03/07/2024
ကျွန်မဆုံမြေပဲဆီရောင်းတဲ့အချိန်ကစပြီးခဏခဏရှင်းပြရတဲ့အကြောင်းလေးကိုပြန်ပြောပြချင်ပါတယ်။ဘာလဲဆိုတော့မြေပဲဆီစစ်ရင်ရေခဲသေတ္တာထဲထည့်လည်းဆီကခဲမသွားဘူးဆိုတဲ့ဟာပါ။တကယ်တော့မဟုတ်ပါဘူး။ဆီဆိုမှတော့သူ့အခဲမှတ်နဲ့သူရှိပါတယ်။တစ်မျိုးနဲ့တစ်မျိုးမတူတာဘဲရှိတာပါ။ကျွန်မလက်တွေ့လုပ်ပြထားတာလေးတွေကိုအောက်ကပုံမှာဆက်ကြည့်ပေးပါဦးနော်