Dear Little Pai: A Life Diary

Dear Little Pai: A Life Diary Vietnam diaries 🇻🇳
Slow living • Café hopping • Street markets • Travel vibes
Capturing moments before they become memories.

🇲🇲 🇻🇳 🇱🇦 🇹🇭 🇸🇬 🇮🇩 🇲🇻

Advertising/marketing

ဗီယက်နမ် က အရမ်းလှတဲ့ Hidden Paradise လေး Quy Nhon - Ky Co - Nhon Lyမသွားဘူးသေးတဲ့ နေရာလေး သွားဖို့ စဉ်းစားရင်း ရှာမိတော...
25/05/2026

ဗီယက်နမ် က အရမ်းလှတဲ့ Hidden Paradise လေး Quy Nhon - Ky Co - Nhon Ly
မသွားဘူးသေးတဲ့ နေရာလေး သွားဖို့ စဉ်းစားရင်း ရှာမိတော့ ဒီနေရာလေးက နောက်ပိုင်းလည်း လူပြောများလာတော့ သွားလည်ဖို့ ဆုံးဖြတ်လိုက်တာ… တကယ်မှန်တယ် 🤗🤗🤗

ဗီယက်နမ်နိုင်ငံရဲ့ လူသိနည်းသေးတဲ့ ပင်လယ်ကမ်းခြေမြို့လေး Quy Nhon က ခြေကျင်လျှောက်လို့ကောင်းတဲ့ ကမ်းခြေအရှည်ကြီးရယ်၊ ညနေခင်းဆို တိုက်ခတ်လာတဲ့ ပင်လယ်လေနုအေးလေးရယ်က ရင်ထဲက မွန်းကျပ်မှုတွေကို အလိုလို ဆေးကြောပေးသလိုမျိုး။

ပိုင်တို့နေတဲ့ Quy Nhon မြို့လေးကနေ လည်စရာနေရာလေးတွေ ရောက်ဖို့ ဆိုင်ကယ်နဲ့ ၁နာရီ နီးပါးစီးရတယ်… ပင်လယ်ပြင်ကြီးကို ဖြတ်ဆောက်ထားတဲ့ တံတားအရှည်ကြီးပေါ်မှာ ဆိုင်ကယ် စီးရတာ ပျော်စရာကောင်းခဲ့တာတော့ အမှန်ပဲ။ ဒါပေမယ့် အပြန်လမ်းမှာတော့ ပင်လယ်ကြီး ဖြတ်ရတာမို့လား မသိ လေတွေ ဆောင့်ဆောင့် တိုက်လို့ ဆိုင်ကယ် မလဲအောင် မနည်း ထိမ်းစီးခဲ့ရတယ်။ အလာတုန်းက တံတား ကို လမ်းမဆုံးစေချင်ခဲ့တာ အပြန်မှာတော့ မြန်မြန်ရောက်ပါစေ ဆုတောင်းရတာ အမော။
လမ်းမှာလည်း sand Dunes တွေ wind farms တွေ ကြားထဲကနေ ဖြတ်မောင်းရတာ။ တကယ် စိတ်လှုပ်ရှားစရာကောင်းတာရယ်… ဘဝမှာ ဂုဏ်အယူရဆုံးက ရေထဲမှာ ပက်လက်လှန်ပြီး ကိုယ်ဖော့တတ်တာရယ် ဆိုင်ကယ်စီးတတ်တာရယ်ပဲ… Vietnam မှာ ဘယ်မြို့လည်လည် ဆိုင်ကယ် လေးနဲ့ လည်ရတာ တကယ် အရသာ…
ဆိုင်ကယ်ငှါးခ ကလည်း ဒီ မြို့လေးမှာ တစ်ရက်မှ VND100.000 ပဲ ပေးရတယ်။
ဒီမြို့လေးမှာလည်မယ် ဆိုရင် အေးဆေး လျှောက်လည်စရာတွေတော့ ရှိတယ်… ပိုင်တို့ကတော့ ၃ရက်ပဲ နေခဲ့တော့ အကုန် မစုံလိုက်ဘူးရယ်… နေပူတော့ အပြင်မထွက်ချင်တာနဲ့ အိမ်ထဲ သောင်တင်နေတာ… Quy Nhon မှာ လည်မယ်ဆိုရင်…
🌊 Ky Co Beach: ကျောက်ဆောင်တွေကြားက ကြည်လင်လွန်းတဲ့ ပင်လယ်ပြာပြာမှာ စိတ်လွတ်ကိုယ်လွတ် ရေကူးမယ်။
သောင်ပြင် ဖြူလွှလွှလေးရယ် jetty bridge မှာ ဓာတ်ပုံတွေ ရှယ်ရိုက်လို့ရတယ်… Seal Show လည်း ကြည့်လို့ရတယ်… Ky-Co ကို ဆိုင်ကယ်နဲ့ ဝင်ပြီး shuttle bus စီးပြီး သွားလို့ရသလို speed boat နဲ့ ကျွန်းပတ်ပြီး လာလို့လည်း ရတယ်… speed boat နဲ့က တနေရာကို တယောက်ကို VND 100.000 လို့ တော့ ပြောတယ်။ ပိုင်တို့တော့ သူတို့ ခေါ်သွားပြီးမှ ဂျင်းမိမှာ စိုးလို့ ကိုယ့်ဘာသာ ဝင်ကြေးပေးဝင်တာ တယောက်ကို VND170.000ပေးရတယ်ရယ်… shuttle bus စီးပြီး ကျွန်းစီ သွားရတာပေါ့။
🌊Eo Gio: "ဗီယက်နမ်ရဲ့ ဂျယ်ဂျူကျွန်း" လို့ တင်စားကြတဲ့ လေတိုက်တာ တော်တော်လေး ပြင်းပြီး အရှိန်အဟုန်ပြင်းတဲ့ လှိုင်းလုံးကြီးတွေ ကျောက်ဆောင်ကို ရိုက်ခတ်တဲ့ သဘာဝအလှတရားကို ငေးမောရတာလည်း မိုက်တယ်။
ဒီမြို့က Da Nang သို့မဟုတ် Nha Trang လို လူမရှုပ်ဘဲ ဒေသခံတွေရဲ့ ရိုးရှင်းတဲ့ လူနေမှုဘဝကို မြင်တွေ့ရပြီး တကယ်ကို အနားရစေမယ့် ခရီးစဉ်တစ်ခုဖြစ်မှာပါ။ တကယ် local တွေ chill ကြတဲ့ နေရာလေး ပါ။
ပိုင်သွားလည်ထားတဲ့ နေရာလေးတွေလည်း ပုံမှာ ပြပေးထားပါတယ်။ အသေးစိတ်ဘာလေးတွေ လုပ်ခဲ့လည်းဆိုတာ vlog လေးတင်ပေးမှာမို့ စောင့်ကြည့်အားပေးပါဦးနော်…
လူဦးရေ ထူထပ်တဲ့ မြို့ပြတွေကနေ ခဏတာ ထွက်ပြေးပြီး စိတ်အပန်းဖြေဖို့ နေရာတစ်ခု ရှာနေတယ် ဆိုရင်တော့ ဒီမြို့လေး သွားလည်ဖို့ အကြံပေးချင်ပါတယ်လို့ 🤗🤗🤗

Vietnam မှာ စတေးရှောင်ဖို့ ဘယ်မှာ နေရမလဲ စဉ်းစားနေရင်…ပိုင် တို့ ခရီးထွက်နေပေမယ့် အခန်းလွတ်လေးတွေ ရှိလာလို့ အမြန်ဆက်သွယ်...
23/05/2026

Vietnam မှာ စတေးရှောင်ဖို့ ဘယ်မှာ နေရမလဲ စဉ်းစားနေရင်…
ပိုင် တို့ ခရီးထွက်နေပေမယ့် အခန်းလွတ်လေးတွေ ရှိလာလို့ အမြန်ဆက်သွယ်လို့ရပါပြီလို့… အမြဲ လာမေးနေပေမယ့် အခန်းလွတ်မရှိသေးလို့ လာမေးထားတဲ့ သူလေးတွေ ပြန်ဆက်သွယ်လို့ရပါပြီနော်… တယောက်ခန်း သီးသန့်ကိုမှ စျေးသက်သက်သာသာနဲ့ နေချင်လား… အဲ့ထက်ကို ပိုပြီး စျေးသက်သာတဲ့ share room မှာ နေချင်လား… ဒီရက် မှာ အလုပ်ရကြတဲ့သူလေးတွေ အခန်းပြန်အပ်လို့ အခန်းလွတ်တာမို့လို့ နောက်ကျမှ မေးရင်တော့ မသေချာပါဘူးလို့ … လေဆိပ်ကနေ နေမယ့်နေရာထိ အရောက် ကားကြိုဖို့ လိုရင်လည်း လွှတ်ပေးသလို ၃လ e visa လိုအပ်တဲ့ သူတွေ စတေးရှောင်ဖို့ လေယာဉ်လက်မှတ် ဝယ်ဖို့ လိုနေတဲ့ သူလေးတွေ လည်း ဆက်သွယ်လို့ရပါတယ်နော်… လတ်တလောကတော့ ပိုင် တို့ ခရီးထွက်နေလို့ ပြန်ရောက်ရင်တော့ ပိုင် တို့ ရဲ့ ထုံးစံအတိုင်း အနီးအနားနေရာတွေ လည်း ပို့ပေးဦးမှာပါလို့… ဘယ်နေရာသွားသွား ဘယ်မှာမှ မရတဲ့ service ပါ… ဘာလို့ ဘယ်မှာမှ လို့ပြောရလည်း ဆိုတော့ ပိုင် တို့က လိုက်ပို့ပေမယ့် ဘာ service fees မှ မယူလို့ပါ… ကိုယ့်ဆိုင်ကယ် ကိုယ့် ဆီ ထည့်ပြီး လိုက်ပို့ပေးတာပါလို့… ပိုင်တို့နဲ့ လည် လို့ ပိုက်ဆံ ကုန်မယ် မထင်နဲ့နော်… ဆိုင်ကယ် တစီးငှါး ဆီထည့်ပြီး သွားကြတာမို့ ဘယ်လောက်မှ မကုန်ဘူးရယ်… ဘယ်နေရာ နေရမလဲ မစဉ်းစားထားရတဲ့ သူလေးတွေ urgent ထွက်မှ ရမယ့်သူလေးတွေ မြန်မြန် ဆက်သွယ်လိုက်နော်…
Hi chi min, Da nang, Dalat က မဟုတ်ပါဘူးလို့Hanoi နားကမြိုလေးကပါ…

ှောင်မြန်မာ #စင်ကာပူရောက်မြန်မာ

22/05/2026

လှပလွန်းတဲ့ နေရာလေး တခု 💙🐟🩵🪁 Nhơn Lý - kỳ co eo gió
ဒီနေရာလေးအကြောင်း stay Tuned နော်…

20/05/2026

ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်ရှိနေပါသဖြင့် ဆက်သွယ်၍ မရနိုင်ပါရှင် 🤭🤭🤭

19/05/2026

Sea You soon 🌊🌊🌊

゚viralシ

17/05/2026

Hà Nội နဲ့ ၂နာရီလောက် သွားရုံနဲ့ အရမ်းလှတဲ့ နေရာလေးတခု ခေါ်သွားချင်ပါတယ်… Tam Dao တဲ့ … ရာသီဥတု အေးတဲ့ ချိန်သွားရင် အိပ်မက် ဆန်တဲ့ နေရာလေး တခု… မြူတွေ အမြဲ ဆိုင်းနေတတ်လို့ a Vietnamese town in the Mist လို့ တောင် ခေါ်ကြတယ်… ရာသီဥတုကြည်လင်နေတဲ့ အချိန်တော့ ပူတယ်… ရာသီဥတုသာတော့ parasailing 🪂 လည်း လုပ်လို့ရတယ်… 2M ဝန်းကျင်လောက်ရှိတယ်လို့ ကြေညာထားတာ တွေ့တယ်… Try ကြည့်ဖို့တော့ စဉ်းစားထားတာပဲ… နည်းနည်းတော့ ကြောက်လို့ တော်တော်လေး မြင့်တာရယ် 🤭🤭
ဟနွိုင်းနားကနေ နီးနီးနားနား လေး နဲ့ လည်စရာနေရာလေးတခု မို့ Sharing လုပ်ပေးတာပါ… weekend ဆို လူငယ်လေးတွေ မန္တလေးကနေ ပြင်ဦးလွင် သွားကြသလို သူတို့ လည်ကြတာ တော်တော်လေးများကြတယ်… အေးအေးဆေးဆေး တညအိပ်ပြီးလည်း လည်လို့ရတယ်… home stay လှလှလေးတွေ တော်တော်များတယ်… ကြုံရင်တော့ တညအိပ် သွားလည်ချင်သေးတယ်ရယ်… video လေးထဲမှာ လည်ရတဲ့ နေရာလေး တချို့ အကြောင်းလည်း ပြောပြပေးထားတာမို့ ကြည့်ပေးကြပါဦးနော်… တခြားလည်လို့ရတဲ့ နေရာလေးတွေ နောက်တခါ ရောက်ဖြစ်ရင် ထပ် sharing လုပ်ပေးပါဦးမယ်… တခြားဘယ်နေရာလေးတွေ လှလည်း သွားဖူးတဲ့သူလေးတွေ sharing လုပ်ပေးသွားပါဦးနော် 🤗🤗🤗

15/05/2026

အရမ်းလှတဲ့ နေရာလေး တခုအကြောင်းပြောပြမယ်… Stay Tuned နော်🤗🤗🤗

မှိုင်းညို့နေတဲ့ တောင်တန်းကြီးတွေ မြင်ရဖို့ အဝေးကြီး သွားစရာမလိုဘူး… ဝရံတာလေးကနေ ကြည့်လိုက်တာနဲ့ အမြဲ မြင်နေရတာရယ်…နေဘယ်...
13/05/2026

မှိုင်းညို့နေတဲ့ တောင်တန်းကြီးတွေ မြင်ရဖို့ အဝေးကြီး သွားစရာမလိုဘူး… ဝရံတာလေးကနေ ကြည့်လိုက်တာနဲ့ အမြဲ မြင်နေရတာရယ်…
နေဘယ်လောက်ပူပူ လေပြေလေးတွေက အမြဲအေးနေတာ… တခြား မြို့လေး ၂ရက်လောက် သွားမိရင်တောင် ပြန်လွမ်းနေရတဲ့ မြို့လေး 🌳

ကော်ဖီ အရမ်းကောင်းတဲ့ မြို့လေး ☕️

ဒီမှာ ခင်တဲ့ local အမက ပြောတယ် နင်တို့ second home town ဖြစ်သွားပြီလားတဲ့…
ကံအခွင့်ပါသလောက်တော့ နေဦးမယ် လန်ဆွန်မြို့လေးရေ 🖼️

13/05/2026

🌧️

11/05/2026

I’m thankful for today
Just to breathe just to feel just to say
I made it. I am ok. 🍃🍃🍃

#စိတ်အေးချမ်းရာ

Vietnam မှာ long stay နေမယ် ဆိုရင် ၃လ တခါ visa တိုးရတဲ့ အလုပ်တခုတော့ ရှိတာပေါ့နော်… ကိုယ်နဲ့ နီးစပ်ရာ border ကို သွားတို...
10/05/2026

Vietnam မှာ long stay နေမယ် ဆိုရင် ၃လ တခါ visa တိုးရတဲ့ အလုပ်တခုတော့ ရှိတာပေါ့နော်… ကိုယ်နဲ့ နီးစပ်ရာ border ကို သွားတိုးကြရတာလေနော်…
ပိုင်တို့က ဟနွိုင်းနားက မြို့မှာ နေတာ ဆိုတော့ Lao border ပဲ သွားတိုးဖြစ်ပါတယ်။ ပိုင် အရင်က ပိုစ့်တွေမှာ ပြောခဲ့သလိုပဲ Lao Bao border ကတော့ တော်တော်များများ တိုးကြတယ် ထင်တယ်။ public transportation လည်း ရှိတော့ သွားရ လွယ်ကူတယ်။ ဒါပေမယ့် အသွား ၁၃နာရီ အပြန် ၁၃နာရီ နဲ့ ပိုင့်တို့ နေတဲ့ မြို့စီ အရောက်ရယ် လမ်းက ကြာချိန်တွေ visa စောင့်ရတာနဲ့ total 36နာရီလောက် လမ်းမှာ အချိန်ကုန်သွားတော့ လူက လမ်းမှာ မိုးမိတာနဲ့ ငါးခြောက်နံ့တွေပါ ထွက်လာတာ…(ရေမိုးမချိုးရနဲ့ တကယ် ကြုံဖူးမှ သိ🤭) နောက်တခေါက်တော့ မသွားရဲတော့ဘူး နီးတဲ့ border ရှိလား လိုက်စုံစမ်းကြည့်တော့ Na Meo border တဲ့ ဟနွိုင်းကနေ ၆နာရီပဲ ကားစီးရတယ်… ဒါပေမယ့် public transportation မရှိဘူး။ agent နဲ့ ပဲ သွားကြတာ များတယ်။ ပိုင်တို့ကတော့ သိတဲ့တိုင်း ကိုယ့်ဘာသာ စမ်းချင်တာ… အဆင်ပြေချင်တော့ ပိုင်တို့တွေပဲ မဟုတ်ဘဲ ဒီက အတူနေကြတဲါ တချို့ ကလေးတွေလည်း သက်တမ်းကုန်လို့ လိုက်တိုးဖြစ်တော့ ကားကြီးပဲ ငှါးပြီး သွားလိုက်ကြတာရယ်… ကားခကလည်း တယောက်မှ 1.5M လောက်ကျတယ်။ လမ်းမှာ စားတာ သောက်တာရယ်… လမ်းခရီး မှာ ကားသမားက ပမ်းတော့ border နားမှာ တည နားပြီးမှ မနက် အစော border ပြန် ဖြတ်ကြရတာပေါ့။ hotel (guest house သာသာ) ဆိုတာ တည်းကြတယ်။ တခန်း ၂ယောက်နေလို့ရတာ ကို VND 200.000 ဆိုတော့ တယောက် 100.000လောက်ပဲ ကျတော့တယ်… အဲ့မှာပဲ ညစာ မှာစားလို့ရတယ်…
မနက် ၇နာရီ border ဖွင့်တာ ဆိုတော့ ၇နာရီ အမီ ထပြီး Vietnam က ဖြတ် passport ထဲ 50.000VND ထည့်ပေးလိုက်ရုံပဲ… အမေးအမြန်းမရှိ 😁 လမ်းနည်းနည်း ထပ်လျှောက်ပြီး လာအို ဘက်ရောက်ရင် form လေး ဖြည့်ရတယ်… အောက်မှာ ပုံလေးတွေမှာလည်း ပြပေးထားတယ်နော်… ပြီးရင် 50.000VND စာအုပ်ကြားထဲ ညှပ် face scan ဖတ် ပြီးသွားပြီ… border သက်တမ်းတို့ဖို့ အဆင်ပြေပါ့မလား စိုးရိမ်စရာ မလိုဘူးနော်… အေးအေးဆေးဆေးပဲ … ၃လ visa ကို လာအိုဘက်မှာ ခန စောင့်ရတယ်… ၁၁လောက် visa ပြန်ရရင် ခုနက process လိုပဲ ပြန်ဝင်လာရုံပဲ… တခုက Vietnam ဘက်က e visa နဲ့ ပြန်ဝင်တာမို့ သူတို့ စစ်တာ နည်းနည်း ကြာတာရယ်… လာအိုဘက်က ထမင်း စားချိန် ၁၁ခွဲကနေ ၁နာရီခွဲ ထိ နားတာရယ် … ပိုင်တို့ကတော့ ထမင်းစားချိန်နဲ့ တိုက်သွားလို့ နောက် ၂နာရီ ထပ်စောင့်လိုက်ရတယ်ပေါ့ 😁😁😁
ကျန်တာကတော့ ဘာမှ ထွေထွေထူးထူး မရှိပါဘူး… လမ်းခရီး တောက်လျှောက်ကလည်း ဘားအံသွားနေရသလို တအားလှတဲ့ view လေးတွေ ကြည့်သွားရတာ… တခုပဲ ကားမူးတတ်ရင် ဆေးတို့ အိတ်တို့ ဆောင်ထားပါနော် 🤢🤢🤢
သိချင်တာ ရှိရင်လည်း လာမေးလို့ရပါတယ်နော်…

ိုး

Address

Kamayut
310147

Telephone

+959965531067

Website

Alerts

Be the first to know and let us send you an email when Dear Little Pai: A Life Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dear Little Pai: A Life Diary:

Share