23/11/2024
သင့်အိမ်ကလေး လှပကြံ့ခိုင်အောင် ဆေးသုတ်ဖို့ဆိုရင် ဘာတွေလိုအပ်မလဲ ???? သိချင်ရင် ဆက်ဖက်ကြည့် ရအောင်နော်………...,❔❔
👉နံပတ်(၁) ကတော့ မိမိဆေးသုတ်မဲ့ နံရံမျက်နှာပြင်ဟာ အိမ်အတွင်းမှာလား၊ အပြင်မှာလားဆိုတာကို ဉီးစွာခွဲခြား ရပါမယ်။ ဈေးကွက်ထဲမှာ အတွင်းသုတ်ဆေး၊ အပြင်သုတ်ဆေးစသည်ဖြင့် မျက်နှာပြင်ရဲ့နေရာကိုသာမက မျက်နှာပြင်အမျိုးအစားအပေါ်ပါမူတည်ပြီး ဆေးအမျိုးအစားများစွာရှိပါတယ်။ ဒါကြောင့် ဆိုင်ရှင်နဲ့ ကောင်းစွာဆွေးနွေးပြီးမှ ဝယ်ယူဖို့ အကြံပြုပါတယ်ရှင် ...။
👉နံပတ်(၂) ကတော့ မျက်နှာပြင်ဟာ အသစ်လား၊ အဟောင်းလားဆိုတာကို ဂရုပြုရပါမယ်။ မျက်နှာပြင်အဟောင်း ဆိုရင်တော့ မျက်နှာပြင်ကို သေချာလေးသန့်ရှင်းရေးပြုလုပ်ပေးဖို့ လိုအပ်ပါတယ်..
✅မှို၊ ရေညှိ၊ သစ်ကပ်မှော်စတာတို့ရှိနေရင်တော့ ကောင်းစွာရှင်းလင်းပြီး နောင်ပြန်လည်မပေါက်ပွားစေဖို့ ORIENT Fungicidal Wash (FW99) ကို သုံးစွဲသင့်ပါတယ်ရှင် ....
✅အမှုန်ဖွာစပြုနေတဲ့ ဆေးဟောင်းမျက်နှာပြင်တွေဆိုရင်တော့ ဆီအခြေခံ PREMIER Acrylic Wall Sealer (PS32) ဆီလာကိုသုံးပေးသင့်ပါတယ် ....၊
✅ဆေးဟောင်းရှိပြီးအခြေအနေကောင်းမွန်ဆဲမျက်နှာပြင်တွေဆိုရင်တော့ ဆီလာမခံပဲ အပေါ်ဆေးကို တိုက်ရိုက် ခြယ်သနိုင်ပါတယ်ရှင်....
✅ပေါင်ဒါပတ်တီးနဲ့အချောသတ်ထားတဲ့မျက်နှာပြင်တွေဆိုရင် ချုပ်အားပိုကောင်းတဲ့ PREMIER HI Bond Sealer ကို သုံးစွဲသင့်ပါတယ် ...
👉နံပတ်(၃ ) အချက်ကတော့ နိုင်ငံတကာစံနှုန်းများအရ ဆေးသုတ်မဲ့ အင်္ဂတေမျက်နှာပြင်ဟာ ရေငွေ့ပါဝင်မှုနှုန်း ၁၅% အောက်သာရှိသင့်ပါတယ်။ လိုအပ်ရင် Moisture Meter နဲ့တိုင်းတာခြင်း၊ ရေငွေ့နည်းပါးအောင် စောင့်ဆိုင်း ခြင်းတို့ ပြုလုပ်သင့်ပါတယ်ရှင် ...။
အခုအချက်လေးတွေ သိပြီဆိုရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ ဆေးရောင်လှလှ ခြယ်သနိုင်ပါပြီ…
#
#ဟိန်းဆက်သင်္ဘောဆေးဆိုင်