Joyce Created - Yarn & Handmade Accessories Shop

Joyce Created - Yarn & Handmade Accessories Shop သိုးမွှေးတစ်ချောင်းထိုး၊ နှစ်ချောင်းထိုးသင်တန်း နှင့် ချည်ရောင်းဝယ်ရေး

မင်မင်ဒီနေ့ Thu Mingalar Shopping Mall ထဲရောက်တော့ Crochet တစ်ချောင်းထိုး handmade ဆိုင်လေးတွေ့ခဲ့လို့ ပိုင်ရှင်ညီမလေးတွ...
05/04/2026

မင်မင်ဒီနေ့ Thu Mingalar Shopping Mall ထဲရောက်တော့ Crochet တစ်ချောင်းထိုး handmade ဆိုင်လေးတွေ့ခဲ့လို့ ပိုင်ရှင်ညီမလေးတွေကို ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ခဲ့တာ။

ဘယ်နေရာရောက်ရောက် ကိုယ်နဲ့ဝါသနာတူ crochet ချစ်သူလေးတွေတွေ့ရင် အရမ်းပျော်တာပဲ 😍🥰💕

ထိုးထားတာလေးတွေလဲသပ်ရပ်ပြီး ချစ်စရာလေးတွေ💛 စျေးလဲရောင်းရင်း ချည်ထိုင်ထိုးနေကြတာလေးကအသက် 🤭😍
ဆိုင်နာမည်လေးကတော့ “Little Aura” ပါတဲ့ရှင်

တကယ်လို့ ပြင်ဦးလွင်မြို့
Thu Mingalar Shopping Mall ကြီးထဲရောက်ဖြစ်ရင် ဒီဆိုင်လေးကိုဝင်ပြီး အားပေးသွားကြပါဦးနော် 😘💛






#တစ်ချောင်းထိုး
#သုမင်္ဂလာ

03/04/2026
ချည်ထိုးတဲ့သူလေးတွေရဲ့ အိမ်မက် 🥰
10/03/2026

ချည်ထိုးတဲ့သူလေးတွေရဲ့ အိမ်မက် 🥰

ဘာလိုလိုနဲ့ ၆ နှစ်တောင်ရှိခဲ့ပြီ💛🥳အခုချိန်ထိ Joyce Created ဆိုတဲ့နာမည်တစ်လုံးနဲ့ crochet လောကမှာ နာမည်ပျက်လုံးဝမရှိဘဲ ရပ...
02/03/2026

ဘာလိုလိုနဲ့ ၆ နှစ်တောင်ရှိခဲ့ပြီ💛🥳

အခုချိန်ထိ Joyce Created ဆိုတဲ့နာမည်တစ်လုံးနဲ့ crochet လောကမှာ နာမည်ပျက်လုံးဝမရှိဘဲ ရပ်တည်နိုင်အောင် support ပေးခဲ့ကြတဲ့ ကိုယ့်ရဲ့ ချစ်ရတဲ့ အမတွေ၊ ညီမလေးတွေ၊ အကိုတွေ၊ မောင်လေးတွေအားလုံးကို အမြဲကျေးဇူးတင်ရပါတယ်ရှင် 💛

#တစ်ချောင်းထိုး #သင်တန်း

မင်မင့်ရဲ့ ဝတ်စကုတ် သင်တန်းမှာ ထိုးပြထားတဲ့ crochet ဝတ်စကုတ်ကို AI model နဲ့ဝတ်ပေးထားတာပါ။ချည်ကတော့ ရေခဲချည်အသေးနဲ့ထိုးပ...
10/01/2026

မင်မင့်ရဲ့ ဝတ်စကုတ် သင်တန်းမှာ ထိုးပြထားတဲ့ crochet ဝတ်စကုတ်ကို AI model နဲ့ဝတ်ပေးထားတာပါ။

ချည်ကတော့ ရေခဲချည်အသေးနဲ့ထိုးပါတယ်။
အပ် size က 3.5mm ပါ။
(ရေခဲချည်အသေးက အရုပ်၊ ဦးထုပ်၊ မာဖလာ၊ ဝတ်စကုတ်၊ အနွေးထည် အဲ့လိုလေးတွေအစုံထိုးလို့ရ)

ဝတ်စကုတ်သင်တန်းအကြောင်း အသေးစိတ် https://www.facebook.com/share/1Bzf6qPJD1/?mibextid=wwXIfr

🧶🧶🧶🧶🧶🧶

Joyce Created
တစ်ချောင်းထိုးသင်တန်းနှင့် ချည်ရောင်းဝယ်ရေး

#သိုးမွှေးတစ်ချောင်းထိူး #ချည်ထိုးနည်း #သင်တန်း #ဝတ်စကုတ် #တစ်ချောင်းထိုး

💛🤍 စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့အတွက်ပဲဖြစ်ဖြစ်💛🤍 Kpop fashion အထိပါ ခေတ်စားပြီး Worldwide trending ဖြစ်နေတဲ့ ကိုယ်ပိုင်...
20/12/2025

💛🤍 စိတ်ဖိစီးမှုတွေ လျော့ကျစေဖို့အတွက်ပဲဖြစ်ဖြစ်
💛🤍 Kpop fashion အထိပါ ခေတ်စားပြီး Worldwide trending ဖြစ်နေတဲ့ ကိုယ်ပိုင်စီးပွါးရေးတစ်ခုကို အိမ်မှာနေရင်း အားတဲ့အချိန်မှာလုပ်ဖို့အတွက်ပဲဖြစ်ဖြစ်
💛🤍 တန်ဖိုးထား ချစ်ရတဲ့သူလေးတွေအတွက် ကမ္ဘာပေါ်မှာတစ်ခုထဲရှိတဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ handmade လေးနဲ့ လက်ဆောင်ပေးဖို့အတွက်ပဲဖြစ်ဖြစ်

🧶သိုးမွှေးတစ်ချောင်းထိုး crochet ထိုးနည်းကို သင်ချင်တဲ့သူလေးတွေအတွက် 😍 မတတ်မချင်း
တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်တွေကိုသေချာစစ်ပြီး သင်ပေးတဲ့ တစ်ချောင်းထိုး အခြေခံ (အတတ်သင်-သင်တန်း) သင်တန်းအပ်လက်ခံပါပြီ 🤩‼️

ဘယ်သူတွေတက်လို့ရလဲ❓
==================
💟 တစ်ချောင်းထိုးအခြေခံ လုံးဝမရှိသူများ
💟 အခြေခံတတ်မြောက်ပြီးသော်လည်း Pattern ဖတ်ရန် အခက်အခဲရှိသူများ

ဘာတွေသင်ပေးမလဲ❓
===============
✅ ချည်ကိုင်နည်း
✅ အပ်ကိုင်နည်း
✅ ချည်နဲ့အပ်အမျိုးအစားများအကြောင်း
✅ ချည်နဲ့အပ်ရွေးချယ်ပုံ
✅ အခြေခံထိုးနည်း (၁၁) မျိုး
✅ ချည်ဆက်နည်း
✅ ချည်အရောင်ပြောင်းနည်း
✅ ချည်အစသိမ်းနည်း
✅ ပုဝါ၊ ဦးထုပ်၊ ကလစ်၊ အရုပ်ထိုးနည်းအခြေခံများ
✅ Granny square ဖြင့် project မျိုးစုံထိုးနည်း
✅ Written pattern ဖတ်နည်းမျိုးစုံ
✅ Diagram pattern ဖတ်နည်းမျိုးစုံ
✅ တစ်ချောင်းထိုးအထည်များထိန်းသိမ်းနည်းစတဲ့ သင်ခန်းစာများအပြင်
✅ တစ်ချောင်းထိုးထိုးတဲ့အခါမှာ သိသင့်သိထိုက်တာများအားလုံးကို သင်ကြားပေးမှာဖြစ်ပါတယ်။

Joyce Created အခြေခံသင်တန်း၏
အားသာချက်များ
=======================
❣️International Crochet Diploma လက်မှတ်ရထားသော တီချယ်ကိုယ်တိုင်သင်ကြားပေးခြင်း

❣️ကိုယ်တိုင်ရိုက် video အကြည်များနဲ့ နားလည်လွယ်အောင် သင်ကြားပေးခြင်း

❣️အိမ်မှာလေ့ကျင့်နေရင်း နားမလည်တာများကို online ကနေ အချိန်မရွေးမေးမြန်းနိုင်ခြင်း၊ သင်တန်းပြီးသွားသော်လည်း စာမေးချင်တာတွေရှိရင် အမြဲဖြေကြားပေးခြင်း

❣️Technique ကိုအဓိကထားပြီး international terms တွေနဲ့ သင်ကြားပေးတာဖြစ်တဲ့အတွက် အခြေခံသင်တန်းပြီးရုံနဲ့ ဘယ် pattern မဆိုကြည့်ပြီး မိမိစိတ်ကြိုက် project အစုံကို ထိုးနိုင်ခြင်း။

သင်တန်းကြေး
==========
🏷 သင်တန်းကြေး (သင်ထောက်ကူမပါ) = ၃၅၀၀၀ ကျပ်
🏷️ သင်ထောက်ကူပါယူရင် ၁၀၀၀၀ ကျပ်ပိုပေးရပါတယ်။

⚠️သင်တန်းကြေးလွှဲပြီးတာနဲ့ group ထဲချက်ချင်းထည့်ပေးပြီး စတင်သင်ယူနိုင်မှာဖြစ်ပါတယ်။

****************************************

Joyce Created
တစ်ချောင်းထိုး၊ နှစ်ချောင်းထိုးသင်တန်းနှင့် ချည်ရောင်းဝယ်ရေး
ပြင်ဦးလွင်မြို့။
09888044040

#တစ်ချောင်းထိုး #ချည်ထိုးနည်း #အခြေခံ #အတတ်သင် #သင်တန်း

အပြင်ဆိုင်လာဝယ်လို့ရလားလို့မေးနေကြလို့မင်မင်တို့အပြင်ဆိုင်အရောင်းလေးပိတ်ထားပါတယ်ရှင်
18/11/2025

အပြင်ဆိုင်လာဝယ်လို့ရလားလို့မေးနေကြလို့
မင်မင်တို့အပြင်ဆိုင်အရောင်းလေးပိတ်ထားပါတယ်ရှင်

🧶 Joyce Created ကိုအစဉ်အမြဲ အားပေးကြတဲ့ ချည်ချစ်သူကာကာလေးတို့ရေ…
မင်မင်တို့ Joyce Created ချည်ဆိုင်ရဲ့
⚠️ အပြင်ဆိုင်အရောင်းလေးကို
ရက်အကန့်အသတ်မရှိ ပိတ်ပါတယ်ဆိုတဲ့အကြောင်း
ချစ်ခင်လေးစားစွာ အသိပေးအပ်ပါတယ်ရှင် 🙏🤍

မင်မင်ဆိုင်ဖြုတ်နေတာမလို့ ပစ္စည်းလေးတွေကုန်တဲ့အထိ Online အရောင်းကိုတော့ ဆက်ဖွင့်ပေးထားမှာဖြစ်လို့ လိုအပ်တာလေးတွေရှိရင် page cb ကနေ လာရောက်မေးမြန်းပြီး မှာယူလို့ရပါတယ်။

(❣️မင်မင်က တနေကုန်အလုပ်သွားရတာကြောင့် စာဖြေတာနဲ့ ပစ္စည်းလေးတွေပြပေးတာကို ညကျမှလုပ်ပေးနိုင်တာမလို့ အမြန်လိုတဲ့ အော်ဒါလေးတွေဆိုရင်တော့ မင်မင်ဆီမှာဝယ်ရင် အဆင်မပြေဖြစ်နိုင်တဲ့အကြောင်းကိုလဲ ကြိုတင်အသိပေးပါရစေရှင်❤️)

18/10/2025

နယ်စပ်အဝင်လမ်းကြောင်းတွေမပွင့်တော့ စျေးတွေတက်နေပြီချစ်တို့ရေ ☹️ Milk cotton 5ply စျေး 2000 ကနေ 2400/2500 ထိခုန်တက်သွားပါပြီ။

ဦးထုပ်၊ မာဖလာ၊ အရုပ်၊ blanket, ကီးချိန်း၊ ကလစ်၊ အစုံထိုးလို့ရတဲ့ Milk cotton 5plyin stock အရောင်လေးတွေပါရှင့်🧶Hook size ...
15/10/2025

ဦးထုပ်၊ မာဖလာ၊ အရုပ်၊ blanket, ကီးချိန်း၊ ကလစ်၊ အစုံထိုးလို့ရတဲ့ Milk cotton 5ply
in stock အရောင်လေးတွေပါရှင့်🧶

Hook size = 2.5 to 4 mm

💵 တစ်လုံး = 2500 ကျပ်
💵 ၁၀ လုံးအထက်စျေး = 2400 ကျပ်

🤳 မှာယူလိုပါက page cb မှတဆင့် အသေးစိတ်ဆက်သွယ်မေးမြန်းပြီး မှာယူနိုင်ပါတယ်။

🚚 မြို့ပေါင်း ၉၀ ခန့်ကို ပစ္စည်းရောက်ငွေချေစနစ်ဖြင့်ပို့ပေးပါတယ်။
🚚 ပစ္စည်းရောက်ငွေချေမရတဲ့မြို့တွေကိုတော့ ငွေကြိုလွှဲစနစ် (% မယူ) ဖြင့် ကားဂိတ်/စာတိုက် ကနေ အိမ်အရောက်ပို့ပေးပါတယ်ရှင်။

…………………………………..

Joyce Created
တစ်ချောင်းထိုး၊နှစ်ချောင်းထိုးသင်တန်းနှင့်
ချည်ရောင်းဝယ်ရေး
ပြင်ဦးလွင်မြို့။
(Online သီးသန့်ပဲရောင်းပါတယ်၊ အပြင်ဆိုင်အရောင်းပိတ်ပါတယ်ရှင်)

#ချည် #တစ်ချောင်းထိုး

🚚📦 Deli တွေ သီတင်းကျွတ်စပိတ်ပြီမလို့ နယ်ဝေး order လေးတွေကို (၈ ရက်နေ့ ) deli တွေပြန်ဖွင့်မှ မင်မင် အပ်ပေးပါတော့မယ်နော်💛O...
04/10/2025

🚚📦 Deli တွေ သီတင်းကျွတ်စပိတ်ပြီမလို့ နယ်ဝေး order လေးတွေကို (၈ ရက်နေ့ ) deli တွေပြန်ဖွင့်မှ မင်မင် အပ်ပေးပါတော့မယ်နော်💛

Online အရောင်းကတော့ မင်မင်တို့ပိတ်ရက်မရှိ ဖွင့်ထားတာမလို့ လိုချင်တာလေးတွေရှိရင် လာမှာလို့ရပါတယ်ရှင်💛

***********
Joyce Created
တစ်ချောင်းထိုးသင်တန်းနှင့် ချည်ရောင်းဝယ်ရေး
ပြင်ဦးလွင်

Address

Nan Myaing
Maymyo

Opening Hours

Monday 14:00 - 18:00
Tuesday 14:00 - 18:00
Wednesday 14:00 - 18:00
Thursday 14:00 - 18:00
Friday 14:00 - 18:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959888044040

Alerts

Be the first to know and let us send you an email when Joyce Created - Yarn & Handmade Accessories Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Joyce Created - Yarn & Handmade Accessories Shop:

Share