14/08/2026
22 magic amethyst bracelet / 9000 Ks
Amethyst
- စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုများကိုသက်သာစေပြီး စိတ်အေးချမ်းစေတဲ့ healing crystal တစ်မျိုးဖြစ်ပါတယ်။
- အိပ်မပျော်သူများကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး တိတ်ဆိတ်မှု၊ တည်ငြိမ်မှုကိုလည်းပေးစွမ်းပါတယ်။
- Amethyst ကို အချစ်ရေးအတွက် အလွန်အားကောင်းတဲ့ Stone တစ်မျိုးအဖြစ် ယုံကြည်ကြပြီး ချစ်သူများအကြား စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုကို နက်ရှိုင်းစေခြင်း၊ ယုံကြည်မှု တိုးပွားစေခြင်း၊ သစ္စာရှိမှုကို အားပေးပံ့ပိုးပေးခြင်းတို့ကို အားကောင်းစေတယ်လို့ဆိုပါတယ်။
🔮 Third Eye Chakra ၊ Crown Chakra တို့နှင့် ဆက်စပ်သည်ဟု ယုံကြည်ကြပြီး၊ တရားထိုင်ချိန်တွင် အလိုလိုသိမြင်နိုင်စွမ်း (Intuition) ကို မြှင့်တင်ရန်၊ အတွေးအမြင်နှင့် နားလည်သဘောပေါက်နိုင်စွမ်း (Cognitive Perception) ကို ကောင်းမွန်စေရန်၊ ယုတ္တိကျကျ ဆုံးဖြတ်နိုင်စွမ်း (Logical Decision-Making) ကို အားပေးရန် အသုံးပြုလေ့ရှိကြပါတယ်။
💜မကောင်းသောစိတ်သဘောထားများကို ပယ်ဖျက်ပေးခြင်း
💜စိတ်ဒဏ်ရာများမှ ကင်းဝေးပြီး healing ဖြစ်စေခြင်း
💜သံသယ၊ ဒေါသစတဲ့ negative energy တွေကိုလျှော့ချပေးတတ်ခြင်း
💜မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်စွမ်း (intuition) ကို မြှင့်တင်ပေးခြင်း၊
💜မကောင်းသောစွမ်းအင်၊ မလိုလားသောအရာများကိုကာကွယ်ပေးတတ်ခြင်း
💜 negative energy များကိုသန့်စင်ပေးခြင်း
💜 သင်ယူသည့်နေရာနှင့် အလုပ်တွေမှာ စိတ်ပျံ့နှံ့မှုကင်းဝေးစေပြီး အာရုံစူးစိုက်နိုင်စွမ်းရှိစေခြင်း စတဲ့အကျိုးကျေးဇူးတွေကိုရရှိစေတာကြောင့် ပညာရေးနဲ့အလုပ်ခွင်မှာအဆင်ပြေစေဖို့လည်းဆောင်တတ်ကြပါတယ်။
💜 အချစ်ရေးအတွက်လည်း ဆောင်နိုင်သလို Rose Quartz နဲ့တွဲသုံးရင် အချစ်ရေးအတွက်ပိုမိုကောင်းမွန်ပါတယ်တဲ့ရှင် ။
- Aquarius, Pisces, Virgo , Capricorn Sign လေးတွေအတွက် အဆောင်ကောင်း
- February born လေးတွေအတွက် အဆောင်မွန်
လက်ကောက်၊ လက်ပတ်အဖြစ်ဝတ်ဆင်ပြီးဆောင်လို့ရသလို အိပ်ခန်းမှာဆောင်ထားခြင်းကလည်း အိပ်စက်ခြင်းအတွက် အထောက်အကူဖြစ်ပါတယ်။
💜 ဘယ်လက်မှာ ဝတ်ဆင်သင့်လဲ
Amethyst ကို ပညာရေး၊ ကျန်းမာရေး၊ စိတ်တည်ငြိမ်မှုအတွက် အဓိကရည်ရွယ်တယ်ဆိုရင်ဘယ်လက်မှာဝတ်ကြတယ်။ စိတ်ဖိစီးမှုလျော့ချင်တာ၊ မကောင်းတဲ့စွမ်းအင်တွေကို ဖယ်ရှားချင်တာ ၊ ကာကွယ်ချင်တာဆိုရင်တော့ ညာလက်မှာ ဝတ်ရပါတယ်။
Crystal ဆောင်ရန် သိမှတ်ရာများ
https://t.me/kokosplace2000/847