Bellagio Art Supplies

Bellagio Art Supplies A place where you can get art supplies products with a variety of choice

📢 ကဆုန်လပြည့်​နေ့ နှင့် အလုပ်သမား​နေ့ ဆိုင်ပိတ်ရက်လေးပါရှင့်📢💥Bellagio မှာအမြဲဝယ်ယူအားပေးနေကြသော Customers များရှင့် မင်...
28/04/2026

📢 ကဆုန်လပြည့်​နေ့ နှင့် အလုပ်သမား​နေ့ ဆိုင်ပိတ်ရက်လေးပါရှင့်📢

💥Bellagio မှာအမြဲဝယ်ယူအားပေးနေကြသော Customers များရှင့် မင်မင်တို့ရဲ့ဆိုင်လေးကို (30.4.2026 ) နှင့် ( 1.5.2026)ရက်နေ့တွင် ဆိုင်ပိတ်မည်ဖြစ်ကြောင်းနှင့်

✨(2.5.2026) ရက်နေ့မှာ မင်မင်တို့ရဲ့ဆိုင်လေးကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ရှင့် 😊

Address-ဝန်ကြီးများရုံး (LUMBINI TEA ROOM)အနီး,No(300),N2(4A) Anawrahta Road,Botahtaung Township,Yangon,Myanmar

☎️09-945613000,09-260260077



🎨 စုတ်တံလေးတွေ ရေရှည်အသုံးခံပြီး လက်ရာပိုသပ်ရပ်စေဖို့ ဒီအချက်လေးတွေကို သိထားဖို့လိုမယ်နော်ပန်းချီဆွဲတဲ့အခါ ကိုယ်အကြိုက်ဆ...
21/04/2026

🎨 စုတ်တံလေးတွေ ရေရှည်အသုံးခံပြီး လက်ရာပိုသပ်ရပ်စေဖို့ ဒီအချက်လေးတွေကို သိထားဖို့လိုမယ်နော်

ပန်းချီဆွဲတဲ့အခါ ကိုယ်အကြိုက်ဆုံး စုတ်တံလေးတွေ ပုံပျက်သွားတာ၊ အမွှေးတွေ ကားထွက်သွားတာမျိုး ကြုံဖူးကြလား? ပိုက်ဆံပေးဝယ်ထားရတဲ့ စုတ်တံလေးတွေ မြန်မြန်မပျက်စီးဘဲ အမြဲတမ်း အသစ်လိုဖြစ်နေစေဖို့ ဒီလိုလေး စနစ်တကျ ထိန်းသိမ်းကြည့်ရအောင်... 👇

၁။ 🖌️ ဆေးမခြောက်ပါစေနဲ့
ဆေးဆွဲနေတုန်း အသုံးမပြုသေးရင် ရေ (သို့) ဆေးရည်ခွက်ထဲ ချက်ချင်းစိမ်ထားပါ။ ဒါပေမယ့် သတိထားရမယ့်အချက်က အမွေးတွေပေါ် ဖိပြီး ခွက်အောက်ခြေမှာ အကြာကြီး ထောက်မထားပါနဲ့။ အမွေးတွေ ကောက်ကွေးပြီး ပုံပျက်သွားတတ်ပါတယ်။

၂။ 🧼 စနစ်တကျ ဆေးကြောပါ
မဆေးခင် တစ်ရှူး (သို့) အဝတ်စနဲ့ ပိုနေတဲ့ဆေးတွေကို အရင်သုတ်ပါ။ ပြီးမှ Brush Soap လေးသုံးပြီး လက်ဝါးပြင်ပေါ်မှာ ညင်သာစွာပွတ်ဆေးပါ။ အရေးကြီးဆုံးက စုတ်တံခေါင်း သံကွင်း (Ferrule) ထဲ ဆေးတွေမဝင်အောင် အထူးဂရုစိုက်ပေးပါ။

၃။ 🌬️ အပြားလိုက် အခြောက်ခံပါ
ရေဆေးပြီးတာနဲ့ စိုနေတုန်းမှာပဲ မူလပုံစံအတိုင်းဖြစ်အောင် လက်ချောင်းလေးတွေနဲ့ ပုံပြန်သွင်းပါ။ ပြီးရင် ခွက်ထဲ မတ်တပ်ထောင်ပြီး လုံးဝ မအခြောက်ခံပါနဲ့! ရေတွေစိမ့်ဝင်ပြီး သစ်သားရိုးတံပွတာ၊ ကော်တွေပျက်စီးတာ ဖြစ်တတ်လို့ မျက်နှာပြင်ပြန့်ပြန့်ပေါ်မှာ အပြားလိုက် (Flat) တင်ပြီးသာ အခြောက်ခံပေးပါ။

၄။ သေချာ သိမ်းဆည်းပါ
လုံးဝ ခြောက်သွေ့သွားမှသာ ခွက်ထဲမှာ အမွေးကိုအပေါ်ထောင်ပြီး မတ်တပ်ထားသိမ်းတာမျိုး (သို့) စုတ်တံလိပ် (Brush roll) လေးတွေထဲ ထည့်သိမ်းတာမျိုး လုပ်ပေးပါ။

ဒီအချက်လေးတွေကို သေချာလိုက်လုပ်မယ်ဆိုရင် စုတ်တံလေးတွေ သက်တမ်းပိုရှည်ပြီး ဆွဲရတဲ့ လက်ရာတွေလည်း ပိုသပ်ရပ်လာမှာ အသေအချာပါပဲ။ 😉

မိတ်ဆွေတို့ကော စုတ်တံဆေးတဲ့အခါ ဘယ်လိုအခက်အခဲလေးတွေ ကြုံရတတ်လဲ? Comment မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်နော်။ 👇

📢Thingyan ကာလဆိုင်ပိတ်ရက်လေးပါရှင့်📢💥Bellagio မှာအမြဲဝယ်ယူအားပေးနေကြသော Customers များရှင့် မင်မင်တို့ရဲ့ဆိုင်လေးကို (13...
10/04/2026

📢Thingyan ကာလဆိုင်ပိတ်ရက်လေးပါရှင့်📢

💥Bellagio မှာအမြဲဝယ်ယူအားပေးနေကြသော Customers များရှင့် မင်မင်တို့ရဲ့ဆိုင်လေးကို (13.4.2026 မှ 17.4.2026)ရက်နေ့ထိဆိုင်ပိတ်မည်ဖြစ်ကြောင်းနှင့်

✨(18.4.2026) ရက်နေ့မှာ မင်မင်တို့ရဲ့ဆိုင်လေးကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်ရှင့် 😊

💥မင်မင်တို့ရဲ့ချစ်ရသော Customers များအားလုံးနှစ်သစ်မှာစိတ်ချမ်းသာကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘတွေတိုးပွားပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏

Address-ဝန်ကြီးများရုံး (LUMBINI TEA ROOM)အနီး,No(300),N2(4A) Anawrahta Road,Botahtaung Township,Yangon,Myanmar

☎️09-945613000,09-260260077



MUSEO THE EMERALD PREMIUM ARTIST BRUSH SET💥Price & Description -72,000 Ks- High-quality bristles, carefully selected.- S...
07/04/2026

MUSEO THE EMERALD PREMIUM ARTIST BRUSH SET

💥Price & Description

-72,000 Ks
- High-quality bristles, carefully selected.
- Soft yet springy, flexible, and allows for precise control.
- The brush ferrule is made of nickel-plated brass, strong and durable.
- The elegant green lacquered wooden handle is comfortable to hold and will last a long time.
- Suitable for both beginners and professional artists. Versatile for various techniques in one set.

✨️ဆိုင်ကိုလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်✨️

Address-ဝန်ကြီးများရုံး (LUMBINI TEA ROOM)အနီး,No(300),N2(4A) Anawrahta Road,Botahtaung Township,Yangon,Myanmar

☎️09-945613000,09-260260077

🚨Limited Stock 🚨Price -1,680,000 Ks🎨 Professional Artists တွေနဲ့ ပန်းချီချစ်သူတွေအတွက် Quality ရှယ်ကောင်းတဲ့ ST Canvas R...
06/04/2026

🚨Limited Stock 🚨

Price -1,680,000 Ks

🎨 Professional Artists တွေနဲ့ ပန်းချီချစ်သူတွေအတွက် Quality ရှယ်ကောင်းတဲ့ ST Canvas Roll🎨

💥​ကိုယ့်ရဲ့ အနုပညာဖန်တီးမှုတွေကို အသက်ဝင်ဆုံးနဲ့ အလှပဆုံး ပုံဖော်နိုင်ဖို့ဆိုရင် အသုံးပြုမယ့် Canvas ရဲ့ Quality ကလည်း အရမ်းအရေးကြီးပါတယ်နော်😊

အခုမိတ်ဆက်ပေးမယ့် ST Brand ရဲ့ 'Canvas Roll' အလိပ်လိုက်လေးကတော့ ပန်းချီ ဆွဲသူတိုင်း အကြိုက်တွေ့စေမယ့် အရည်အသွေးမြင့် ပစ္စည်းကောင်းလေးပဲ ဖြစ်ပါတယ်ရှင့်✌️

​ဒီ Canvas Roll လေးရဲ့ ထူးခြားတဲ့ အားသာချက်တွေကတော့...👇
​✨ Premium Material-Linen (45%) နဲ့ Cotton (55%) အချိုးကျ ပေါင်းစပ်ထုတ်လုပ်ထားလို့ ဆေးစုပ်ယူမှုအားကောင်းပြီး အရောင်ထွက်ကို ပိုမိုလှပပေါ်လွင်စေပါတယ်
​✨ Thickness (400g)-အလေးချိန် 400g ရှိတဲ့အတွက် အသားထူထူလေးနဲ့ တော်ရုံဆွဲဆန့်မှုဒဏ်ကို ခံနိုင်ရည်ရှိပြီး ခိုင်ခံ့ပါတယ်
​✨ Ready to Paint-Triple Primed (Gesso 3ထပ် အချောသုတ်ထားပြီးသား) ဖြစ်လို့ ဝယ်ပြီးတာနဲ့ တန်းပြီး ပန်းချီဆွဲလို့ရပါပြီရှင့်👌
​✨ Long Lasting-Acid-free ဖြစ်တဲ့အတွက် အချိန်ကြာလာလည်း ဆေးရောင်ဖျော့သွားတာ၊ ပျက်စီးသွားတာမျိုး မဖြစ်စေဘဲ နှစ်ရှည်လများ အကြမ်းခံပါတယ်
​✨ Customizable Size-2.1-10m အထိ ပါဝင်လို့ ကိုယ်ဆွဲချင်တဲ့ ပန်းချီကား Size အရွယ်အစားမျိုးစုံကို စိတ်ကြိုက်ဖြတ်တောက်ပြီး အသုံးပြုနိုင်ပါတယ်

💯Quality ကောင်းသလောက် လူကြိုက်များတဲ့ Item လေးဖြစ်ပြီး Limited Stock လဲဖြစ်တာကြောင့် နောက်မှဝယ်မယ်ဆိုပြီး စောင့်နေရင်း ပစ္စည်းပြတ်သွားတာမျိုး မဖြစ်ရလေအောင် အခုပဲ မြန်မြန်လေး လက်ဦးမှ ရပါမယ်နော်☺️
​
💢ဆိုင်မှာလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်💢

Address-ဝန်ကြီးများရုံး (LUMBINI TEA ROOM)အနီး,No(300),N2(4A) Anawrahta Road,Botahtaung Township,Yangon,Myanmar

☎️09-945613000,09-260260077

📸✨𝘾𝙖𝙥𝙩𝙪𝙧𝙞𝙣𝙜 𝙩𝙝𝙚 𝙢𝙤𝙢𝙚𝙣𝙩𝙨 𝙖𝙩 𝙆𝙄𝙉𝙂𝙎 𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 𝙎𝙘𝙝𝙤𝙤𝙡 ( 𝙋𝙪𝙣 𝙃𝙡𝙖𝙞𝙣𝙜 𝘾𝙖𝙢𝙥𝙪𝙨 )'𝙨 𝘼𝙧𝙩 𝙀𝙭𝙝𝙞𝙗𝙞𝙩𝙞𝙤𝙣 𝙬𝙞𝙩𝙝 𝘽𝙚𝙡𝙡𝙖𝙜𝙞𝙤 𝘼𝙧𝙩 𝙎𝙪𝙥𝙥𝙡𝙞𝙚𝙨!...
04/04/2026

📸✨𝘾𝙖𝙥𝙩𝙪𝙧𝙞𝙣𝙜 𝙩𝙝𝙚 𝙢𝙤𝙢𝙚𝙣𝙩𝙨 𝙖𝙩 𝙆𝙄𝙉𝙂𝙎 𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 𝙎𝙘𝙝𝙤𝙤𝙡 ( 𝙋𝙪𝙣 𝙃𝙡𝙖𝙞𝙣𝙜 𝘾𝙖𝙢𝙥𝙪𝙨 )'𝙨 𝘼𝙧𝙩 𝙀𝙭𝙝𝙞𝙗𝙞𝙩𝙞𝙤𝙣 𝙬𝙞𝙩𝙝 𝘽𝙚𝙡𝙡𝙖𝙜𝙞𝙤 𝘼𝙧𝙩 𝙎𝙪𝙥𝙥𝙡𝙞𝙚𝙨! 🎨

💥 𝘼 𝙝𝙪𝙜𝙚 𝙩𝙝𝙖𝙣𝙠 𝙮𝙤𝙪 𝙩𝙤 𝙖𝙡𝙡 𝙩𝙝𝙚 𝙨𝙩𝙪𝙙𝙚𝙣𝙩𝙨 𝙖𝙣𝙙 𝙥𝙖𝙧𝙚𝙣𝙩𝙨 𝙬𝙝𝙤 𝙨𝙩𝙤𝙥𝙥𝙚𝙙 𝙗𝙮 𝙤𝙪𝙧 𝙗𝙤𝙤𝙩𝙝 𝙖𝙣𝙙 𝙨𝙪𝙥𝙥𝙤𝙧𝙩𝙚𝙙 𝙪𝙨. 𝙄𝙩 𝙬𝙖𝙨 𝙖 𝙥𝙡𝙚𝙖𝙨𝙪𝙧𝙚 𝙢𝙚𝙚𝙩𝙞𝙣𝙜 𝙚𝙫𝙚𝙧𝙮𝙤𝙣𝙚!🤍

𝙒𝙚 𝙡𝙤𝙤𝙠 𝙛𝙤𝙧𝙬𝙖𝙧𝙙 𝙩𝙤 𝙨𝙚𝙚𝙞𝙣𝙜 𝙮𝙤𝙪 𝙖𝙡𝙡 𝙖𝙜𝙖𝙞𝙣 𝙖𝙩 𝙤𝙪𝙧 𝙪𝙥𝙘𝙤𝙢𝙞𝙣𝙜 𝙚𝙫𝙚𝙣𝙩𝙨 𝙛𝙤𝙧 𝙢𝙤𝙧𝙚 𝙛𝙪𝙣 𝙖𝙣𝙙 𝙘𝙧𝙚𝙖𝙩𝙞𝙫𝙞𝙩𝙮. 💫🥰

Address-ဝန်ကြီးများရုံး (LUMBINI TEA ROOM)အနီး,No(300),N2(4A) Anawrahta Road,Botahtaung Township,Yangon,Myanmar

☎️09-945613000,09-260260077

✨အနုပညာကိုချစ်မြတ်နိုးတဲ့သူတွေအတွက် Yangon မြို့တွင်း April လကုန်မှာကျင်းပမဲ့ ART Exhibition/ Art talk show တွေကို စုစည်...
02/04/2026

✨အနုပညာကိုချစ်မြတ်နိုးတဲ့သူတွေအတွက် Yangon မြို့တွင်း April လကုန်မှာကျင်းပမဲ့ ART Exhibition/ Art talk show တွေကို စုစည်းပေးထားပါတယ်ရှင့် 🤗💕
နောက်ထပ် ပြပွဲများရှိလျှင်လည်း update ထပ်ထည့်ပေးသွားပါမယ်ရှင့်✨

Good Mood gallery
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Title -Heart 2 Heart
Artist -Group Exhibition
Date-5~30 April,2026
Time-10:00AM to 5PM
Venus - 12 INYA

Myanmar Art Space Gallery
_ _ _ _ _ _ _ _ _ _ _ _
Title- Sprit Of Art
Artist -Special Exhibition
Date -April 1
Time -10AM to 5PM
Venus -Myanmar Art Space Gallery

Good mood gallery
_ _ _ _ _ _ _ _ _ _ _ _ _
Title- The Dreams
Artist - Group Art Exhibition
Date-25~ 29 April
Time-10:00AM -5:00PM
Venue-Good Mood Art gallery


Atomic Art space Gallery
- - - - - - - - - - - - - - - - - - -
Title- Song Of Water
- Soung Of Water
Artist -Group Exhibition
Date - 25~27 April
Time - 10:00AM-5:00PM
Venue - Atomic art space

The Collector Art Gallery
- - - - - - - - - - - - - - - - - - - -
Title -The Collectable 9
Artist -Group Exhibition
Date -25 ~ 28 April
Time -10AM to 5PM
Venue - The Collector Art Gallery

YASODHARA GALLERY
- - - - - - - - - - - - - - - - - -
Title -The Quartet Echoes
Artist - Group Exhibition
Date - 23 April ~ 6 May
Time - 10AM to 5PM
Venue - Yasodhara Gallery

LOKANAT Galleries
- - - - - - - - - - - - - - - -
Title - Square Image
Artist - Group Exhibition
Date - 25 ~ 29 April
Time - 10AM to 5PM
Venue - Lokanat galleries

BRICK Studio
- - - - - - - - - - - - - - - -
Title - The Hidden Owls
Artist - Thit Nwai
Date - 25 ~ 29 April
Time - 10AM to 5PM
Venue - BRICK Studio

💥Pencil လား? 💥Charcoal လား? 💥ဘယ်ဟာက ပိုလန်းလဲ? 💢ပုံဆွဲဝါသနာပါသူတိုင်း ကြုံဖူးကြမှာပါ- ရိုးရိုး Pencil (ခဲတံ) နဲ့ ဆွဲရတာက...
25/03/2026

💥Pencil လား?
💥Charcoal လား?
💥ဘယ်ဟာက ပိုလန်းလဲ?

💢ပုံဆွဲဝါသနာပါသူတိုင်း ကြုံဖူးကြမှာပါ
- ရိုးရိုး Pencil (ခဲတံ) နဲ့ ဆွဲရတာကို ပိုကြိုက်လား
- Charcoal (မီးသွေး) နဲ့ ဆွဲရတာကို ပိုအားသန်လား
သူတို့နှစ်ခုက ပေးတဲ့ Feel မတူသလို အားသာချက်တွေကလည်း တခြားစီပါပဲနော်😊

✨ Pencil (ခဲတံ)
▪️ Detail ကျချင်သူများအတွက် မျက်တောင်လေးတွေ, အသားအရေအရေးအကြောင်းလေးတွေအထိ အသေးစိတ် (Fine Details) ဆွဲချင်ရင် ခဲတံက အကောင်းဆုံးပါပဲ
▪️Clean Look: ပုံက သန့်သန့်ပြန့်ပြန့်ရှိပြီး အရောင်က အနည်းငယ် ပြောင်လက်လက် (Shiny) ဖြစ်နေတတ်ပါတယ်

💥Pencil မှာပါတဲ့ H နဲ့ B က ဘာကိုပြောတာလဲ?
ခဲတံဝယ်တဲ့အခါ 2B တို့ 4H တို့ မြင်ဖူးကြမှာပါ, ဒါက ခဲသားရဲ့ မာကျောမှုနဲ့ အနုအရင့်ကို ပြောတာပါ
▪️H (Hard): ခဲသား "မာ" ပါတယ်၊ အရောင် "နု" ပါတယ် (အစင်းကြောင်း သေးသေးလေးတွေနဲ့ Outline ဆွဲဖို့ ကောင်းတယ်),နံပါတ်ကြီးလေလေ (ဥပမာ 4H, 6H) ပိုမာပြီး ပိုနုလေလေပါပဲ👌
▪️B (Black): ခဲသား "ပျော့" ပါတယ်၊ အရောင် "ရင့်" ပါတယ် (အမှောင်ချဖို့နဲ့ Shade လုပ်ဖို့ ကောင်းတယ်), နံပါတ်ကြီးလေလေ (ဥပမာ 4B, 8B) ပိုပျော့ပြီး ပိုမည်းလေလေပါပဲနော်
▪️HB: ဒါကတော့ အလယ်အလတ် (Standard) ပါပဲ။

✨ Charcoal (မီးသွေးခဲ)
▪️Contrast အားကောင်းချင်သူများအတွက်: အနက်ရောင်အစစ် (Deep Black) ကို ရစေတာမို့ အလင်းအမှောင် (Shadow) ဖြတ်တာတွေမှာ အရမ်းကို အနုပညာဆန်ပါတယ်။
▪️ Matte Finish: ခဲတံလို ပြောင်မနေဘဲ မှိုင်းမှိုင်းညို့ညို့ (Matte) Feel ကို ရစေပါတယ်။

✔️တကယ်တော့ ဘယ်ဟာက ပိုကောင်းလဲဆိုတာထက် ကိုယ်ဆွဲမယ့် ပုံစံပေါ်မှာပဲ မူတည်ပါတယ်, အပြင်ကအတိုင်း အသေးစိတ်ကျချင်ရင် Pencil ကို သုံးပြီး၊ ခံစားချက်ပါတဲ့ အလင်းအမှောင် အားကောင်းကောင်း ပုံတွေအတွက် Charcoal ကို ရွေးချယ်ကြည့်ပါ🙌🏼🌟

ပစ္စည်းအသေးစိတ် သိရှိလိုပါက Chat Box မှာ မေးမြန်းနိုင်သလို ဆိုင်ကိုလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်✨

Address-ဝန်ကြီးများရုံး (LUMBINI TEA ROOM)အနီး,No(300),N2(4A) Anawrahta Road,Botahtaung Township,Yangon,Myanmar

☎️09-945613000/09-260260077

✨အနုပညာကိုချစ်မြတ်နိုးတဲ့သူတွေအတွက် Yangon မြို့တွင်း March လကုန်မှာကျင်းပမဲ့ ART Exhibition/ Art talk show တွေကို စုစည်...
19/03/2026

✨အနုပညာကိုချစ်မြတ်နိုးတဲ့သူတွေအတွက် Yangon မြို့တွင်း March လကုန်မှာကျင်းပမဲ့ ART Exhibition/ Art talk show တွေကို စုစည်းပေးထားပါတယ်ရှင့် 🤗💕
နောက်ထပ် ပြပွဲများရှိလျှင်လည်း update ထပ်ထည့်ပေးသွားပါမယ်ရှင့်✨

Artistic Space Art gallery
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Title -Pieces Of Silence
Artist -Min Tun
Date-28~1 April
Time-9:00AM to 5:00PM
Venus-Bo Myat Tun street

Myanmar ahla Gallery
_ _ _ _ _ _ _ _ _ _ _ _

Title -Collector's Resale Show
Date-23~31March
Time-10:00AM to 5:00PM
Venus- Myanmar ahla Gallery

AYA SOMPO
_ _ _ _ _

Title -STOOD AND STILL STAND
Artist - Group Exhibition
Date-28~30 March
Time-10:00AM to 5:00PM
Venus-The Gallery By AYA SOMPO

The Collector Art gallery
_ _ _ _ _ _ _ _ _ _ _ _

Title -A Colourful Journey
Artist - Kyaw Kyaw San
Date-28~31March
Time-10:00AM to 5:00PM
Venus-287/289, First Floor,Bo Aung Kyaw Road(Middle Block)

YASODHARA Art gallery
_ _ _ _ _ _ _ _ _ _

Title - First Solo Art Exhibition Of TheinGi
Artist -TheinGi Kyi
Date-25~7 April
Time-10:00AM to 5:00PM
VENUS- YASODHARA ART GALLERY

Good Mood Gallery
_ _ _ _ _ _ _ _

Title -M.Y Duo Exhibition
Artist - Myint Zaw & Ye Min Aung
Date-27~31March
Time-10:00AM to 5:00PM
Venus-Good Mood Gallery

Gallery Doves
_ _ _ _ _ _

Title -Tactile Movements
Artist - Aung Htoo
Date-28~31March
Time-10:00AM to 5:00PM
Venus- Kamayut Township,Yangon

OK ART GALLERY
_ _ _ _ _ _

Title -Trace
Artist - Group Exhibition
Date-27~29March
Time-10:00AM to 5:00PM
Venus- North of Aung San,Yangon

The Sky Hall Art Gallery
_ _ _ _ _ _

Title -Flowers Bloom
Artist - Group Exhibition
Date-27~29March
Time-10:00AM to 5:00PM
Venus- Sakura Tower .The Sky Hall,Yangon

Collector's Soul Art Gallery
_ _ _ _ _ _

Title - နွေ ကမ္ဘာ လေညှင်း
Artist - Two Artist
Date-27~29March
Time-9:00AM to 5:00PM
Venus- Collector's Soul Art Gallery

Brick Studio
_ _ _ _ _ _

Title -First Solo Exhibition
Artist - Thet Wai Nyein
Date-28~31March
Time-10:00AM to 5:00PM
Venus- Brick Studio,Yangon

ATTRIBUTIVE Gallery
_ _ _ _ _ _

Title - AQUARELLE
Artist - Fay Soe Aung
Date-27~31March
Time-10:00AM to 5:00PM
Venus- ATTRIBUTIVE GALLERY,Yangon

MULA ART GALLERY
_ _ _ _ _ _

Title - "ပြာ"
Artist - Aung Soe Min
Date-27~29March
Time-10:00AM to 5:00PM
Venus- MULA Art Gallery,Yangon

💥 𝗡𝗼𝘄 𝗶𝗻 𝗦𝘁𝗼𝗰𝗸!💥📣𝗪𝗲 𝗮𝗿𝗲 𝗲𝘅𝗰𝗶𝘁𝗲𝗱 𝘁𝗼 𝗮𝗻𝗻𝗼𝘂𝗻𝗰𝗲 𝘁𝗵𝗮𝘁 𝘁𝗵𝗲 𝗖𝗼𝗹𝗼𝗿𝘀𝘁𝗼𝗻𝗲𝘀 𝗕𝗼𝗼𝗸'𝘀  𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗘𝗱𝗶𝘁𝗶𝗼𝗻: "𝗞𝗵𝗶𝗻'𝘀 𝗩𝗶𝗻𝘁𝗮𝗴𝗲" 𝗰𝗼𝗹𝗼𝗿𝗶𝗻𝗴 𝗯𝗼𝗼𝗸...
18/03/2026

💥 𝗡𝗼𝘄 𝗶𝗻 𝗦𝘁𝗼𝗰𝗸!💥

📣𝗪𝗲 𝗮𝗿𝗲 𝗲𝘅𝗰𝗶𝘁𝗲𝗱 𝘁𝗼 𝗮𝗻𝗻𝗼𝘂𝗻𝗰𝗲 𝘁𝗵𝗮𝘁 𝘁𝗵𝗲 𝗖𝗼𝗹𝗼𝗿𝘀𝘁𝗼𝗻𝗲𝘀 𝗕𝗼𝗼𝗸'𝘀 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗘𝗱𝗶𝘁𝗶𝗼𝗻: "𝗞𝗵𝗶𝗻'𝘀 𝗩𝗶𝗻𝘁𝗮𝗴𝗲" 𝗰𝗼𝗹𝗼𝗿𝗶𝗻𝗴 𝗯𝗼𝗼𝗸 𝗶𝘀 𝗻𝗼𝘄 𝗼𝗳𝗳𝗶𝗰𝗶𝗮𝗹𝗹𝘆 𝗶𝗻 𝘀𝘁𝗼𝗰𝗸.✨

𝗧𝗵𝗶𝘀 𝗲𝗱𝗶𝘁𝗶𝗼𝗻 𝗳𝗲𝗮𝘁𝘂𝗿𝗲𝘀 𝗰𝘂𝗿𝗮𝘁𝗲𝗱 𝗶𝗹𝗹𝘂𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗼𝗳 𝗳𝗮𝘀𝗵𝗶𝗼𝗻 𝘁𝗿𝗲𝗻𝗱𝘀 𝗳𝗿𝗼𝗺 𝘁𝗵𝗲 1950𝘀, 1960𝘀, 𝗮𝗻𝗱 1970𝘀.🌟

𝗩𝗶𝘀𝗶𝘁 𝘂𝘀 𝗶𝗻-𝘀𝘁𝗼𝗿𝗲 𝗼𝗿 𝘀𝗲𝗻𝗱 𝗮 𝗗𝗠 𝘁𝗼 𝗼𝗿𝗱𝗲𝗿 𝘆𝗼𝘂𝗿𝘀!😍

💥Price & Description

-19,500Ks per book
-Inner Woodfree Paper (120 gsm)
-60 pages Included (10 Colored Pages & 50 Coloring Pages)
-Size W 9.5"-H 9.5”
-Colour Pencils Recommended

✨️ဆိုင်ကိုလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်✨️

Address-ဝန်ကြီးများရုံး (LUMBINI TEA ROOM)အနီး,No(300),N2(4A) Anawrahta Road,BotahtaungTownship,Yangon,Myanmar

☎️09-945613000,09-260260077

ဆီဆေးဆွဲတဲ့အခါ "Refined Linseed Oil" နဲ့ "Stand Oil" ဘယ်ဟာကို ဘယ်လိုသုံးရမလဲ? မသိသေးရင် ဖတ်ကြည့်ရအောင်! 🧐ဆီဆေး (Oil Pain...
15/03/2026

ဆီဆေးဆွဲတဲ့အခါ "Refined Linseed Oil" နဲ့ "Stand Oil" ဘယ်ဟာကို ဘယ်လိုသုံးရမလဲ? မသိသေးရင် ဖတ်ကြည့်ရအောင်! 🧐

ဆီဆေး (Oil Painting) ရေးဆွဲရာမှာ ဆေးအရောင်တွေကို ပျော်ဝင်စေဖို့၊ ဆေးသားရောင်ပြန်မှုကို ထိန်းညှိဖို့နဲ့ အခြောက်ခံနှုန်းကို ပြောင်းလဲဖို့အတွက် "Medium" တွေက အရေးကြီးပါတယ်။ အသုံးအများဆုံး Medium နှစ်ခုဖြစ်တဲ့ Linseed Oil နဲ့ Stand Oil ရဲ့ ကွာခြားချက်တွေကို ဒီနေ့ မျှဝေပေးချင်ပါတယ်။ 👇

၁. Refined Linseed Oil (လင်းစီးဆီ - ပြန်လည်သန့်စင်ထားသောဆီ)
📌 ဘယ်လိုဆီလဲ?
Linseed (ပိုက်ဆံလျှော်ပင်) ရဲ့ အစေ့ကနေ ထုတ်ယူထားတဲ့ အသုံးအများဆုံး အခြေခံဆီပါ။ လတ်ဆတ်ပြီး ကြည်လင်တဲ့ ရွှေဝါရောင် ရှိပါတယ်။

📌 အခြောက်ခံနှုန်း (Drying Time):
မြန်ပါတယ်။ ဆီဆေးတွေအားလုံး ထဲမှာ အခြောက်ဆုံးဆီ အမျိုးအစား တစ်ခုပါ။ ပုံမှန်အားဖြင့် ၁ ရက်ကနေ ၃ ရက်အတွင်း ဆေးသားတင်းသွားတတ်ပါတယ်။ (ဆေးသားအထူအပါးပေါ် မူတည်ပါတယ်)။

📌 အကျိုးသက်ရောက်မှု (Effect):

ဆေးသားကို ပျော့ပျောင်းစေပြီး Smooth ဖြစ်စေတယ်။

ဆေးရောင်ကို ကြည်လင်တောက်ပစေတယ်။

ဆေးခြောက်သွားတဲ့အခါ ခိုင်မာတဲ့ Film (အလွှာ) တစ်ခု ဖြစ်ပေါ်စေတယ်။

💡 ဘယ်အချိန်မှာ သုံးသင့်သလဲ?

Underpainting: ပန်းချီကားရဲ့ အောက်ခံအလွှာ (First Layers) တွေကို ရေးဆွဲတဲ့အခါ။ (Fat over Lean rule အရ အောက်အလွှာက ပိုမြန်မြန်ခြောက်ဖို့ လိုအပ်လို့ပါ)။

Detail Work: အသေးစိတ် ရေးဆွဲတဲ့အခါ ဆေးသားပျော့ပျောင်းပြီး သွက်လက်စေဖို့။

⚠ သတိထားရန်: နှစ်အကြာကြီးကြာတဲ့အခါ ဆေးသားက အနည်းငယ် ဝါလာတတ်ပါတယ်။

၂. Stand Oil (စတန်းဆီ - စုစည်းထားသောဆီ)
📌 ဘယ်လိုဆီလဲ?
Stand Oil ကလည်း Linseed Oil ပါပဲ။ ဒါပေမဲ့ ကွာခြားချက်ကတော့ Linseed Oil ကို အောက်ဆီဂျင်မရှိတဲ့ အပူချိန်မြင့်မားတဲ့ နေရာမှာ အကြာကြီး ထားရှိပြီး ပိုမိုပျစ်ခဲလာအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ (Polymerized ဆီလို့လည်း ခေါ်ပါတယ်)။ ဒါကြောင့် သူက ပိုပြီး ပျစ်ပါတယ်။

📌 အခြောက်ခံနှုန်း (Drying Time):
နှေးပါတယ်။ Linseed Oil ထက် အများကြီး ပိုနှေးပါတယ်။ ၃ ရက်ကနေ ၅ ရက် (သို့) တစ်ပတ်ကျော်အထိ ကြာနိုင်ပါတယ်။

📌 အကျိုးသက်ရောက်မှု (Effect):

ဆေးသားကို Glaze (ကြည်လင်သော ဆေးအလွှာ) ဖြစ်စေတယ်။

ဆေးရောင်ကို ပိုမိုနက်ရှိုင်းပြီး ကြည်လင်တဲ့ ရောင်ပြန်မှုကို ပေးတယ်။

ဆေးသားကို ပိုပြီး မာကျောစေတယ်။

💡 ဘယ်အချိန်မှာ သုံးသင့်သလဲ?

Glazing: ပန်းချီကား ပြီးခါနီးမှာ ဆေးရောင်တွေကို နက်ရှိုင်းစေဖို့ ကြည်လင်တဲ့ ဆေးအလွှာတွေ ထပ်တဲ့အခါ။

Blending: အရောင်တွေကို ဖြည်းဖြည်းချင်း နှောပြီး blending လုပ်ချင်တဲ့အခါ (မြန်မြန်မခြောက်စေချင်တဲ့အခါ)။

⚠ သတိထားရန်: Stand Oil က ပျစ်တဲ့အတွက် စုတ်တံရာတွေ ပိုထင်ကျန်စေနိုင်ပါတယ်။ ဒါကြောင့် လိုအပ်ရင် Turpentine နဲ့ နည်းနည်းရောပြီး သုံးသင့်ပါတယ်။

✅ အနှစ်ချုပ် နှိုင်းယှဉ်ချက် (Quick Guide)
အခြောက်ခံနှုန်း: Linseed Oil (မြန်) > Stand Oil (နှေး)

ပျစ်ခဲမှု: Stand Oil (ပျစ်) > Linseed Oil (ကျဲ)

အကျိုးသက်ရောက်မှု: Linseed Oil (Smooth/Detail) / Stand Oil (Glazing/Depth)

🧐 Fat over Lean စည်းမျဉ်းကို မမေ့ပါနဲ့!
ဆီဆေးပန်းချီမှာ "Lean over Fat" သို့မဟုတ် "Fat over Lean" ဆိုတဲ့ စည်းမျဉ်းရှိပါတယ်။ တနည်းအားဖြင့် ဆီပါဝင်မှု များတဲ့အလွှာက ဆီပါဝင်မှု နည်းတဲ့အလွှာရဲ့ အပေါ်မှာ ရှိရပါမယ်။

Fat: ဆီပါဝင်မှုများပြီး အခြောက်နှေးတဲ့အလွှာ (Stand Oil ပါတဲ့အလွှာ)။

Lean: ဆီပါဝင်မှုနည်းပြီး အခြောက်မြန်တဲ့အလွှာ (Turpentine များတဲ့အလွှာ)။

ဒီစည်းမျဉ်းကို လိုက်နာခြင်းအားဖြင့် ဆေးသားကွဲအက်ခြင်း (Cracking) ကို ကာကွယ်နိုင်ပါတယ်။

📢 Bellagio Art Supplies မှာ Linseed Oil နဲ့ Stand Oil အပါအဝင် အမျိုးအစားစုံလင်လှတဲ့ Oil Paint Medium တွေကို ဝယ်ယူရရှိနိုင်ပါတယ်။

ပစ္စည်းအသေးစိတ် သိရှိလိုပါက Chat Box မှာ မေးမြန်းနိုင်သလို ဆိုင်ကိုလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်✨

Address-ဝန်ကြီးများရုံး (LUMBINI TEA ROOM)အနီး,No(300),N2(4A) Anawrahta Road,Botahtaung Township,Yangon,Myanmar

☎️09-945613000/09-260260077

Oil

ST GUM ARABIC MEDIUM FOR WATERCOLOR PAINTING 💥Price & Description 100ml-32,000 Ks250ml-73,000 Ks-Ideal for increasing th...
14/03/2026

ST GUM ARABIC MEDIUM FOR WATERCOLOR PAINTING

💥Price & Description

100ml-32,000 Ks
250ml-73,000 Ks
-Ideal for increasing the luminosity and sheen of watercolor paints.
-Helps control the spread of paint, allowing for more precise edges and preventing colors from sinking into absorbent paper.
-Makes It easier to lift or remove dried, stubborn colors,aiding in correction.

✨ဆိုင်ကိုလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်✨

Address-ဝန်ကြီးများရုံး (LUMBINI TEA ROOM)အနီး,No(300),N2(4A) Anawrahta Road,Botahtaung Township,Yangon,Myanmar

☎️09-945613000,09-260260077

Address

N2 4A, Thein Phyu Street, Middle Block, Secretariat, Botahtaung
Yangon
11162

Alerts

Be the first to know and let us send you an email when Bellagio Art Supplies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bellagio Art Supplies:

Share