19/08/2025
Bacillus subtilis နဲ့ ခါးရိရောဂါများ
စိုက်ခင်းထဲမှာ “ခါးရိရောဂါ” လို့ ခေါ်တဲ့ အပင်ရောဂါမျိုးတွေက တောင်သူတွေအတွက် အရမ်းအရေးကြီးတဲ့ ပြဿနာတစ်ခုပါ။ အထူးသဖြင့် မတ်ပဲ ပဲတီစိမ်း ခရမ်း ခရမ်းချဉ် ငရုတ် ဖရဲ သခွားမွှေးသည် စိုက်ပျိုးရာမှာ Rhizoctonia, Sclerotium, Fusarium စတဲ့ မြေဆောင်ရောဂါပိုးများက ပြင်းထန်စွာ ထိခိုက်စေတတ်ပါတယ်။
ခါးရိရောဂါဆိုတာ ဘာလဲ
ခါးရိရောဂါ (Root rot, stem rot, damping-off) ဆိုတာ အပင် အရွက် ပင်စည် အမြစ် စသည့်နေရာများကို အဓိကထား တိုက်ခိုက်တဲ့ မှိုမျိုး ဖြစ်ပြီး အသီးသီးချိန်မှ အမြစ်တိုက်ခိုက်ခံရမှူကြောင့် အထွက်နှုန်း ထိခိုက်စေတဲ့ ရောဂါပါ။ အဓိကက မြေထဲမှာနေထိုင်တဲ့ မှိုပိုးကြောင့်ဖြစ်တတ်ပြီး မိုးကြာ၊ အစိုဓာတ်များချိန်၊ မြေထဲ အပူချိန်သင့်တင့်တဲ့အချိန်မှာ ပိုလွယ်ကူစွာဖြစ်တတ်ပါတယ်။
Bacillus subtilis ဆိုတာ
Bacillus subtilis (ဘက်စီလပ် စပ်တလစ်) က သဘာဝအခြေအနေမှာ မြေဆီလွှာထဲ၊ အပင်အမြစ်အနားမှာ တွေ့ရတဲ့ အကျိုးပြု ဘက်တီးရီးယားမျိုးတစ်ခုပါ။ အဓိက လုပ်ဆောင်ချက်ကတော့ —
1. ရောဂါပိုးပျက်စီးစေခြင်း – မှိုပိုးများကို တိုက်ဖျက်နိုင်စေတဲ့ အဆိပ်ဓာတ် (antibiotic) များထုတ်ပေးတတ်ပါတယ်။
2. အပင်ကျန်းမာရေးမြှင့်တင်ခြင်း – အမြစ်ကြီးထွားကောင်းစေပြီး အပင်အဟာရစားသွင်းနိုင်မှုကို တိုးစေပါတယ်။
3. ပတ်ဝန်းကျင်သင့်လျော်မှု – ဓာတုဆေးမလိုပဲ သဘာဝနည်းနဲ့ အသုံးချနိုင်တာကြောင့် စိုက်ခင်းနှင့် ပတ်ဝန်းကျင်နှစ်သက်စေပါတယ်။
Bacillus subtilis နဲ့ ခါးရိရောဂါ ထိန်းချုပ်နည်း
1. မြေကြိုသန့်စင်ခြင်း
စိုက်ခင်းစတင်မယ့်အချိန်မှာ Bacillus subtilis ပါဝင်တဲ့ သီးနှံကာကွယ်ဆေးရည် (သို့) အမှုန်ကို မြေဆီလွှာထဲ ပေါင်းထည့်ပေးပါ။
ဥပမာ၊ မီတာ ၁ မီတာ² ကို ၂-၃ဂရမ် နှုန်းထားဖြင့် စိုက်ခင်းအောက်တွင် ဖြန့်ကျက်နိုင်သည်။
2. မျိုးစေ့ပေါင်းခြင်း
စိုက်ခင်းထဲထည့်မယ့် မျိုးစေ့ကို Bacillus subtilis ရည် (သို့) ဖျော်ရည်နဲ့ ၃၀ မိနစ်ခန့် စိမ်ပါ။
ဒီနည်းက damping-off လိုမျိုး စတင်ပေါက်ချိန်ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
3. အမြစ်ဖျော်ပေးခြင်း
စိုက်ခင်းပြောင်းစိုက်မည့် အပင်အမြစ်များ ကို Bacillus subtilis ဖျော်ရည်ထဲ ၁-၂ နာရီ ခန့်စိမ်ထားပြီးမှ စိုက်ပါ။
4. စိုက်ပြီးနောက် အမြစ်ရောဂါထိန်းချုပ်ခြင်း
ရာသီအလယ်ပိုင်းမှာ Bacillus subtilis ပါဝင်သည့် အရည် ဖျော်မှုန့်တို့ကို အမြစ်အနားတွင် လစဉ် ၁ကြိမ်လောက် ထည့ပေးပါ။
အရမ်းစိုစွတ်နေသောနေရာတွေမှာ ပိုမိုအသုံးချသင့်ပါတယ်။
အကျိုးကျေးဇူး
ရောဂါဖြစ်နှုန်းလျော့ချခြင်း – Rhizoctonia, Sclerotium, Fusarium စတဲ့ မှိုပိုးများကို တိုက်ဖျက်နိုင်ပါတယ်။
စျေးသက်သာမှု – နည်းနည်းအသုံးချလို့ ရောဂါထိန်းချုပ်နိုင်တာကြောင့် အကျိုးထွက်နဲ့ သုံးစွဲကုန်ကျစရိတ်ကို ချိုသာစေပါတယ်။
သတိပြုရန်
Bacillus subtilis ကို အရိပ်ရသောနေရာတွင်သိမ်းဆည်းပါ။
ရာသီဥတုနဲ့ မြေဆီလွှာအခြေအနေကို သင့်တင့်စွာ စစ်ဆေးပြီးမှ အသုံးချပါ။
နိဂုံးချုပ် – Bacillus subtilis က ခါးရိရောဂါများကို သဘာဝနည်းနဲ့ထိန်းချုပ်နိုင်တဲ့ အကျိုးပြု ဘက်တီးရီးယားပါ။ တောင်သူအတွက် အလွယ်တကူအသုံးချနိုင်ပြီး သီးနှံကျန်းမာရေးတိုးတက်စေသလို၊ စိုက်ခင်းရဲ့ အချိန်နဲ့ ငွေကုန်ကျစရိတ်ကိုလည်း ချွေတာနိုင်ပါတယ်။
ထရိုင်ကိုဒါးမားတခုတည်း ခါးရိ ပြသနာဖြေရှင်းနိုင်တယ်ထင်မှာ စိုးတာရယ်
Bacillus subtalic bacteria ကလဲ အခု အဖြစ်များနေတဲ့ ခါးရိ မြစ်ခြောက်ဆွေး ကို နိုင်နင်းပါသေးတယ်ဆိုတာ ...........
ငတုံးcredit စိုက်ပျိုးရေး
Khant Zaw Htet