Mayor Construction

Mayor Construction Architecture Design
Construction
Interior Decoration

ကိုယ့်ရဲ့ အိပ်မက်ထဲက အိမ်လေးပဲဖြစ်ဖြစ်၊ တစ်ခြား အဆောက်အအုံတွေအတွက်အဖြစ်ဖြစ် လက်တွေ့ အကောင်အထည်ဖော်ကြတဲ့အခါ💭✨ "ဘယ်ကနေစရမလ...
23/03/2026

ကိုယ့်ရဲ့ အိပ်မက်ထဲက အိမ်လေးပဲဖြစ်ဖြစ်၊ တစ်ခြား အဆောက်အအုံတွေအတွက်အဖြစ်ဖြစ်
လက်တွေ့ အကောင်အထည်ဖော်ကြတဲ့အခါ💭✨

"ဘယ်ကနေစရမလဲ?"🧐
"ခွင့်ပြုမိန့်တွေကရော ဘယ်လိုတင်ရမလဲ?"📝

ဒီလို အခက်အခဲတွေတော့ ဘာမှ မစိုးရိမ်ပါနဲ့တော့ ဘာလို့လဲဆိုတော့ ဒီဇိုင်းကနေ ခွင့်ပြုမိန့်အထိ အစအဆုံး တာဝန်ယူဆောင်ရွက်ပေးသွားမယ့် 𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ရှိနေလို့ပါပဲ။✅🤝

💠𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐃𝐞𝐬𝐢𝐠𝐧 – စိတ်ကူးထဲကအိမ်ကို 𝟐𝐃/𝟑𝐃 ပုံဖော်ပေးခြင်း။
💠 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐏𝐞𝐫𝐦𝐢𝐭 – သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုမိန့် (𝐏𝐞𝐫𝐦𝐢𝐭) အပြီးအစီး ဆောင်ရွက်ပေးခြင်း။
💠 𝐄𝐱𝐩𝐞𝐫𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 – ကျွမ်းကျင်အင်ဂျင်နီယာများမှ စနစ်တကျ တွက်ချက်တည်ဆောက်ပေးခြင်း စတဲ့ အထူးဝန်ဆောင်မှုတွေနဲ့အတူ

လူကြီးမင်းတို့ရဲ့ အိမ်ဂေဟာအသစ်လေးအတွက် အကြံဉာဏ်ရယူချင်တာပဲဖြစ်ဖြစ်၊ လုပ်ငန်းအပ်နှံချင်တာပဲဖြစ်ဖြစ် အခုပဲ ဆက်သွယ်လိုက်ပါ။👇👇

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
☎️𝟎𝟗-𝟐𝟎𝟎𝟔𝟕𝟒𝟕
☎️ 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟔𝟕𝟒𝟕
📍အမှတ် 𝟏𝟗𝟏/𝐁၊𝟐𝟔 လမ်း၊ လမ်း 𝟖𝟎 𝐱 𝟖𝟏လမ်းကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

အိမ်ရဲ့ အပေါ်ဆုံးအမိုး(𝐒𝐥𝐚𝐛)ဟာ ရာသီဥတုဒဏ်ကို အများဆုံးခံရတဲ့နေရာပါ။အချိန်ကြာလာရင် ရေစိမ့်တာ၊နံရံမှိုတက်တာ၊ဆေးကွာကျမှုတွေ...
17/03/2026

အိမ်ရဲ့ အပေါ်ဆုံးအမိုး(𝐒𝐥𝐚𝐛)ဟာ ရာသီဥတုဒဏ်ကို အများဆုံးခံရတဲ့နေရာပါ။အချိန်ကြာလာရင် ရေစိမ့်တာ၊နံရံမှိုတက်တာ၊ဆေးကွာကျမှုတွေ မဖြစ်ရအောင် 𝐌𝐚𝐲𝐨𝐫 မှ အဆင့်မြင့် 𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟𝐢𝐧𝐠 စနစ်နဲ့ စိတ်ချရအောင် လုပ်ဆောင်ပေးပါတယ်။👷‍♂️💧

အဆင့်ဆင့် လုပ်ဆောင်ချက်တွေဖြစ်တဲ့
✅ အက်ကြောင်းငယ်လေးတွေအထိ ရှာဖွေပြင်ဆင်ခြင်း။
✅ နိုင်ငံတကာအဆင့်မီ 𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟𝐢𝐧𝐠 𝐂𝐡𝐞𝐦𝐢𝐜𝐚𝐥 များကိုသာ အသုံးပြုခြင်း။
✅ရေစိမ့်ဝင်မှု လုံးဝမရှိအောင် စနစ်တကျ အလွှာလိုက် အုပ်ပေးခြင်း။
✅ ရေဝပ်ခြင်းမရှိစေဘဲ ရေဆင်းမြန်စေရန် အထူးဂရုပြုခြင်း။

အိမ်တစ်လုံးရဲ့ အလှတရားဟာ ရေရှည်ခံနိုင်ရည်ရှိမှသာ စစ်မှန်တာပါ။ အိမ်သစ်ဆောက်မည့်သူများ၊ အမိုးရေစိမ့်နေ၍ ပြုပြင်ချင်သူများအတွက် 𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အကောင်းဆုံး အာမခံချက်ပေးတာမို့ အသေးစိတ်ဆွေးနွေးနိုင်ဖို့ အခုပဲဆက်သွယ်လိုက်တော့နော်📞👇

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
☎️𝟎𝟗-𝟐𝟎𝟎𝟔𝟕𝟒𝟕
☎️ 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟔𝟕𝟒𝟕
📍အမှတ် 𝟏𝟗𝟏/𝐁၊𝟐𝟔 လမ်း၊ လမ်း 𝟖𝟎 𝐱 𝟖𝟏လမ်းကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

အိမ်တစ်လုံးရဲ့ ပြည့်စုံမှုဆိုတာအုတ်မြစ်ခိုင်ရုံနဲ့ မပြီးပါဘူး။နေ့စဥ်ထိတွေ့နေရမယ့် နံရံတွေ၊ခြေချလိုက်တိုင်း ခံစားရမယ့် ကြ...
09/03/2026

အိမ်တစ်လုံးရဲ့ ပြည့်စုံမှုဆိုတာအုတ်မြစ်ခိုင်ရုံနဲ့ မပြီးပါဘူး။နေ့စဥ်ထိတွေ့နေရမယ့် နံရံတွေ၊ခြေချလိုက်တိုင်း ခံစားရမယ့် ကြွေပြားတွေက နေထိုင်မှုအဆင့်အတန်းကို ဖော်ပြနေတာပါ။

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ရဲ့စေ့စပ်သေချာတဲ့ အချောသတ်ပိုင်းကတော့
💢လှိုင်းမထဘဲ ပိုးသားလို ချောမွေ့တဲ့ နံရံဆေးသား။
💢မျက်စိ ပသာဒဖြစ်စေမယ့် တိကျတဲ့ အကွာအဝေးနဲ့ ရေဆင်းမှန်ကန်တဲ့ လက်ရာများ၊
💢 အနားသတ်သပ်ရပ်ပြီး ခိုင်ခံ့လှပတဲ့ တံခါးနဲ့ မျက်နှာကြက်ဒီဇိုင်းများဟာ

အပေါ်ယံအလှတင်မဟုတ်ဘဲ အနုစိတ်ဆုံး စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်မှာမို့ သင့်အိမ်မက်တွေကို အသေးစိတ်ကစလို့ လက်တွေ့ပုံဖော်ဖို့ ကျွန်မတို့ဆီကို အခုပဲ ဆက်သွယ်လိုက်ပါရှင်။ 👷‍♀️🛠️

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
☎️𝟎𝟗-𝟐𝟎𝟎𝟔𝟕𝟒𝟕
☎️ 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟔𝟕𝟒𝟕
📍အမှတ် 𝟏𝟗𝟏/𝐁၊𝟐𝟔 လမ်း၊ လမ်း 𝟖𝟎 𝐱 𝟖𝟏လမ်းကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

အိမ်တစ်လုံးရဲ့ ဝန်(𝐋𝐨𝐚𝐝)အားလုံးကို ထမ်းထားရတာက တိုင်ခြေတွေလို့ပြောရင် မမှားပါဘူး။တိုင်ခြေ စနစ်မကျရင် အက်တာ၊တစ်ဖက်စောင်းတ...
27/02/2026

အိမ်တစ်လုံးရဲ့ ဝန်(𝐋𝐨𝐚𝐝)အားလုံးကို ထမ်းထားရတာက တိုင်ခြေတွေလို့ပြောရင် မမှားပါဘူး။တိုင်ခြေ စနစ်မကျရင် အက်တာ၊တစ်ဖက်စောင်းတာကနေ ပြိုကျတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။✅💭

အဓိကအချက်တွေဖြစ်တဲ့ 👇👇

💠သံချည်ပုံ စနစ်တကျရှိခြင်း(𝐑𝐞𝐢𝐧𝐟𝐨𝐫𝐜𝐞𝐦𝐞𝐧𝐭)💠

သံချောင်း အကွာအဝေး(𝐒𝐩𝐚𝐜𝐢𝐧𝐠)တိကျရပါမယ်။ကျဲလွန်းရင် ဝန်မခံနိုင်သလို စိပ်လွန်းရင်လည်း ကွန်ကရစ်ကျောက်စရစ်များ ကြားထဲမဝင်ဘဲ အခေါင်းပွဖြစ်တတ်ပါတယ်။

💠 ကွန်ကရစ်ဖုန်းအုပ်မှု💠

သံချောင်းနဲ့ မြေကြီးကြား အနည်းဆုံး(၃)လက်မခန့် ကွန်ကရစ်သား ရှိရပါမယ်။ 𝐂𝐨𝐯𝐞𝐫𝐢𝐧𝐠 မရှိရင် မြေကြီးထဲက အစိုဓာတ်ကြောင့် သံချောင်း သံချေးတက်ပြီး တိုင်ခြေ ဆွေးမြည့်သွားနိုင်ပါတယ်။

💠 အချိုးအစား မှန်ကန်ခြင်း 💠

တိုင်ခြေအတွက် သတ်မှတ်ထားတဲ့ ဘိလပ်မြေ၊သဲ၊ကျောက် အချိုးအစားကို တိကျစွာ ဖျော်စပ်ရပါမယ်။ရေများလွန်းရင် ကွန်ကရစ် ခိုင်ခံ့မှု သိသိသာသာ လျော့နည်းသွားတတ်ပါတယ်။

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 မှာတော့ တိုင်ခြေ(𝐅𝐨𝐨𝐭𝐢𝐧𝐠)တစ်ခုချင်းစီကို 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐃𝐞𝐬𝐢𝐠𝐧 အတိုင်း အင်ဂျင်နီယာများကိုယ်တိုင် အသေးစိတ်ကြပ်မတ်စစ်ဆေးပြီးမှသာ ပြုလုပ်ပေးပါတယ်။👷‍♀️🛠️

ဒါကြောင့် ခိုင်ခံ့မှုမှာ အလျှော့မပေးတဲ့ အိမ်လေးတစ်လုံးအတွက် 𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 နဲ့ သာ ဆွေးနွေး တိုင်ပင်လိုက်ပါ👇👇

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
☎️𝟎𝟗-𝟐𝟎𝟎𝟔𝟕𝟒𝟕
☎️ 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟔𝟕𝟒𝟕
📍အမှတ် 𝟏𝟗𝟏/𝐁၊𝟐𝟔 လမ်း၊ လမ်း 𝟖𝟎 𝐱 𝟖𝟏လမ်းကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

အိမ်တစ်လုံး စတင်တော့မယ်ဆိုရင် ခိုင်ခံ့ပြီး  စိတ်ချရဖို့အတွက် ဒီအခြေခံ(၃)ချက်ကို အရင် စစ်ဆေးပါရှင်👇 👇 🏗️ မြေအမျိုးအစား(𝐒𝐨...
23/02/2026

အိမ်တစ်လုံး စတင်တော့မယ်ဆိုရင် ခိုင်ခံ့ပြီး စိတ်ချရဖို့အတွက် ဒီအခြေခံ(၃)ချက်ကို အရင် စစ်ဆေးပါရှင်👇 👇

🏗️ မြေအမျိုးအစား(𝐒𝐨𝐢𝐥 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧)

မြေသားက မာသလား၊ပျော့သလားဆိုတာ အရင်ကြည့်ပါ၊မာသလား၊ပျော့သလားဆိုတာ အရင်ကြည့်ပါ။ မြေသားအမျိုးအစားပေါ်မူတည်ပြီး 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ကို စနစ်တကျ တွက်ချက်မှသာ အိမ်ကျွံတာ၊အက်ကြောင်းထတာမျိုး ကာကွယ်နိုင်မှာပါ။

🏗️ ရေစီးရေလာစနစ် (𝐃𝐫𝐚𝐢𝐧𝐚𝐠𝐞 𝐒𝐲𝐬𝐭𝐞𝐦)

မိုးရာသီမှာ ရေဝပ်တတ်တဲ့ နေရာလား၊လမ်းထက်နိမ့်နေသလားဆိုတာ စစ်ဆေးပါ။အိမ်ကထွက်တဲ့ ရေဆိုးထုတ်စနစ် ကောင်းမွန်မှသာ ရေရှည်မှာ အစိုပြန်တာနဲ့ အနံ့အသက်ဆိုးတွေကို ကင်းဝေးမှာဖြစ်ပါတယ်။

🏗️ နေရောင်ခြည်နဲ့ လေဝင်လေထွက်(𝐎𝐫𝐢𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧)

အိမ်ရဲ့ မျက်နှာစာလှည့်ပုံက အရေးကြီးပါတယ်။အရှေ့နဲ့တောင်ဘက်အရပ်တွေက လေဝင်လေထွက် အကောင်းဆုံးဖြစ်ပြီး အနောက်ဘက်မှာ အိပ်ခန်းတွေထားမိရင် ညဘက် အိုက်စပ်တတ်တာကြောင့် 𝐃𝐞𝐬𝐢𝐠𝐧 ထုတ်ကတည်းက သေချာပြင်ဆင်ရပါမယ်။

ဒီအချက်တွေ အားလုံးကို 𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 မှ ကျွမ်းကျင် အင်ဂျင်နီယာများက အသေးစိတ် တာဝန်ယူ တွက်ချက်တည်ဆောက်ပေးနေပါတယ်ရှင်👷‍♀️🛠️

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
☎️𝟎𝟗-𝟐𝟎𝟎𝟔𝟕𝟒𝟕
☎️ 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟔𝟕𝟒𝟕
📍အမှတ် 𝟏𝟗𝟏/𝐁၊𝟐𝟔 လမ်း၊ လမ်း 𝟖𝟎 𝐱 𝟖𝟏လမ်းကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

#မန္တလေး

🐎 🏮 𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 🏮🐎 မြင်းနှစ်သစ်မှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ မိမိတို့ရည်မှန်းထားသမျှ အရာရာတိုင်း အထမြောက...
16/02/2026

🐎 🏮 𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 🏮🐎

မြင်းနှစ်သစ်မှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ မိမိတို့ရည်မှန်းထားသမျှ အရာရာတိုင်း အထမြောက်အောင်မြင်ကြပါစေကြောင်း မိဘပြည်သူများအားလုံး စီးပွားဥစ္စာ ပေါကြွယ်လို့ ချမ်းသာခြင်းလာဘ ကျန်းမာခြင်းသုခနဲ့ ပြည့်စုံနိုင်ကြပါစေကြောင်း "𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 "မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်

အိမ်ဆောက်ဖို့ စိတ်ကူးရှိပြီဆိုရင် လူတိုင်းအမေးများဆုံး မေးခွန်းတစ်ခုက ဘယ်ရာသီမှာ စဆောက်ရင် အကောင်းဆုံးလဲဆိုတာပါပဲ။🕒 ရာသီ...
14/02/2026

အိမ်ဆောက်ဖို့ စိတ်ကူးရှိပြီဆိုရင် လူတိုင်းအမေးများဆုံး မေးခွန်းတစ်ခုက ဘယ်ရာသီမှာ စဆောက်ရင် အကောင်းဆုံးလဲဆိုတာပါပဲ။🕒

ရာသီဥတုအလိုက် အိမ်ဆောက်ရာမှာ ရှိနိုင်တဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို 𝐌𝐚𝐲𝐨𝐫 မှ မိတ်ဆွေတို့ ဆုံးဖြတ်ချက်ချရလွယ်ကူစေဖို့ ဖော်ပြပေးလိုက်ပါရစေရှင်👇👇

☀️နွေရာသီမှာတော့ အားသာချက် အနေနဲ့ မိုးလေ နှောင့်ယှက်မှုမရှိလို့ လုပ်ငန်းအမြန်ဆုံး ပြီးစီးနိုင်ပါတယ်။
ကွန်ကရစ်လောင်းတာနဲ့ ဆေးသုတ်တာတွေအတွက် အခြောက်မြန်ပေမယ့် နေရှိန်ပြင်းလို့ ကွန်ကရစ်တွေ အက်ကွဲမှုမရှိအောင် အထူးဂရုစိုက်ရတတ်ပါတယ်။

🌦️မိုးရာသီမှာတော့ မြေကျင်းတူးရတာ လွယ်သလို ၊ကွန်ကရစ်အတွက် သဘာဝအတိုင်း အစိုဓာတ်ရလို့ ခိုင်ခံ့မှုအတွက် အားသာချက်ရှိပါတယ်။
အားနည်းချက်ကတော့ မိုးသည်းရင် လုပ်ငန်းကြန့်ကြာနိုင်ပြီး ပစ္စည်းတွေ မစိုအောင်နဲ့ သံထည်တွေ သံချေးမတက်အောင် စနစ်တကျ သိုလှောင်ဖို့ လိုအပ်ပါတယ်။

🌸ဆောင်းရာသီမှာတော့ ရာသီဥတုက အေးမြလို့ လုပ်သားတွေ အလုပ်လုပ်ရတာ အဆင်ပြေဆုံးဖြစ်ပြီးတော့ တည်ဆောက်မှုက ပုံမှန်အရှိန်နဲ့ သွားနိုင်ပါတယ်။
စိန်ခေါ်မှုအနေနဲ့ ကတော့ နေ့တာတိုလို့ အလင်းရောင်ရရှိမှု နည်းပါးတာကြောင့် ညနေပိုင်း အလုပ်ချိန် နည်းသွားနိုင်ပါတယ်။

တကယ်တော့ အိမ်ဆောက်ဖို့ အကောင်းဆုံးအချိန်ဆိုတာ မိတ်ဆွေ အဆင်သင့်ဖြစ်တဲ့အချိန်ပါပဲ။
𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 အနေနဲ့ကတော့
✅ရာသီဥတုအလိုက် တိကျတဲ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐓𝐢𝐦𝐞𝐥𝐢𝐧𝐞 တွေနဲ့ စီမံပေးခြင်း၊
✅ မိုးရာသီမှာလည်း ပစ္စည်းမပျက်စီးအောင် စနစ်တကျထိန်းသိမ်းခြင်း၊
✅ နွေရာသီမှာလည်း စံချိန် စံညွှန်းမီ ကွန်ကရစ်ဖြစ်အောင် ဂရုစိုက်ခြင်းတို့ကြောင့် ရာသီမရွေး အချိန်မီပြီးစီးဖို့နဲ့ အရည်အသွေးစိတ်ချရဖို့ 𝐌𝐚𝐲𝐨𝐫 က အပြည့်အဝ တာဝန်ယူပါတယ်ရှင်

မြန်မာနိုင်ငံရဲ့ ဘယ်ရာသီဥတုမှာမဆို လူကြီးမင်းတို့ရဲ့ အိပ်မက်တွေကို အကောင်းဆုံးပုံဖော်ပေးဖို့ အသင့်ရှိနေတာမို့

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
☎️𝟎𝟗-𝟐𝟎𝟎𝟔𝟕𝟒𝟕
☎️ 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟔𝟕𝟒𝟕
📍အမှတ် 𝟏𝟗𝟏/𝐁၊𝟐𝟔 လမ်း၊ လမ်း 𝟖𝟎 𝐱 𝟖𝟏လမ်းကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

#ဆောက်လုပ်ရေး #အိမ်ဆောက်ခြင်း #မန္တလေး

အပေါ်ယံအလှတွေထက်....နှစ်ပေါင်းများစွာ ခိုင်ခံ့နေဖို့က ပိုပြီးအရေးကြီးပါတယ်။ အိမ်တစ်လုံးကို ကြည့်လိုက်ရင် မျက်စိနဲ့ မမြင်...
06/02/2026

အပေါ်ယံအလှတွေထက်....နှစ်ပေါင်းများစွာ ခိုင်ခံ့နေဖို့က ပိုပြီးအရေးကြီးပါတယ်။

အိမ်တစ်လုံးကို ကြည့်လိုက်ရင် မျက်စိနဲ့ မမြင်ရတဲ့ 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧(အုတ်မြစ်)ကသာ အိမ်ရဲ့ အသက်လို့ ဆိုရမှာပါ။ အောက်ခြေမခိုင်တဲ့အိမ် ဘယ်လောက်လှလှ ရေရှည်မှာ အက်ကွဲတာ၊နိမ့်ကျတာတွေ ဖြစ်လာနိုင်ပါတယ်။✅💖

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧မှာတော့ အိပ်မက်တွေကို စနစ်ကျတဲ့ အနုပညာတစ်ခုလို ခိုင်ခိုင်မာမာ တည်ဆောက်ပေးနေပါတယ်။

✔မြေအမျိုးအစားအလိုက် ခံနိုင်ရည်ရှိမယ့် 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အမျိုးအစား (ဥပမာ- 𝐏𝐢𝐥𝐞, 𝐑𝐚𝐟𝐭 𝐨𝐫 𝐒𝐭𝐫𝐢𝐩) ကို အင်ဂျင်နီယာပိုင်းဆိုင်ရာ တိကျစွာ တွက်ချက်ပြီးမှ လုပ်ငန်းစတင်ပါတယ်။

✔ သံချောင်း၊ ဘိလပ်မြေနဲ့ ကျောက်၊ သဲ အချိုးအစားကို စံချိန်စံညွှန်းအတိုင်း (𝐌𝐢𝐱𝐢𝐧𝐠 𝐑𝐚𝐭𝐢𝐨) တိတိကျကျ အသုံးပြုတာကြောင့် အုတ်မြစ်ဟာ ကျောက်ဆောင်တစ်ခုလို ခိုင်မာစေရပါမယ်။

✔ အခြေခံအုတ်မြစ်ဟာ စနစ်မကျရင် တစ်အိမ်လုံး စောင်းသွားနိုင်ပါတယ်။ ဒါကြောင့် 𝐌𝐚𝐲𝐨𝐫 ရဲ့ အင်ဂျင်နီယာတွေက လုပ်ငန်းခွင်မှာ အနီးကပ် ကြီးကြပ်ပြီး အမှားအယွင်းမရှိအောင် ဆောင်ရွက်ပါတယ်။

ကျွန်တော်တို့ ဆောက်ပေးတဲ့ အိမ်တိုင်းဟာ မျိုးဆက်တစ်ခုမက စိတ်အေးချမ်းသာစွာ နားခိုနိုင်တဲ့ "အမာခံခံတပ်" တစ်ခု ဖြစ်စေရပါမယ်။🏰✨

ဒါကြောင့် မိတ်ဆွေတို့ရဲ့ အိပ်မက်ထဲ အဆောက်အဦတွေ ခိုင်ခိုင်ခံ့ခံ့ ဆောက်တည်နိုင်ဖို့
𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ကိုသာ ဆက်သွယ်လိုက်တော့နော်😊🤝

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
☎️𝟎𝟗-𝟐𝟎𝟎𝟔𝟕𝟒𝟕
☎️ 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟔𝟕𝟒𝟕
📍အမှတ် 𝟏𝟗𝟏/𝐁၊𝟐𝟔 လမ်း၊ လမ်း 𝟖𝟎 𝐱 𝟖𝟏လမ်းကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

#အိမ်ဆောက်လုပ်ရေး #အုတ်မြစ် #မန္တလေး

လူတိုင်းမှာ ကိုယ်ပိုင်အိမ်လေးတစ်လုံး ပိုင်ဆိုင်ရဖို့ဆိုတဲ့  'အိပ်မက်"တစ်ခုစီရှိတတ်ကြပါတယ်။အလုပ်ကပြန်လာရင်ပဲဖြစ်ဖြစ်၊ပင်ပ...
28/01/2026

လူတိုင်းမှာ ကိုယ်ပိုင်အိမ်လေးတစ်လုံး ပိုင်ဆိုင်ရဖို့ဆိုတဲ့ 'အိပ်မက်"တစ်ခုစီရှိတတ်ကြပါတယ်။
အလုပ်ကပြန်လာရင်ပဲဖြစ်ဖြစ်၊ပင်ပန်းနွမ်းနယ်နေချိန်ပဲဖြစ်ဖြစ်....နွေးထွေးစွာကြိုဆိုနေမယ့် မိသားစုတွေအတွက် ရယ်မောပျော်ရွှင်နေစေမယ့် အိမ်လေးတစ်လုံးဖြစ်လာဖို့ဆိုတာ တကယ့်ကို အဖိုးတန်ပါတယ်။👨‍👩‍👧‍👦

ဒီလို အဖိုးတန်တဲ့ အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်တဲ့အခါ
𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အဆောက်အအုံတစ်ခု ဆောက်ပေးရုံတင်မကဘဲ.....👇

✅လေဝင်လေထွက်ကောင်းပြီး နေချင်စဖွယ်ဖြစ်အောင်၊မိသားစုအချင်းချင်း ပိုမိုနီးကပ်စေမယ့် ဖြွ့စည်းပုံမျိုးဖြစ်အောင် စိတ်စေတနာပါပါနဲ့ ဒီဇိုင်းထုတ်ပေးပါတယ်။

✅မျိုးဆက်သစ်တွေအထိ စိတ်အေးချမ်းသာစွာ နားခိုနိုင်ဖို့အတွက် အခိုင်ခံ့ဆုံးသော တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်ပေးပါတယ်။

✅ အိမ်ဆောက်ရတာ စိတ်ပင်ပန်းစရာမဖြစ်စေဘဲ ကြည်နူးစရာခရီးစဉ်တစ်ခုလို ဖြစ်နေစေဖို့ ဘတ်ဂျက်ကအစ၊ အသေးစိတ် အချက်အလက်တွေအဆုံး ကျွန်တော်တို့က အစအဆုံး ဂရုစိုက်ပေးမှာပါ။

ဒါကြောင့် မိတ်ဆွေတို့ရဲ့ အိပ်မက်တွေကို စတင်ပုံဖော်ဖို့𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ကို ယုံကြည်စွာ လှမ်းခဲ့လိုက်ပါခင်ဗျာ။ 😊🤝

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
☎️𝟎𝟗-𝟐𝟎𝟎𝟔𝟕𝟒𝟕
☎️ 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟔𝟕𝟒𝟕
📍အမှတ် 𝟏𝟗𝟏/𝐁၊𝟐𝟔 လမ်း၊ လမ်း 𝟖𝟎 𝐱 𝟖𝟏လမ်းကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။

#အိမ်မက်အိမ်လေး #ဆောက်လုပ်ရေး #မန္တလေး

"အိမ်တစ်လုံးဆောက်ဖို့ စဉ်းစားတဲ့အခါ အလှအပထက် နေထိုင်ရအဆင်ပြေဖို့က ပိုအရေးကြီးပါတယ်" 🤔မိတ်ဆွေတို့ အိမ်ဆောက်တဲ့အခါ မေ့လျော...
10/01/2026

"အိမ်တစ်လုံးဆောက်ဖို့ စဉ်းစားတဲ့အခါ အလှအပထက် နေထိုင်ရအဆင်ပြေဖို့က ပိုအရေးကြီးပါတယ်" 🤔

မိတ်ဆွေတို့ အိမ်ဆောက်တဲ့အခါ မေ့လျော့တတ်တဲ့ အရေးကြီးအချက် (၄) ချက်ကို 𝐌𝐚𝐲𝐨𝐫 က မျှဝေပေးချင်ပါတယ် 👇

အဲတာတွေကတော့.....

📌လေဝင်လေထွက်နဲ့ သဘာဝအလင်းရောင်

အိမ်ထဲမှာ အိုက်စပ်မနေဘဲ လန်းဆန်းနေစေဖို့ ပြတင်းပေါက်တွေကို ဘယ်လိုထားမလဲဆိုတာနဲ့ အလင်းရောင်ရရှိမှုကို စနစ်တကျ တွက်ချက်ပါ။

📌 ရေစီးရေလာနဲ့ ရေစိုခံစနစ်

မိုးတွင်းမှာ အိမ်အမိုးတွေယိုတာမျိုး၊နံရံတွေ စိမ့်တာမျိုး မဖြစ်စေဖို့ ရေနှုတ်မြောင်းနဲ့ 𝐖𝐚𝐭𝐞𝐫𝐩𝐫𝐨𝐨𝐟𝐢𝐧𝐠 စနစ်ကိုလည်း ကြိုတင်စီမံဖို့ လိုအပ်ပါတယ်။

📌 ပစ္စည်းရွေးချယ်မှုနဲ့ ရေရှည်ထိန်းသိမ်းမှု

ဈေးသက်သာရုံမကဘဲ ရေရှည်မှာ ခဏခဏ ပြန်ပြင်စရာမလိုမယ့် အရည်အသွေးမြင့် ကုန်ကြမ်းတွေကို ရွေးချယ်အသုံးပြုဖို့လိုအပ်ပါတယ်။

📌 အနာဂတ်အတွက် အခန်းဖွဲ့စည်းပုံ

မိသားစုဝင် တိုးလာနိုင်မှုနဲ့ လူကြီးမိဘတွေ နေထိုင်ရ အဆင်ပြေဖို့အတွက် နောင်(၁၀)နှစ်စာအထိ ကြိုတင်ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။

မိတ်ဆွေတို့ရဲ့ အိပ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ 𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
☎️𝟎𝟗-𝟐𝟎𝟎𝟔𝟕𝟒𝟕
☎️ 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟔𝟕𝟒𝟕
📍အမှတ် 𝟏𝟗𝟏/𝐁၊𝟐𝟔 လမ်း၊ လမ်း 𝟖𝟎 𝐱 𝟖𝟏လမ်းကြား ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့ ။


#ဆောက်လုပ်ရေး #အိမ်ဆောက်လုပ်ငန်း #ဗိသုကာဒီဇိုင်း #အိမ်တွင်းအလှဆင်

🙏🙏🙏 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 နှစ်သစ်ဆုတောင်း🙏🙏🙏၂၀၂၆ နှစ်သစ်မှစလို့  လူကြီးမင်းတို့ရဲ့ စီးပွားဥစ္စာများ ဒီရေအလား ကြီးပွားတိုးတက်ပြီ...
31/12/2025

🙏🙏🙏 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 နှစ်သစ်ဆုတောင်း🙏🙏🙏

၂၀၂၆ နှစ်သစ်မှစလို့ လူကြီးမင်းတို့ရဲ့ စီးပွားဥစ္စာများ ဒီရေအလား ကြီးပွားတိုးတက်ပြီး ခိုင်မာတဲ့ အိပ်မက်စိတ်ကူးတွေ အကောင်အထည် ဖော်နိုင်ပါစေကြောင်း " 𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧" မှဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်🏗️🏢

𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 ❗❗ခရစ်စမတ်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင် ခိုင်မာသော ပျော်ရွှင်မှုများ၊ အောင်မြင်မှုများကို တည်ဆောက်နို...
25/12/2025

𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 ❗❗

ခရစ်စမတ်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင် ခိုင်မာသော ပျော်ရွှင်မှုများ၊ အောင်မြင်မှုများကို တည်ဆောက်နိုင်ပါစေ။ ချစ်ခင်ရသူများနှင့်အတူ နွေးထွေးသာယာသော အချိန်လေးများ ပိုင်ဆိုင်နိုင်ပါစေကြောင်း "𝐌𝐚𝐲𝐨𝐫 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧" မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

𝐌𝐚𝐲 𝐲𝐨𝐮 𝐛𝐮𝐢𝐥𝐝 𝐥𝐚𝐬𝐭𝐢𝐧𝐠 𝐦𝐞𝐦𝐨𝐫𝐢𝐞𝐬 𝐚𝐧𝐝 𝐟𝐢𝐧𝐝 𝐞𝐧𝐝𝐥𝐞𝐬𝐬 𝐡𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬 𝐭𝐡𝐢𝐬 𝐬𝐞𝐚𝐬𝐨𝐧. 𝐖𝐢𝐬𝐡𝐢𝐧𝐠 𝐲𝐨𝐮 𝐚 𝐯𝐞𝐫𝐲 𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬!

Address

26B Road, Between 80&81 Street
Mandalay
05015

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9592006747

Alerts

Be the first to know and let us send you an email when Mayor Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mayor Construction:

Share

Classic City Tea Saloon

99.99% Finished