PMS Family from Dubai

PMS Family from Dubai Housewife(Generation Shaper). Mother. Housewife. Home Cook. �� Turning daily recipes into family memories. �

Home Cook. 🏠✨
Turning daily recipes into family memories 👩‍🍳

အိမ်ချက်ဟင်းလေးတွေနဲ့ သားသားရဲ့ ကြီးပြင်းလာမှု အမှတ်တရလေးတွေကို မျှဝေရာနေရာလေး 🌿❤️

16/09/2026

သားသားရဲ့ တပတ်စာ ထမင်းဘူးလေးပါ 🍱

ကလေးအတွက် ထမင်းဘူး ပြင်ရတာ တကယ်ကို ခေါင်းခြောက်ရပါတယ်ရှင်…
အသားအစုံ ထည့်လို့မရတာနဲ့ ပိုပြီး စဉ်းစားရကြပ်တယ်
ဒါပေမဲ့လည်း သားသားလေးအတွက် အာဟာရ မျှတပြီး ပြည့်စုံနေအောင်တော့ မေမေ ရသလောက် သေချာလေး စဉ်းစားပြီး ပြင်ပေးထားပါတယ်
ခုချိန်ကစပြီး ‘သားသား ထမင်းဘူး Idea’ ဆိုပြီးပဲ ရိုက်တင်မှ ရတော့မယ်ရှင် …
နောက်အပတ်ရော ဘာလေးတွေ ထည့်ပေးရင် ကောင်းမလဲ ကြည့်ပေးကြပါဦးနော်

⁠ ⁠ ⁠⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠⁠ ⁠

15/09/2026

တစ်နေ့တစ်နေ့ သားသားအတွက် ဘာချက်ရမလဲ စဉ်းစားရတာ ခေါင်းကို ခဲလို့…
ကျောင်းက အမဲသားနဲ့ ဝက်သား မထည့်ရဘူးဆိုတော့ ပိုဆိုးတာပေါ့…

ဒီနေ့တော့ သူအကြိုက်ဆုံး ခေါက်ဆွဲကြော်လေး ထည့်ပေးလိုက်တာ အကုန်ပြောင်အောင် စားလာတယ်.. မေမေ့ခေါင်းခဲရကျိုး နပ်သွားပြီ…

13/09/2026

ဟိတ် … ခရမ်းသီးကို ဒီလို သုပ်စားဖူးကြလား …??

ဒီနေ့တော့ ခရမ်းသီးမီးဖုတ်သုပ်ကို ရှမ်းပဲပုတ်နိုင်
နိုင်လေးနဲ့ သုပ်စားတာပါ 🍆🔥
ပဲပုတ်မွှေးမွှေးလေးနဲ့ မီးဖုတ်အရသာ ရောသွားတော့ အိမ်ပြန်ရောက်သွားသလိုပဲ…

#ခရမ်းသီးမီးဖုတ်သုပ် #ရှမ်းပဲပုတ်

08/09/2026

ပုဇွန်ခြောက်ဘာလချောင်ကြော် စပ်စပ်လေးနဲ့ သီးစုံကုလားဟင်းနဲ့ တွဲစားရတာ နှစ်သက်တဲ့သူတွေ ရှိကြလားဟင်?

⁠ ⁠ ⁠ ⁠ ⁠ ⁠ ⁠ #ပုဇွန်ခြောက် #သီးစုံကုလားဟင်း

07/09/2026

သားလေးနဲ့အတူတူ ကျောင်းသွားတဲ့ တနေ့တာ Vlog လေး တင်ပေးလိုက်ပါတယ် 👦🏻🎒

၃ နှစ်သားအရွယ် ကလေးလေးကို ကျောင်း ဘာလို့ စပို့တာလဲ? ဆိုတဲ့ မေးခွန်းအတွက် ဒီ Video လေးက အဖြေတစ်ခု ဖြစ်မယ်ထင်ပါတယ်နော်… မိဘတွေက အလုပ်သွားရလို့ ထိန်းကူသူ မရှိလို့လား ?? 🤔

ဒီအရွယ် ကလေးလေးကို ကျောင်းပို့ခြင်း/မပို့ခြင်းက မိဘတစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဆိုင်တာမို့ ဒီအကြောင်းကို ဝင်ရောက်မဆွေးနွေးလိုပေမဲ့ သားလေးကို ကျောင်းပို့တာနဲ့ ပတ်သက်ပြီး မေးထားကြတဲ့ မားမားတို့အတွက် မေမေ့ရဲ့ အမြင်လေးကို ဖြေပေးချင်ပါတယ် ❤️

မေမေတို့ကတော့ သားကို ဒီအရွယ်ထဲကစလို့ သူ့ရဲ့ ဦးနှောက်၊ ခန္ဓာကိုယ်နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးမှု (Brain & Physical Development) လေးတွေ ပိုမို အထောက်အကူဖြစ်စေချင်လို့ ကျောင်းစထားပေးတာပါ..

(ကျောင်းကို ရွေးချယ်တော့မယ်ဆိုရင်လည်း ကလေးတစ်ယောက်နဲ့တစ်ယောက် မတူကြတာမို့ မိမိကလေးအတွက် သင့်တော်ပြီး အထောက်အကူဖြစ်မယ့်၊ ကလေးလေး ပျော်ရွှင်မယ့် နေရာမျိုးကို ရွေးချယ်သင့်ပါတယ်… ကိုယ့်ကလေးအတွက် ကျောင်းပို့ဖို့ မလိုသေးဘူးလို့ သတ်မှတ်ရင်လည်း မပို့သေးဘဲ ထားလို့ရတဲ့ အရွယ်လေးပါပဲရှင်)

06/09/2026

ကလေးအသက် ၃ နှစ်ခွဲမှာ အမေပြောသမျှ အကုန်ပြောင်းပြန်ပဲ လိုက်လုပ် လိုက်ခံနေတာမျိုး ကြုံဖူးကြလား မေမေတို့ရေ 👦🏻

ဒါဟာ မိဘကို မလေးစားတာ မဟုတ်ဘဲ ဒီအသက်အရွယ်မှာ အရမ်းကို ပုံမှန်ဖြစ်တဲ့ သဘာဝ (Normal Developmental Phase) တစ်ခုပါပဲ…
သူ့ရဲ့ စိတ်နဲ့သူ သီးခြားလူတစ်ယောက် ဖြစ်လာတာကို ပြသချင်တာနဲ့ မိဘရဲ့ အကန့်အသတ်ကို စမ်းသပ်တာ (Boundary Testing) ပဲ ဖြစ်ပါတယ်တဲ့ …

ဒီလို ပြောင်းပြန်လိုက်လုပ်နေတဲ့အခါ စိတ်ရှည်ရှည်နဲ့ ထိန်းကျောင်းနိုင်မယ့် နည်းလမ်း (၄) ခု ရှိပါတယ်

၁။ ရွေးချယ်စရာ (၂) ခု ပေးပါ (Choice Giving)
"မလုပ်နဲ့" လို့ တိုက်ရိုက်မခိုင်းဘဲ "ခွက်အနီနဲ့ စားမလား၊ ခွက်အပြာနဲ့ စားမလား" ဆိုပြီး သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ခံစားရအောင် ရွေးခိုင်းပါ…

၂။ "မ" စကားလုံးကို လျှော့သုံးပါ (Positive Framing)
"မပြေးနဲ့" လို့ ပြောမည့်အစား "ဖြည်းဖြည်းလေး လမ်းလျှောက်ရအောင်" ဆိုပြီး လုပ်စေချင်တဲ့ အပြုအမူကို တိုက်ရိုက်ပြောပြပါ….

၃။ ကစားနည်းပုံစံ ပြောင်းပြောပါ (Reverse Psychology)
"သား ပန်းကန်ထဲက ဟင်းတွေကို အမေ့ထက် ကုန်အောင် မစားနိုင်ပါဘူး" ဆိုပြီး စနောက်ပြောရင် အနိုင်လိုချင်စိတ်နဲ့ လိုက်လုပ်ပေးတတ်ပါတယ်…

၄။ ကလေးရဲ့ ခံစားချက်ကို အရင်နားလည်ပေးပါ (Validation)
"ဆော့လို့ အရမ်းကောင်းနေသေးတာ အမေသိတယ်၊ ဒါပေမဲ့ ရေချိုးပြီးရင် ပိုလန်းဆန်းသွားမှာ" ဆိုပြီး ခံစားချက်ကို အသိအမှတ်ပြုပေးပါ…

ကလေးရဲ့ ဦးနှောက်နဲ့ တွေးခေါ်မှု တိုးတက်လာတဲ့ လက္ခဏာလေးမို့ ဒေါသ မထွက်ဘဲ ပေါ့ပေါ့ပါးပါးလေး ထိန်းပေးကြရအောင်နော် ❤️

(ကိုယ်လည်း ကြိုးစားပြီး သားလေးအတွက် နားလည်နိုင်အောင် သင်ယူရင်းနဲ့ ကိုယ့်လိုပဲ မေမေတွေရှိရင်
သူတို့လေးတွေ အပေါ် နားလည်နိုင်အောင် မျှဝေပေးလိုက်ပါတယ်ရှင် )
အဓိကက မေမေတင် မဟုတ်ပဲ ဖေဖေပါ ပါဝင်နားလည်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ် … သူ့ပတ်ဝန်းကျင်က လူအားလုံး သူတို့လေးတွေရဲ့ ဖွံ့ဖြိုးမှု့လေးတွေ နားလည်မှသာ လူတော် လူရည် ကလေးလေးတွေ မွေးထုတ်နိုင်မှာ ဖြစ်ပါတယ်..

04/09/2026

အိမ်ကလူတွေ စုံတုန်း စားချင်ကြတယ်ဆိုလို့ သန့်ရှင်းလတ်ဆတ်တဲ့ အိမ်လုပ် ဝက်သားတုတ်ထိုးလေး လုပ်ပေးဖြစ်ခဲ့ပါတယ်
ပြီးတော့ တစ်ချောင်း 1 AED နဲ့ ရောင်းလိုက်ပါတယ်ရှင် 🤭

#ဝက်သားတုတ်ထိုး

ကျောင်းစတက်တဲ့ ပထမဆုံးနေ့… အိမ်မှာ သားလေးမရှိတော့ အိမ်ကြီးက တိတ်ဆိတ်လို့… ကျောင်းမှာ အဆင်ပြေပါ့မလား စိုးရိမ်နေတဲ့ မေမေ့စ...
02/09/2026

ကျောင်းစတက်တဲ့ ပထမဆုံးနေ့… အိမ်မှာ သားလေးမရှိတော့ အိမ်ကြီးက တိတ်ဆိတ်လို့… ကျောင်းမှာ အဆင်ပြေပါ့မလား စိုးရိမ်နေတဲ့ မေမေ့စိတ်… သားလေး ကျောင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သူငယ်ချင်းအသစ်တွေ ရပါစေနော်…

31/08/2026

Back to school vibes 🎒 မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်နေတဲ့ ဆရာကြီးရဲ့ စာဖတ်ချိန်... 🤭

မနက်ဖြန်တော့ ဘာတွေ ဖြစ်ဦးမလဲ မသိဘူး ..ခုထိတော့ ဟုတ်နေတာပဲ … Yes ဆိုတာချည်း ..

27/08/2026

ဒီနေ့ အိမ်မှာလုပ်တဲ့ Pork Bacon & Egg Burger လေး စားကြပါဦး 🍔😋 Bacon ကြွပ်ကြွပ်မွှေးမွှေးလေးနဲ့ ကြက်ဥနဲ့ ပေါင်းလိုက်တာ စိမ့်နေတာပဲ.. အိမ်မှာ လုပ်စားရတာ အလွယ်ဆုံးနဲ့ အကောင်းဆုံးပါပဲရှင် …

Address

Al Raffa 16A
Dubai

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Alerts

Be the first to know and let us send you an email when PMS Family from Dubai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PMS Family from Dubai:

Shortcuts

Share