Dar Dar's Choices

  • Home
  • Dar Dar's Choices

Dar Dar's Choices Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dar Dar's Choices, Home goods shop, Chiang Mai, .

ပြည်ကြီးငါး ကို အခုလို သရက်သီး လေးနဲ့ ရခိုင်သုပ်လေး သုပ်စားကြည့်နော် အရမ်းကောင်း 😋😋ရခိုင်သုပ် အတွက် မျှင်ငပိကောင်းကောင်း...
20/03/2025

ပြည်ကြီးငါး ကို အခုလို သရက်သီး လေးနဲ့ ရခိုင်သုပ်လေး သုပ်စားကြည့်နော် အရမ်းကောင်း 😋😋
ရခိုင်သုပ် အတွက် မျှင်ငပိကောင်းကောင်းလေးလိုချင်ရင် မင်မင်ဆီလာခဲ့နော်😉😉

အရင်တခေါက်ကမှာတာ အရမ်းကောင်းလို့ သူငယ်ချင်းအတွက်လက်ဆောင်ပေးဖို့ ထပ်မှာသွားတဲ့ အမ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙏ရခိုင်လက...
19/03/2025

အရင်တခေါက်ကမှာတာ အရမ်းကောင်းလို့ သူငယ်ချင်းအတွက်လက်ဆောင်ပေးဖို့ ထပ်မှာသွားတဲ့ အမ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙏
ရခိုင်လက်ထောင်းမျှင်ငပိလေးတွေ မင်မင့်ဆီမှာ ယုံကြည်စိတ်ချစွာ အားပေးလို့ ရပါတယ်ရှင့်🤩
ချင်းမိုင်မြို့တွင်း ၂ ဘူးနှင့် အထက် free ပို့ပေးပါတယ် location အရမ်းဝေးရင်တော့ မင်မင်တို့ deli charges လေးကောက်ပါရစေရှင့် 🙏
ထိုင်းနိုင်ငံအတွင်း အခြားမြို့များလည်း deli အပ်ပေးပါတယ်ရှင့်

#မျှင်ငပိ

ရခိုင်မျှင်ငပိချိုချိုလေး ပြန်ရပါပြီရှင်..📣📣📣ငပိထောင်းစားမလား.....ရခိုင်မုန့်တီပဲချက်စားမလား.....ရခိုင်သုတ်တွေမှာလည်း သူ...
09/11/2024

ရခိုင်မျှင်ငပိချိုချိုလေး ပြန်ရပါပြီရှင်..📣📣📣
ငပိထောင်းစားမလား.....
ရခိုင်မုန့်တီပဲချက်စားမလား.....
ရခိုင်သုတ်တွေမှာလည်း သူကဇာတ်လိုက်နော် 😋😋😋
သဲလွတ် လက်ထောင်း မျှင်ငပိ/ စိမ်းစားငပိ ဒီတခေါက်ပါတာ ၅၀ သားဘူးတွေရပါမယ်ရှင့်
ငပိ ၅၀ သား ၁ ဘူး - ၂၀၀ ဘတ်ပါ ✅
ချင်းမိုင်မြို့နဲ့ အနီးတဝိုက် deli free လိုက်ပို့ပေးပါတယ်ရှင့
#ချင်းမိုင်
#မျှင်ငပိ
#စိမ်းစားငပိ

24/10/2024

ရှေ့ တခေါက်က ပစ္စည်းပြတ်သွားလို့ မျှင်ငပိ လိုချင်တဲ့ သူတွေ ပစ္စည်း ထပ်ရောက်ဖို့ရှိပါတယ်ရှင့် ကြိုတင်မှာယူလို့ရပါပြီ 🔔🔔🔔

ငပိကောင်းကောင်း ငပိထောင်းနဲ့ တို့စရာအစုံအလင် 😋😋😋
15/09/2024

ငပိကောင်းကောင်း ငပိထောင်းနဲ့ တို့စရာအစုံအလင် 😋😋😋

ချဉ်ငန်စပ် ကြိုက်တဲ့သူတိုင်း ရခိုင်သင်္ဘောသီးသုပ် ကို ခံတွင်းမတွေ့သူ ရှိမယ်မထင်ဘူး 😋 ကျွန်မတို့ ရခိုင်တောင်ပိုင်းမှာတော့...
26/08/2024

ချဉ်ငန်စပ် ကြိုက်တဲ့သူတိုင်း ရခိုင်သင်္ဘောသီးသုပ် ကို ခံတွင်းမတွေ့သူ ရှိမယ်မထင်ဘူး 😋 ကျွန်မတို့ ရခိုင်တောင်ပိုင်းမှာတော့ အခုလို သင်္ဘောသီးကိုပါးပါးလှီးပြီးငရုပ်သီး အခြောက်နဲ့ နီနီရဲရဲလေး သုတ်စားကြတာများတယ် (ငရုပ်သီးစိမ်းလေးထည့်ချင်ရင်လည်းထည့်ပေါ့) တခါတရံလည်း သင်္ဘောသီးလေးတွေ ကို အမျှင်လေးတွေ ပါကုတ်ပြီး ထည့်သုပ်ကြတယ် မိမိနှစ်သက်သလိုပေါ့ ပြီးရင် ရေနွေးကြမ်းအိုးဘေးမှာ ချ ဝိုင်းဖွဲ့ စားကြပေါ့ အစပ်ပြေ ထမင်းဖြူလေးနဲ့ လည်းတွဲစားကြသေးတာ အရသာကတော့ ထိမိဂွိပေါ့ရှင် 😋😋
ဒါပေမယ့်သင်္ဘောသီးသုပ် ရဲ့ အဓိကအသက်က တော့ သင်္ဘောသီးရင့်ရင့် (အနည်းငယ်ဝင်းနေရင်ပိုကောင်း) နဲ့ မျှင်ငပိပေါ့ ငပိက ထွက်လာတဲ့ အချိုအရသာက တကယ့်ဇာတ်လိုက်ပါ 💯

သုပ်နည်းလေးပြောပြပေးမယ်နော် - ငရုပ်သီးခြောက်အတောင့်လေးတွေရယ် ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငပိလေးတွေကို ရောထောင်း မကျည်းမှည့်ထည့် ပြီးရင် ဆား ၊ အချိုမှုန့် (အချိုမှုန့်မစားရင် ပုစွန်ခြောက်မှုန့် ) ထည့် နယ် ပြီးရင် နံနံပင်ကြိုက်ရင် နံနံပင်လေးအုပ် ချဉ်ငံစပ်လေးနဲ့ လုံးဝထိမိဂွိ😋😋

သုပ်စားကြည့်ကြနော် ❤️❤️
မျှင်ငပိ ကောင်းကောင်းလေး နဲ့မှ သုပ်စားချင်တယ်ဆိုရင် တော့ ကျွန်မဆီမှာ လာဝယ်လို့ရပါတယ်ရှင့် 🥳
ငပိထောင်း ၊ ငပိသုပ် နဲ့ ရခိုင်သုပ်၊ ရခိုင်ဟင်းတွေ ချက်စားရင် မျှင်ငပိက မပါမဖြစ်ဆိုတော့ ငပိကောင်းကောင်းလေးကို ကိုယ်စားဖို့ မှာရင် အမြဲပိုမှာထားတယ် 😊

ချင်းမိုင်မြို့တွင်း deli free နဲ့ပို့ပေးပါတယ်
ထိုင်းနိုင်ငံ အနှံ့လိုချင်ရင်ပို့ပေးပါတယ်



ငပိထောင်းကြိုက်သူ, ငပိကောင်းကောင်းလေးနဲ့မှ စားတတ်သူ တွေအတွက် ရှယ်မျှင်ငပိ (စိမ်းစားငပိ) နဲ့မိတ်ဆက်ပေးပါရစေ 🔔စားဖူးသူတိုင...
04/08/2024

ငပိထောင်းကြိုက်သူ, ငပိကောင်းကောင်းလေးနဲ့မှ စားတတ်သူ တွေအတွက် ရှယ်မျှင်ငပိ (စိမ်းစားငပိ) နဲ့မိတ်ဆက်ပေးပါရစေ 🔔
စားဖူးသူတိုင်း နှစ်ခါပြန်ထပ်မှာကြတဲ့ ရခိုင်ဒေသထွက် ဆိုးဆေးကင်း သဲလွတ် အငံပေါ့ သဘာဝအချိုနဲ့ မျှင်ငပိစစ်စစ်..
ကိုယ့်ဒေသထွက် လေးမို့ ကိုယ်တိုင်လည်း စားရင်း ပြန်ရောင်းပေးဖြစ်တာမို့ quality အာမခံလို့ရပါတယ်ရှင့်❤️
📌25 ကျပ်သား တဘူး - 100B ပါ
ချင်းမိုင်မြို့နဲ့ အနီးတဝိုက် baht 200 နဲ့အထက် deli free ပါရှင့်🙏

Address

Chiang Mai

Website

Alerts

Be the first to know and let us send you an email when Dar Dar's Choices posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Interior Service?

Share