် dressing အရင်လုပ်ပါမယ်။ သံပုရာရည်၊ သကြား၊ မီးကင်ထားတဲ့ အမေလက်ရာ စိမ်းစားငပိ၊ ငရုတ်သီးမှုန့်၊ ငါးငံပြာရည် ထည့်ပြီး အကုန်ရောသွားအောင်မွှေလိုက်မယ်ဆိုရင် dressingလေးရပါပြီ။

🍳ပြီးရင် အသုပ်သုပ်မယ့် ပန်းကန်လုံးထဲကို သခွားသီးလှီးပြီးသား၊ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်းလှီးပြီးသားနဲ့ ကြက်ကြော်တုံးလေးတွေ ထည့်လိုက်ပါ။

🍳လုပ်ထားပြီးသား dressingကို ထည့်နယ်ပြီး အရသာအပေါ့အငန်ပြင် မြေပဲလေး ဖြူးလိုက်မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ လုပ်ရလွယ်တဲ့ ထိုင်းစတိုင် ကြက်သားသုပ် ဟင်းပွဲလေးရပါပြီနော်။…

Let’s make Thai-style chicken salad with Amay Letya Shrimp Paste….🤗

Today, I am going to show you how to make fried chicken into a Thai-style salad with Amay Letya Shrimp Paste.

Ingredients are as follows. 🤗
🛍️ 2 chicken breasts
🛍️ all-purpose flour
🛍️ oil, salt, black pepper powder
🛍️ roasted Amay Letya Shrimp Paste
🛍️ cucumber, cilantro, chilli powder
🛍️ green chillies, onion, peanuts
🛍️ lime juice, sugar, fish sauce

Cookin steps

🍳 First, dice the chicken breasts and marinade them with salt, sugar, and black pepper powder.

🍳Then, sprinkle some all-purpose flour on the chicken and fry them with oil in the pan.

🍳 When the chicken dices become golden brown, remove them from the pan to drain the oil.

🍳 Before salad, let’s make salad dressing. Mix sugar, lime juice, roasted Amay Letya Shrimp Paste, chilli powder, and fish sauce all together. Then we got dressing for our salad.
🍳After that, put sliced cucumber, thinly sliced onion, cilantro, finely sliced green chillies, and fried chicken into the salad bowl.

🍳 Drizzle the dressing, mix them all, and sprinkle some crushed peanuts, then we have a simple and easy-to-make Thai-style chicken salad.

🦐✨သန့်ရှင်းခြင်းနှင့် အရသာများ၏ အခြေခံ “အမေလက်ရာ ရွှေမြိတ် ငပိထောင်း ငပိဖျော် စားသောက်ကုန်လုပ်ငန်း…✨🦐
🦐✨The Principle of Taste & Hygiene “Amay Letya” Food Industry { Shwe Myeik - Nga-Pi Htow, Shwe Myeik - Nga-Pi Phor }✨🦐

📱ဖုန်း (Phone) - +959889955665
📧မေလ်း (Mail) - [email protected]
🏭လိပ်စာ (Address) - 367 (A), Bo Tay Za Road, Shwe Pauk Kan Industrial Zone, North Okkalapa Township, Yangon.

မိုးအေးအေးလေးမှာ ထမင်းပူပူလေးနဲ့ လိုက်ဖက်တဲ့... အမေလက်ရာ ငပိဖျော်...🤗အခုလိုမိုးအေးအေးရာသီဥတုလေးမှာ အဆာပြေဘဲဖြစ်ဖြစ် နေ့လ...
26/07/2025

မိုးအေးအေးလေးမှာ ထမင်းပူပူလေးနဲ့ လိုက်ဖက်တဲ့... အမေလက်ရာ ငပိဖျော်...🤗

အခုလိုမိုးအေးအေးရာသီဥတုလေးမှာ အဆာပြေဘဲဖြစ်ဖြစ် နေ့လည်စာလိုဘဲဖြစ်ဖြစ် ထမင်းပူပူလေးကို အမေလက်ရာ ငပိဖျော်လေးစမ်းပြီး နယ်စားလိုက်ရတဲ့ အရသာလေးက ဘာနဲ့မှ မလဲနိုင်ပါဘူး။…😋

အမေလက်ရာငပိဖျော်ကိုက ပထမတန်းစား မြိတ်မျှင်ငပိကို သုံးပြီး ထုတ်လုပ်ထားတာဖြစ်လို့ အရသာရော၊ အရည်အသွေးရောက ပြောစရာမလိုအောင် ကောင်းမွန်ပါတယ်။…👍

ဒါ့အပြင် ဓာတုဆိုးဆေးတွေမပါဝင်ဘဲ သန့်ရှင်းစွာ ထုတ်လုပ်ထားတာဖြစ်လို့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။👍

ပုလင်းပုံစံလေး ထုတ်လုပ်ထားတာဖြစ်လို့ ကိုယ်ကုန်သလောက်လေးဘဲ ပန်းကန်ထဲထည့်ပြီး စားနိုင်တော့ ခြင်ယင်နားမှာမစိုးရိမ်ရတော့ါဘူးပေါ့။..👍

ဒီတော့ အရည်အသွေးကောင်းမွန်ပြီး ထမင်းလည်းမြိန်စေမယ့် အမေလက်ရာ ငပိဖျော်လေးကို အခုဘဲ အိမ်မှာ ဆောင်ထားလိုက်တော့နော်။ လက်ကားဝယ်ယူလိုသူတွေအတွက် လက်ကားဈေးလေးတွေကတော့
📦 အမေလက်ရာ ရွှေမြိတ် ငပိဖျော် ၃၀၀ စီစီ - ၅,၁၆၀ ကျပ်
📦 အမေလက်ရာ ရွှေမြိတ် ငပိဖျော် ၁၀၀ စီစီ - ၂,၆၆၀ ကျပ် အသီးသီးဖြစ်ပါတယ်နော်။

Now is the best time to eat Amay Letya Pounded Shrimp Paste Sauce with steaming hot rice 🤗

There's nothing quite like indulging in Amay Letya Pounded Shrimp Paste Sauce with hot rice during this cozy rainy season, whether as a snack or a full meal, it’s truly irreplaceable.…😋

The taste and quality of Amay Letya Pounded Shrimp Paste Sauce are exceptional, as we use first-class Myeik Shrimp Paste. 👍

What’s more, our Amay Letya Pounded Shrimp Paste Sauce is made without chemical dyes and with strict attention to hygiene, so you can enjoy it with complete peace of mind. 👍

We package Amay Letya Pounded Shrimp Paste Sauce in bottles, making it easy to enjoy as much as you'd like without the worry of mosquitoes or flies. 👍

So don’t miss out—grab your bottle of Amay Letya Pounded Shrimp Paste Sauce, known for its high quality and appetite-boosting flavor! For wholesale buyers, wholesale prices are as follows.
📦 Amay Letya Shwe Myeik Nga-Pi Phor 300cc - 5,160 Kyats
📦 Amay Letya Shwe Myeik Nga-Pi Phor 100cc - 2,660 Kyats

🦐✨သန့်ရှင်းခြင်းနှင့် အရသာများ၏ အခြေခံ “အမေလက်ရာ ရွှေမြိတ် ငပိထောင်း ငပိဖျော် စားသောက်ကုန်လုပ်ငန်း…✨🦐
🦐✨The Principle of Taste & Hygiene “Amay Letya” Food Industry { Shwe Myeik - Nga-Pi Htow, Shwe Myeik - Nga-Pi Phor }✨🦐

📱ဖုန်း (Phone) - +959889955665
📧မေလ်း (Mail) - [email protected]
🏭လိပ်စာ (Address) - 367 (A), Bo Tay Za Road, Shwe Pauk Kan Industrial Zone, North Okkalapa Township, Yangon

အချိန်ကုန် လူပင်ပန်းသက်သာစေတဲ့ အမေလက်ရာ ရွှေမြိတ်ငပိထောင်း…🤗🦐ညီမတို့ မြန်မာလူမျိုးဆိုတာက ထမင်းစားပြီဆိုရင် ငပိလေးပါမှ ထမ...
03/07/2025

အချိန်ကုန် လူပင်ပန်းသက်သာစေတဲ့ အမေလက်ရာ ရွှေမြိတ်ငပိထောင်း…🤗

🦐ညီမတို့ မြန်မာလူမျိုးဆိုတာက ထမင်းစားပြီဆိုရင် ငပိလေးပါမှ ထမင်းစားမြိန်ကြပါတယ်။ ဒီလိုဆိုတော့ ထမင်းဝိုင်းပြင်ပြီဆိုရင် ငပိဟင်းလျာလေးက မပါမဖြစ်ဖြစ်ပါတယ်။..
ငပိထောင်းရဦးမယ်၊ ငပိဖျော်ရဦးမယ်နဲ့ ထမင်းမစားခင်ဆို အပြေးလေးပြင်ဆင်ကြပါတယ်။..

🦐ဒီလိုအခြေအနေမှာ အချိန်ကုန်တာလည်း သက်သာ လူပင်ပန်းလည်း သက်သာစေမယ့် အမေလက်ရာ ရွှေမြိတ်ငပိထောင်းလေးရှိပါတယ်နော်။…

🦐သန့်ရှင်းလတ်ဆက်တဲ့ ပထမတန်းစား မြိတ်ငပိကို သုံးပြီး ထုတ်လုပ်ထားတဲ့အတွက် အရည်အသွေးရော အရသာရောက ပြောစရာမလိုအောင်ကောင်းပါတယ်ရှင့်။…

🦐ဒီတော့အခုဘဲ အမေလက်ရာငပိထောင်းလေးကို ဝယ်ပြီး အသင့်ဆောင်ထားလိုက်တော့နော်။

🤗ကိုယ့်ဆိုင်အတွက်ဖြစ်ဖြစ်၊ အိမ်ဖို့များများဝယ်ထားချင်တယ်ဆိုရင်ဘဲဖြစ်ဖြစ် လက်ကားစျေးလေးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်ရှင့်။..

📦 အမေလက်ရာ ရွှေမြိတ် ငပိထောင်း ၄၀၀ ဂရမ် - ၈,၆၀၀ ကျပ်
📦 အမေလက်ရာ ရွှေမြိတ် ငပိထောင်း ၂၀၀ ဂရမ် - ၄,၈၆၀ ကျပ်
📦 အမေလက်ရာ ရွှေမြိတ် ငပိထောင်း ၁၀၀ ဂရမ် - ၂,၆၆၀ ကျပ်

Amaya Letya, Time and energy saving Pounded Shrimp Paste 🤗

🦐We, the Burmese people, love to eat Nga-Pi with rice. So, Nga-Pi-related side dishes are a must-have in Burmese cuisine. Before lunch or dinner, we always take time to prepare for making Pounded Nga-Pi or Nga-Pi Phor.

🦐To save time and energy in this situation, Amay Letya Pounded Fish Paste is the solution to skip all these steps.

🦐We use clean and fresh first-class Myeik shrimp paste to make our Amay Letya Pounded Fish Paste, so the quality and taste are beyond compare.

🦐Let’s get your own Amay Letya Pounded Shrimp Paste.

🤗If you want to have Amay Letya Shrimp Paste at your store or to buy in bulk for home use, wholesale prices are listed as follows,

📦 Amay Letya Shwe Myeik Pounded Shrimp Paste 400g - 8,600 MMK
📦 Amay Letya Shwe Myeik Pounded Shrimp Paste 200g - 4,860 MMK
📦 Amay Letya Shwe Myeik Pounded Shrimp Paste 100g - 2,660 MMK

🦐✨သန့်ရှင်းခြင်းနှင့် အရသာများ၏ အခြေခံ “အမေလက်ရာ ရွှေမြိတ် ငပိထောင်း ငပိဖျော် စားသောက်ကုန်လုပ်ငန်း…✨🦐
🦐✨The Principle of Taste & Hygiene “Amay Letya” Food Industry { Shwe Myeik - Pounded Shrimp Paste, Shwe Myeik - Pounded Shrimp Paste Sauce}✨🦐

📱ဖုန်း (Phone) - +959889955665
📧မေလ်း (Mail) - [email protected]
🏭လိပ်စာ (Address) - 367 (A), Bo Tay Za Road, Shwe Pauk Kan Industrial Zone, North Okkalapa Township, Yangon.

ဓာတုဆိုးဆေးတွေပါမှာ စိုးရိမ်တယ်ဆိုရင်တော့ အမေလက်ရာ စိမ်းစား ငပိကို သတိရလိုက်ပါနော်။ 🤗ပထမတန်းစား ရွှေမြိတ်မျှင်ငပိကိုဘဲ သ...
20/05/2025

ဓာတုဆိုးဆေးတွေပါမှာ စိုးရိမ်တယ်ဆိုရင်တော့ အမေလက်ရာ စိမ်းစား ငပိကို သတိရလိုက်ပါနော်။ 🤗

ပထမတန်းစား ရွှေမြိတ်မျှင်ငပိကိုဘဲ သုံးထားပြီး ဓာတု‌ဆေးဝါးများ၊ ကြာရှည်ခံပစ္စည်း‌များ လုံးဝ မပါဝင်တာဖြစ်လို့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။ ✨🌟

မီးဖုတ်ပြီး ငပိထောင်းလေးဘဲ လုပ်စားမလား၊😋 ချဉ်ရည်ဟင်းထဲဘဲ ခတ်မလား😋 ကိုယ်အဆင်ပြေသလိုသုံးနိုင်ပြီး အရသာကလည်း ပြောစရာမလိုအောင် ကောင်းတဲ့ အမေလက်ရာ စိမ်းစားငပိဖြစ်ပါတယ်။..🤗

ဒီတော့ အခုလို အရသာအရရော၊ သန့်ရှင်းမှု အရည်အသွေးပါ စိတ်ချရတဲ့ အမေလက်ရာ စိမ်စားငပိကို အခုဘဲ ဝယ်ယူ ဆောင်ထားလိုက်နော်။...🙌✨

လက်ကားဈေးလေးတွေကတော့
🌟အမေလက်ရာ ရွှေမြိတ်စိမ်းစားငပိ - 400 G - 4,130 ကျပ်
🌟အမေလက်ရာ ရွှေမြိတ်စိမ်းစားငပိ - 200 G - 2,600 ကျပ် တို့ဖြစ်ပါတယ်ရှင့်။

If you are worried about chemicals and dye in Shrimp Paste, please remember Amay Letya Shrimp Paste. 🤗

Using first class Myeik Nga-Pi, Amay Letya Shrimp Paste contains no chemicals and dye so you can have it safely. ✨🌟

Whether you can roast it into Nga-Pi Htow 😋 or add it in Sour Soup 😋, you can use it in many ways as its delicious taste is needless to say. 🤗

So what are you waiting for? Let's have this delicious and hygiene Amay Letya Shrimp Paste in your kitchen. 🙌✨

Wholesale prices are as follows.
🌟 Amay Letya Shwe Myeik Shrimp Paste - 400 G - 4,130 MMK
🌟 Amay Letya Shwe Myeik Shrimp Paste - 200 G - 2,600 MMK

🦐✨သန့်ရှင်းခြင်းနှင့် အရသာများ၏ အခြေခံ “အမေလက်ရာ ရွှေမြိတ် ငပိထောင်း ငပိဖျော် စားသောက်ကုန်လုပ်ငန်း…✨🦐

🦐✨The Principle of Taste & Hygiene “Amay Letya” Food Industry { Shwe Myeik - Nga-Pi Htow, Shwe Myeik - Nga-Pi Phor }✨🦐

📱ဖုန်း (Phone) - +959889955665
📧မေလ်း (Mail) - [email protected]
🏭လိပ်စာ (Address) - 367 (A), Bo Tay Za Road, Shwe Pauk Kan Industrial Zone, North Okkalapa Township, Yangon

ပုလင်းလေးနဲ့ဆိုတော့ ယင်၊ ခြင် နားမှာမစိုးရိမ်ရတဲ့ အသင့်စား အမေလက်ရာ ငပိဖျော်...🤗အိမ်မှာ ငပိဖျော်ပြီဆိုရင် ‌ရက်လေးနည်းနည်...
06/05/2025

ပုလင်းလေးနဲ့ဆိုတော့ ယင်၊ ခြင် နားမှာမစိုးရိမ်ရတဲ့ အသင့်စား အမေလက်ရာ ငပိဖျော်...🤗

အိမ်မှာ ငပိဖျော်ပြီဆိုရင် ‌ရက်လေးနည်းနည်းလောက်ထားပြီး စားချင်ကြတဲ့သူတွေချည်းပါဘဲ။ 🙌

ယင်မနားအောင် ဖုံးရ၊ ရေခဲသေတ္တာထဲထည့်ရ၊ ရေခဲသေတ္တာထဲ အနံ့မစွဲအောင်လုပ်ရနဲ့ အလုပ်ရှုပ်လှပါတယ်။ 😥

ဒီလိုအခြေအနေတွေ မဖြစ်ရအောင် အမေလက်ရာ ငပိဖျော်လေးရှိပါတယ်နော်။ 🙌

အရည်အသွေးနဲ့ သန့်ရှင်းမှုက ပြောစရာမလိုအောင် ကောင်းပြီးတော့ ပုလင်းလေး‌နဲ့ ဆိုတော့ ခြင် ယင်မနားဘဲ စားချင်သလောက်လေး ထည့်စားရုံ လွယ်ကူ အဆင်ပြေပါတယ်ရှင့်။...👍

ဒီတော့ အခုဘဲ ထမင်းလည်းမြိန် အချိန်ကုန်လည်း သက်သာစေမယ့် အမေလက်ရာ ငပိဖျော်ဘူးလေးကို အခုဘဲ ဆောင်ထားလိုက်ရအောင်။...🤗

လက်ကားဈေးလေးတွေကလည်း
✨ အမေလက်ရာ ရွှေမြိတ် ငပိဖျော် ၃၀၀ စီစီ - ၃,၉၅၀ ကျပ်
✨ အမေလက်ရာ ရွှေမြိတ် ငပိဖျော် ၁၀၀ စီစီ - ၁,၉၈၀ ကျပ် အသီးသီးဖြစ်ပါတယ်နော်။

No worry about having fly and mosquito on Amay Letya Nga-Pi Phor as it comes with a bottle 🤗

Everyone who make Nga-Pi Phor want it to last at least a couple of days. 🙌

It is a really busy job to cover Nga-Pi Phor bowl from flies, put it in the fridge and also we have to make sure the fridge doesn't smell bad. 😥

To solve this problems, we have Amay Letya Nga-Pi Phor! 🙌

The quality and hygiene of Amay Letya Nga-Pi Phor is needless to say and it comes with a bottle so you can have any amount you want without being exposed to flies. 👍

So, let's have time-saving and delicious Amay Letya Nga-Pi Phor at your house!

Wholesale prices are as follows.
✨ Amay Letya Shwe Myeik Nga-Pi Phor 300cc - 3,950 Kyats
✨ Amay Letya Shwe Myeik Nga-Pi Phor 100cc - 1,980 Kyats

🦐✨သန့်ရှင်းခြင်းနှင့် အရသာများ၏ အခြေခံ “အမေလက်ရာ ရွှေမြိတ် ငပိထောင်း ငပိဖျော် စားသောက်ကုန်လုပ်ငန်း…✨🦐
🦐✨The Principle of Taste & Hygiene “Amay Letya” Food Industry { Shwe Myeik - Nga-Pi Htow, Shwe Myeik - Nga-Pi Phor }✨🦐

📱ဖုန်း (Phone) - +959889955665
📧မေလ်း (Mail) - [email protected]
🏭လိပ်စာ (Address) - 367 (A), Bo Tay Za Road, Shwe Pauk Kan Industrial Zone, North Okkalapa Township, Yangon

မြန်မာ့နှစ်သစ်ကူးအခါသမယမှာ လူကြီးမင်းတို့အားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း အမေလက်ရာ စားသောက်ကုန်လုပ်ငန်းမှ ဆုတောင်းလို...
17/04/2025

မြန်မာ့နှစ်သစ်ကူးအခါသမယမှာ လူကြီးမင်းတို့အားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း အမေလက်ရာ စားသောက်ကုန်လုပ်ငန်းမှ ဆုတောင်းလိုက်ရပါတယ်ရှင့်။.. 🙏

On the occasion of Myanmar New Year, Amay Letya Food Industry wishes good health and wealth to all of our customers.. 🙏

အမေလက်ရာငပိဖျော်လေးနဲ့ သံပုရာသီးသုပ်လေး သုပ်စားရအောင် … 🤗🤗မင်္ဂလာပါရှင် ဒီအပတ်လေးမှာ ချဥ်ချဥ်စပ်စပ်လေးနဲ့ ခံတွင်းတွေ့စေမ...
08/04/2025

အမေလက်ရာငပိဖျော်လေးနဲ့ သံပုရာသီးသုပ်လေး သုပ်စားရအောင် … 🤗🤗

မင်္ဂလာပါရှင် ဒီအပတ်လေးမှာ ချဥ်ချဥ်စပ်စပ်လေးနဲ့ ခံတွင်းတွေ့စေမယ့် နွေစာ သံပုရာသီးသုပ်လေး သုပ်စားရအောင်နော် 🤗🤗

လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေကတော့ -

✨သံပုရာသီးအနေတော်
✨အမေလက်ရာငပိဖျော်
✨ပုစွန်ခြောက်မှုန့်
✨သကြား (သို့) ပါဝါသကြား
✨ငံပြာရည်
✨ငရုတ်သီးအကျက်မှုန့် တို့ပဲလိုပါမယ်ရှင် 🤗🤗

ပြုလုပ်နည်းလေးကတော့ -

✅သံပုရာသီးကို အလုံးလိုက်လေးအခွံနွာထားပါမယ်ရှင်။

✅တစ်ဝက်ခြမ်းလည်းရသလို အစိတ်လိုက်လေးတွေလည်းရပါတယ်။ မိမိနှစ်သက်သလိုပြင်ဆင်လို့ရပါတယ်ရှင်။

✅ပြီးရင်တော့ အမေလက်ရာငပိဖျော်ကို နယ်မယ့်ဇလုံတစ်လုံးထဲထည့်ပါမယ်။

✅ပုစွန်ခြောက်နဲ့တခြားပါဝင်ပစ္စည်းတွေထည့်ပြီး နှံ့နေအောင်အရင်မွှေပါမယ်။

✅အရသာအစပ်အဟပ်တည့်ပြီဆိုရင်တော့ ပြင်ဆင်ထားတဲ့ သံပုရာသီးတွေထည့်ပြီး နယ်ပါမယ်ရှင်။

✅ အရသာအတွက် ငံပြာရည်နဲ့ သကြားကိုပဲသုံးဖို့အကြံပြုချင်ပါတယ် ဆားကလိုတာထက်များသွားရင် အချဥ်မထိန်းနိုင်မှာစိုးလို့ပါနော်

✅ဒါဆိုရင်တော့ ချဥ်ချဥ်စပ်စပ်နဲ့ ထိမိနေမယ့်သံပုရာသီးသုပ်လေး သုံးဆောင်လို့ရပါပြီရှင် … 🤗🤗

Let’s make lime salad with Amay Letya Nga-Pi Phor. 🤗🤗

Hello everyone. This week, I will show you how to make spicy-sour and mouth-watering lime salad. 🤗🤗

The ingredients are as follows,

✨ normal size limes
✨ Amay Letya Nga-Pi Phor
✨ Dried shrimp powder
✨ Sugar or power sugar
✨ Fish Sauce
✨ and cooked chilli powder 🤗🤗

Let’s go!

✅Peel all of the limes as a whole.

✅You can cut peeled limes in half or dice them as you like.

✅Then, add Amay Letya Nga-Pi Phor into the salad bowl.

✅ After that, add dried shrimp powder and other ingredients into the bowl and mix thoroughly.

✅ If the taste is to your liking, add lime to the bowl and mix it again.

✅ I suggest using fish sauce and sugar instead of salt, as too much salt will make the lime more sour.

✅ Now, you can have spicy-sour and tasty lime salad at home… 🤗🤗

🦐✨သန့်ရှင်းခြင်းနှင့် အရသာများ၏ အခြေခံ “အမေလက်ရာ ရွှေမြိတ် ငပိထောင်း ငပိဖျော် စားသောက်ကုန်လုပ်ငန်း…✨🦐

🦐✨The Principle of Taste & Hygiene “Amay Letya” Food Industry { Shwe Myeik - Nga-Pi Htow, Shwe Myeik - Nga-Pi Phor }✨🦐

📱ဖုန်း (Phone) - +959889955665
📧မေလ်း (Mail) - [email protected]
🏭လိပ်စာ (Address) - 367 (A), Bo Tay Za Road, Shwe Pauk Kan Industrial Zone, North Okkalapa Township, Yangon

ဘာမှထပ်ပြင်စရာမလိုဘဲ ထိထိမိမိနဲ့ အရသာကောင်းတဲ့ အမေလက်ရာ ငပိထောင်း ✨🌟အမေလက်ရာရဲ့ ရွှေမြိတ်ငပိထောင်းက သန့်ရှင်းစွာဖြင့် ပထ...
21/03/2025

ဘာမှထပ်ပြင်စရာမလိုဘဲ ထိထိမိမိနဲ့ အရသာကောင်းတဲ့ အမေလက်ရာ ငပိထောင်း ✨

🌟အမေလက်ရာရဲ့ ရွှေမြိတ်ငပိထောင်းက သန့်ရှင်းစွာဖြင့် ပထမတန်းစား မြိတ်ငပိကို အသုံးပြုပြီး ထုတ်လုပ်ထားတာ ဖြစ်လို့ လူကြီးမင်းတို့ အသည်းစွဲ ဖြစ်ပါတယ်နော်။

🌟အမေလက်ရာ ငပိထောင်းရဲ့ အရသာက လုံးဝ ကွက်တိ ထိထိမိမိ ဆိုတော့ ဘာမှပြန်ပြင်စရာမလိုဘဲ အသင့်စားသုံးရုံပါဘဲရှင့်။...

🌟ဒီလို အရသာလည်းကောင်း၊ အလုပ်ရှုပ်လည်း သက်သာစေတဲ့ အမေလက်ရာ ငပိထောင်းကို အခုဘဲ ဝယ်လိုက်တော့နော်။

လက်ကားဈေးလေးတွေကတော့
📦 အမေလက်ရာ ရွှေမြိတ်ငပိထောင်း ၄၀၀ ဂရမ် - ၆,၆၅၀ ကျပ်
📦 အမေလက်ရာ ရွှေမြိတ်ငပိထောင်း ၂၀၀ ဂရမ် - ၃,၆၈၀ ကျပ်
📦 အမေလက်ရာ ရွှေမြိတ်ငပိထောင်း ၁၀၀ ဂရမ် - ၁,၉၇၀ ကျပ် အသီးသီးဖြစ်ပါတယ်။

You don't have to add anything to all ready delicious Amay Letya Nga-Pi Htow ✨

🌟 Amay Letya Nga-Pi Htow is made of first class Myeik Shrimp Paste with hygiene so our customers love it so much.

🌟 Amay Letya Nga-Pi Htow's taste is all ready perfect so you don't have to add anything to it.

🌟 So, buy your own Amay Letya Nga-Pi Htow which is tasty and energy saving.

Whole sales prices are as follows.
📦 Amay Letya Shwe Myeik Nga-Pi Htow 400g - 6,650 Kyats
📦 Amay Letya Shwe Myeik Nga-Pi Htow 200g - 3,680 Kyats
📦 Amay Letya Shwe Myeik Nga-Pi Htow 100g - 1,970 Kyats

🦐✨သန့်ရှင်းခြင်းနှင့် အရသာများ၏ အခြေခံ “အမေလက်ရာ ရွှေမြိတ် ငပိထောင်း ငပိဖျော် စားသောက်ကုန်လုပ်ငန်း…✨🦐
🦐✨The Principle of Taste & Hygiene “Amay Letya” Food Industry { Shwe Myeik - Nga-Pi Htow, Shwe Myeik - Nga-Pi Phor }✨🦐

📱ဖုန်း (Phone) - +959889955665
📧မေလ်း (Mail) - [email protected]
🏭လိပ်စာ (Address) - 367 (A), Bo Tay Za Road, Shwe Pauk Kan Industrial Zone, North Okkalapa Township, Yangon

နေပြင်းပြင်းအချိန်မှာ အိမ်ကငပိဘူးလေးတွေကို မပျက်စီးရအောင် ဒီလိုလေးသိမ်းပါနော်။🤗🤗မင်္ဂလာပါရှင် အခုတလောရာသီဥတုကလည်း နွေပေါ...
11/03/2025

နေပြင်းပြင်းအချိန်မှာ အိမ်ကငပိဘူးလေးတွေကို မပျက်စီးရအောင် ဒီလိုလေးသိမ်းပါနော်။🤗🤗

မင်္ဂလာပါရှင် အခုတလောရာသီဥတုကလည်း နွေပေါက်လာပြီဆိုတော့ တော်တော်လေးကိုမှပူလာပါပြီရှင်။ 🥵

ဒါကြောင့် အိမ်ရှင်မတို့လည်း အိမ်မှာဝယ်ထားတဲ့ အသား၊ငါးကအစ ဟင်းခတ်ပစ္စည်းအဆုံးပိုပြီး ကြာရှည်ခံအောင်၊ အလေအလွင့်မရှိအောင် စီမံရပြန်တာပေါ့ရှင်။🤗🤗

ဒီခါမှာတော့ အခုလိုနေပြင်းပြင်းပူတဲ့အချိန်မှာ အိမ်ကငပိဘူးလေးတွေကို မခါးစေဘဲ ကြာရှည်ခံအောင် ဘယ်လိုသိမ်းရမလဲဆိုတာလေးကို မျှဝေပေးချင်ပါတယ်ရှင်။ 🤗🤗

🦐📍ပထမနည်းလေးကတော့ အရင်ဆုံးငပိကိုဘူးလိုက်များများဝယ်တတ်တဲ့ သူတွေအတွက်ပဲဖြစ်ပါတယ်ရှင်။ ပထမဆုံး ငပိကို လက်သန့်သန့် (သို့) ဇွန်းသန့်သန့်နဲ့ ဘူးအလွတ်ထဲကိုပြန်ခွဲထည့်ပါမယ်ရှင်။ တစ်ဝက်စီခွဲလည်းရသလို၊ ၃ဘူးခွဲလည်းရပါတယ်။

✅✨ထည့်တဲ့အခါ လေမဝင်၊မခိုအောင်လို့ သေချာဖိသိပ်ပြီးထည့်ပေးဖို့လိုပါတယ်။ဒါမှ လေနဲ့မထိဘဲ ငပိကမခါးမှာဖြစ်ပါတယ်ရှင်။

✅✨ဘူးမျက်နှာပြင်လေးကိုညီနေအောင်ဖြန့်လိုက်ပြီး ဆားအနည်းငယ်ဖြူးပါမယ်ရှင်။ တစ်ဖက်မှာလည်း ဖယောင်းခဲကို အရည်ကြိုထားပါမယ်ရှင်။

✅✨ပြီးရင်တော့ ငပိဘူးအပေါ်ကို ဖယောင်းရည်လေးလောင်းထည့်ပြီး အအေးခံထားပါမယ်ရှင်။ အေးခဲသွားရင်တော့ ဖယောင်းချပ်လေးဖြစ်သွားပြီမို့ သုံးတဲ့အခါကျမှ ဖယောင်းချပ်လေးကို ဖယ်ပြီးသုံးလို့ရပါတယ်ရှင်။

🦐📍ဒုတိယနည်းလေးက ပိုလွယ်ပါတယ်ရှင်။ လိုအပ်တဲ့ပစ္စည်းလေးကတော့ စွပ်ကျယ်အင်္ကျီစလိုမျိုး အဝတ်သန့်သန့်တစ်ခုပဲလိုပါမယ်ရှင်။

✅✨ကိုယ်သုံးမယ့် ငပိဘူးမျက်နှာပြင်အပေါ်ကို အဝတ်စလေးကိုခေါက၊မျက်နှာပြင်လုံအောင်အုပ်လိုက်ပါမယ်ရှင်။ ပြီးရင်တော့ အဝတ်စနဲ့ပဲ မျက်နှာပြင်ကို တင်းတင်းလေးဖိပါမယ်ရှင်။

✅✨ပြီးရင်တော့ ငပိဘူးကို အဖုံးအုပ်လိုက်ပြီး ပြောင်းပြန်မှောက်ထားပါနော်။ ဒီနေရာမှာအဝတ်စလေးပါထည့်ထားပြီး ပြောင်းပြန်ထားရမှာဖြစ်ပါတယ်။ ဒါမှ ငပိကထွက်လာတဲ့ အဖန်ရည်လေးတွေကို အဝတ်စလေးက စုပ်မှာဖြစ်ပါတယ်နော်။

✅✨တစ်ပတ်တစ်ခါလောက်ကို အဝတ်စလေးကို လဲလဲပေးပြီးသုံးမယ်ဆို ကြာရှည်ခံပြီး ခါးလည်းမခါးတော့ပါဘူးနော်

✅✨အတတ်နိုင်ဆုံးငပိဘူးတွေကို နေနဲ့တိုက်ရိုက်ထိမယ့်နေရာမျိုး၊ မီးဖိုဘေးမျိုးမှာမထားဘဲ ကြောင်အိမ်စင်၊ရေခဲသေတ္တာလိုမျိုး အေးပြီးခြောက်သွေ့တဲ့နေရာတွေမှာထားဖို့အကြံပြုချင်ပါတယ်။ အပူချိန်မမျှတရင်လည်း အစိုပြန်တာ၊မှိုတတ်တာမျိုး ဖြစ်နိုင်ပါတယ်ရှင်။

How to store Nga-Pi bottles during extremely hot weather 🤗🤗

Hello everyone, it is summer now so the weather is hotter and hotter. 🥵

That's why we have to manage meat, fish and condiments very carefully not to waste any of them။🤗🤗

So, let's us share ways to store Nga-Pi bottles to retain good conditions during summer heat. 🤗🤗

🦐📍The first one is for who buys Nga-Pi in bulk. First, using clean hands or spoon, put Nga-Pi in empty jars or bottles. You can separate original Nga-Pi to two or three smaller bottles.

✅✨During separation, make sure there are no air in the jar and close the lid for my. In that way, Nga-Pi won't have bitter taste by contacting with air.

✅✨The Nga-Pi surface inside the bottle should be even and sprinkles with some salt on it. During this time, melt some wax for sealing.

✅✨ After that, put melted wax on Nga-Pi bottle and let it hardened. If you want to use, simply remove the wax seal.

🦐📍Second method is easier than the first one. Must needed ingredient is a piece of clean cloth.

✅✨ Put the cloth onto the Nga-Pi surface. Then press the surface through the cloth.

✅✨ After that close the Nga-Pi bottle lid and turn it upside down. Through this way, Bitter juice from Nga-Pi will be absorbed by the cloth.

✅✨ If you change the cloth weekly, Nga-Pi will not go bad and there will also be no bitter taste.

✅✨ If possible, don't store Nga-Pi bottles under direct sunlight and store them in refrigerator or some cool and dry place. If there are many temperature changes, Nga-Pi will get mold or get wet.

🦐✨သန့်ရှင်းခြင်းနှင့် အရသာများ၏ အခြေခံ “အမေလက်ရာ ရွှေမြိတ် ငပိထောင်း ငပိဖျော် စားသောက်ကုန်လုပ်ငန်း…✨🦐

🦐✨The Principle of Taste & Hygiene “Amay Letya” Food Industry { Shwe Myeik - Nga-Pi Htow, Shwe Myeik - Nga-Pi Phor }✨🦐

📱ဖုန်း (Phone) - +959889955665
📧မေလ်း (Mail) - [email protected]
🏭လိပ်စာ (Address) - 367 (A), Bo Tay Za Road, Shwe Pauk Kan Industrial Zone, North Okkalapa Township, Yangon

Address

367A , Bo Tay Za Street, Shwe Pauk Kan Industry Zone
Yangon

Telephone

+959796617838

Website

Alerts

Be the first to know and let us send you an email when Amay Letya Food Industry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Amay Letya Food Industry:

Share