17/07/2026
ကျမတို့ Crochetသမားတိုင်းမှာ ဘယ်လိုမှ ပြင်လို့မရတဲ့ အားနည်းချက်တစ်ခု ရှိတယ်။
"အိမ်မှာ ချည်တွေအပုံလိုက် ရှိနေသေးတာတောင် ချည်အသစ်တွေ မြင်ရင် မဝယ်ရမနေနိုင်တာပါပဲ"
အဲ့ဒီ့ 'Yarn Craving' ရောဂါက တကယ်ကို ကုမရပါဘူး (Forever Fail for yarn ပါပဲနော် 🙈)။
အဲ့လိုနဲ့ စုမိဆောင်းမိသွားတဲ့ Leftover yarn (ချည်အကြွင်းအကျန်) လေးတွေကို အိမ်လည်းရှင်းရင်း၊ ချည်လည်းရှင်းရင်း စိတ်ကူးရပြီး အသုံးဝင်မယ့် Project လေးတွေ ဖန်တီးလိုက်ပါတယ်။ Lipstick pouch, Skincare pouch, Secret pad pouch, Underwear bag စုံလို့ပဲ။ 🥰
Leftover yarn လေးတွေမို့လို့ တစ်အိတ်ချင်းစီမှာ အရောင်တွေကတော့ ကွဲပြားပြီး မညီကြဘူး။ ဒါပေမယ့် ဒါလေးကိုကပဲ တစ်မျိုးလေး ဆန်းသစ်ပြီး ထူးခြားတဲ့ ရသတစ်ခု ဖြစ်နေစေတာပါ (အနည်းဆုံးတော့ ကျမအတွက်ပေါ့)။ ✨
💡💡💡
အခု ပုံထဲကအိတ်လေးတွေကတော့ ကိုယ်တိုင်သုံးဖို့အတွက်ပဲ ထိုးထားတာမို့လို့ အများစုက Milk Cotton (ရိုးရိုးချည်) လေးတွေနဲ့ပဲ သုံးထားပြီး အထဲမှာ အောက်ခံပိတ်စ (Lining) မပါဘဲ Zip ပဲ တပ်ပေးထားတာပါ။
ဒါပေမယ့်... ဒီဇိုင်းလေးတွေကို သဘောကျလို့ မှာချင်တယ်ဆိုရင်တော့-
အိတ်ထိုးချည်အကောင်းစားတွေနဲ့ Pre-order မှာယူနိုင်ပါတယ်။ မိမိကြိုက်တဲ့ အရောင်၊ ကြိုက်တဲ့ ဒီဇိုင်း၊ ကြိုက်တဲ့ Size အတိုင်း သေချာလေး အနုစိတ် ထိုးပေးသွားမှာပါရှင်။ ပြီးရင်တော့ ချည်တွေ ထပ်ဝယ်မယ်လေ ဟီး ဟီး 😂😂
အိမ်သုံး (Domestic use) pouch လေးတွေတင်မကဘဲ Fashion ကျကျ Daily wear အနေနဲ့ပဲ ကိုင်ကိုင်၊ ပွဲတက် (Evening bag) အနေနဲ့ပဲ သုံးသုံး ဘယ်သူနဲ့မှမတူဘဲ ထင်ပေါ်နေစေမယ့် အိတ်လေးတွေကိုလည်း အကောင်းဆုံး ဖန်တီးပေးဖို့ အသင့်ပါပဲနော်။ 💗
🤫🤫 ဥထားတဲ့ ဒီဇိုင်းအဆန်းလေးတွေလည်း ရှိသေးတယ်၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ဖြုတ်ချင်လဲသာပြောလိုက်။ တစ်လောကလုံးမှာ Jagiya တစ်ယောက်မှာပဲ ရှိမယ့် (ကျမရဲ့ လက်ရှိအနေအထားနဲ့တော့ designer brand limited edition လို့ မခေါ်နိုင်သေးပေမယ့်) customized limited edition အိတ်လေး ဖြစ်စေရမယ်။ မိန်းကလေးတွေအတွက်ပဲ မဟုတ်ဘူးနော်၊ ယောက်ျားလေးတွေအတွက် ဒီဇိုင်းတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် ကောင်လေးက ကောင်မလေးအတွက် လက်ဆောင်ပေးမလား၊ ကောင်မလေးက ကောင်လေးအတွက် လက်ဆောင်ပေးမလား အနိုင်မခံ အရှုံးမပေး လက်ဆောင်တွေ အပြိုင်ပေးချင်တယ်ဆိုရင်လည်း Cheri Co. Crochet ကိုသာ သတိရလိုက်ပါ။ Jagiya ရဲ့ jagiya ကို လုံးဝ surprise ဖြစ်သွားအောင် လုပ်ပေးမယ်။
အာ....တစ်ခုကျန်သေးတယ်။ ပုံလေးတွေလှဖို့ Background အတွက် AI အကူအညီယူထားပေမယ့် prompt မှာကိုက "ငါ့ လက်ရာ၊ pattern, color, design, size ဘာတစ်ခုကိုမှ မပြောင်းရဘူး။ Customer ကို authentic လက်ရာပဲ ပြချင်လို့ပါ" ဆိုပြီး ရေးပေးထားတာမို့ အိတ်လေးတွေရဲ့ လက်ရာက အပြင်မှာလည်း ဒီအတိုင်းပါပဲနော်။