Snow’s Diary

Snow’s Diary “Love only grows by sharing. You can only have more for yourself by giving it away to others” (BT)

06/09/2025

# Morialta Falls # Sleeping Koala # mysastories

19/05/2024

ဒီနေ့တော့ ဝက်နံရိုးနုလေးတွေကို ပူပူချဉ်ချဉ်စပ်စပ်မွှေးမွှေးလေး thai syle ချက်စား ဖြစ်ပါတယ် မိုးအေးအေးလေးနဲ့ဆို ကွက်တိပဲနော် ( သံပုရာရွက်(Lime leaves) ရှိရင်ထည့်ချက်ပါ ပိုကောင်းပါတယ်ရှင်) 🧅🧄🫚🌶️🐽🍲

16/05/2024

ဒီနေ့တော့ မိုးအေးအေးလေးနဲ့မို့ ကြက်သားသုတ် စပ်စပ်လေး သုပ်စားကြမယ်နော် 🐔🧅🧄🌶️🍋‍🟩🍲

14/05/2024

စနိုးရဲ့ ပထမဦးဆုံး ရိုက်ထားတာတဲ့ Cambodia travel blog လေးကို အားပေးကြဦးနော်

အနီးအနားဖြစ်တဲ့ Cambodia ကိုသွားလည် ဖြစ်တာလေးပါ အမှတ်တရအနေနဲ့ ဖုန်းနဲ့ပဲ ရိုက်ထားတာမို့ လိုအပ်ချက်လေးတွေရှိသွားခဲ့ရင် ကြိုတောင်းပန်ပါတယ်နော်

ဒါကတော့ Siem Reap Cambodia- Day 1 မှာ ရိုက်ထားတာလေးပါ

နောက်အပိုင်းလေးတွေကိုလည်း edit ဆက်ပြီးရင် ထပ်တင်ပေးမှာမို့ စောင့်ကြည့်ပေးအုံးနော် Thank you ပါရှင့် 🫰🏻❤️

24/04/2024

ဗိုက်ခွဲထားရလို့ ဒါမျိုးမစားရတာကြာပေါ့ အခုတော့ ဆွဲပြီလေ
နောက်ရက်တွေမှ ချက်ဖြစ်တာလေးတွေ ရှိရင် ရှယ်ပေးပါ့မယ် ညှော်အခံမရလို့ ဘာမှမချက်တာ ကြာပေါ့ 🥺😃

ဝက်နံရိုးမီးတောက် 🍲ချက်တာလေးတော့ နောက်မှ တစ်ရက်တင်ပေးမယ်ရှင့်
12/01/2024

ဝက်နံရိုးမီးတောက် 🍲

ချက်တာလေးတော့ နောက်မှ တစ်ရက်တင်ပေးမယ်ရှင့်

ဘာမှချက်မတင်ဖြစ်တာ လည်း ကြာပြီပေါ့ အိမ်မှာတော့ ပုံမှန် ကိုယ့်ဘာသာချက်စားဖြစ်နေပါတယ် ရိုက်မထားဖြစ်တာပါဒီနေ့တော့ ဆီပြန်ဟင်...
12/01/2024

ဘာမှချက်မတင်ဖြစ်တာ လည်း ကြာပြီပေါ့ အိမ်မှာတော့ ပုံမှန် ကိုယ့်ဘာသာချက်စားဖြစ်နေပါတယ် ရိုက်မထားဖြစ်တာပါ

ဒီနေ့တော့ ဆီပြန်ဟင်းလေးစားချင်တယ် မိုးလေးလည်းအေးတော့ ကြက်သားကို ပုံမှန်ဆီပြန်လေးလိုမချက်ပဲ စပါးလင်တို့ ငရုတ်သီးစိမ်း မန်ကျည်းနှစ်လေးနဲ့ ဆီပြန်ချဉ်စပ်လေးချက်ဖြစ်ပါတယ်

ကြက်သားကို အမျိုးမျိုးချက်စားတတ်ကြပါတယ် ကိုယ်နှစ်သက်ရာချက်နည်းချက်ပုံအမျိုးမျိုးနဲ့ပေါ့နော်

ဒါကတော့ စနိုး စားချင်သလိုလေးချက်ထားတာပါ
ပုံမှန်ဆို မန်ကျည်းနှစ်နေရာမှာ မရမ်းပြားခြောက် သို့ ချဉ်စော်ခါးခြောင်လေးထည့်ရမှာပါ အဲ့ဒါလေးတွေ အိမ်မှာ ကုန်နေလို့ မန်ကျည်းနှစ်လေးနဲ့ပဲ ချက်လိုက်ပါတယ်နော်

ချက်တဲ့အထဲ ဘာတွေထည့်ပြီး ဘယ်လိုချက်လဲဆိုတာ ပုံတစ်ပုံချင်းမှာ ပြပေးထားပါတယ်

ပညာရှင်မဟုတ် မိမိဝါသနာအရ ချက်ပြုတ်စားဖြစ်တာလေးကို ရှယ်ပေးတာဖြစ်လို့ လိုအပ်ချက်တွေရှိခဲ့ရင်လည်း နားလည်ပေးပါရှင်

27/11/2023

ကဲ…. ဒီနေ့ချက်စားဖြစ်တာကတော့ ဆန်လှော်မှုန့်မွှေးမွှေးနဲ့လုပ်ပြီးချက်တဲ့ ငါးဆုပ်ချဉ််ဟင်းလေးပါ 🐟🍲

အထူးသဖြင့်ကျွန်မတို့ ကရင်လူမျိုးတွေရဲ့ အကြိုက်ဆုံးဟင်းထဲကတစ်ခုလို့ပြောရမှာပေါ့နော် များသောအားဖြင့် ငါးခူနဲ့လုပ်စားကြပါတယ် ပိုအရသာရှိတယ်ပေါ့နော်
စနိုး အဖေဆို အရမ်းကြိုက်တယ် သူ့အတွက်ဆို ဆန်လှော်မှုန့်များများ စပါးလင်များများလေးထည့်ပေးရတယ်

တခြားတခြားငါးတွေနဲ့လည်းလုပ်စားကြပါတယ်
စနိုးကတော့ ငါးခူမရှိတော့ ရှိတဲ့ငါးနဲ့ခြစ်ပြီးလုပ်စားပါတယ် အရိုးလည်းနည်း အသားလေးလည်းနူးညံ့ အကြေးခွံမပါတဲ့ငါးလေးဝယ်ခြစ်ပါတယ်
ငါးနာမည်တော့ ဘယ်လိုလဲ အတ်ိအကျ မသိဘူးရှင့် Batang Fish လို့တော့ ဒီမှာခေါ်ပါတယ်

ဟိုတစ်ခေ့ါက်က video ရိုက်မဲ့ အစီအစဉ်မရှိပဲ ဓာတ်ပုံလေးတွေနဲ့ ပစ္စည်းမစုံမလင်နဲ့ချက်တင်ပေးဖူးပါတယ်
ဒီတစ်ခေါက်တော့ လိုချင်တဲ့ထည့်ရမဲ့ပါဝင်ပစ္စည်း စုံစုံလင်လင်နဲ့ တစ်ဆင့်ချင်းချက်ပြထားပါတယ်ရှင်

တစ်ယာက်နဲ့တစ်ယောက်က ဟင်းချင်ပုံချက်နည်းတူချင်မှတူမယ်နော် မိမိနှစ်သက်သလိုချက်စားပါရှင်
ဒီမှာတော့ စနိုး ဘာတွေထည့်ပြီး ဘယ်လိုလေးချက်ထားလည်း ပြောပြပေးထားပါတယ်

ပညာရှင်မဟုတ် ဝါသနာအရ ချက်ပြုတ်စားဖြစ်တာလေးကို sharing လုပ်ပေးခြင်းသာဖြစ်ပါတယ်နော် 😍

ကဲ…. ဒီနေ့ချက်စားဖြစ်တာကတော့ ဆန်လှော်မှုန့်မွှေးမွှေးနဲ့လုပ်ပြီးချက်တဲ့ ငါးဆုပ်ချဉ််ဟင်းလေးပါ 🐟🍲အထူးသဖြင့်ကျွန်မတို့ ကရင...
12/10/2023

ကဲ…. ဒီနေ့ချက်စားဖြစ်တာကတော့ ဆန်လှော်မှုန့်မွှေးမွှေးနဲ့လုပ်ပြီးချက်တဲ့ ငါးဆုပ်ချဉ််ဟင်းလေးပါ 🐟🍲

အထူးသဖြင့်ကျွန်မတို့ ကရင်လူမျိုးတွေရဲ့ အကြိုက်ဆုံးဟင်းထဲကတစ်ခုလို့ပြောရမှာပေါ့နော် များသောအားဖြင့် ငါးခူနဲ့လုပ်စားကြပါတယ် ပိုအရသာရှိတယ်ပေါ့နော်
စနိုး အဖေဆို အရမ်းကြိုက်တယ် သူ့အတွက်ဆို ဆန်လှော်မှုန့်များများ စပါးလင်များများလေးထည့်ပေးရတယ်

တခြားတခြားငါးတွေနဲ့လည်းလုပ်စားကြပါတယ် စနိုးကတော့ ငါးခူမရှိတော့ ရှိတဲ့ငါးနဲ့ခြစ်ပြီးလုပ်စားပါတယ် အရိုးလည်းနည်း အသားလေးလည်းနူးညံ့ အကြေးခွံမပါတဲ့ငါးလေးဝယ်ခြစ်ပါတယ် ငါးနာမည်တော့ ဘယ်လိုလဲ အတ်ိအကျ မသိဘူးရှင့် Batang Fish လို့တော့ ဒီမှာခေါ်ပါတယ်

ဒီနေ့က video ရိုက်မဲ့ အစီအစဉ်မရှိပဲ ဓာတ်ပုံပဲရိုက်ထားမိတော့ ဒီအတိုင်းပဲချက်နေရင်းလုပ်သွားတာလေးကိုပဲ ရှဲယ် လုပ်ပေးပါ့မယ် နောက်အခေါက်တွေမှပဲ တစ်ဆင့်ချင်းချက်တာ အစအဆုံးသေချာလေးရိုက်ပြပေးပါ့မယ်နော်

ပုံတစ်ပုံချင်းဆီကို ကြည့်သွားပေးနော် အောက်မှာ စနိုး ဘာတွေထည့်ပြီး ဘယ်လိုလေးချက်ထားလည်း ရေးပေးထားပါတယ်ရှင့်

ပညာရှင်မဟုတ် ဝါသနာအရ ချက်ပြုတ်စားဖြစ်တာလေးကို sharing လုပ်ပေးခြင်းသာဖြစ်ပါတယ်နော် 😍

06/10/2023

ပုဇွန်ကြက်ဥလေးကို ကြက်သွန်မြိတ်တရုတ်နံနံလေးထည့်ပြီးကြော်စားရအောင် 🍳🥗

ပညာရှင်မဟုတ် ဝါသနာအရ ချက်စားဖြစ်တာလေးတွေကို မျှဝေပေးခြင်းသာဖြစ်ပါတယ်ရှင် 😇😍

26/09/2023

ဟင်းနုနွယ်ကို သုပ်စားမယ် 🥗

ပညာရှင်မဟုတ် ဝါသနာအရ ချက်ပြုတ်စားဖြစ်တာလေးကို sharing လုပ်တာပါရှင် 😍😋

Address

Singapore

Telephone

+6588940272

Website

Alerts

Be the first to know and let us send you an email when Snow’s Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share