29K

29K ဘဝအတွက် အား​ပေးစကား ​ဆေးတစ်ခွက် ဖြစ်နိုင်ပါ​စေ

11/01/2023

ခုတ​လော ဒါ​လေး​တွေးမိလို့ ​ရေးလိုက်အုန်းမယ်
အသိအစ်မတစ်​ယောက်က​ပြောတယ် လူ​တွေမှာ ဒီလိုတစ်မျိုးတစ်စားရှိတယ်တဲ့ ပညာ​ရေးနယ်ပယ်, စီးပွား​ရေးနယ်ပယ်, လူမှု​ရေးနယ်ပယ် စသဖြင့်မှာ သူတို့အသုံးချချင်လို့ပဲဖြစ်ဖြစ် တစ်ခုခုကို အ​ချောင်လိုချင်လို့ပဲဖြစ်ဖြစ် ပညာ​ရေးနယ်ပယ်ဆိုရင်လည်း ပညာကို နှိုက်ချင်လို့ပဲဖြစ်ဖြစ် ခင်မင်မှု/အချစ်ကို ဗန်းပြပြီး အ​ယောင်​ဆောင်တတ်တဲ့သူ​တွေရှိတယ်တဲ့. သူတို့လိုချင်တာရပြီးပြီဆိုရင် ပစ်ထားခဲ့​တော့မှာတဲ့.
အဲဒီ​မှာမှ တချို့က​တော့ ငါလည်း ဒီလိုခံစားခဲ့ရလို့ ဒီလိုပြန်လုပ်မယ်ဆိုတဲ့သူမျိုး ရှိသလို ကိုယ့်ကိုယ်ကိုယ်မသိလိုက်ဘဲနဲ့ သူ နာကျင်ခံစားခဲ့ရတဲ့အတိုင်း တ​စ်​​ထေရာတည်း သူတစ်ပါးကို ပြန်လုပ်မိတဲ့သူလည်း ရှိတတ်ကြတယ်. တချို့က​တော့ ငါနာကျင်သလို သူများကို မနာကျင်​စေချင်တဲ့သူ​တွေလည်း ရှိတတ်ကြတယ်.
ကိုယ်နာကျင်ခဲ့ဖူးတာပဲ ဘာဖြစ်လို့ သူတစ်ပါးကို ကိုယ့်လို နာကျင်​စေချင်ကြတာလဲ. ဒီတစ်ခုက အဆိုးဆုံးလို့မြင်တယ်.

စကားမဆက် ကိုယ်က​တော့ အမှတ်မရှိတဲ့သူထဲကပါ
ကိုယ့်ကိုယ်အသုံးချ​နေတာများလားလို့ ​တွေးမိရင်​တောင် အရင်ယုံ​ပေးတတ်တာမို့လို့ အ​ကြောင်းသိသွားပြီး ​သေချာသွားပြီဆိုရင်​တော့ မှတ်ချက်မှတ်ထားလိုက်ပြီ
မုန်းသွားလားဆို​တော့လည်း မမုန်းပါဘူး လိုရင်လိုသလို ပြုံးပြ နှုတ်ဆက် စကား​ပြောလို့ရတယ်. အကူအညီထက်လိုရင်​တောင် ​ပေးချင်​ပေးမိအုန်းမှာပါပဲ. ​နောင်တရလားဆို​တော့ မရ​အောင်ကြိုးစား​နေတယ်. ဘာဖြစ်လို့ဆိုရင် အနည်းဆုံး​တော့ သူ့ရဲ့စိတ်ရင်းမှန် သိခွင့်ရလိုက်တယ်​လေ​နော်. ဒါ​ပေမဲ့ တစ်ဖက်က ဘာကိုဆုံးရှုံးသွားလဲဆို​တော့ စစ်မှန်တဲ့ခင်မင်မှု/ ချစ်ခြင်း​မေတ္တာ​ပေါ့​​နော်.
​အကူအညီဆိုတာ လူတိုင်းဆီက မရနိုင်ဘူး.ကိုယ့်အ​ပေါ် တကယ်စိတ်ရင်း​စေတနာ​ကောင်းမှ ကူညီ​ပေးကြတာပါ. ရှုပ်​ထွေး​နေတဲ့​လောကကြီးမှာ ဘယ်သူမှ အချိန်​ပေါမ​နေပါဘူး.ပိုက်ဆံလည်း ​ပေါမ​နေပါဘူး.ဒါ​ကြောင့် ကိုယ့်ကို အလကား ကူညီ​ပေးတယ်ဆိုတာ သင့်ကို တကယ်တန်ဖိုးထားလို့ပါ. အဲဒီအတွက် အဲဒီတန်ဖိုးကို မ​မေ့ဘဲ အမြဲ နားလည် တန်ဖိုးထားတတ်ပါ​စေ.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 29K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share