Let me cook

Let me cook life is too short,just cook!

ဆီချက်ခေါက်ဆွဲ🧄-ကြက်သားကို ပဲငံပြာရည်၊ဆား၊သကြားတို့နဲ့ အရသာနယ်ပြီး ချင်း၊ကြက်သွန်မြိတ်အရင်းပိုင်း၊ကြက်သွန်ဖြူတို့နဲ့ ရော...
22/08/2025

ဆီချက်ခေါက်ဆွဲ🧄

-ကြက်သားကို ပဲငံပြာရည်၊ဆား၊သကြားတို့နဲ့ အရသာနယ်ပြီး ချင်း၊ကြက်သွန်မြိတ်အရင်းပိုင်း၊ကြက်သွန်ဖြူတို့နဲ့ ရောပြုတ်

-ဆီချက်ချက်ဖို့ ကြက်သွန်ဖြူကို နုတ်နုတ်စင်းပြီး ကြက်သားပြုတ်ထားတုန်း ဆီထဲထည့်ကြော် (ကျွမ်းသွားတတ်လို့ ကိုယ့်ကို ပြန်မချစ်တဲ့သူကို ဂရုစိုက်ပေးသလိုပဲ သေချာလေး ဂရုစိုက်ပေးပါ)

-ကြက်ဥခေါက်ဆွဲပြုတ်

-ဆီချက်ခေါက်ဆွဲဆော့စ်အတွက် သကြား၊ပဲငံပြာရည်အကျဲ၊ပဲငံပြာရည်အပြစ် ရောထားတာထဲကို ကြက်ပြုတ်ရည် နည်းနည်းထပ်ရောပြီးမွှေထား

-စပ်ထားတဲ့ ဆော့စ်ရယ် ကြက်သွန်ဖြူဆီချက်ရယ် ကြက်ဥခေါက်ဆွဲရယ် ပြုတ်ထားတဲ့ကြက်သားရယ်ကိုရောမွှေ

-ဆီမွှေးရယ် ငရုတ်ကောင်းလေးပေါက်(မထည့်လဲရပါတယ်)

-စားမယ့်ပန်းကန်ထဲထည့် ကြက်ဥပြုတ်တင် ကြက်သွန်မြိတ်ပါးပါးလှီးထားတာလေးဖြူးပြီးစားလို့ရပါပြီ

စာကြွင်း။ပြန်မလာမယ့်သူကို မေ့မရနိုင်တဲ့သူတွေလို မှတ်ဉာဏ်မကောင်းလို့ ကြက်ဥပုံရိုက်ဖို့မေ့သွားတာပါ။မထည့်လဲရပါတယ်။🧄

Chilli garlic oil- Chilli oil လုပ်မယ်ဆို နာနတ်ပွင့်၊ကရဝေးရွက်၊သစ်ကြမ်းပိုးခေါက်၊ဝှားကျောင်းစေ့(အထုံစေ့)၊နံနံပင်အမြစ်၊ကြက...
20/08/2025

Chilli garlic oil

- Chilli oil လုပ်မယ်ဆို နာနတ်ပွင့်၊ကရဝေးရွက်၊သစ်ကြမ်းပိုးခေါက်၊ဝှားကျောင်းစေ့(အထုံစေ့)၊နံနံပင်အမြစ်၊ကြက်သွန်နီ၊ဂျင်း၊ကြက်သွန်မြိတ်(အရင်းပိုင်း) တွေကို ဆီထဲမှာ မီးအေးအေးလေးနဲ့ ထည့်ကြော်ရပါမယ်။
- ပြီးရင်တော့ အမွှေးအကြိုင်အဖတ်တွေကို စကာနဲ့စစ်၊ ရလာတဲ့ဆီကို ငရုတ်သီးခွဲကြမ်း၊ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)၊တရုတ်မဆလာ၊သကြား၊ကြက်သားမှုန့်တို့ကို အချိုးကျရောပြီးမွှေထားတဲ့အထဲကို လောင်းထည့်၊ ကြက်သွန်ဖြူကြော်ရယ် နှမ်းရယ်ထပ်ထည့်ပြီးနှံ့အောင် ရောမွှေပေးလိုက်ရင် chilli garlic oil လေးရပါပြီ။
- Chilli garlic oil က ဘာလေးနဲ့တွဲစားရင် ကောင်းလဲဆိုတော့ ပြန်မလာတဲ့သူကိုလွမ်းတဲ့စိတ်လေးနဲ့ပါ။ Chilli garlic oil က စပ်စပ်လေးဆိုပေမယ့် ကျလာတဲ့ မျက်ရည်လေးတွေနဲ့ဆိုတော့ ရေထသောက်စရာမလိုတော့ဘူးပေါ့။🌶️🌶️🌶️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Let me cook posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share