22/05/2025
ဒီဝက်သားပေါင်းရင်လေ ဆုံးသွားတဲ့အမေ့ကိုပိုသတိရတယ်
ဘာလို့ဆို မေမေရဲ့လုံးချက်ပေါင်းနည်းကိုတထပ်တည်းချက်ထားတာမလို့လေ
မေမေက စီးပွါးရှာရတဲ့အိမ်ရှင်မဆိုတော့ ဟင်းကိုချက်ရတာအချိန်ကြာကြာမပေးချင်ဘူး အဲ့တော့တခုခုဆိုလွယ်ကူမြန်ဆန်တဲ့ချက်နည်းတွေပဲစဉ်းစားလေ့ရှိတယ်တဲ့
ဒီဝက်သားပေါင်းဆိုရေလေးထည့်ပြီးအချိန်မှတ်ပြီးတခုခုလုပ်နေလို့ရတယ်လေတဲ့
ပြီးအချိန်မပေးရသလောက် အရမ်းအရသာရှိတယ်လေတဲ့
အဲ့တည်းက ယူထားတဲ့နည်းလေးပဲ မှန်လိုက်လေခြင်းအချိန်အလေလွင့်နည်းပြီးအရသာရှိတဲ့ဝက်သားပေါင်းလေး
ပြီးသုံးထပ်သားကိုအအီပြေအောင်သံပုရာသီးလေးနဲ့ပြန်ထိန်းထားတာလေးကအသက် အမွှေးနံ့အနေနဲ့ဂျင်းရည်လေးပဲထည့်ထားပေမယ့် အိုးချခါနီးလေမထင်မှတ်ထားလောက်အောင်ကိုမွှေးလေပဲရှင်
ချိုချဉ်အရသာလေးနဲ့အအီပြေပြီးစားပြီးရင်မရပ်ချင်သောသုံးထပ်သားသံပုရာပေါင်းနည်းလေးပါရှင် ☺️