Khin's Crafty

Khin's Crafty Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin's Crafty, Arts & Crafts Store, Yangon.

ကဲ ဘာ တရားတွေ လိုဦးမလဲကျမ ကို ပန်းတွေကပဲ ဖြေသိမ့်နိုင်တယ် …. ။   ။  -မြကျေး-
06/09/2026

ကဲ
ဘာ တရားတွေ လိုဦးမလဲ
ကျမ ကို ပန်းတွေကပဲ
ဖြေသိမ့်နိုင်တယ် …. ။ ။

-မြကျေး-




အသေးအမွှားလေးကနေပဲကြီးမားတဲ့ အလှတရားတစ်ခုဖြစ်လာမှာပဲ 🩷
28/08/2026

အသေးအမွှားလေးကနေပဲ
ကြီးမားတဲ့ အလှတရားတစ်ခုဖြစ်လာမှာပဲ 🩷




အရိုးရှင်းဆုံးက အလှဆုံးပါပဲ 💛💚
25/08/2026

အရိုးရှင်းဆုံးက အလှဆုံးပါပဲ 💛💚




ဒဂုံတက္ကသိုလ်က ကျောင်းသားတွေရဲ့ စာတမ်းမှာတင်ဖို့အတွက်ဆိုပြီး သူတို့ရဲ့ သဘာဝဆေးဆိုးထားတဲ့ပိတ်စကို အစုံလိုက်ထိုးပေးဖြစ်တာလ...
23/08/2026

ဒဂုံတက္ကသိုလ်က ကျောင်းသားတွေရဲ့ စာတမ်းမှာတင်ဖို့အတွက်ဆိုပြီး သူတို့ရဲ့ သဘာဝဆေးဆိုးထားတဲ့ပိတ်စကို အစုံလိုက်ထိုးပေးဖြစ်တာလေးပါ။

အချိန်အကန့်အသတ်ဖြစ်သွားတာမို့ ဒီဇိုင်းသေချာမလုပ်ရပေမယ့် လှလှလေးထွက်လာလို့ တော်ပါသေးတယ်။




ဒီအိတ်ဆောင်မှန်လေးတွေကို လုပ်ဖြစ်တာက ဗီယက်နမ်က ဒီဇိုင်းတွေလိုက်ကြည့်ရင်း စိတ်ကူးရဖြစ်တာ။သူတို့ဆီက ကုန်ကြမ်းတွေကတော့ ကိုယ...
19/08/2026

ဒီအိတ်ဆောင်မှန်လေးတွေကို လုပ်ဖြစ်တာက ဗီယက်နမ်က ဒီဇိုင်းတွေလိုက်ကြည့်ရင်း စိတ်ကူးရဖြစ်တာ။
သူတို့ဆီက ကုန်ကြမ်းတွေကတော့ ကိုယ်တွေထက်အများကြီးပိုလှတာပေါ့လေ။
မှန် ဆိုတာတော့ မိန်းကလေးတော်တော်များများ ဆောင်ထားတတ်တာမို့ ကိုယ်တိုင်သုံးလည်း အဆင်ပြေ ၊ လက်ဆောင်ပေးလည်း အဆင်ပြေတာကိုမှ လှလှလေးဖြစ်နေတာမျိုး လိုချင်တာဆို Khin's Crafty ကနေ လာမှာနိုင်ပါတယ်ရှင်

အိတ်ဆောင်မှန်တစ်ချပ်ကို - ၁၂၀၀၀ ကျပ်ပါ။

ကိုယ်နှစ်သက်ရာ ဒီဇိုင်းပြောလို့လည်းရတာမို့ ရွေးချယ်ရတာ အဆင်ပြေစေမှာပါ။ 💛




နောက်ဆုံးတော့ Khin's Crafty အနေနဲ့ ပြန်လာခဲ့ပါပြီ။Personal ကိစ္စတွေနဲ့ မအားလပ်ဖြစ်သွားတာမို့လို့ ဒီ Page လေးကို ခဏပစ်ထား...
15/08/2026

နောက်ဆုံးတော့ Khin's Crafty အနေနဲ့ ပြန်လာခဲ့ပါပြီ။

Personal ကိစ္စတွေနဲ့ မအားလပ်ဖြစ်သွားတာမို့လို့ ဒီ Page လေးကို ခဏပစ်ထားခဲ့ရာကနေ ခုတော့ သဘောရတဲ့ ဒီ ချည်ထိုးအလုပ်ကလေးကို ပြန်လည်စတင်နိုင်ခဲ့ပါပြီ။

ခဏတဖြုတ် အနားယူနေပေမယ့်လည်း Page ကို လာရောက်မေးမြန်း စုံစမ်းဝယ်ယူကြတဲ့ Customer တွေကိုလည်း ကျေးဇူးတင်ရပါတယ်ရှင်။

တက္ကသိုလ်ဆရာမတစ်ယောက်ရဲ့ စာတမ်းမှာ ပါဝင်ဖို့ ထိုးဖြစ်တဲ့ ကလစ် ဒီဇိုင်းတွေနဲ့အတူ ဒီရက်ပိုင်းမှာ ပြန်လည်စတင်မှာမို့ ထပ်ပြီး စောင့်ကြည့်ပေးကြပါဦး 💛

ပန်းမပွင့်ရင်တောင်အရွက်လှဖို့ ကြိုးစားခဲ့သူပါကမ္ဘာမြေ ကျေနပ်ပါလိမ့်မည်။◾ခင်ဇော်မြင့် (လခြမ်းကဗျာမှ)             ါ
01/02/2026

ပန်းမပွင့်ရင်တောင်
အရွက်လှဖို့ ကြိုးစားခဲ့သူပါ
ကမ္ဘာမြေ ကျေနပ်ပါလိမ့်မည်။

◾ခင်ဇော်မြင့် (လခြမ်းကဗျာမှ)







အကျီစ တစ်ကိုက်တစ်ထွာပေါ်က တော်ဝင်သဇင်ပန်းလေး 💚             ါ
31/01/2026

အကျီစ တစ်ကိုက်တစ်ထွာပေါ်က

တော်ဝင်သဇင်ပန်းလေး 💚







 #အချစ်အကြောင်းဝရန်တာတစ်ခုရှိရင်မနက်ခင်းနေရောင်နဲ့ညဦးလရောင်ကိုလုံလုံလောက်လောက်  သုံးဆောင်နိုင်တယ် ။တစ်စုံတစ်ယောက်ကို ချစ...
27/01/2026

#အချစ်အကြောင်း

ဝရန်တာတစ်ခုရှိရင်
မနက်ခင်းနေရောင်နဲ့
ညဦးလရောင်ကို
လုံလုံလောက်လောက် သုံးဆောင်နိုင်တယ် ။

တစ်စုံတစ်ယောက်ကို ချစ်လာတဲ့အခါ
မင်းက သူ့အလိုလို ဝရန်တာတစ်ခုဖြစ်လာမယ် ...
ဒါမှမဟုတ်လည်း ဝရန်တာတစ်ခုဖြစ်ချင်လာမယ် .... ။

ဝရန်တာတစ်ခုဖြစ်လာပြီးတဲ့အခါ
ကျန်တာဘာမှဖြစ်ချင်တော့မှာမဟုတ်ဘူး ..... ။

အချစ်ကအဲ့ဒီလို ....
ဘီစကစ်ချပ်တွေကြားက သကြားယိုကလေး ....
ဘာထွက်ပေါက်မှမရှိရင်တောင် အမြဲချိုနေတာလေ .... ။ ။

အနီ







Address

Yangon

Website

Alerts

Be the first to know and let us send you an email when Khin's Crafty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share