Mazin Kitchen

Mazin Kitchen Hi
I love clean and delicious food that makes me pursue interest in cooking! Here, I’ll be sharin

မင်္ဂလာပါချစ်သူတို့ရေ၊ မဇင်ဒီနေ့ချက်စားဖြစ်တဲ့သက်သတ်လွတ်ဟင်းလေးတွေပါ။ ကြောင်ရှာသီးကိုမြေပဲ၊ ပဲပုတ်မှုန့်နဲ့ကြော်ထားတာရယ်...
07/09/2025

မင်္ဂလာပါချစ်သူတို့ရေ၊ မဇင်ဒီနေ့ချက်စားဖြစ်တဲ့သက်သတ်လွတ်ဟင်းလေးတွေပါ။ ကြောင်ရှာသီးကိုမြေပဲ၊ ပဲပုတ်မှုန့်နဲ့ကြော်ထားတာရယ်။ ပဲနီလေးကို rice cooker ထဲ့မှာဆီဆားကြက်သွန်ရောထဲ့ပြီးလုံးချက်ထားတာကို ရေမုန်ညင်းလေးချခါနီးခတ်ထားတဲ့အရေသောက်ဟင်း၊ ခရမ်းချဉ်သီးပန်ထွေဖျော်ကိုပဲငံပြာရည်အကြည်များများနဲ့အငံလေးဖျော်ပြီး တို့စရာလေးတွေနဲ့စားတယ်။ ရေမုန်ညင်းကဒီကတရုတ်တွေ ဝက်ရိုးနဲ့ပြုတ်သောက်တဲ့ watercress ခေါ်တဲ့အရွက်၊ သူ့ကိုဟင်းချိုချက်စားလို့အရမ်းကောင်းတယ်။ မဇင်လည်းပဲဟင်းနဲ့တွဲချက်ဖူးတာဒါပထမဆုံးပဲ။

ငါးကြင်းမျိုးနွယ်သစ်အားရှာဖွေတွေ့ရှိခြင်းပြီးခဲ့တဲ့ sundayက စျေးသွားတာ ငါးဆိုင်မှာ လူများလို့ မစောင့်ချင်တာနဲ့ လှီးပြီးသ...
30/06/2025

ငါးကြင်းမျိုးနွယ်သစ်အားရှာဖွေတွေ့ရှိခြင်း

ပြီးခဲ့တဲ့ sundayက စျေးသွားတာ ငါးဆိုင်မှာ လူများလို့ မစောင့်ချင်တာနဲ့ လှီးပြီးသား ဒီငါးလေးတွေ ကြော်စားဖို့ဝယ်လာတာ၊ အနားက အိမ်အကူအမျိုးသမီးက အဲ့ဒါငါးကြင်းနဲ့အမျိုးတူလို့ပြောလိုက်တာနဲ့ အိမ်ရောက်တော့ကြော်စားကြည့်တာ အတော်အရသာတူတယ်။
နောက်နေ့အဲ့ငါးဆိုင်မှာပဲ တကောင်ထပ်ဝယ်လာပြီး ကြော်စားဖြစ်တယ်။ သူက ငါးကြင်းလောက်အကောင်မကြီးပေမယ့်၊ ပိန်ပြီး လုံးလုံးရှည်လေး ၊ ငါးရံ့ခေါင်းတိုလိုပုံစံမျိုး။ အသားထူပြီး အနံ့မရှိဘူး။ ဆန်ပြုတ်နဲ့တွဲစားဖို့လိုက်ဖက်တယ်။

ကျမအပါအဝင်မြန်မာအများစုကငါးအဆန်းတွေသိပ်မစားတတ်တော့ ညီမတော်ဆို ကတ်ကတစ်မုန်းလှပြီပြောနေတာ။ သူ့ကိုဒီငါးစားကြည့်ခိုင်းရမယ်။ စျေးကလည်းကတ်ကတစ်နဲ့ စျေးတူလောက်ပဲ။ ငါးနာမည်က Mullet တဲ့။ စျေးထဲမှာရှာဝယ်ကြည့်နော်။

မင်္ဂလာပါချစ်သူတို့ရေ။ဒီနေ့မစားရတာကြာပြီဖြစ်တဲ့ ပဲနီလေးကြာဇံဟင်းရည်၊ သရက်သီးစိမ်းကိုပဲမှုန့်များများ၊ မြေပဲဆံထောင်း၊ ပုစ...
13/05/2025

မင်္ဂလာပါချစ်သူတို့ရေ။
ဒီနေ့မစားရတာကြာပြီဖြစ်တဲ့ ပဲနီလေးကြာဇံဟင်းရည်၊ သရက်သီးစိမ်းကိုပဲမှုန့်များများ၊ မြေပဲဆံထောင်း၊ ပုစွန်ခြောက်မှုန့်ပါလေရာ၊ ငါးငံပြာရည်ကောင်းကောင်းနဲ့ အချိုမှုန့်တောင်မပါဘဲခပ်စိမ့်စိမ့်သုပ်ထားတာရယ်၊
ပန်းဂေါ်ဖီနဲ့ပဲသီးကို ကြက်သွန်နီဆီသတ်ပြီး၊ ငါးပြာရည်၊ ပဲရည်အကြည်၂မျိုးထဲနဲ့ကြော်ထားတာရယ်၊ ထမင်းတပန်းကန်ရှောကနဲကုန်သွားတာပဲ။
အစက မြန်မာပြည်ကမှာထားတဲ့ ငါးခြောက်တုန်းကြော်လေးနဲ့ပါတွဲစားမလို့ဟာ၊ အသီးအရွက်ကြော်ကငံသွားလို့ မစားဖြစ်တော့ဘူး။ သွေးတိုးစဖြစ်ချင်နေပြီမို့ အငံရှောင်နေရပြီလေ။

ဒီမှာတော့ကုန်စျေးနှုန်းကြောင့်မဟုတ်ဘဲ အသားငါးသိပ်မစားတဲ့သူမို့ အသီးအရွက်နဲ့ပဲပဲ အဓိကအားထားပြီးစားဖြစ်တယ်။

ယိုးဒယားကသယ်လာတဲ့သရက်သီး အလယ်အူပိုင်းကပျော့နေလို့၊ ကောင်းတဲ့အပိုင်းလေးတွေဒီတိုင်းလည်းမစားချင်တာနဲ့ ဒိန်ချဉ်လေးနဲ့ဖျော်သေ...
07/04/2025

ယိုးဒယားကသယ်လာတဲ့သရက်သီး အလယ်အူပိုင်းကပျော့နေလို့၊ ကောင်းတဲ့အပိုင်းလေးတွေဒီတိုင်းလည်းမစားချင်တာနဲ့ ဒိန်ချဉ်လေးနဲ့ဖျော်သောက်။ ကုလားဆိုင်တွေမှာ mango lassi ဆိုသိပ်စျေးကြီးတာ။ သောက်ကြည့်ရင်း သူတို့အတော် creative ဖြစ်တဲ့လူတွေပါလားလို့တွေးမိ။ သရက်သီးကချိုမွှေး၊ ဒိန်ချဉ်ကအချဉ်၊ နှစ်ခုပေါင်းလိုက်ဖက်နေမှုကြီး။ သရက်သီးအမှည့်လွန်မစားချင်ရင် ခုလိုအသွင် ပြောင်းလိုက်၊ အိမ်ရှင်မတွေအတွက်မီးဖိုချောင်
ထိန်းသိမ်းနည်းအသစ်ပေါ့။

မင်္ဂလာပါရှင်။ ဒီနေ့ပဲခရီးကပြန်ရောက်လို့အိမ်မှာကိုယ်တိုင်ချက်ရပြီ။ရေခဲသေတ္တာထဲမှာရှိတဲ့အရွက်လေးတွေရှင်းတမ်းပေါ့။ ဂေါ်ရခါ...
19/03/2025

မင်္ဂလာပါရှင်။ ဒီနေ့ပဲခရီးကပြန်ရောက်လို့အိမ်မှာကိုယ်တိုင်ချက်ရပြီ။
ရေခဲသေတ္တာထဲမှာရှိတဲ့အရွက်လေးတွေရှင်းတမ်းပေါ့။

ဂေါ်ရခါးသီးထက်ဝက်ရှိတာကိုကြက်ဥနဲ့ ဆီစိုစိုလေးကြော်။

အကြော်၂မျိုးမဖြစ်ချင်လို့ကညွတ်ကိုခရမ်းချဉ်သီးနဲ့ရေစပ်စပ်လေး စမ်းချက်ကြည့်မလို့စိတ်ကူးရတာအိမ်မှာခရမ်းချဉ်သီးကကုန်နေတာနဲ့၊ ကြက်သွန်ဖြူလေးရယ်၊ ကြက်သွန်နီဥသေး၊ ငါးပိထောင်းပါလေကာ၊ ငြုတ်စိမ်း ၃တောင့်လောက်ကိုအိုးထဲ့ထည့်၊ ပုစွန်ခြောက်မညက်တညက်ကြိတ်ထားတာထဲ့၊ ဆီတစက်နှစ်စက်နဲ့၊ ရေလေးနည်းနည်းထဲ့ပြီးလုံးချက်ပစ်လိုက်တာ၊ စိုစိုအိအိလေးနဲ့ ဆီနဲ့ကြော်တာထက်ကောင်းနေရော။ ဒါကနည်းသစ်တမျိုးပေါ့လေ။

မဇင်ကအသီးအရွက်ပဲများများစားလေ့ရှိတာဆိုတော့အိမ်မှာသားငါးသိပ်ဝယ်မထားဘူး။ ငါးခြောက်ဖုတ်ဆီဆမ်းလေးနဲ့ပဲ။ ပဲရွက်ရေနွေးဖျောထားတာကအတို့ပေါ့။

Address

Singapore

Opening Hours

09:00 - 14:00

Telephone

+6582009070

Alerts

Be the first to know and let us send you an email when Mazin Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share