Joy The Pa Chyl

Joy The Pa Chyl Good Food means Good Mood🌿
🤝Brand Collab
09953187768(Viber)

🌿ပုစွန်ငါးပေါင်းကြော်- အချဥ်ရည်လေးနဲ့ပဲစားစား၊    ထမင်းလေးနဲ့ပဲတွဲစားစား  စားလို့ကောင်းတဲ့ ပုစွန်ငါးပေါင်းကြော်  ကြော်နည...
21/09/2026

🌿ပုစွန်ငါးပေါင်းကြော်

- အချဥ်ရည်လေးနဲ့ပဲစားစား၊
ထမင်းလေးနဲ့ပဲတွဲစားစား
စားလို့ကောင်းတဲ့ ပုစွန်ငါးပေါင်းကြော်
ကြော်နည်းလေးကတော့ ...

- အရင်ဆုံး ပုစွန်ဆိတ်လေးတွေကို
အမှိုက်၊သဲမပါအောင် ရေနိုင်နိုင်ဆေးပေးပါ။

- ပုစွန်ဆိတ် 15ကျပ်သားကို
အကြော်မှုန့်ထမင်းစားဇွန်း 3ဇွန်း ၊
ပဲကျက်မှုန့် လက်ဖက်ရည်ဇွန်း 1ဇွန်း၊
ဆား၊အချိုမှုန့်၊နနွင်း၊ရေထည့်ပြီး
မပျစ်မကျဲဖျော်ပေးပြီး 10မိနစ်ခန့်
ထားပေးရပါမယ်။

- ပြီးရင် ဆီပူပူထဲမှာ ထည့်ကြော်
ပြန့်သွားတဲ့ ပုစွန်တွေကို
ဇွန်းလေးနဲ့ ပြန်ကပ်ပြီး ကြော်ပေးရင်ရပါပြီ..

20/09/2026

🌿 ဒီနေ့တော့ မစားရတာကြာပီဖြစ်တဲ့ ပဲကတ္တီပါကြော်လေးကို ငပိရည်စပ်စပ်လေးနဲ့စားဖြစ်တယ်...

20/09/2026

🌿 မစားရတာကြာပြီဖြစ်တဲ့ အာလူးဘဲဥချဉ်ရည်ဟင်း...

🌿 ပဲကတ္တီပါချဉ်ရည်ဟင်း- အသားဟင်းမလိုပဲ ထမင်းမြိန်တဲ့  ပဲချဉ်ရည်ချက်နည်းလေးကတော့...- ကြက်သွန်နီ၊ဖြူ ၊ အရောင်တင်မှုန့်ကို ...
20/09/2026

🌿 ပဲကတ္တီပါချဉ်ရည်ဟင်း

- အသားဟင်းမလိုပဲ ထမင်းမြိန်တဲ့
ပဲချဉ်ရည်ချက်နည်းလေးကတော့...

- ကြက်သွန်နီ၊ဖြူ ၊ အရောင်တင်မှုန့်ကို
မွှေးလာသည်အထိ ဆီသတ်ပေးရပါမယ်။

- ပြီးရင် အာလူး ၊ မျှစ်ပေါက်လေးတွေထည့်ပြီး
နှံစက်အောင် လုံးပေးရပါမယ်။ပြီးရင် ရေထည့်ပြီး
အာလူးနူးသည်အထိ ချက်ပေးရပါမယ်။

- အာလူးတွေနူးလာရင် မန်ကျီးရည်ထည့်ပါမယ်။
ပြီးရင် အရသာပြင်ဆင်ပြီး ပဲကတ္တီပါပြုတ်ကိုထည့်၊
ကြက်ဥထည့်(မထည့်လည်းရပါတယ်)ပြီး
ခဏချက်ပေးရပါမယ်။

- အိုးချခါနီးမှာ ရုံးပတေသီးထည့် မဆလာ ၊
နံနံပင်အုပ်လိုက်ရင် ထမင်းမြိန်စေတဲ့
ပဲကတ္တီပါချဉ်ရည်ဟင်းလေး ရပါပြီရှင်...

🌿 အချဉ်ရည်ဖျော်နည်း- ကြာဇံကြော်နဲ့ပဲစားစား ၊ တုတ်ထိုးနဲ့ပဲတွဲစားစား  ပျစ်ပျစ်စပ်စပ်လေးနဲ့ စားကောင်းတဲ့   အချဉ်ရည်ဖျော်နည...
20/09/2026

🌿 အချဉ်ရည်ဖျော်နည်း

- ကြာဇံကြော်နဲ့ပဲစားစား ၊ တုတ်ထိုးနဲ့ပဲတွဲစားစား
ပျစ်ပျစ်စပ်စပ်လေးနဲ့ စားကောင်းတဲ့
အချဉ်ရည်ဖျော်နည်းလေးကတော့ ..

- မန်ကျီးသီးမှည့်၊ ထန်းလျက်ခဲ ၃ ခဲ‌ နဲ့
ရေအနည်း အငယ်ထည့်ပြီး ပျော်သွားအောင်
ကျိုပေးရပါမယ်။

- ပီးရင် သဲမပါအောင် ဇကာလေးနဲ့စစ်ပေးရပါမယ်။

- ရလာတဲ့အနှစ်ထဲကို ငရုပ်ဆီထည့်ပါမယ်။
ကြက်သွန်နီ၊ ဖြူ ၊ နံနံရိုး၊ ငြုပ်သီးထောင်းထား
ထည့်ပါ မယ်။ ဆား၊ ငံပြာရည် ၊ အချိုမှုန့်
ထည့်ပါမယ်။

- အားလုံးကို ပျော်ဝင်ပြီး ပျစ်သွားတဲ့အထိ‌
ကျိုပေးလိုက်ရင်ရပါပြီ...

19/09/2026

🌿 ဒီနေ့ဘာဟင်းချက်ကြလဲရှင့်
"ပ" တို့အိမ်ကတော့ ဘဲဥချဉ်ရည်ဟင်းကို အာလူး၊
ရုံးပတေသီးနဲ့ရောပီးချက်ဖြစ်တယ်..

#ဘဲဥ

🌿ဘဲဥအာလူးချဉ်ရည်ဟင်း- မဆလာနံ့သင်းသင်းလေးနဲ့ ထမင်းမြိန်စေတဲ့  ဘဲဥအာလူးချဉ်ရည်ဟင်း ချက်နည်းလေးကတော့- အရင်ဆုံးဘဲဥကိုပြုတ်ပြ...
19/09/2026

🌿ဘဲဥအာလူးချဉ်ရည်ဟင်း

- မဆလာနံ့သင်းသင်းလေးနဲ့ ထမင်းမြိန်စေတဲ့
ဘဲဥအာလူးချဉ်ရည်ဟင်း ချက်နည်းလေးကတော့

- အရင်ဆုံးဘဲဥကိုပြုတ်ပြီး အနှစ်မထွက်အောင်
အပ်ချည်ကြိုးလေးနဲ့ခြမ်းပြီးကြော်ပေးထားရပါမယ်။

- အာလူးကိုလည်း အတုံးမပျက်အကျက်ညီအောင်
အပေါ်ကြောတင်းသည်အထိကြော်ပေးရပါမယ်။

- ကြက်သွန်နီ၊ဖြူ၊အရောင်တင်မှုန့်ကို
ဆီသတ်ပေးရပါမယ်။

- ပီးရင်အာလူးထည့်ပြီးလုံးရပါမယ်။ နှံစက်သွားရင်
ရေထည့်ပီး အာလူးအိသွားအောင်ချက်ပေးရပါမယ်။

- အာလူးများနူးလာရင် အရသာပြင်ဆင်ပီး
မန်ကျီးရည်ထည့်ပါမယ်။

- အရသာအဆင်ပြေရင် ဘဲဥ ၊ ရုံးပတေးသီး၊ မဆလာ
နံနံပင် ၊ ငြုပ်သီးစိမ်းလေးအုပ်ပီးရင်တော့
မဆလာနံ့သင်းသင်းလေးနဲ့ စားလို့ကောင်းတဲ့
ဘဲဥအာလူးချဉ်ရည်ဟင်းရပါပြီ...

🌿 ပဲရေပွကြော်- အရင်ဆုံးပဲကို တဖြောက်ဖြောက်မြည်လာသည်   အထိ လှော်ပေးရပါမယ်။- ပြီးရင်ရေထည့်ပြီး ပဲလေးတွေ   အနည်းအငယ်အိလာသည်...
19/09/2026

🌿 ပဲရေပွကြော်

- အရင်ဆုံးပဲကို တဖြောက်ဖြောက်မြည်လာသည်
အထိ လှော်ပေးရပါမယ်။

- ပြီးရင်ရေထည့်ပြီး ပဲလေးတွေ
အနည်းအငယ်အိလာသည်အထိ
ပြုတ်ပေးရပါမယ်။

- ပဲပြုတ်များကိုရေဆေးပြီး နနွင်း ၊ ဆား ၊ အချိုမှုန့်
ဆီ ၊ ရေ အနည်းအငယ်ထည့် အဖုံးအုပ်ပြီး
ကြော်ထားပေးရပါမယ်။

- ရေခမ်းလာရင် ပဲလေးတွေ အနည်းအငယ်
ကြွပ်လာသည်အထိကြော်ပေးရပါမယ်။

- အိုးချခါနီးမှာ ကြက်သွန်ဖြူလေးအုပ်လိုက်ရင်
ထမင်းအရမ်းမြိန်တဲ့ ပဲရေပွကြော်လေးရပါပြီ.

18/09/2026

🌿ဘာလေးနဲ့ပဲတွဲစားတွဲစား ထမင်းမြိန်စေတဲ့စပါးလင်ဂျင်းမွှေးကြက်တုံးစပ်ကြော်

#ကြက်ကြော်

🌿အိအိထွေးထွေးဒညင်းဝက်ကြော်- ဒညင်းဝက်ကြော် ကြော်တိုင်း  မာမာကြီးဖြစ်‌နေရင် အခုလိုလေးကြော်ကြည့်နော်။- အရင်ဆုံး ဒညှင်းဝက်ကိ...
18/09/2026

🌿အိအိထွေးထွေးဒညင်းဝက်ကြော်

- ဒညင်းဝက်ကြော် ကြော်တိုင်း
မာမာကြီးဖြစ်‌နေရင် အခုလိုလေးကြော်ကြည့်နော်။

- အရင်ဆုံး ဒညှင်းဝက်ကိုရေဆေးပီး
ကြက်ခြေခတ်လေး မွှန်းပေးထားရပါမယ်။

- ပြီးရင် ဒညင်းဝက်မြုပ်သည်အထိ
ရေထည့်ပါမယ် ၊ ဆီနည်းနည်းထည့်ပြီး
အဖုံးပိတ်ပီး မီးအလည်အလတ်လောက်နဲ့
ကြော်ပေးရပါမယ်။

- ရေခမ်းပြီး ဆီပြန်လာရင် အပေါ်အောက်လှန်ပြီး
ဒညင်းဝက်တွေ ရဲလာတဲ့အထိ
ကြော်လိုက်ရင်ရပါပြီ..

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Joy The Pa Chyl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Joy The Pa Chyl:

Shortcuts

Share