14/07/2023
4th July အမေရိကန်ပြည်ဝင်အတွေ့အကြုံ။
ကိုယ့်ခရီးစဥ်က ရန်ကုန်ဘန်ကောက်၊ ဘန်ကောက်ကာတာ၊ ကာတာ JFK. နိုင်ခံခြားခရီးတွေအကြိမ်ကြိမ်သွားဖူးပေမယ့် အမေရိကားနိုင်ငံကိုကထမဆုံးအကြိမ် ရောက်ဖူးမှာမို့ စိတ်ကသိပ်တော့ပုံမှန်မဟုတ်ဘူး။ ရှိူမ်တယ်ဆိုပါတော့။
ဘေးပါတ်ဝန်းကျင်အသိများရဲ့ကောင်းမှူ့ကြောင့် ဟိုဟာမသယ်ရဲ၊ ဒီဟာမသယ်ရဲ။ အမဲကြော်သယ်မရဘူး၊ ဆေးသယ်မရဘူး စသဖြင့်မျိုးစုံအောင်ပြောကြသော်လည်း ကိုယ်ကတော့ ၂၃ kg ၄ အိတ်မှာ ၂ အိတ်က အစားအသောက်အပြည့်၊ နှစ်အိတ်က အဝတ်အစားနဲ့ စာအုပ်တွေအပြည့်။ နွေခေါင်ခေါင်သွားတာ ဂျာကင်တွေတောင်ပါတယ်။
ဆေးဆိုလည်း လူကြုံထည့်ပေးတာကတစ်ထုတ်၊ ကိုယ့်အတွက်ကို ဆေးစုံကဒ် ၅၀ လောက်ပါတာတစ်ထုတ်။
ကိုယ်က ဟော်တယ်ဘိုကင်တွေ ၂ ပါတ်စာလုပ်ပြီး travel plan သေခြာလုပ်သွားတယ်။ ဖြစ်ခြင်တော့ လုပ်ထားတဲ့ travel plan စာရွက်မေ့ပြီး print မထုတ်မိဘူး။ ဖုန်းထည်းမှာလည်းမရှိတော့ တော်တော်ခေါင်းခြောက်ရတယ်။
ဒီလိုနဲ့ JFK လေဆိပ်စဆင်းတယ်။ လေဆိပ်ဆင်းဆင်းခြင်း ကိုယ်က transfer မဟုတ်လို့ passport control ရှိရာကိုသွားတယ်။ ကိုယ့်စိတ်ထည်းတော့ passport control ပြီးရင် immigration ဆိုတာကိုထက်ဝင်ရမယ်လို့ထင်ထားတာပေါ့။ ဒါကြောင့် passport control ဆိုတဲ့နေရာမှာ ခက်တည်တည်ပဲ။ ရှိူမ်မနေဘူး။
officer က ဘာကိစ္စနဲ့လာလည်းမေးတယ်။ vacation လို့ဖြေလိုက်တယ်။ ဘယ်နှရက်နေမှာလည်း ငွေဘယ်လောက်ပါလည်းမေးတယ်၊ ဖြေလိုက်တယ်။ ဒါပဲ။ တုံးထုပြီး လင်မယား ၂ ယောက်လုံးကိုလွတ်ပေးလိုက်တယ်။
ကိုယ်ကတော့ passport control ပြီးပြီးဆိုတော့ immigration ဆိုတာကို ထပ်ဝင်ရဦးမယ်ထင်နေတုန်း။ မသိဘူး baggage ယူတဲ့နေရာတွေ့တာနဲ့ကိုယ့်အိပ်တွေယူ။ ယူပြီးပြီး ထွက်ပေါက်တွေ့တာနဲ့ လေဆိပခအပြင်ထွက်ချတာပဲ။
ကိုယ့်ကို ကိုယ်တောင်မယုံဘူး။ ဒီနိုင်ငံကိုလာတာဒီလောက်လွယ်သလားပေါ့။ ကိုယ်ကြားဖူးတာတွေနဲ့ဆန့်ကျင်ဖက်တွေကိုဖြစ်နေတော့တာပဲ။
i94 ထည်းမှာ class B2 နဲ့ March 2024 ထိပေးထားတာတော့တွေ့တယ်။