Hay Mann's Gallery

Hay Mann's Gallery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hay Mann's Gallery, Arts & Crafts Store, Mandalay.

သင် ဒီပန်းချီဆရာမရဲ့ ရေဆေးပန်းချီကားတွေကိုမြင်ရင် ရေဆေးပန်းချီကို ရူးရူးမူးမူး ချစ်တတ်လာမှာပါ😍Valentina Verlatoအီတလီလူမျ...
15/02/2023

သင် ဒီပန်းချီဆရာမရဲ့ ရေဆေးပန်းချီကားတွေကိုမြင်ရင် ရေဆေးပန်းချီကို ရူးရူးမူးမူး ချစ်တတ်လာမှာပါ😍

Valentina Verlato

အီတလီလူမျိုး Valentina Verlato သည် စာပေကျောင်းမှ ဘွဲ့ရပြီး ဘာသာစကားနှင့်သမိုင်းဆိုင်ရာ စာတမ်းကို ပြုစုပြီးတဲ့နောက် ပန်းချီကို စိတ်အားထက်သန်စွာ ​ရေးဆွဲရန် ဆုံးဖြတ်ခဲ့သည်။ သူမသည် စာအုပ်တစ်အုပ်ကို သရုပ်ဖော် ရေးဆွဲခဲ့ပြီးနောက် နာမည်ကြီး၊အထင်ကရ ပြပွဲများတွင် နှစ်နှစ် တစ်ကြိမ် အများအပြား ပါဝင်ရေးဆွဲခဲ့သည်။ Padova ရှိ 4th Watercolor Biennial နှင့် Biennial International Prize "Marche d'Aqua''Valentina ပြိုင်ပွဲများ တွင် အကဲဖြတ်အဖွဲ့ဝင်များ၏ အထူးဖော်ပြအလေးပေးခြင်းခံခဲ့ရပါသည်။ သူမသည် သဘာဝအတိုင်းလှပနေသော ပန်းမာန်ပန်းပွင့်များ၊မပီဝိုးတဝါးတည်ရှိနေသော သစ်ပင်၊ဘုရားကျောင်းနှင့် လမ်းဘေးကော်ဖီဆိုင်များ၏အလှနှင့်သဘာဝအရှိတရားများကိုပီပြင်စွာရေးဆွဲနိုင်သည့်အပြင် နူးညံ့ခြင်း၊ကြမ်းတမ်းခြင်းစသောစရိုက်အစုံနှင့် ပုံတူရေးဆေးပန်းချီများကို ပြောင်မြောက်စွာဖန်တီးနိုင်သူ အမျိုးသမီးဖြစ်သည်။လက်ရှိ ကမ္ဘာ့အကောင်းဆုံး ရေဆေးပန်းချီပညာရှင်များထဲမှ တစ်ယောက်အဖြစ်သတ်မှတ်ခံထားရသူဖြစ်သည်။
❤❤အောက်တွင်သူမ၏ ပြောင်မြောက်လှပသောရေဆေးပန်းချီကားများကို လေ့လာနိုင်ပါသည်ရှင့်🙏🙏🙏

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားဝန်းအတွင်းရှိ အလွန်အင်မတန်မှလက်ရာမြောက် တန်ဖိုးဖြတ်၍မရသော ပန်းချီအနုပညာရှင်...
29/01/2023

မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားဝန်းအတွင်းရှိ အလွန်အင်မတန်မှလက်ရာမြောက် တန်ဖိုးဖြတ်၍မရသော ပန်းချီအနုပညာရှင်ကြီးများ၏ ပြောင်မြောက်သောပန်းချီလက်ရာများတည်ရှိရာ ''မဟာမုနိသမိုင်းပန်းချီပြခန်း'' အတွင်းမှ ပန်းချီအနုလက်ရာများကို Hay Mann's Gallery မှ ပန်းချီချစ်သူတို့ လေ့လာနိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်ရှင့်😍
❓ပုံတစ်ပုံချင်းဆီရဲ့အသေးစိတ်အချက်အလက်တွေကို ပုံအောက်မှာ ဖတ်ရှူ့လေ့လာနိုင်ပါတယ်ရှင့်🙏🙏🙏

🖌Vincent van Gogh နောက်ဆုံးရေးဆွဲခဲ့တဲ့ ပန်းချီကား🏞Title    - Tree RootsArtist  -Vincent van Gogh (1853 - 1890),Auvers-s...
26/01/2023

🖌Vincent van Gogh နောက်ဆုံးရေးဆွဲခဲ့တဲ့ ပန်းချီကား🏞
Title - Tree Roots
Artist -Vincent van Gogh (1853 - 1890),
Auvers-sur-Oise, ဇူလိုင်လ 1890ခုနှစ်
Medium - Oil on Canvas
Size - 50.3 cm x 100.1 cm

ကမ္ဘာ့ပန်းချီသမိုင်းမှာ ထင်ရှားကျော်ကြားတဲ့ ပန်းချီပညာရှင်ကြီး Vincent van Goghဟာ သူ့ရဲ့အသက် ၃၇နှစ်အရွယ်မှာ သူ့ကိုယ်သူSuicide လုပ်ပြီး ဝမ်းနည်းစွာ ကြွေလွင့်ခဲ့ပါတယ်။ သူရဲ့ထူးခြားတဲ့ရေးဟန်နဲ့ လှပအသက်ဝင်လွန်းတဲ့ ပန်းချီကားတွေဟာ သူကွယ်လွန်ပြီးနောက်ပိုင်းမှသာ ကမ္ဘာအနှံ့ကပန်းချီစုဆောင်းသူများနဲ့ ပန်းချီလောကကြားမှာ စံချိန်တင်စျေးနှုန်းတွေနဲ့ တန်ဖိုးဖြတ်မရတဲ့ လက်ရာတွေအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေလာခဲ့တာအခုချိန်ထိပါပဲ။
သူရေးဆွဲခဲ့တဲ့ ပန်းချီကားပေါင်းများစွာထဲမှ သူကွယ်လွန်တဲ့ 1890ခုနှစ် ဇူလိုင်လမှာ ရေးဆွဲခဲ့တဲ့ ''Tree Roots'' လို့အမည်ပေးထားတဲ့ပန်းချီကားဟာ Vincent van Goghရဲ့နောက်ဆုံးလက်ရာလို့ ပညာရှင်များက သတ်မှတ်ထားကြပါတယ်။
ဒီလိုသတ်မှတ်ချက်များနှင့်အတူ Vincent ရဲ့Suicideမလုပ်ခင် ခံစားချက်အပြည့်နဲ့ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ရဲ့ လက်တွေ့မြင်ကွင်းတည်နေရာကို အသည်းအသန်ရှာဖွေခဲ့ကြပါတယ်။ ရာစုနှစ်တစ်ခုကြာခဲ့ပြီဖြစ်တဲ့တည်နေရာ ရှာဖွေဖို့ရာ ဓာတ်ပုံအဟောင်းများ၊ပို့စ်စကပ်အဟောင်းများနှင့် အခြားသောအကူအညီရနိုင်မည့် မည်သည့်နေရာကမဆို ကြိုးစားရှာဖွေခဲ့ကြပါတယ်။
ကြိုးစားမှုရဲ့ရလဒ် အနေနှင့် 2020ခုနှစ်တွင် Auvers-sur-Oise ရှိVincent ပန်းချီကားဖန်တီးရေးဆွဲခဲ့ရာမြင်ကွင်းတည်နေရာနှင့်အနီးစပ်ဆုံးပုံကို Institute Van Gogh ၏ သိပ္ပံဒါရိုက်တာ Wouter van der Veen မှ ရှာဖွေတွေ့ရှိခဲ့ပါသည်။ 1900 မှ 1910 ခုနှစ်များဝန်းကျင်တွင်ထွက်ရှိခဲ့သော ပို့စကတ်တစ်ခုတွင် သစ်ပင်ပင်စည်များနှင့် အမြစ်များ ပေါက်နေသော တောင်စောင်းသည်ပန်းချီကားတွင်ပါရှိသောပုံရိပ်များနှင့်အလွန်နီးစပ်ဆင်တူခဲ့သည်။
ဒုတိယမြောက်တွေရှိမှုအနေဖြင့် 2020ခုနှစ်တွင်တွေ့ရှိခဲ့သော ပို့စ်စကပ်တွင်ပါဝင်သောမြင်ကွင်းထက်ရှင်းလင်းသောသမိုင်းဝင်ဓာတ်ပုံတစ်ခုသည် Vincent van Gogh ၏နောက်ဆုံးပန်းချီလို့သတ်မှတ်ထားတဲ့''Tree Roots'' ၏တည်နေရာအတိအကျကို အတည်ပြုကြောင်း ပြင်သစ်အင်စတီကျု Van Gogh က 28 ရက် ဇူလိုင် 2021တွင်ဖော်ပြခဲ့သည်။ Van Gogh သည် သူ့ကိုယ်သူ သတ်မသေမီ နာရီအနည်းငယ်အလိုတွင် Tree Roots ပန်းချီကို ရေးဆွဲခဲ့သည်ဟုဆိုသည်။
**( အောက်ဖော်ပြပါဓာတ်ပုံများထဲတွင် Vincent ၏ ''Tree Roots''ပန်းချီကားရေးဆွဲဟန်စုတ်ချက်များကိုအနီးကပ်လေ့လာနိုင်သည်)
ဤပန်းချီကားကို မြင်မြင်ချင်းတွင် တောက်ပသောအရောင်အသွေးနှင့် စိတ်ကူးယဉ်ဆန်သည့် နက်နဲသောခံစားချက်များ ဖြင့်ရေးဆွဲဖန်တီးထားပုံရသည်။စိတ်ဝင်တစားကြည့်ရှုခံစားပြီးမှသာ တောင်စောင်းတစ်ခုတွင် လှပစွာပေါက်ရောက်တည်ရှိနေသော သစ်ပင်ရဲ့ ပင်စည်နဲ့ အမြစ်များပါရှိတဲ့ မြင်ကွင်းတစ်ခုကို လက်ရာမြောက်စွာဖန်တီးရေးဆွဲထားသည်ကို နားလည်သဘောပေါက်နိုင်သည်။ပန်းချီကားတွင်ပါဝင်သော သစ်ပင်များသည် Maralကျောက်မိုင်းတွင် ပေါက်နေသောသစ်ပင်များဖြစ်သည်။ Auvers (FR) (ပြင်သစ်)အနီးတဝိုက်တွင် ထိုကဲ့သို့သော ကျောက်တုံးများကို တွေ့ရှိနိုင်သည်။ဤပန်းချီကားသည် အပြီးမသတ်ရသေးသော ပန်းချီကားတစ်ချပ်ဟုလည်းသုံးသပ်ကြသည်(*မပြီးသေးသောပန်းချီကားဟုမည်သည့်အချက်ကိုကြည့်ပြီးသုံးသပ်သည်ကိုတော့ ရှင်းပြချက်ရှာမတွေ့ပါ)။Vincent Van Gogh ၏ နောက်ဆုံးပန်းချီဖြစ်နိုင်သည်ဟု ပညာရှင်များက သုံးသပ်ထားသလို အချက်အလက်အချို့လည်းရှိနေသည်။ Vincent van Gogh ၏အစ်ကို Theo၏ ​ယောက်ဖတော်စပ်သူ Andries Bonger က '' Van Gogh မသေဆုံးမီ နံနက်ခင်းတွင် ဘဝ၏နေဝင်ချိန်နှင့်အတူ ပြီးပြည့်စုံသော တောအုပ်တစ်ခုကို ရေးဆွဲခဲ့သည်'' ဟု ရေးသားခဲ့ဖူးသည်။
Van Gogh ပြတိုက်၊ အမ်စတာဒမ် (Vincent van Gogh ဖောင်ဒေးရှင်း)
🔴 ဖော်ပြပါအချက်အလက်များသည် သမီးတို့ Hay Mann's Galleryမှ ရှာဖွေစုဆောင်းထားသောအချက်အလက်များကို အနီးစပ်ဆုံးဘာသာပြန်တင်ဆက်ထားခြင်းဖြစ်၍ လွဲမှားတဲ့အချက်အလက်များပါဝင်ပါက commentတွင်.(လွတ်လပ်စွာ)မှတ်ချက်ပေးနိုင်ပါသည်ရှင့်။ဗဟုသုတလေးတစ်ခုရခဲ့ရင်လည်းlike&shareလေးနဲ့အားပေးခဲ့ပါဦးရှင့်🙏🙏🙏

ဒီရက်ပိုင်း သမီးရဲ့ Hay Mann's  Gallery ကပန်းချီကားလေး ၃ချပ် 🔴Sold Outပါတယ်ရှင့်😍ယုံယုံကြည်ကြည်နဲ့မှာယူအားပေးတဲ့ ရန်ကုန်...
12/01/2023

ဒီရက်ပိုင်း သမီးရဲ့ Hay Mann's Gallery ကပန်းချီကားလေး ၃ချပ် 🔴Sold Outပါတယ်ရှင့်😍
ယုံယုံကြည်ကြည်နဲ့မှာယူအားပေးတဲ့ ရန်ကုန်ကဦးဦးနဲ့ မန္တလေးကဦးဦးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်😘
မေတ္တာဖြင့် ကူညီရောင်းချပေးပါသော အန်တီခွန်း 's Art Gallery ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင့်🙏🙏🙏

တွေ့ရင် အကြောင်းကြားပါရှင့်..ကူညီလျှက်ပါ။
14/12/2022

တွေ့ရင် အကြောင်းကြားပါရှင့်..ကူညီလျှက်ပါ။

Address

Mandalay

Telephone

+959788366772

Website

Alerts

Be the first to know and let us send you an email when Hay Mann's Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hay Mann's Gallery:

Share