MULTIVERSE-Literature

MULTIVERSE-Literature Smell of books

🌟 "ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ပန်းတနော်သား - ဦးသန့်" 🌟"ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့တဲ့ မြန်မာပြည်သားတစ်ယောက်အကြေ...
20/02/2026

🌟 "ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ပန်းတနော်သား - ဦးသန့်" 🌟

"ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခဲ့တဲ့ မြန်မာပြည်

သားတစ်ယောက်အကြောင်း သင် ဘယ်လောက်အထိ သိ

ပါသလဲ?"

သမိုင်းဆိုတာ အတိတ်ကအကြောင်းအရာတွေချည်းပဲ

မဟုတ်ပါဘူး။ အနာဂတ်အတွက် သင်ခန်းစာယူစရာ

လမ်းညွှန်မြေပုံတွေလည်း ဖြစ်ပါတယ်။ မြန်မာ့

ဂုဏ်ဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့် (U

Thant) ရဲ့ ဘဝဇာတ်ကြောင်းဟာ စာအုပ်စင်တိုင်းမှာ ရှိ

နေသင့်တဲ့ အဖိုးတန်ရတနာတစ်ခုပါ။

🔥 ဒီစာအုပ်ကို ဘာကြောင့် မဖြစ်မနေ ဖတ်သင့်တာလဲ?

* ၁။ အောက်ခြေဘဝကနေ ကမ္ဘာ့ထိပ်သီးဖြစ်လာပုံ:

ဧရာဝတီတိုင်းက ကျောင်းဆရာလေးတစ်ယောက်ဟာ

ကုလသမဂ္ဂရဲ့ အမြင့်ဆုံးရာထူးကို ဘယ်လို

အရည်အချင်းတွေနဲ့ တက်လှမ်းခဲ့သလဲဆိုတာ စိတ်

လှုပ်ရှားဖွယ် လေ့လာရမှာပါ။

* ၂။ ဒုတိယကမ္ဘာစစ်ကို တားဆီးခဲ့သူ: ကျူးဘားဒုံးပျံ

အရေးအခင်းကြောင့် ကမ္ဘာကြီး နျူကလီးယားစစ်ပွဲ

ဖြစ်တော့မယ့်ဆဲဆဲမှာ ဦးသန့်ရဲ့ "စေ့စပ်ညှိနှိုင်းမှု

အနုပညာ" က ကမ္ဘာကြီးကို ဘယ်လိုကယ်တင်ခဲ့သလဲ?

* ၃။ Leadership Lessons: ခေါင်းဆောင်တစ်

ယောက်မှာ ရှိသင့်တဲ့ "သည်းခံခြင်း၊ မျှတခြင်းနဲ့

ပြတ်သားခြင်း" ဆိုတဲ့ အရည်အချင်းတွေကို ဒီစာအုပ်က

သင်ကြားပေးသွားပါလိမ့်မယ်။

စျေးနှုန်း- ၅၅၀၀ ကျပ်
Multiverse (စာ/နုရပ်ဝန်း)

"အိမ်ဆိုတာ ပြန်လို့ရတဲ့အရာမှန်းသိလေ ပိုနာကျင်ရလေဒါကြောင့်မို့ မြစ်တွေဟာသွယ်ဝိုက်စီးဆင်းတာဖြစ်မယ်" #ဝင်းမြင့် R.I.P ပါဆရာ...
15/02/2026

"အိမ်ဆိုတာ ပြန်လို့ရတဲ့အရာမှန်းသိလေ ပိုနာကျင်ရလေ
ဒါကြောင့်မို့ မြစ်တွေဟာ
သွယ်ဝိုက်စီးဆင်းတာဖြစ်မယ်"

#ဝင်းမြင့်
R.I.P ပါဆရာရေ

Walk In မြီးရှည်အရင်က မှတ်တိုင်လေးထဲမှာ ဖွင့်တဲ့ဆိုင်လေးက အခုတော့ နေရာပြောင်းဖွင့်ထားပါပြီ။ မှတ်တိုင်လေးထဲမှာ ဖွင့်တဲ့ က...
04/02/2026

Walk In မြီးရှည်

အရင်က မှတ်တိုင်လေးထဲမှာ ဖွင့်တဲ့ဆိုင်လေးက အခုတော့ နေရာပြောင်းဖွင့်ထားပါပြီ။ မှတ်တိုင်လေးထဲမှာ ဖွင့်တဲ့ ကိုစိုးကြီးဆိုင်မို့လို့ "မှတ်တိုင်စိုးကြီးမြီးရှည်" ဆိုပြီး လူသိများကြတယ်။

ဒီနေ့သွားစားဖြစ်တော့ မြီးရှည်ရဲ့ ရာဇဝင်ကို လှန်လျှောပြောဖြစ်ခဲ့ကြတယ်။

တကယ်တော့ အီကြာကွေးကြွပ်ကြော်ဆိုတာ အခုနောက်ပိုင်းမှ စားသုံးသူတွေအပေါ်လိုက်ပြီး ပေါ်လာတာဗျ။ တကယ့်မြီးရှည်နဲ့တွဲစားရတဲ့ အစစ်အမှန်က "စအုကြော်" လို့ခေါ်တဲ့ ဂျုံလုံးကြော်ပေါ့။

ပြီးတော့ အသားမှာဆိုရင်လည်း ကလီစာတို့ဆိုတာ အခုနောက်ပိုင်းမှ စားသုံးသူအကြိုက် လိုက်လုပ်ပေးရင်း ဖြစ်ပေါ်လာတာပေါ့။ သူ့ရဲ့နဂိုမူလက အခေါက်၊ အသားနဲ့ပဲ တွဲစားကြတာလေ။

ဒီလိုနဲ့ ရှေးဟောင်းနှောင်းဖြစ် မြီးရှည်အကြောင်းတွေ တီးကြခေါက်ကြရင်း "Walk In မြီးရှည်" ဆိုတာကို ပြောဖြစ်သွားကြတာ။

"Walk In မြီးရှည်" ဖြစ်ပေါ်လာပုံက ဒီလိုဗျာ....

အရင်ခေတ်ကဆို မြီးရှည်ဆိုတာ ဒီလို ဆိုင်ကြီးကနားနဲ့မဟုတ်ဘူးဗျ။ အထမ်းမြီးရှည်လို့ပဲဆိုရမလား ထိုင်စရာနေရာမရှိဘူး။ ပြင်ပေးတဲ့သူလည်း မတ်တတ်ရပ်ပြီး ပြင်ပေးတယ်။ ဟော... စားတဲ့သူလည်း မတ်တတ်ရပ်ပြီး စားရတာပေါ့။

လိုရင် လိုအပ်သလို အပေါ့၊ အငန်၊ အစပ်ကို ကိုယ့်ဘာသာ ကြိုက်သလိုချိန်ဆ ထည့်စားကြရတာလေ။ ခုခေတ်အခေါ်အရ Self service ပေါ့။

မတ်တပ်ရပ်စား၊ စကားတွေပြောကြနဲ့ဆိုတော့ "Walk In မြီးရှည်" ဆိုပြီး ကျွန်တော်က ခေတ်သစ်အသုံးအနှုန်းနဲ့ ချိတ်ဆက်ပြီး ကိုယ့်ဘာသာ သတ်မှတ်လိုက်တာ။ ကျွန်တော်တို့ ကော်ဖီယဉ်ကျေးမှုထဲက Slow Bar Culture နဲ့တောင် သွားဆင်တယ်။

ဒီနေရာမှာ ကြုံတုန်းပြောရရင် မြီးရှည်ဆိုတာ သူ့ဟာနဲ့သူ ဖြေဆေးပါပြီးသား စားစရာတစ်ခုဗျာ။ ဥပမာ မြီးရှည်ကိုစားတဲ့အခါ ဟင်းချိုမှုန်လျှော့ပေး၊ နံနံပင်ရှောင်ပေး ဘာညာတွေက ပြောရရင် အနည်းငယ် လွဲသလိုရှိတာဗျ။

တက်စေမယ့် ပဲငပိတို့ပါရင်တောင် သူ့ကိုဖြေပေးမယ့် နံနံပင်နဲ့လုပ်ထားတဲ့တစ်ခုက ဖြေပေးတာမျိုးပေါ့။

ပြောချင်တာ ဘာမှမရှောင်ဘဲ စားစေချင်တာပေါ့။

စာကြွင်း... ဆိုင်ရှင်အဆိုအရ သူတို့လည်း နှစ်ပေါင်းမနည်းဘူး စားလာတာ အခုထိ ဘာမှမဖြစ်ဘူးပေါ့။ သူ့ဟာနဲ့သူ အစပ်အဟပ် တည့်ပြီးသားဆိုတာမျိုး။

နိဂုံးကတော့ အရင်က မှတ်တိုင်မြီးရှည်ဆိုင်လေးကို ၃၈လမ်းမပေါ်၊ ၈၂ လမ်းထောင့် မီးပွိုင့်နားမှာ နေရာပြောင်းလဲ ဖွင့်လှစ်ထားပါကြောင်း သတင်းကောင်းပါးချင်တာပါပဲ။

"ဘဝဆိုတဲ့ သစ်ပင်ကနေ ဝိညာဉ်ရေးရာ အသီးအနှံတွေကို ဆွတ်ခူးခြင်း"အကယ်၍ သင်ဟာ ရာဘင်ဒြာနတ် တဂိုးရဲ့ Gitanjali (သီချင်းပူဇော်သက္...
28/01/2026

"ဘဝဆိုတဲ့ သစ်ပင်ကနေ ဝိညာဉ်ရေးရာ အသီးအနှံတွေကို ဆွတ်ခူးခြင်း"

အကယ်၍ သင်ဟာ ရာဘင်ဒြာနတ် တဂိုးရဲ့ Gitanjali (သီချင်းပူဇော်သက္ကာ) ကို နှစ်သက်ခဲ့ဖူးရင် Fruit-Gathering ဟာ သင့်အတွက် မဖတ်မဖြစ် စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။
၁၉၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကဗျာပေါင်းချုပ်ဟာ တဂိုးရဲ့ ဝိညာဉ်ရေးရာ ခရီးစဉ်ကို ပိုပြီး ရင့်ကျက်တဲ့ အမြင်နဲ့ ဆက်လက် တင်ပြထားတာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ကဗျာတိုလေး ၈၆ ပုဒ် ပါဝင်ပါတယ်။ တဂိုးဟာ သဘာဝတရား (ပန်းပွင့်တွေ၊ မြစ်ရေတွေ၊ မိုးတိမ်တွေ) ကို အသုံးပြုပြီး လူသားနဲ့ ဖန်ဆင်းရှင်ကြားက ဆက်သွယ်မှုကို ဖော်ပြလေ့ရှိပါတယ်။ ဖတ်နေရင်းနဲ့ စိတ်နှလုံးကို အေးချမ်းစေတဲ့ "Peaceful Vibration" တစ်ခုကို ခံစားရမှာပါ။

စာအုပ်ခေါင်းစဉ်ကတင် အလွန်လေးနက်လှပါတယ်။ ကျွန်ုပ်တို့ဟာ ဘဝမှာ နေ့စဉ် ရုန်းကန်လှုပ်ရှားရင်း အတွေ့အကြုံ အသီးအနှံတွေကို ဆွတ်ခူးနေကြတာပါ။ အဲဒီ အသီးအနှံတွေကို ငါ့အပိုင်ဆိုပြီး သိမ်းထားဖို့ထက် "လောကကြီးကို ပြန်လည် ပေးဆပ်ဖို့ (သို့မဟုတ်) ပူဇော်ဖို့" ဆိုတဲ့ အယူအဆက ဒီစာအုပ်ရဲ့ အသက်ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ သတ်မှတ်ထားတဲ့ ဘာသာရေးတစ်ခုထက် "အချစ်" နဲ့ "လွတ်လပ်မှု" ကို အခြေခံတဲ့ ဝိညာဉ်ရေးရာကို ဦးတည်ထားပါတယ်။ "ငါ" ဆိုတဲ့ အတ္တကို ဘယ်လို စွန့်လွှတ်မလဲ၊ လောကကြီးရဲ့ အလှတရားမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို နှစ်မြှုပ်မလဲဆိုတာကို လမ်းညွှန်ပေးပါတယ်။

"My offering done, I shall stand before thee, and looking into thy face, I shall find that which is mine and yet more than mine."

ကျွန်ုပ်၏ ပူဇော်မှု ပြီးဆုံးသောအခါ၊ အရှင်မြတ်၏ ရှေ့မှောက်တွင် ရပ်၍ မျက်နှာတော်ကို ဖူးမြော်ပါမည်။ ထိုအခါ ကျွန်ုပ်ပိုင်ဆိုင်သောအရာနှင့် ကျွန်ုပ်ပိုင်ဆိုင်သည်ထက် ပိုမိုနက်နဲသောအရာကို ရှာတွေ့ပါလိမ့်မည်။

ဒီစာအုပ်ကို
* စိတ်ဖိစီးမှုများနေပြီး စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှု ရှာဖွေနေသူများ
* ကဗျာကို စကားပြေလို အေးအေးလူလူ ဖတ်ချင်သူများ
* ဘဝရဲ့ အဓိပ္ပာယ်နဲ့ လောကနိယာမတွေကို အတွေးပွားလိုသူများ ဖတ်သင့်ပါတယ်

စာရေးဆရာ- ရာဘင်ဒြာနတ်တဂိုး
စာအုပ်အမည်- Fruit Gather(သီးဆွတ်ချိန်)
ဘာသာပြန်- မြင့်စိုးလှိုင်
တန်ဖိုး- ၉၀၀၀ ကျပ်

Multiverse (စာ/နုရပ်ဝန်း)

Victor Hugo ရဲ့ Les Misérables ဟာ ကမ္ဘာ့ဂန္ထဝင်စာပေလောကမှာ အကြီးကျယ်ဆုံးနဲ့ အလွှမ်းမိုးနိုင်ဆုံး ဝတ္ထုကြီးတစ်ပုဒ်ပါ။ ဒီစ...
24/01/2026

Victor Hugo ရဲ့ Les Misérables ဟာ ကမ္ဘာ့ဂန္ထဝင်စာပေလောကမှာ အကြီးကျယ်ဆုံးနဲ့ အလွှမ်းမိုးနိုင်ဆုံး ဝတ္ထုကြီးတစ်ပုဒ်ပါ။ ဒီစာအုပ်ဟာ လူသားချင်းစာနာထောက်ထားမှု၊ တရားမျှတမှုနဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို အနုပညာမြောက်စွာ ပုံဖော်ထားပါတယ်။

ဇာတ်လမ်းက Jean Valjean ဆိုတဲ့ အမျိုးသားတစ်ဦးကို ဗဟိုပြုထားပါတယ်။ သူဟာ ငတ်မွတ်နေတဲ့ တူလေးအတွက် ပေါင်မုန့်တစ်လုံး ခိုးမိရာကနေ ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရသူပါ။ ထောင်ကလွတ်လာတဲ့အခါမှာလည်း "ရာဇဝတ်သား" ဆိုတဲ့ တံဆိပ်ကပ်ခံရပြီး လူ့အဖွဲ့အစည်းရဲ့ အပယ်ခံဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဘုန်းတော်ကြီးတစ်ပါးရဲ့ မေတ္တာတရားကြောင့် သူဟာ နောင်တရပြီး လူကောင်းတစ်ယောက်အဖြစ် ဘဝသစ်ကို ပြောင်းလဲနေထိုင်ခဲ့ပါတယ်။
သူ့ဘဝတစ်လျှောက်လုံးမှာ ဥပဒေကို အတိအကျလိုက်နာလွန်းတဲ့ ရဲအရာရှိ Javert ရဲ့ လိုက်လံဖမ်းဆီးမှုကို ခံခဲ့ရသလို၊ ဒုက္ခသည်အမျိုးသမီး Fantine ရဲ့ သမီးလေး Cosette ကို စောင့်ရှောက်ရင်း ၁၉ ရာစု ပြင်သစ်တော်လှန်ရေး ရေစီးကြောင်းထဲကို ရောက်ရှိသွားပုံကို ရေးဖွဲ့ထားတာပါ။

"ချစ်ခြင်းမေတ္တာဆိုတာ ဘုရားသခင်ရဲ့ မျက်နှာတော်ကို ဖူးမြင်ရတာပါပဲ"
— Victor Hugo (Les Misérables)

ဂျီဗလကြီး
Les Miserables
Victor Hugo
စျေးနှုန်း- ၅၀၀၀၀ ကျပ်

Multiverse (စာ/နုရပ်ဝန်း)

"ဒီလောကကြီးမှာ အမုန်းတွေထက် အချစ်ကသာ ပိုပြီးစွမ်းအားကြီးတယ်ဆိုတာကို ယုံကြည်ပါသလား?"ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ လက်ရာမ...
22/01/2026

"ဒီလောကကြီးမှာ အမုန်းတွေထက် အချစ်ကသာ ပိုပြီး

စွမ်းအားကြီးတယ်ဆိုတာကို ယုံကြည်ပါသလား?"

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ လက်ရာမွန်တွေထဲက

တစ်ခုဖြစ်တဲ့ "ချစ်သော ဤကမ္ဘာ" ဟာ ဖတ်ဖူးသူတိုင်း

ရဲ့ ရင်ထဲမှာ မေတ္တာတရားရဲ့ အေးမြမှုကို ခံစားရစေမယ့်

ဝတ္ထုကောင်းတစ်ပုဒ်ပါ။

ဇာတ်ဆောင် မင်းကြည်ရဲ့ ခံစားချက်တွေ၊ ဘဝရဲ့

အနိမ့်အမြင့်တွေကြားက ခိုင်မြဲတဲ့ သံယောဇဉ်တွေကို

ဆရာကြီးက စိတ်ပညာရှုထောင့်ကနေ ရသမြောက်စွာ

ရေးဖွဲ့ထားပါတယ်။ ဘဝအမောတွေကြားမှာ စိတ်

အပန်းပြေဖို့နဲ့ မေတ္တာတရားရဲ့ တန်ဖိုးကို ပြန်လည်ရှာဖွေ

ဖို့အတွက် ဒီစာအုပ်ကို လက်မလွှတ်တမ်း ဖတ်ရှုသင့်ပါ

တယ်။

စာရေးဆရာ - တက္ကသိုလ်ဘုန်းနိုင်
စာအုပ်အမည် - ချစ်သောဤကမ္ဘာ
စျေးနှုန်း - ၁၂၀၀၀ ကျပ်

Preorder မှာယူရရှိနိုင်ပါတယ်ရှင်။

Multiverse ( စာ/နုရပ်ဝန်း)

ခက်ခဲကျပ်တည်းတဲ့ကာလမှာ ဘုရားသခင်ရဲ့ ကောင်းချီးကို ဘယ်လိုရယူမလဲ? 🌾စီးပွားရေးတွေ ခက်ခဲနေလား? အနာဂတ်အတွက် စိုးရိမ်နေရသလား? ...
21/01/2026

ခက်ခဲကျပ်တည်းတဲ့ကာလမှာ ဘုရားသခင်ရဲ့ ကောင်းချီးကို ဘယ်လိုရယူမလဲ? 🌾

စီးပွားရေးတွေ ခက်ခဲနေလား?
အနာဂတ်အတွက် စိုးရိမ်နေရသလား?
Joseph Prince ရဲ့ "Faith in Time of Famine" စာအုပ်က သင့်ကို အဖြေပေးပါလိမ့်မယ်။

✅ အငတ်ဘေးကြားမှာ အဆပေါင်း ၁၀၀ ရိတ်သိမ်းခဲ့တဲ့Issacရဲ့ လျှို့ဝှက်ချက်။
✅ လောကီစီးပွားရေးစနစ်ထက် မြင့်မားတဲ့ ဘုရားသခင်ရဲ့ ထောက်ပံ့မှု။
✅ ကြောက်ရွံ့ခြင်းကို ယုံကြည်ခြင်းနဲ့ ဘယ်လိုအောင်နိုင်မလဲ ဆိုတာတွေ လမ်းပြထားပါတယ်

ဒီစာအုပ်ဟာ သင့်ရဲ့ "မလောက်ငဘူး" ဆိုတဲ့ အတွေးအခေါ်ကို "ကြွယ်ဝခြင်း" အဖြစ် ပြောင်းလဲပေးမယ့် လမ်းပြမြေပုံတစ်ခုပါ။ ကျပ်တည်းမှုကြားမှာ လမ်းပျောက်နေသူတိုင်း ဖတ်သင့်တဲ့စာအုပ်ကောင်း ဖြစ်ပါတယ်။

ယနေ့ခေတ်လို စိန်ခေါ်မှုများတဲ့အချိန်မှာ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဘယ်လိုရပ်တည်ရမလဲဆိုတာ Joseph Prince က ဒီစာအုပ်မှာ အချက်ကျကျ ရှင်းပြထားပါတယ်။
ဒီစာအုပ်ဖတ်ရှုပြီးတဲ့နောက်မှာ

* Supernatural Provision: ကိုယ့်အစွမ်းအစထက် ကျေးဇူးတော်ကို အားကိုးတတ်လာမယ်။
* Fearless Living: အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေကို အနိုင်ယူတတ်လာမယ်။
* The Power of Confession: နှုတ်ကပတ်တော်ကို ဝန်ခံခြင်းဖြင့် အခြေအနေတွေကို ပြောင်းလဲတတ်လာမယ်။

အခြေအနေတွေဆိုးနေပေမဲ့ သင့်ရဲ့ ကောင်းချီးတံခါးက ပိတ်မသွားပါဘူး။ ယုံကြည်ခြင်းနဲ့ ရှေ့ဆက်ဖို့ ဒီစာအုပ်ကို ဒီနေ့ပဲ မှာယူဖတ်ကြည့်လိုက်ပါ။

စာအုပ်အမည် - Faith in times of famine
စာရေးဆရာ - Joseph Prince
ဘာသာပြန် - M.E.T ( mm.eng.translate)
စျေးနှုန်း - ၈၀၀၀ ကျပ်

Preorder မှာယူရရှိနိုင်ပါတယ်ရှင်။

Multiverse (စာ/နုရပ်ဝန်း)

"နွေဦးကာလ မြူထသောခါ… 🍂မြို့ပြရဲ့ ရုန်းကန်မှုတွေကြားမှာ ခဏလောက် အနားယူပြီး အညာမြေရဲ့ မန်ကျည်းပင်ရိပ်တွေဆီ စိတ်ကူးနဲ့ ခရီး...
20/01/2026

"နွေဦးကာလ မြူထသောခါ… 🍂

မြို့ပြရဲ့ ရုန်းကန်မှုတွေကြားမှာ ခဏလောက် အနားယူပြီး အညာမြေရဲ့ မန်ကျည်းပင်ရိပ်တွေဆီ စိတ်ကူးနဲ့ ခရီးထွက်ချင်တယ်ဆိုရင် ဆရာမောင်မောင်ဖြူရဲ့ ဒီဂန္တဝင်စာအုပ်လေးက စာ/နုရပ်ဝန်း( Multiverse) တွေကို အဖော်ပြုပေးပါလိမ့်မယ်။

စာမျက်နှာတွေကို လှန်လိုက်တိုင်းမှာ နွေဦးရဲ့ ဖုန်နံ့သင်းသင်းနဲ့ ကျေးလက်ရဲ့ ရိုးသားတဲ့ မေတ္တာတရားတွေကို အပြည့်အဝ ခံစားရမှာပါ။ စိတ်ပင်ပန်းနေသူတိုင်း ဖတ်သင့်တဲ့ စိတ်အပန်းပြေ 'စာပန်းချီ' တစ်ချပ်ပါပဲ။

ဆရာကြီးက အညာကျေးလက်ဒေသရဲ့ နွေဦးကာလ မြင်ကွင်းတွေကို အသက်ဝင်အောင် ပုံဖော်ထားပါတယ်။ စာဖတ်သူကို အညာမြေရဲ့ ဖုန်နံ့၊ မန်ကျည်းပင်ရိပ်နဲ့ နွေရက်ရှည်တွေဆီ ခေါ်ဆောင်သွားနိုင်စွမ်းရှိပါတယ်။

ဇာတ်လမ်းက အရမ်းကြီး ရှုပ်ထွေးပွေလီမနေဘဲ လူသားတို့ရဲ့ စိတ်နေစိတ်ထား၊ ရိုးသားမှုနဲ့ ချစ်ခြင်းမေတ္တာကို အေးအေးဆေးဆေး စီးဆင်းတင်ပြထားပါတယ်။

ဒီစာအုပ်ရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုက "စာပန်းချီ" ဖြစ်ပါတယ်။ ဆရာကြီးက စကားလုံး အသုံးအနှုန်းတွေကို အလွန်စိစစ်ပြီး လှပအောင် သုံးနှုန်းထားပါတယ်။

နွေဦးရဲ့ အလှကို စာသားနဲ့ ဖော်ပြရာမှာ ရသစာပေပီသလွန်းပါတယ်။အညာဒေသရဲ့ စကားပြောဟန်၊ နေထိုင်ပုံနဲ့ ရိုးရာပွဲလမ်းသဘင်တွေကိုပါ ဗဟုသုတအဖြစ် ရရှိစေပါတယ်။

စာရေးဆရာ - မောင်မောင်ဖြူ
စာအုပ်အမည် - နွေဦးကာလ မြူထသောခါ
စျေးနှုန်း - 16500ကျပ်

Preorder မှာယူရရှိနိုင်ပါတယ်ရှင်။

Multiverse ( စာ/နုရပ်ဝန်း)

စာ ကြည့် တိုက် ကို စိတ် ဝင် စား ကြ သူ တွေ အ တွက် ၂၆ လမ်း၊ ၆၁ နဲ့ ၆၂ ကြား မှာ ရှိ တဲ့ မေ တ္တာ န န္ဒ ဓ မ္မ ဒူ တ ကျောင်း တိ...
30/12/2025

စာ ကြည့် တိုက် ကို စိတ် ဝင် စား ကြ သူ တွေ အ တွက်

၂၆ လမ်း၊ ၆၁ နဲ့ ၆၂ ကြား မှာ ရှိ တဲ့ မေ တ္တာ န န္ဒ ဓ မ္မ ဒူ တ ကျောင်း တိုက် ဝင်း ထဲ က
"ပ ညာ ပါ ရ မီ မေ တ္တာ န္ဒ စာ ကြည့် တိုက်" မှာ ပ ညာ ဒါ န
လက် တွေ့ အ သုံး ချ စာ ကြည့် တိုက် ရက် တို သင် တန်း လေး တစ် ခု ရှိ ပါ မယ်။

၁။ ဆရာမကြီး ဒေါ်ခင်နှင်းဦး
စာကြည့်တိုက်မှူး (ငြိမ်း)
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်
အကြံပေး၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း

၂။ ဆရာ အောင်သန်းထွဋ်
Intensity Community center

၃။ ဆရာမ ဆုမြတ်နွယ် @ Shine
Founder of Light Door Library
Youth Development Center

သင်တန်းနေ့ရက်
၄.၁.၂၀၂၅ မှ ၆.၁.၂၀၂၅

သင်တန်းအချိန်
မနက် ၉ နာရီ မှ ညနေ ၄ နာရီ

အစားအသောက်
နံနက်စာအဆာပြေ
နေ့လယ်စာ
ညနေစာအဆာပြေ

သင်တန်းတက်ရောက်လိုပါက
09793928214

ဟာရူကီ  မူရာကာမီ (Haruki Murakami) ရဲ့ "The City and It's Uncertain Walls" စာအုပ်အကြောင်းပြောရရင်မူရာကာမီရဲ့ အရင်စာအုပ်တ...
27/12/2025

ဟာရူကီ မူရာကာမီ (Haruki Murakami) ရဲ့ "The City and It's Uncertain Walls" စာအုပ်အကြောင်းပြောရရင်
မူရာကာမီရဲ့ အရင်စာအုပ်တွေဖြစ်တဲ့ Hard-Boiled Wonderland နဲ့ Kafka on the Shore တို့နဲ့ နှိုင်းယှဉ်ပြီး သုံးသပ်ရပါလိမ့်မယ်။ ရဲမြလွင် ဂျပန်ဘာသာ ကနေတိုက်ရိုက်ပြန်ပြီး ကိုနေမန်းစာပေကထုတ်ခဲ့တဲ့ 'ထူးခြားလာသောနေရာနှင့်ပြီးဆုံးသွားသောကမ္ဘာ ' ၊ 'ကမ်းငွေသောင်မှာ ကာဖကာ' တို့နဲ့ဆက်စပ် နေပါတယ်။

ဇာတ်လမ်းရဲ့ အစနဲ့ နောက်ခံ
မူရာကာမီက ဒီစာအုပ်ရဲ့ အမှာစာမှာ ရှင်းပြထားတာရှိတယ်။ တကယ်တော့ ဒီဇာတ်လမ်းက သူ ၁၉၈၀ လောက်က မဂ္ဂဇင်းတစ်ခုမှာ ရေးခဲ့ဖူးတဲ့ ဝတ္ထုတိုလေးကနေ အစပြုတာပါ။ အဲ့ဒီတုန်းက သူ ရေးခဲ့တဲ့ ရလဒ်ကို အားမရခဲ့ဘူး။ အဲ့ဒါနဲ့ပဲ ၁၉၈၅ မှာ အဲ့ဒီစိတ်ကူးကို အခြေခံပြီး Hard-Boiled Wonderland and the End of the World (HBW) (ရဲမြလွင် ဂျပန်ဘာသာ ကနေတိုက်ရိုက်ပြန်ပြီး ကိုနေမန်းစာပေကထုတ်ခဲ့တဲ့ 'ထူးခြားလာသောနေရာနှင့်ပြီးဆုံးသွားသော ကမ္ဘာ') ဆိုတဲ့ နာမည်ကြီးစာအုပ်ကို ရေးခဲ့တယ်။ ဒါပေမဲ့ နှစ်တွေအကြာကြီး ကြာတဲ့အထိ သူ့ရင်ထဲမှာ ဒီဇာတ်လမ်းက မပြီးဆုံးသေးဘူးလို့ ခံစားနေရတုန်းပဲ။ နောက်ဆုံး ၂၀၂၀ မှာမှ အခုစာအုပ်ကို သုံးနှစ်ကြာအောင် အချိန်ယူပြီး ရေးလိုက်တော့မှ သူ့ရင်ထဲက ဆူးတစ်ချောင်းကို ထုတ်လိုက်နိုင်သလို ဖြစ်သွားတာပေါ့။

အကြောင်းအရာ အကျဉ်း
အဓိက ဇာတ်ကောင်က ၁၇ နှစ်အရွယ် ကောင်လေးတစ်ယောက်။ သူက အက်ဆေးပြိုင်ပွဲမှာ အတူနိုင်တဲ့ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်သွားတယ်။ ဒါပေမယ့် အဲဒီမိန်းကလေးက သူ့ကို ခပ်ခွာခွာထားပြီး သူ့ရဲ့ "အစစ်အမှန် ကိုယ်စား" က နံရံတစ်ခြမ်းက မြို့တစ်မြို့မှာ ရှိနေတယ်လို့ ပြောတယ်။ နှစ်ယောက်သား အဲဒီမြို့အကြောင်း စိတ်ကူးယဉ်ကြတယ်၊ ကောင်လေးက အရာအားလုံးကို ရေးမှတ်ထားတယ်။ တစ်နေ့မှာ မိန်းကလေး ပျောက်ကွယ်သွားတယ်။ ကောင်လေးကြီးပြင်းလာပြီး လူကြီးဖြစ်လာတဲ့တိုင် အဲဒီမိန်းကလေးကို မမေ့နိုင်ဘဲ စွဲလမ်းနေဆဲပဲ။

ပြီးတော့ အခြားဇာတ်လမ်းတစ်ခုမှာ လူကြီးဖြစ်နေပြီဖြစ်တဲ့ အဲဒီကောင်လေးဟာ သူတို့စိတ်ကူးထားတဲ့ မြို့ထဲကို ရောက်လာတယ်။ မြို့ထဲဝင်ဖို့ဆို သူ့ရဲ့ "အရိပ်" ကို ခွဲထုတ်ခဲ့ရတယ်။ မြို့ထဲမှာ သူဟာ စာကြည့်တိုက်သေးသေးလေးတစ်ခုကို နေ့စဉ်သွားရပြီး ထူးဆန်းတဲ့ အလုံးတွေထဲက "အိပ်မက်တွေ"ကို ဖတ်ပြနေရတယ်။ သူ့ကို ကူညီနေတဲ့ လက်ထောက်ကတော့ အသက် ၁၆ နှစ်အတိုင်းပဲ ရှိနေပြီး သူ့ကို မှတ်မိနေဟန်မရှိတဲ့ အဲဒီမိန်းကလေးပါပဲ။ သူ့အရိပ် သေဆုံးလုနီးပါးဖြစ်လာတဲ့အခါ သူက အရိပ်နဲ့အတူ မြို့ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် နောက်ဆုံးအချိန်မှာ သူ့အရိပ်ကိုပဲ မြို့ကနေထွက်ခွာခွင့်ပေးပြီး သူကိုယ်တိုင်ကတော့ မြို့ထဲမှာပဲ ကျန်ရစ်ခဲ့တယ်။

နောက်ပိုင်းမှာ ဇာတ်ကောင်ဟာ တောင်တန်းတွေကြားက ကျေးရွာလေးတစ်ရွာမှာရှိတဲ့ စာကြည့်တိုက်တစ်ခုကို ဦးစီးဖို့ အလုပ်စခန့်တယ်။ အဲဒီမှာ ကိုယားဆု (Koyasu) လို့ခေါ်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ လူကြီးတစ်ယောက်နဲ့ ဆုံတယ်။ အဲဒီလူကြီးက စကတ်ဝတ်တတ်ပြီး ဘယ်ရီဦးထုပ်ဆောင်းတယ်။ အချိန်ကြာလာတော့ ဇာတ်ကောင်သိရတာက ကိုယားဆုဟာ သရဲတစ်ကောင်ဖြစ်ပြီး အချိန်အတော်ကြာ သေဆုံးနေပြီဆိုတာကိုပါ။ သူ့ဇနီးနဲ့ သားကို ဆုံးရှုံးပြီးနောက် မိသားစုရဲ့ ဆေးခြောက်ချက်စက်ရုံကို စာကြည့်တိုက်အဖြစ် ပြောင်းလိုက်တာဖြစ်ပြီး၊ "နံရံတစ်ခြမ်းက မြို့"ကို ရောက်ဖူးသူ (ဇာတ်ကောင်လို)ကသာ အဲဒီစာကြည့်တိုက်ကို ဂရုစိုက်နိုင်တယ်လို့ ယုံကြည်တယ်။

စာကြည့်တိုက်မှာ "Yellow Submarine" ဟူးဒီအင်္ကျီဝတ်ထားတဲ့ ဆယ်ကျော်သက်တစ်ယောက်နဲ့လည်း ဇာတ်ကောင် မိတ်ဆွေဖြစ်လာတယ်။ အဲဒီကောင်လေးဟာ ပုံမှန်ကျောင်းမတက်နိုင်ပေမယ့် ဓာတ်ပုံဆွဲထားသလို အလွတ်ကျက်မှတ်နိုင်စွမ်းရှိပြီး စာအုပ်စာတမ်းတွေကို အလွတ်ရအောင် ကျက်ဖို့ နေ့စဉ်လာတယ်။ ကောင်လေးက ဇာတ်ကောင်ပြောတဲ့ "နံရံတစ်ခြမ်းက မြို့"အကြောင်းကို ကြားပြီး အရမ်းစိတ်ဝင်စားသွားတယ်။ သူ့ကိုအဲဒီမြို့ကို ခေါ်သွားဖို့ ဇာတ်ကောင်ကို ခြိမ်းခြောက်တောင်းဆိုတယ်။ တစ်ညမှာ အဲဒီကောင်လေး ရုတ်တရက်ပျောက်ကွယ်သွားတယ်။

- - - - - - - - - - - - - - - -

စာအုပ်အမည်် - မြို့ကြီးနဲ့ သူ့ရဲ့ မရေရာတဲ့နံရံတွေ
ကိုနေ(မန်း)မြန်မာပြန်
Haruki Murakami's 'City and It's Uncertain Walls'
စာမျက်နှာ - 700/30000mmk(တစ်တွဲတည်းအပြတ်)
ဖြန့်ချီမည့်ရက် - 14/1/2026

25/12/2025

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when MULTIVERSE-Literature posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share