Al Rayyan - Hajj & Umrah

Al Rayyan - Hajj & Umrah ဟဂ်ျနှင့်အွမ္မရာ ဝန်ဆောင်မှု_MM_One Stop Service

🕋Trusted guidance for a Smooth,Comfortable, Ease & Spiritually fulfilling pilgrimage.

From Visa Support to Your Return, We’re with You Every Step of the Way. Begin Your Blessed Journey with Al Rayyan!💕 ** အောက်တွင် မြန်မာဘာသာဖြင့် ဖော်ပြထားပါသည်။ **
** ဟဂ်ျနှင့်အွမ္မရာ အထူးဝန်ဆောင်မှု - Agent!! Yangon, Myanmar. **


"Al Zharah - Your spiritual gateway to divine journeys. Elevate your pilgrimage with us as we guide you through Hajj and Umrah experiences filled with sacred moments a

nd serene travels. Trust us as your one-stop destination for meaningful and seamless spiritual sojourns. 🕋✨ "

** Myanmar Version**

Al Zharah မှ လူကြီးမင်းတို့အတွက် Hajj နှင့် Umara ခရီးစဉ် အတွက် လိုအပ်သည်များကို အထူးဆောင်ရွက် ဝန်ဆောင်မှုပေးပါသည်။ Visa+ Flight+ Accommodation+ Notary documents..စသည်များကို လူကြီးမင်းတို့ အတွက် အထူးဝန်ဆောင်မှုပေးပါသည်။

တစ်ဦးချင်းမှစ၍ အုပ်စုအဖွဲ့ အထိ မိမိကိုယ်ပိုင် အစီစဥ်ဖြင့် အွမ္မရာ ပြုလုပ်လိုသူများကိုလည်း လိုအပ်သည်များကို လူကြီးမင်းတို့ရဲ့ Prefer Budgets အလိုက် အနီးစပ်ဆုံးထိ တိကျမှန်ကန်စွာ စီစဉ် ဆောင်ရွက်ပေးပါသည်။

သင့်တင့်သော ဈေးနှုန်းများ ဖြင့် Packages + Freelance များကို
အထူး ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးပါသည်။
🕋✨

Sacred Places Around the Kaaba_ For Duas ❇️❇️ဒိုအာ အထူး ကဗူလ်ဖြစ်သောနေရာ တွေ ခုတစ်ခါမှာ ဖော်ပြပေးလိုက်ပါတယ်. ✅✅အပိုင်း ၂...
29/07/2026

Sacred Places Around the Kaaba_ For Duas ❇️❇️

ဒိုအာ အထူး ကဗူလ်ဖြစ်သောနေရာ တွေ
ခုတစ်ခါမှာ ဖော်ပြပေးလိုက်ပါတယ်. ✅✅

အပိုင်း ၂ ပိုင်း ခွဲပြီးတင်ပေးသွားပါမယ်.

အောက်မှာ ပုံလေးတွေနဲ့ပါ ဖော်ပြပေးထားပါတယ်.

Haram Area - ကအ်ဗာကျောင်းတော်ကြီး ရဲ့ နေရာ တစ်ခုလုံးက အလွန်မြင့်မြတ်သန့်ရှင်းစင်ကြယ်သော နေရာ ဖြစ်တဲ့အတွက် Allah ရဲ့ ဗိုင်သွလ်လာ လည်း ဖြစ်တဲ့အလျောက် ကအ်ဗာ ကျောင်းတော်ရဲ့ ပရဝုဏ် ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် တောင်းတဲ့ ဒိုအာ မှန်သမျှဟာ ချက်ချင်း လက်ငင်း ကို ကဗူလ် ပြုလက်ခံခြင်း ခံရပါတယ်.

သို့ပေမယ့် အခု ဒီနေရာမှာ ဖော်ပြပေးမယ့် ဒိုအာ လက်ခံခြင်း ခံရသောနေရာ များ ဆိုတာက ဒီဖော်ပြပါ နေရာ တွေမှာ ဒိုအာ တောင်းဆုပြုမယ် ဆိုရင် ချက်ချင်းလက်ငင်း အထူး(အထူး) ကို လက်ခံခြင်း ခံရေသာ နေရာ များ ဖြစ်ပါတယ်.

အပိုင်း ၁

1. ဟဂျ် / အွမ္မရာဟ် ရဲ့ အဲဟ်ရာမ် ဝတ်ဆင်ပြီးသောအခါ.

2. ကအ်ဗာကျောင်းတော် ကြီးကို ပထမဆုံး အကြိမ် စပြီး တွေ့မြင်ရသောအခါ.

(မှတ်ချက် ။ အကယ်၍ အကြင်သူက ကအ်ဗာကျောင်းတော်ကြီးကို မိမိဘဝ သက်တမ်းမှာ စစချင်း ပထမဆုံးအကြိမ် တွေ့မြင်ရသောအခါ တောင်းတဲ့ ဒိုအာသည် အင်မတန် ကို အထူးပင် လက်ခံခြင်း ခံရပါတယ်. ဒါ့ကြောင့် ကိုယ်က ပထမဆုံးအကြိမ် ကအ်ဗာကျောင်းတော်ရဲ့ ရှေ့ကို ရောက်ရှိပြီး ပထမဆုံး မိမိ မျက်လုံးနဲ့ စစချင်း ကအ်ဗာကျောင်းတော်ကြီး ကို တွေ့မြင်ပြီဆိုတာနဲ့ ဘေးတဖက် ကပ်ရပ်ပြီး ငိုယိုပြီး ဒိုအာ တောင်းဆုပြုပါ.)

3. မွလ်သဇင်မ် နေရာ
(ဟဂျရေအပ်စ်ဝပ်ဒ်နဲ့ ရွှေတံခါးကြားနေရာ)
မွလ်သဇမ် နေရာ သည် လူ အတော် တိုးဝှေ့သောနေရာ ဖြစ်လို့ လူနည်းနည်း ပါးချိန် လောက်ကို ဝင်တိုးနိုင်ရင် ပိုကောင်းပါတယ်.)

4. ရွှေရေတံလျောက် အောက်တည့်တည့် နေရာ
ရွှေရေတံလျောက် ဟာ ဟသွင်မ် ပရဝုဏ် ထဲမှာ ဝင်နေပါတယ်.

5. ဟသွီးမ် အတွင်းပိုင်းနေရာ.

အခုဖော်ပြပါ နေရာ 5 ခုသည် ဒိုအာ အထူး (အထူး) လက်ခံခြင်းခံရသောနေရာများ ဖြစ်ပါသည်.

Inshaallah Allah ရှင်မြတ်သခင် မွတ်စလင်မ်ထုတရပ်လုံးကို ဟဂျ်နှင့်အွမ္မရာ မိမိတို့ သက်တမ်းမှာ အကြိမ်ကြိမ် ပြုနိုင်စွမ်း ချီးမြှင့်တော်မူပါ.

Thank you.

✍️Alex


30/07/2026

အဲဟ်ရာမ် ဝတ်ဆင်ခြင်း⭕️⭕️ Ihram Rules and Regulations ⭕️⭕️Must Know before You Go ❇️❇️မြန်မာဘာသာဖြင့် ဖော်ပြခြင်း1. လေယာဉ...
29/07/2026

အဲဟ်ရာမ် ဝတ်ဆင်ခြင်း

⭕️⭕️ Ihram Rules and Regulations ⭕️⭕️

Must Know before You Go ❇️❇️

မြန်မာဘာသာဖြင့် ဖော်ပြခြင်း

1. လေယာဉ်စီး ခရီးသည်များအနေဖြင့် အဲဟ်ရာမ် ကြိုဝတ်ဆင်ပြီး နီယသ်နှင့် သလ်ဗီယာကို သတ်မှတ်နယ်နိမိတ် မရောက်မီ ဆိုခြင်းက အကောင်းဆုံးဖြစ်သည်။

2. မိမိအိမ်တွင် လဲ မထွက်ခွါခင် အဲဟ်ရာမ် ခြုံ၍
နီယသ်နှင့် သလ်ဗီယာ ဆိုနိုင်သည်။

3. အကောင်းဆုံး နည်းမှာ အိမ်မှ မထွက်ခွါမီအလျင်
အဲဟ်ရာမ် ဝတ်ဆင်ကာ အဲဟ်ရာမ်နှင့်ပင် ဆွလားသ် ၂ ရကအသ် ဝတ်ပြုပြီး လေယာဉ်တက်တဲ့အခါ သို့
သတ်မှတ်နယ်နိမိတ် မရောက်မီ နီယသ်နှင့်
သလ်ဗီယာ ရွတ်ဆိုခြင်းဖြစ်သည်။

4. နီယသ်နှင့် သလ်ဗီယာ ရွတ်ဆိုလိုက်သည်နှင့် အဲဟ်ရာမ်၏ လိုက်နာစောင့်ထိန်းအပ်သည့် စည်းကမ်းများ အကျုံးဝင်သွားလေ၏။

5. အဟ်ရာမ်၏ စည်းကမ်း များ ထဲက တစုံတခု
ဖောက်ဖျက် ကျူးလွန်ခဲ့မိလျှင် " ဒမ်" ထိုက်ပေသည်

*** ထို့ကြောင့် နံပါတ် ၃ နည်းမှာ ယေဘူယျအားဖြင့် အကောင်းဆုံး ဟု ဆိုနိုင်မည် ဖြစ်သည်***

*** ခရီးစဉ်ကို ယတိပြတ် ဆုံးဖြတ်လို့မရနိုင်ပါ။
မထင်မှတ်တဲ့ အကြောင်းတခုခုကြောင့် အဆင်မပြေမှု တွေ ခက်ခဲမှု တွေ မလွှဲမရှောင်သာ ကိစ္စတွေ က တနည်းမဟုတ် တနည်း ကြုံရနိုင်ပါသည်***

Thank you.

✍️Alex


30/07/2026

Hajj and Umarah Hacks ❇️❇️ဟဂ်ျနှင့်အွမ္မရာဟ် မပြုမီ🕋🕋🕌Know Before You Go:အပိုင်း - ၂- အဆုံးပိုင်း. အပိုင်း ၁ ကို ဤနေရာတွ...
29/07/2026

Hajj and Umarah Hacks ❇️❇️

ဟဂ်ျနှင့်အွမ္မရာဟ် မပြုမီ🕋🕋🕌Know Before You Go:

အပိုင်း - ၂- အဆုံးပိုင်း.

အပိုင်း ၁ ကို ဤနေရာတွင် ဖတ်ရှုပါရန်
👇👇

https://www.facebook.com/share/p/XM3oVazCuWt3EG2d/?mibextid=oFDknk

6. ခရီးစဉ် မစမီ, လိုအပ်တာများကို ဝဆွီယသ် ကဲ့သို့ ရေးသားမှာတမ်းခဲ့ပါ

7. ဤမြင့်မြတ်သော ခရီးစဉ် မစမီ, မိမိကိုယ်ကို ကောင်းစွာ ဆန်းစစ်ပါ။ ကြွားဝါလိုခြင်း ပြစားလိုခြင်း လောကီအကျိုးစီးပွါးရယူလိုခြင်း စသဖြင့် မကောင်းသော ခံယူချက် စိတ်သဘောထား နီယသ် များ ရှိနေခဲ့လျှင် အချိန်မီ ပြုပြင် ပြောင်းလဲသင့်သည်။

မိမိ စိတ်နေသဘောထားနှင့်ခံယူချက် နီယသ်သည် အမှန်တကယ် အင်မတန် ဖြူစင်သန့်ရှင်း ရမည်ဖြစ်ပြီး Allah SWT ကျေနပ်နှစ်သက်စေရန်အလို့ငှာ Allah SWT အတွက် သာလျှင် ဖြစ်ရမည်ဖြစ်သည်။

8. Allah SWT အမိန့် နာခံသောအားဖြင့် ၎င်း Allah SWT ကျေနပ် လက်ခံခြင်း ရရှိရန် အလို့ Allah SWT ရဟ်မသ်ကို မျှော်ကိုးပီး မိမိရဲ့ ထို ခရီးစဉ်ကို စသင့်သည်။

အရှေ့ Post တွင် ဖော်ပြခဲ့သော အချက် များနှင့် ယခု ဖော်ပြသော အချက်များ - ဤ ၈ ချက်သည် ယေဘူယျအားဖြင့် အကျဉ်းချုံး၍ ဖော်ပြခြင်းဖြစ်သည်။

Thank you!!!

🕋🕋🕋


✍️Alexzz
30/07/2026

Hajj and Umarah Hacks ❇️❇️ဟဂ်ျနှင့်အွမ္မရာဟ် မပြုမီ!! 🕋🕌Know Before You Go::အပိုင်း 1 -!!1. ဦးစွာ ပထမ Allah SWT အား ရှုက...
29/07/2026

Hajj and Umarah Hacks ❇️❇️

ဟဂ်ျနှင့်အွမ္မရာဟ် မပြုမီ!! 🕋🕌Know Before You Go::

အပိုင်း 1 -!!

1. ဦးစွာ ပထမ Allah SWT အား
ရှုကွရ် ကျေးဇူးတင်ပါ။

2. ဟဂ်ျနှင့်အွမ္မရာဟ် ကျင့်စဉ် များအတွက် တခုစီ ကောင်းစွာ စနစ်တကျနဲ့ သင်ယူလေ့လာ ပါ / အာလင်မ်များထံပါးမှာလည်း ဆည်းပူးသင်ယူပါ လေ့လာပါ။ လမ်းညွှန် ဆုံးမမှုများ ကို ကောင်းစွာ နာခံယူပါ။

3. ခရီးစဉ်မစမီ- Allah SWT အရှေ့မှောက် တွင် လက်ဖြန့်၍ နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ငိုယိုပီး
သောင်ဗာ ပြုလုပ်ပါ အပြစ်များ အားလုံးကို ဝန်ချ ဝန်ခံပီး သောင်ဗာ လုပ်ပါ နောက်နောင် အပြစ် ဂိုနာများ မှ ရှောင်ကြဉ်ပါမည်ဟု ဆုံးဖြတ်ချက် အခိုင်အမာချပါ။

4. သူတပါး မည်သူ့ကိုမဆို ပေးဆပ်ရမယ့် တာဝန် ဝတ္တရား သို့ ကတိ သို့ ငွေကြေး ဘယ်အရာဘဲ ဆိုစေကာမူ ခရီးစဉ်မစမီအလျင် တိကျ မှန်ကန် စွာ ပေးဆပ်ပါ ဖြေရှင်းပါ ထိုအရာများကို တနည်းနည်း ဖြင့် ဦးစွာ အလျင် ဖြေရှင်း ကျေအေးပါစေ။

5. အပေးအယူကိစ္စများအတွက် ရှင်းလင်းတိကျမှန်ကန်စွာ အရင်ဖြေရှင်းဆောင်ရွက်ပါ သို့ ခွင့်လွှတ် ရန်ပြောဆိုပီး ကောင်းစွာ ဖြေရှင်းပါ

ဆက်ရန်......

Thank you.

🕋🕋🕋


✍️Alexzz
30/07/2026

Address

Kuala Lumpur
Yangon
53300

Telephone

+60173477082

Website

Alerts

Be the first to know and let us send you an email when Al Rayyan - Hajj & Umrah posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Al Rayyan - Hajj & Umrah:

Shortcuts

Share