ပြည့်မှုးကျော်

ပြည့်မှုးကျော် Production and Installation of Glass,Aluminium and UPVC windows and doors.Customized orders are also

အမေ... သားတွေမြေးတွေကချစ်လို့မဝ သေးခင်ထွက်သွားတာ... စောလွန်းတယ်ဗျာ...ရင်ထဲ အောင့်အောင့်ကြီးမို့... အမှတ်တရ ဓာတ်ပုံတွေရှာ...
13/03/2022

အမေ...
သားတွေမြေးတွေက
ချစ်လို့မဝ သေးခင်
ထွက်သွားတာ... စောလွန်းတယ်ဗျာ...
ရင်ထဲ အောင့်အောင့်ကြီးမို့... အမှတ်တရ ဓာတ်ပုံတွေရှာကြည့်မိနေတယ်။

ဒီနိုင်ငံရေးကြီးနဲ့ ဆိုတော့ အမေစောစောနှုတ်ဆက်သွားတာကပဲ... အမေ့အတွက်ခပ်ကောင်းကောင်းပါ....
အသည်းငယ်တက်တဲ့အမေ့အတွက်တော့... သတင်းတွေဖတ်ရင်း... သွေးတက်နေအုံးမှာမို့ အမေ...။

သားအဖို့တော့

သွေးပေါင်ချိန်မြင်လည်း သတိရတယ်...

ရှမ်းခေါက်ဆွဲ စားချင်တိုင်းလည်း သတိရတယ်

ထမင်းဝိုင်းမြင်တိုင်း သတိရတယ်...

မိုးကုတ်အသံကြားတိုင်းသတိရတယ်...

အောက်စီဂျင် အသံကြားတိုင်း သတိရတယ်

နောင့်နောင့်လို့ ခေါ်သံကြားတိုင်း သတိရတယ်

အဖေ့ တွေ့တိုင်းအမေ့သတိရတယ်...

အမေ့မြေးလေးမြင်တိုင်းအမေ့သတိရတယ်...။

အမေရေ... ဒီတစ်သက်
ချစ်လို့သာမဝလိုက်တာ
လွမ်းလို့ တေ့ာ... ဝမယ်မထင်ဘူးအမေ....
အမေ နောင်ဘဝမှာ... စိတ်ချမ်းသာပါစေ...။

သားငယ်
နောင့်နောင့်

နားအေးပါးအေး.... သွားနေလိုက်ချင်  idea
26/01/2022

နားအေးပါးအေး.... သွားနေလိုက်ချင်
idea

အကြိုက်ဆုံးရာသီ ဆိုရင်????သူ့ရဲ့အမှတ်တရတွေက ဘာလဲ???? #မိုးရာသီအရေးတော်ပုံမြန်မြန်အောင်ပြီး... မိုးရေထဲ ပြေးဆော့ချင်နေပြီ...
25/05/2021

အကြိုက်ဆုံးရာသီ ဆိုရင်????
သူ့ရဲ့အမှတ်တရတွေက ဘာလဲ????
#မိုးရာသီ
အရေးတော်ပုံမြန်မြန်အောင်ပြီး... မိုးရေထဲ ပြေးဆော့ချင်နေပြီ... 😞

အိမ်တွင်းအလှဆင် Furniture Designs အစုံ....ကတော့ လန်းတယ်နော်။
11/01/2021

အိမ်တွင်းအလှဆင် Furniture Designs အစုံ....ကတော့ လန်းတယ်နော်။

ရိုးရှင်းခမ်းနားလွန်းတဲ့ဘဝဆိုတာ ဒီလိုလား?တစ်နေ့ကြရင် အဲ့လိုအေးဆေးလွန်းတဲ့ အိမ်မက်ကမ္ဘလေးတွေများပိုင်ဆိုင်ချင်ကြမလား...။
07/01/2021

ရိုးရှင်းခမ်းနားလွန်းတဲ့ဘဝဆိုတာ ဒီလိုလား?
တစ်နေ့ကြရင် အဲ့လိုအေးဆေးလွန်းတဲ့ အိမ်မက်ကမ္ဘလေးတွေများပိုင်ဆိုင်ချင်ကြမလား...။

- ကျွန်တော့်ကိုအမေသတ်ခဲ့တယ် -🔪🔪🔪🔪🔪🔪🔪🔪🔪🔪🔪        ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့ ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်တွေ အား...
02/01/2021

- ကျွန်တော့်ကိုအမေသတ်ခဲ့တယ် -
🔪🔪🔪🔪🔪🔪🔪🔪🔪🔪🔪

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့ ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ ကွဲကြေပြန့်ကဲသွားတဲ့နေ့ပါပဲ ။
ကျွန်တော် ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မမှီခဲ့ဘူး ။ ( ဂုဏ်ထူး ၄ ခုပဲပါတာဆိုတော့ အမှတ်ကို ခန့်မှန်းတွက်ဆလို့ ရသွားပြီ )
အမေ ငိုပါတယ် ။ တော်တော်နာနာကျင်ကျင်ငိုပါတယ် ။ အကြာကြီးပဲ ။ ပြီးတော့ `` ငါက နင့်ကို ဆရာဝန်ဖြစ်စေချင်လွန်းလို့ တစ်သက်လုံးကုန်းရုန်းပြီး ပိုက်ဆံရှာခဲ့တာ ။ ငါ မစားရက်မသုံးရက် စုဆောင်းပြီး နင့်ကို ကျောင်းထားပေးခဲ့တာ , အခုတော့ နင်က ငါ့ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်လိုက်ပြီပေါ့ ... ဟုတ်လား "
ကျွန်တော်သိလိုက်ပြီ ။ အမေ့သားအစစ်က ကျွန်တော့်မှ မဟုတ်ဘဲ ။ အမေ့အာရုံထဲမှာ စိတ်ကူးနဲ့ဖန်တီးထားတဲ့ ဒေါက်တာဇော်ဇော် ( ဒါမှမဟုတ် ) ဆေးကျောင်းသား ဇော်ဇော်ပဲ ။
အမေရယ် ... ကျွန်တော်အစစ်ကြီးက ဒီမှာပါဗျာ ။ ကျွန်တော့်မှာမရှိတဲ့ အရည်အချင်းတွေ , ကျွန်တော်ဖန်တီးယူလို့မရတဲ့ ဂုဏ်ထူးအဆင့်တွေအတွက် ကျွန်တော့်ကို အပြစ်မတင်ပါနဲ့လားဗျာ ။
အဲဒီအစား .... ကျွန်တော့်မှာ တကယ်ရှိနေတဲ့ အရည်အချင်းကောင်းလေးတွေကို မေမေ နည်းနည်းလောက် အသိအမှတ်ပြုပေးပါလားဟင် ။ ကျွန်တော် ဆေးလိပ်လည်း မသောက်တက်ဘူး , အရက်လည်း မသောက်ဘူး , ကျောင်းလည်းး မပြေးဘူး , ရည်းစားလည်း မထားဘူး , ရန်လည်း မဖြစ်ဘူး , ညဉ့်နက်သန်းခေါင်လည်း လျှောက်မလည်ဘူး ။
အဲဒါတွေကို မေမေ အသိအမှတ်မပြုဘူးလားဟင် ။ ကျွန်တော်ဟာ မွေးရကျိုးမနပ်တဲ့ သားမိုက်ပဲလားဟင် ။
ကျွန်တော့်ကို ဆရာဝန်ဖြစ်စေချင်တာ ကျွန်တော့်ဘဝရှေ့ရေး ဖြောင့်ဖြူးဖို့အတွက်ပါလို့ မေမေ ပြောကောင်းပြောချင်ပါလိမ့်မယ် ... ကျွန်တော် သိပါတယ် ။
ဒါပေမယ့် .... မေမေရယ်
လူတစ်ယောက်ဘဝမှာ အောင်အောင်မြင်မြင်ရပ်တည်ဖို့ဆိုရင် တကယ်လိုအပ်တာက စိတ်ဓာတ်ခိုင်မာအောင် လေ့ကျင့်ပေးရမှာလေ ။ လောကဓံကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နေပျော်အောင် သင်ပေးရမှာလေ ။
` ဆရာဝန်ဖြစ်ရေး ' ဆုဖလားပွဲမှာ ပြိုင်မြင်းတစ်ကောင်လို ကြိမ်နဲ့ရိုက်ပြီး ဝင်ပြေးခိုင်းရတာမျိုး မဟုတ်ဘူး ။
အမေက ကျွန်တော့်ကို ကြိုးစားအောင် တွန်းအားတွေ နေ့တိုင်းပေးတယ် ။ ကျွန်တော် နေ့တိုင်းမပျော်ဘူး ။ ခြေလက်အင်္ဂါ မရှိ / ဆုံးရှူံးတဲ့လူတွေ လောကကြီးကို ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်ပျော်ရွှင်နေချိန်မှာ ကျွန်တော်ကတော့ လပတ်စာမေးပွဲမှာ အဆင့် ( ၂ ) ဖြစ်ရတာကို ကမ္ဘာပျက်သလောက် ဖြစ်နေတယ် ။
မိဘကျေးဇူးကြီးမားပုံတွေ ပြောတာ ကြားရလွန်းအားကြီးတော့ ကျွန်တော့်ကိုယ်ကျွန်တော် တာဝန်မကျေတဲ့ သားဆိုးသားမိုက်တစ်ယောက်လို ခံစားလာရတယ် ။
အမေ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ထပ်တလဲလဲ ညဉ်းတွားသံ ကြားရဖန်များလာတော့ ကျွန်တော့်ကိုယ်ကျွန်တော် မုန်းတီးစက်ဆုပ်လာတယ် ။ ကျွန်တော့်ရဲ့ အသက်ရှင်မှုကိုလည်း ရွံလာတယ် ။ ငါ ဘာလို့ ရှင်သန်နေရတာလဲ ။
ကျွန်တော်က ဇွတ်အတင်း အခွင့်အရေးယူပြီး `` မေမေ့ဆီမှာ ကျွန်တော် လူလာဖြစ်ပါရစေ , ကျွန်တော့်ကို မွေးပေးပါ " လို့ တောင်းဆိုခဲ့တာမှ မဟုတ်ဘဲ ။ အဖေ သေသွားလို့ အမေတစ်ယောက်တည်း ရုန်းကန်ရတာဟာလည်း ကျွန်တော့် ပယောဂကြောင့်မှ မဟုတ်ဘဲ ။
မေမေရယ် ........ ။
ကျွန်တော်တို့ဟာ မတော်တဆ ဆုံစည်းကြရတဲ့သူတွေပါလေ ။ မေမေ့မေတ္တာတရားဟာ နက်ရှိူင်းလွန်းလှပါတယ် ။
ဒါပေမယ့် အဲဒါကို အကြောင်းပြုပြီး စကားလုံးတွေနဲ့ ကျွန်တော့်စိတ်ကို နာကျင်ထိရှအောင်လုပ်တာ များလွန်းသွားပြီ ထင်တယ် ... မေမေရယ် ။
-----------------------------------------------------------
ကျွန်တော့်ဘဝရဲ့ ပထမဆုံးချစ်သူကို စက်မှုတက္ကသိုလ် စတုတ္ထနှစ်မှာ ဆုံစည်းခဲ့ရတာ ဖြစ်ပါတယ် ။
တက္ကသိုလ်ကျောင်းသားတစ်ယောက် ရည်းစားထားတာဟာ တကယ့်ကို သမရိုးကျကိစ္စတစ်ခုပါ ။ ဒါပေမယ့် ကျွန်တော့်အတွက်ကျတော့ အဲဒီလို မဟုတ်ခဲ့ဘူး ။ နေ့စဉ်နဲ့အမျှ မတော်တဆ ပေါက်ကွဲမသွားအောင် ဗုံးတစ်လုံးကို လျှိ့ဝှက်ထိန်းသိမ်းနေသလို ခံစားရတယ် ။
ကျွန်တော့်မှာ ချစ်သူရှိနေပြီဆိုတဲ့အကြောင်း ဖုံးဖိထားချင်တယ် ။ ဘယ်မှမသိအောင် အမှောင်ချထားချင်တယ် ။ အမေ သိသွားရင် ပြသနာတက်လိမ့်မယ်ဆိုတာ ကျွန်တော် အလိုလိုသိပြီး စိုးရိမ်နေတယ် ။
စိုးရိမ်စိတ်ဆိုတာ ကျွန်တော်နဲ့ နေသားတကျ ဖြစ်နေပါပြီ ။ ဘာကိုမဆို အကြောင်းမရှိဘဲ ကျွန်တော် စိုးရိမ်နေလေ့ရှိတာ ကြာပါပြီ ။
အဲဒါ .... ထင်ထင်ရှားရှား တောက်ပလင်းလက်လာတဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲက စိတ္တဇပါပဲ ။
နောက်ဆုံး .... ကျွန်တော့်ချစ်သူကတောင် ကျွန်တော်မူပျက်နေတာကို ကြည့်ပြီး ရိပ်မိလာလို့ `` မောင် ... ဘာဖြစ်နေတာလဲ , ဘာလို့ ဒီလောက်တောင် ပုန်းလျှိုးကွယ်လျှိုး လုပ်နေရတာလဲ " လို့ ဗြောင်ဖွင့်မေးယူရတဲ့အထိပါ ။
နောက်တော့ ကျွန်တော် စိုးရိမ်တဲ့အတိုင်းပါပဲ ။ အဲဒီစာသင်နှစ် မကုန်ခင်မှာ ကျွန်တော့်အိမ်ကလူတွေက ကျွန်တော့်မှာ ချစ်သူရှိနေမှန်း သိသွားကြပါတယ် ။
အဲဒီတရားစီရင်ခန်းမြင်ကွင်းကို ခုထိ ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေတုန်းပဲ ရှိပါသေးတယ် ။ အမေက ဘာစကားမှမပြောဘဲ တရှုံ့ရှုံ့နဲ့ အကြာကြီးငိုနေတယ် ။ ဦးလေးတွေ , ကြီးဒေါ်တွေကတော့ .... `` မင်းအမေက နောက်အိမ်ထောင်မပြုဘဲ မင်းကို ပြုစုကျွေးမွေး ကျောင်းထားပေးခဲ့တာ , မင်းက အခုတော့ ပညာတောင်မစုံခင် ရည်းစားထားရတာနဲ့ ... ဘာနဲ့ .... "
ဟော ... လာပြန်ပြီ ။ ကျွန်တော့်အမေ နောက်အိမ်ထောင်မပြုတဲ့ကိစ္စ ။ ဒါဟာ သူတို့အတွက် သေချာပေါက် ` နိုင်ဖဲ ' တစ်ချပ် ဖြစ်ခဲ့တယ် ။ ကျွန်တော့်အတွက် သေချာပေါက် ` ကျေးဇူးအကြွေး ' ဖြစ်ခဲ့တယ် ။
ဖြစ်ခဲ့တယ် ။
ကျွန်တော့်အမေ ဖြစ်ခဲ့တာတွေဟာ .... ` ကျွန်တော့်အတွက် ' ဖြစ်ခဲ့တယ် ။ နောက်တစ်နေ့မှာပဲ ချစ်သူကို ကျွန်တော် လမ်းခွဲခဲ့ပါတော့တယ် ။
-----------------------------------------------------------
`` ကျွန်မမှာ ဘာချို့ယွင်းချက်ရှိလို့လဲ " တဲ့ ။
တစ်ဖက်သတ် လမ်းခွဲခံရတဲ့ ချစ်သူက မကျေမနပ်နဲ့ ကျွန်တော့်ကို မေးတယ် ။
မင်းမှာ ဘာချို့ယွင်းချက်မှ မရှိပါဘူး ။ ငါ့မှာတော့ စိတ်ရောဂါရှိတယ် ။ ငါ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး ။ ငါ ဘယ်တော့မှ သားသမီးတစ်ယောက်ရဲ့ အဖေ မလုပ်တော့ဘူး ။
တစ်စုံတစ်ယောက်ကို သူ့အလိုဆန္ဒမပါဘဲ လူ့လောကထဲ ခေါ်ဆောင်လာပြီးတော့မှ `` မင်းကို ငါချစ်တယ် , ဒါကြောင့် မင်း ငါ့အလိုဆန္ဒအတိုင်းနေပေးရမယ် " လို့လည်း အကြမ်းမဖက်ချင်ဘူး ။
ကျွန်တော့်ဘဝမှာ ရင်ဆိုင်ဖြတ်သန်းရမယ့် ခါးသီးမှုတွေဟာ ကျွန်တော့်ဝေစုပါ ။ ဒါကို ကလေးအပေါ် ပုံချပြီး `` သားကြောင့် ဖေဖေ ဒါတွေ နာကျင်ခဲ့ရတယ် , သားကြောင့် ဖေဖေ ဒါတွေ စွန့်လွှတ်ခဲ့ရတယ် " လို့ သားသမီးကို စိတ်အနာတရဖြစ်အောင် မလုပ်ချင်ဘူး ။ အားလုံးဟာ တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာတွေပေးနေကြတာ ။
အားးးး .... ရှူပ်တယ် ။
ဥမကွဲ သိုက်မပျက်ဖြစ်အောင် တစ်ယောက်လက်ကိုတစ်ယောက် အပြန်အလှန်ကြိုးတုပ်ချည်နှောင်ထားတဲ့ မိသားစုဆိုတာကြီးကို မလိုချင်တော့ဘူး ။
ကျွန်တော့်ဦးနှောက်တွေဟာ အဲဒီကတည်းကစပြီး ဒိန်ချဉ်လို ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့တာပါ ။ တချို့လူတွေကတော့ ဝေဖန်ကောင်းဝေဖန်ကြမယ် ။
`` မင်းလိုမျိုး စဉ်းစားလို့ကတော့ ကမ္ဘာမှာ လူတွေ ဘယ်မွေးဖွားလာကြမှာလဲ ။ လောကကြီး ပျက်စီးသွားမှာပေါ့ " လို့ ။ ဟုတ်ပါတယ် ။ ခင်ဗျားတို့ မှန်ပါတယ် ။ ပုံပျက်ပန်းပျက်ဖြစ်နေတာက ကျွန်တော်တစ်ယောက်တည်းပါ ။
ဒါပေမယ့် ဘာတက်နိုင်မှာလဲဗျာ ။ စိတ္တဇဆိုတာက ( မှန်တာတွေ မှားတာတွေနဲ့ မဆိုင်ဘဲ ) သူ့ဘာသာသူ ရှိနေတဲ့ အရှိတရားပဲလေ ။
ကျောခိုင်းလှည့်ထွက်ခါနီးမှာ ချစ်သူက တစ်ခွန်းပဲ ပြောသွားတယ် ။
`` ရှင်က အရူးပဲ "
-----------------------------------------------------------
ညနေက ကျွန်တော့်ကို ပြန်ငုံ့ကြည့်နေတယ် ။
လမ်းထိပ်ဆီကို ကျွန်တော် လျှောက်လာတော့ ကျောင်းဆင်းချိန်နဲ့ တိုးနေလို့ ကလေးတွေ လမ်းဖြတ်ကူးတာကို စောင့်နေရသေးတယ် ။ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေဟာ ကျောင်းကြိုကားတွေရှိရာဆီကို သွားနေကြတယ် ။ မုန့်သည်တွေဆီကို သွားနေကြတယ် ။ လာစောင့်နေကြတဲ့ သူတို့ရဲ့ မိဘတွေဆီကို သွားနေကြတယ် ။
ကျွန်တော်ရပ်နေတဲ့ ဗန်ဒါပင်နားမှာ အဖေဖြစ်တဲ့သူက သူ့သားချာတိတ်လေးကို ပြောနေတယ် ။
`` မင်းဘေးခုံက ဖြိုးဝေက သင်္ချာမှာ ၁၀၀ ရတယ်ဆို , မင်းက ၈၉ တဲ့ ။ မင်းကို ဖြိုးဝေ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် "
အဆူခံနေရတဲ့ ချာတိတ်လေးက မျက်လုံးလေး ကလယ်ကလယ်နဲ့ သူ့အဖေကို ပြန်မော့ကြည့်နေတယ် ။
`` သြော် ... ကလေးရဲ့စိတ်ကို အနာတရဖြစ်အောင် လုပ်နေပြန်ပေါ့ ........ " လို့ ကျွန်တော် တွေးလိုက်တယ် ။
အဲဒီလူဟာ ကိုယ့်လက်ထဲမှာ ပွင့်နေတဲ့ ပန်းကို ဘာပန်းမှန်းသိအောင် မကြိုးစားချင်ဘူး ။ အလကားလူ ။ ကိုယ့်လက်ထဲမှာ စံပယ်ပွင့်လေး မွှေးဖြူဖြူစင်နေပါလျက်နဲ့ .....
`` မင်းက ဘာလို့ အရောင် မနီတာလဲ , မင်းမှာ ဘာလို့ဆူးတွေ မပါတာလဲ , မင်းကို နှင်းဆီပန်းရဲ့ ချေး ( ချီး ) ကျွေးဖို့ကောင်းတယ် " လို့ ဆူပူမာန်မဲနေတယ် ။
ကလေးအတွက်ရော , အဖေလုပ်တဲ့လူအတွက်ပါ ကျွန်တော် ရိုးရိုးသားသား ဝမ်းနည်းနေမိတယ် ။
-----------------------------------------------------------
လမ်းမပေါ်မှာ အဖြူအစိမ်းဝတ်စုံနဲ့ ကလေးလေးတွေ ထွက်လာကြပြီ ။ သူတို့ ပျော်ရွှင်ခုန်ပေါက်မနေကြဘူး ။ သူတို့ဆူညံမြူးတူးမနေကြဘူး ။
သူတို့ သေဆုံးနေကြပါတယ် ။
ကလေးလေးတွေဟာ အသက်မဲ့လျက်သား လမ်းလျှောက်နေကြတာပါ ။
သူတို့ရဲ့ နှလုံးသားတည့်တည့်မှာ `` မိဘတွေရဲ့ တောင်းဆိုမှု " ကျည်ဆန်ရာတွေနဲ့ ....။

#မင်းခိုက်စိုးစန်
#ကျွန်တော့်ကိုအမေသတ်ခဲ့တယ်ဝတ္ထုမှ
#ပြန်လည်မျှဝေပါသည်

ေါ်ကြီးဆန်း
#နော်ဂဲလယ်ထူး (စာပေရဟိတ)

😎 Selfie ရိုက်ကြရာဝယ် 😁😁😂
04/12/2020

😎 Selfie ရိုက်ကြရာဝယ် 😁😁😂

  house designs all around the world. #528 Decoration
04/12/2020

house designs all around the world.
#528 Decoration

Address

Mandalay
81×82STBET,CHANGSOUTH,

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959256082281

Website

Alerts

Be the first to know and let us send you an email when ပြည့်မှုးကျော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပြည့်မှုးကျော်:

Share