27/12/2023
အဆောက်အဦး အချို့ ကွန်ကရစ်တွေ ကွာကျပြီး ဘာလို့ သံတွေဆွေးမြေ့စွာ ပေါ်လာရတာလဲ?
အဆောက်အဦးအချို့ အချိန်ကြာလာသောအခါ ကွန်ကရစ်သားများ ကွာကျလာပြီး သံများဆွေးမြေ့စွာပေါ်လာခြင်းကို ကွန်ကရစ် ကင်ဆာဟု ခေါ်ပါတယ်။
alkali - silica reaction (ASR) ဟု လူသိများသော "ကွန်ကရစ် ကင်ဆာ" သည် အယ်ကာလီ (alkali) ဓာတုဗေဒ သဘောအရ ဓာတ်ပြုပြီး ဆားဖြစ်သောအရာနှင့် ဆီလီကာ(silica) ကျောက်သဲတို့တွင်တွေ့ရသော ဆီလီကွန်ဒြပ်ပေါင်းတို့၏ တုန့်ပြန်မှု့ကနေ ကွန်ကရစ်တွင်း သံချောင်းများကို သံချေးတက် ပွရောင်းမှု့ကို ဖြစ်ပေါ်စေပြီး ကွန်ကရစ်ကို ဖျက်ဆီးကွာကျစေတာပါ ။
အခြားသော အကြောင်းအချက်တွေကတော့ ကွန်ကရစ်ဖျော်စပ်တဲ့ အချိန်က ဂလိုရိုဒ်ဓာတ်များသော ရေ သဲ တို့ကို အသုံးပြုမိခြင်း ၊ con: cover မလုံလောက်မှု့ကြောင့် သဘာဝနှင့် ထိတွေ့ခြင်း ၊ ကွန်ကရစ်များ ကွဲအက်ပေါက်ပြဲခြင်းကနေ ညစ်ညမ်းရေများထိတွေ့ခြင်းကြောင့် သံချောင်း များ သံချေးတက်ပွရောင်းကာ ဧရိယာ ချဲ့ထွင်လာပြီး ကွန်ကရစ်ကို နေရာရွေ့ကာ ကွဲအက်ကွာကျခြင်းကို ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ သံချောင်းဟာ ကွန်ကရစ်ကဲ့သို့ အကြမ်းခံနိုင်ခြင်းမရှိ ရာသီဥတု ရေ လေ သဘာဝနှင့် ထိတွေ့တဲ့ခါ ဆွေးမြည့်လာတယ်ဆိုတာ သတိထားသင့်ပါတယ်။
ဒါကြောင့် ကွန်ကရစ်လောင်းစဥ်က ရေသဲ စတဲ့ ရောစာတွေ စစ်ရပါ့မယ်။ ကွန်ကရစ် ကာဗာတွေ ပြည့်မှီအောင် ထားရပါ့မယ်။ ကွန်ကရစ် မျက်နှာပြင်တွေ ဂရုစိုက်ပေးရပါ့မယ်။ အခြားအကြောင်းချက်တွေ အများကြီး ရှိသေးပေမယ့် အဓိက ကွန်ကရစ်သွန်းလောင်းစဥ် သက်မှတ်ထားတဲ့ အဆောက်အဦး စံချိန်စံညွှန်းတွေနဲ့ ပြည့်မှီအောင် လုပ်ပေးရမှာပါ ။ ထိုသို့ မပြုလုပ်ခဲ့ပါက သင်ဟာ ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ကို ပိုင်ဆိုင်ရမှာပါ ။
( ကွန်ကရစ်တွင်း တုန့်ပြန်ခြင်းး ကွန်ကရစ်ကင်ဆာ ASRကိုတော့ ၁၉၃၀ ခုနှစ်များတွင် ကယ်လီဖိုးနီးယားရှိ Thomas E. Stanton က ပထမဦးဆုံး လေ့လာခဲ့တာပါ)